နေပြည်တော် အောက်တိုဘာ ၁၆
ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးရဲတင့်သည် ယနေ့နံနက်ပိုင်းက သံတွဲမြို့လေဆိပ်၌ သံတွဲခရိုင် စီမံခန့်ခွဲရေးအဖွဲ့နှင့် မြို့နယ်စီမံခန့်ခွဲရေး အဖွဲ့ဝင် များအားတွေ့ဆုံ၍ ပြန်ကြားရေး ဝန်ကြီးဌာနဝန်ထမ်းများနှင့် သတင်းမီဒီယာကိစ္စ၊ ပြည်သူလူထုအား အသိ ပညာပေးခြင်းလုပ်ငန်း များတွင် ပူးပေါင်းဆောင်ရွက် နိုင်ရေးကိစ္စများကို ဆွေးနွေးမှာကြားသည်။
ဝင်ရောက်ကြည့်ရှု ထို့နောက် ငပလီမြို့ ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနရုံးကို ဝင်ရောက်ကြည့်ရှု စစ်ဆေးပြီး မြို့နယ်အုပ်ချုပ်ရေးမှူး၊ မြို့အုပ်ချုပ်ရေး မှူးတို့နှင့်အတူ ဝန်ထမ်း များအား တွေ့ဆုံမှာကြားသည်။
ဆက်လက်၍ သံတွဲမြို့ရှိ မြန်မာ့အသံနှင့် ရုပ်မြင်သံကြားထပ်ဆင့်လွှင့်စက်ရုံကို ကြည့်ရှု စစ်ဆေးပြီး စက်ရုံတာဝန်ခံနှင့် ဝန်ထမ်းများအား တွေ့ဆုံ၍ လုံခြုံရေးဆိုင်ရာများ၊ စက်ပစ္စည်းများ ပျက်စီး ဆုံးရှုံးမှုမရှိစေရေး၊ ထုတ်လွှင့်မှုမပြတ်တောက်ရေးတို့နှင့်ပတ်သက်၍ ဆွေးနွေးမှာကြားသည်။
မှာကြား
မွန်းလွဲပိုင်းတွင် သံတွဲခရိုင် လူထုအခြေပြု ဗဟိုဌာန၌ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီး ဌာန၊ သံတွဲခရိုင်ဦးစီးမှူး၊ ငပလီမြို့ဦးစီးမှူးနှင့် ဝန်ထမ်းများ၊ ထပ်ဆင့်လွှင့်စက်ရုံတာဝန်ခံနှင့် ဝန်ထမ်းများအား တွေ့ဆုံ၍ လုပ်ငန်းဆိုင်ရာများ မှာကြားသည်။ ထိုသို့ တွေ့ဆုံရာတွင် ဂွနှင့် ကျိန္တလီ မြို့နယ်ဦးစီးမှူးများ၊ ကျောက်ဖြူခရိုင်နှင့် မာန်အောင် ရုံးတို့မှ ဝန်ထမ်းများလည်း Virtual စနစ်ဖြင့် တက်ရောက်ကြသည်။
ထို့နောက် တည်ဆောက်ပြီးစီးနေပြီဖြစ်သော သံတွဲမြို့ လူထုအခြေပြုဗဟိုဌာနကို လှည့်လည် ကြည့်ရှုစစ်ဆေးပြီး မဖွင့်လှစ်မီ ကြိုတင်ပြင်ဆင် ဆောင်ရွက်ရန် လိုအပ်သည်များကို မှာကြား သည်။ ဒုတိယဝန်ကြီးသည် ယနေ့နံနက်ပိုင်းတွင် တောင်ကုတ်မြို့နယ်ရုံး၌ မြို့နယ်အုပ်ချုပ်ရေးမှူး၊ မြို့နယ်ရဲတပ်ဖွဲ့မှူးတို့နှင့်အတူ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဝန်ထမ်းများနှင့် ထပ်ဆင့်လွှင့် စက်ရုံတာဝန်ခံတို့အား တွေ့ဆုံမှာကြားပြီး မွန်းလွဲ ပိုင်းတွင် မအီမြို့ ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနဝန်ထမ်းများ၊ အမ်းမြို့နယ် ရမ်းဗြဲမြို့နယ်ရှိ ဦးစီးမှူးများနှင့် မအီမြို့၊ လမူးနှင့် ပိန်းနဲတောင် ထပ်ဆင့်လွှင့်စက်ရုံတာဝန်ခံတို့အား တွေ့ဆုံ၍ လုပ်ငန်းဆိုင်ရာများ မှာကြားပြီး ထပ်ဆင့်လွှင့်စက်ရုံ များကို ကြည့်ရှုစစ်ဆေးသည်။
အသိပညာဖြန့်ဝေပေး
ဒုတိယဝန်ကြီးက ဝန်ထမ်းများနှင့် တွေ့ဆုံ မှာကြားရာတွင် ကိုဗစ်-၁၉ ရောဂါကူးစက်မှု သိသိ သာသာလျော့ကျလာပြီဖြစ်ပြီး ဆူပူအကြမ်းဖက်မှု များကိုလည်း ပြည်သူလူထု၏ ပူးပေါင်း ပါဝင်မှုဖြင့်ဖော်ထုတ်ရှင်းလင်းမှုများကြောင့် မကြာမီ ပုံမှန် အခြေအနေသို့ ပြန်လည်ရောက်ရှိတော့ မည်ဖြစ်ရာ မိမိတို့၏ ပြန်ကြားရေး လုပ်ငန်းတာဝန်များကိုလည်း ပုံမှန်ထမ်းဆောင်နိုင်ရေး အဆင်သင့်ပြင်ဆင်ထားကြရန်၊ အကြမ်းဖက်သမားများ၏မဟုတ်မမှန် သတင်း ဖြန့်ဝေပြီး နိုင်ငံတော်ပြိုကွဲအောင်လုပ်ဆောင်နေခြင်းများကို ပြည်သူလူထု အမှန်အတိုင်းသိမြင်အောင် လုပ်ဆောင်ကြရန်၊ အခြေခံပညာ ကျောင်းများ ပြန်ဖွင့်ချိန်တွင် ရောဂါကူးစက်မှုမရှိစေရန် ကာကွယ်
ဆေးထိုးနှံရေး အစီအစဉ်နှင့် အရွယ်ရောက်သူတိုင်း နိုင်ငံသားစိစစ်ရေးကတ်ပြားရရှိရေး ပန်းခင်း စီမံချက်အောင်မြင်ရေးတို့ကို ပူးပေါင်းပါဝင် ဆောင်ရွက်ကြရန်၊ နိုင်ငံတော်ကစီမံဆောင်ရွက် လျက်ရှိသော တည်ငြိမ် အေးချမ်းရေး၊ လုံခြုံရေးနှင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်း များကို သက်ဆိုင်ရာ များနှင့် ညှိနှိုင်းပြီး အောင်မြင်အောင်ပူးပေါင်းပါဝင်ဆောင်ရွက်ကြရန်၊ ပါတီနိုင်ငံ ရေးကင်းပြီး အတွေးအခေါ် အယူအဆမှန်ကန်စွာဖြင့် နိုင်ငံ့ဝန်ထမ်း ပီပီတာဝန်ကျေစွာထမ်းဆောင်ကြရန်၊ အသိပညာဗဟုသုတ ပြန့်ပွားအောင်လေ့လာကြရန် နှင့် ပြည်သူလူထုနှင့် လူငယ်များကိုလည်း အသိ ပညာဖြန့်ဝေပေးကြရန်တို့ကို မှာကြားခဲ့သည်။
ထို့နောက် ဝန်ထမ်းများ၏ ဆွေးနွေးတင်ပြချက် များအပေါ် ပြန်လည်ရှင်းလင်းဆွေးနွေးပြီး လိုအပ် သည်များကို ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့သည်။
သတင်းစဉ်