Skip to main content

ရေဦး မူးမြစ်တံတားအနီး မူးမြစ်အတွင်း ငါးမျိုးများစိုက်ထည့်

ရေဦး နိုဝင်ဘာ ၂၇

ငါသယံဇာတများ ရေရှည်တည်တံ့ပြန့်ပွားစေရေး၊ ငါးထုတ်လုပ်မှု မြင့်မားတိုးတက်စေရေးနှင့် ဒေသတွင်းငါးစားသုံးမှု ပိုမိုဖူလုံလာ စေရေးအတွက် စစ်ကိုင်းတိုင်းဒေသကြီး ရေဦးမြို့နယ် ငါးလုပ်ငန်း ဦးစီးဌာနမှ နိုဝင်ဘာ ၂၄ ရက် နံနက် ၈ နာရီက ရေဦးမြို့ ရေဦးမူးမြစ်တံတားအနီး မူးမြစ်အတွင်းသို့ ငါးမျိုးများစိုက်ထည့်ခဲ့သည်။

ငါးသားပေါက်ကောင်ရေ ၅၀၅၀၀၀ အဆိုပါငါးမျိုးစိုက်ထည့်ခြင်းအခမ်းအနားသို့ ရေဦးမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမင်းနိုင်ထွန်း၊ မြို့နယ်ငါးမျိုးစိုက်ထည့်ခြင်း ကြီးကြပ်ကွပ်ကဲရေး ကော်မတီဥက္ကဋ္ဌ ဦးညီနှင့် အဖွဲ့ဝင်များ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ရေဦးမြို့နယ်ငါးလုပ်ငန်း ဦးစီးဌာနမှူး ဦးမြင့်နိုင်နှင့် ဝန်ထမ်းများ၊ ရေဦးငါးလုပ်ငန်းစခန်းတာဝန်ခံ ဦးပေါလွင်နှင့် ဝန်ထမ်းများ တက်ရောက်ကြပြီး ရေဦးငါးလုပ်ငန်းစခန်းမှ နှစ်လက်မအရွယ် ငါးမြစ်ချင်းကောင်ရေ ၂၀၀၀၀၀ နှင့် ငါးခုံးမကြီး ကောင်ရေ ၃၀၅၀၀၀ စုစုပေါင်း ငါးသားပေါက်ကောင်ရေ ၅၀၅၀၀၀ အား ငါးမျိုးများ စိုက်ထည့်ခဲ့ကြောင်း သိရသည်။

သတင်းစဉ်