Dec 06, 2021
နယ်စပ်ရေးရာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးဗိုလ်ချုပ်ခွန်သန့်ဇော်ထူးသည် ကချင်ပြည်နယ် လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးအောင်ကြည်လင်း၊ တာဝန်ရှိသူများနှင့်အတူ ဒီဇင်ဘာ ၃ ရက်က ပူတာအိုမြို့ နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များ ဖွံ့ဖြိုးရေးသင်တန်းကျောင်းနှင့် အမျိုးသမီး သက်မွေးလုပ်ငန်းပညာသင်တန်းကျောင်းတို့သို့ သွားရောက်ကြည့်ရှုစစ်ဆေးသည်။
Dec 06, 2021
အမျိုးသားပညာရေးမဟာဗျူဟာစီမံကိန်း(၂၀၂၁-၂၀၃၀) National Education Strategic Plan – NESP(2021-2030) မူကြမ်းကို သက်ဆိုင်ရာကဏ္ဍများအလိုက် အင်္ဂလိပ်ဘာသာနှင့် မြန်မာဘာသာတို့ဖြင့် ပြုစုလျက်ရှိရာ အဆိုပါစီမံကိန်းမူကြမ်း စိစစ်ရေးအစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ ပညာရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။
Dec 06, 2021
အရှေ့တောင်အာရှဗဟိုဘဏ်များအဖွဲ့ (SEACEN Centre) နှင့် ဗီယက်နမ်ဗဟိုဘဏ်တို့ ပူးပေါင်းကျင်းပသည့် (၄၁) ကြိမ်မြောက် အရှေ့တောင်အာရှဗဟိုဘဏ်များအဖွဲ့ ဂါဗာနာဘုတ်အဖွဲ့ (41st SEACEN Board of Governors-BOG) အစည်းအဝေးကို ဒီဇင်ဘာ (၆) ရက် နံနက် ၉ နာရီခွဲတွင်လည်းကောင်း၊ (၅၇) ကြိမ်မြောက် အရှေ့တောင်အာရှ ဗဟိုဘဏ်များအဖွဲ့ ဂါဗာနာများညီလာခံ (57th SEACEN Governors' Conference/ High Level Seminar) ကို ဒီဇင်ဘာ (၆) ရက် မွန်းလွဲ (၁၂) နာရီခွဲတွင် လည်းကောင်း ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် ကျင်းပသည်။
Dec 06, 2021
သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၌ တာဝန်ထမ်းဆောင်မည့် ပြည်ထောင်စုတိုင်းရင်း သားလူငယ်များ စွမ်းရည်ဖွံ့ဖြိုးရေးဒီဂရီကောလိပ် (ရန်ကုန်၊စစ်ကိုင်း) တို့မှ ကျောင်းဆင်း ဝန်ထမ်းများအထက် ဖွင့်လှစ်သည့် ရက်တိုလုပ်ငန်းခွင်သင်တန်းအမှတ်စဉ် (၁/၂၀၂၁) ဖွင့်ပွဲအခမ်း အနားကို ယနေ့နံနက် ၉ နာရီတွင် အဆိုပါဝန်ကြီးဌာန၊ စုပေါင်းအစည်းအဝေးခန်းမ၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်ရေးဆိုင်ရာ ညွှန်ကြားချက်များနှင့်အညီ ကျင်းပသည်။
Dec 06, 2021
မြို့နယ်အချို့ရှိ မြို့နယ်တရားရုံးနှင့် စာသင်ကျောင်းအား အကြမ်းဖက်လက်နက်ကိုင် အဖွဲ့များက အကြောင်းမဲ့ မီးရှို့ဖျက်ဆီးမှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။
Dec 06, 2021
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်၌ YBS ခရီးသည်တင်ယာဉ် ၁ စီးအား အကြမ်းဖက်သူ အမျိုးသား ၄ ဦးက သေနတ်ဖြင့် ပစ်ခတ်၍ မီးရှို့ဖျက်ဆီးမှုများ ပြုလုပ်ခဲ့ ကြောင်းသိရသည်။
Dec 06, 2021
ရန်ကုန်တိုင်းဒေသကြီး၊ ကြည့်မြင်တိုင်မြို့နယ်၊ မန်ကျီးတန်းတောင်အရှေ့ရပ်ကွက်၊ ပန်းပင်ကြီး လမ်းနှင့် အထက်ကြည့်မြင်တိုင်လမ်းထောင့်၌ ယနေ့နံနက်ပိုင်းတွင် လက်လုပ်မိုင်း ပေါက်ကွဲမှု ဖြစ်ပွားခဲ့သည်။
Dec 06, 2021
တပ်မတော် (ကြည်း၊ ရေ၊ လေ) အရာရှိ၊ စစ်သည်၊ အရာထမ်း၊ အမှုထမ်းများနှင့် စေတနာရှင်အလှူရှင်များက မြို့နယ် အသီးသီးရှိ ဘုန်းတော်ကြီးကျောင်းများ၊ သာသနာနွယ်ဝင် သီလရှင်ကျောင်းများနှင့် ဘာသာရေးကျောင်းများသို့ ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ပဲ အမယ်(၄)မျိုးနှင့် လှူဖွယ်ပစ္စည်းများလှူဒါန်းခြင်း၊ နေ့ဆွမ်းများ ဆက်ကပ်လှူဒါန်းခြင်းများ ဆောင်ရွက်လျက်ရှိသည်။
Dec 06, 2021
တိုင်းပြည်တာဝန်ထမ်းဆောင်ရင်း အသက်ပေးကျဆုံးသွားခဲ့သည့် ခေတ်အဆက်ဆက်မှ ကျဆုံးစစ်သည်များအား အောက်မေ့ဖွယ်ဂါရဝပြု ဆုတောင်းပွဲနှင့် အလေးပြုခြင်း (အဋ္ဌမ) အကြိမ်မြောက် အခမ်းအနားသို့ တက်ရောက်သူအချို့ အား တွေ့ဆုံမေးမြန်းမှုကို ဖော်ပြလိုက်ပါသည်။
Dec 06, 2021
နိုင်ငံတော်လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေးနှင့် အချုပ် အခြာအာဏာတည်တံ့ခိုင်မြဲရေး တို့အတွက် တိုင်းပြည်တာဝန်ထမ်းဆောင်ရင်း အသက်ပေးကျဆုံးသွားခဲ့ သည့်ခေတ်အဆက် ဆက်မှ ကျဆုံးစစ်သည်များအားအောက်မေ့ဖွယ်ဂါရဝပြုဆုတောင်းပွဲနှင့် အလေးပြုခြင်း အခမ်းအနားကို အဋ္ဌမအကြိမ်မြောက်အဖြစ် ယနေ့တွင် နေပြည်တော်ကောင်စီနယ်မြေ ဇေယျာသီရိမြို့နယ်ရှိ သူရဲကောင်းဗိမာန် (နေပြည်တော်)၌ ကျင်းပသည်။
ရပ်စောက်မြို့နယ် မြို့မဈေးသမဝါယမအသင်းလီမိတက်က အသင်းသားပြည်သူများအား စုဆောင်းငွေပေါ်အတိုးများ ထုတ်ပေး
Dec 06, 2021
ရှမ်းပြည်နယ်တောင်ပိုင်း ရပ်စောက်မြို့နယ်ရှိ မြို့မဈေး သမဝါယမ အသင်းလီမိတက်မှ အသင်းသားပြည်သူများသို့ စုဆောင်းငွေပေါ် အတိုးထုတ်ပေးခြင်းအခမ်းအနားကို ဒီဇင်ဘာ ၁ ရက်က အဆိုပါ အသင်းရုံးခန်း၌ ကျင်းပရာ ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ် ဒုတိယခြောက်လအတွက် စုဆောင်းငွေပေါ်အတိုးကျပ် ၁၄၀ ဒသမ ၁၈ သိန်းအား အသင်းသား ၅၅၁ ဦးသို့ အသင်းဒါရိုက်တာအဖွဲ့မှ အသင်းသားများ
Dec 06, 2021
ကိုဗစ်-၁၉ ရောဂါအတည်ပြုလူနာများနှင့် သီးသန့်စောင့်ကြည့်ရမည့် သူများထားရှိရန်အတွက် တိုင်းစစ်ဌာနချုပ်နယ်မြေအသီးသီးရှိ တပ်မတော်ဆေးရုံများ၊ နယ်မြေခံသင်တန်းကျောင်းများ၊ စစ်ကြောရေးနှင့် တည်းခိုရေးစခန်းများ၌ စနစ်တကျလက်ခံ၍ ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိသည်။ ထို့ပြင် ကျန်းမာရေးဝန်ကြီးဌာနနှင့် အခြားဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ပရဟိတအဖွဲ့အစည်းများ၊ တာဝန်သိပြည်သူများနှင့် ပူးပေါင်း၍လည်း သက်ဆိုင်ရာမြို့နယ်များ၌ Quarantine Center များ ဖွင့်လှစ်ဆောင်ရွက်ပေးလျက်ရှိသည်။
Dec 06, 2021
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင် ဒုတိယဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်း၊ ကောင်စီတွဲဖက်အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ပြည်ထောင်စု ဝန်ကြီးများဖြစ်ကြသည့် ဦးမောင်မောင်အုန်း၊ ဒေါက်တာသက်ခိုင်ဝင်း၊ ကာကွယ်ရေး ဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများ၊ ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ညွန့်ဝင်းဆွေနှင့် တာဝန်ရှိသူများလိုက်ပါ၍ ယနေ့နံနက်ပိုင်းတွင် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်(ဟောင်း)၊ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်နာယက ဗိုလ်ချုပ်ကြီး (ဟောင်း) ဦးတင်ဦး၊ ဗိုလ်ချုပ်ကြီး(ဟောင်း) ဦးခင်ညွန့်၊ စည်သူ ဘိုကလေးတင့်အောင် တို့အား သွားရောက်တွေ့ဆုံ၍ ကျန်းမာရေးဆိုင်ရာ အခြေအနေများအား ရင်းရင်းနှီးနှီး မေးမြန်းအားပေး စကားပြောကြားသည်။
Dec 06, 2021
မြန်မာနိုင်ငံ၏ရရှိလာသော လာဘ်အမျိုးမျိုးတွင် မြတ်စွာဘုရား၏ဒေသနာတော်ဖြစ်သော ပိဋကတ်သုံးပုံကို ရရှိခြင်းသည် အလွန်ထူးကဲသောလာဘ်ဖြစ်ပါသည်။ ပုဂံခေတ်အစောပိုင်းကပင် ပိဋကတ်သုံးပုံ အစုံအလင်ရောက်ရှိနေကြောင်း ခိုင်မာသော အထောက် အထားများရှိသည်။ မြန်မာများ(တိုင်းရင်းသားလူမျိုးပေါင်းစုံ)တို့ ပိဋကတ်သုံးပုံကို အခြေခံသည့် ၅၅၀ ဇာတ်တော်ယဉ်ကျေးမှုရရှိခြင်းသည် ပထမကံကောင်းခြင်းဖြစ်သည်။
Dec 06, 2021
မြန်မာနိုင်ငံ၏ လွတ်လပ်ရေးနှင့် အချုပ်အခြာအာဏာကို နယ်ချဲ့တို့၏လက်မှ ပြန်လည်ရယူခဲ့ သည်မှာ ၇၄ နှစ်ပြည့်မြောက်တော့မည်။ လွတ်လပ်သည့် နိုင်ငံဘဝနှင့် ဖြတ်သန်းခဲ့ရသည့် နှစ်ပေါင်း ၇၀ ကျော်ကာလသည် စည်းလုံးညီညွတ်စွာဖြင့် ကြိုးပမ်းတည်ဆောက်နိုင်ခဲ့ မည်ဆိုပါက ကမ္ဘာ့အလယ်တွင် ဝင့်ထည်စွာဖြင့် ထိပ်တန်းသို့ တက်လှမ်းနိုင်သည့်နိုင်ငံအဆင့် ရောက်ရှိနိုင်ရန် လုံလောက်သည့် အချိန်ကာလ တစ်ရပ်ပင်ဖြစ်သည်။
Dec 05, 2021
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင် ဒုတိယဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်း၊ ကောင်စီတွဲဖက်အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ပြည်ထောင်စု ဝန်ကြီးများဖြစ်ကြသည့် ဦးမောင်မောင်အုန်း၊ ဦးကိုကို၊ ဒေါက်တာ သက်ခိုင်ဝင်း၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများ၊ ရန်ကုန်တိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ညွန့်ဝင်းဆွေနှင့် တာဝန်ရှိသူများ လိုက်ပါ၍ ယနေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်မြို့နယ်ရှိ အင်းစိန်ရွာမပရိယတ္တိစာသင်တိုက်သို့ သွားရောက်၍ အင်းစိန်ရွာမဆရာတော် ဘုရားကြီးအား ဖူးမြော်ကြည်ညိုကာ စာသင်တိုက် ကြီးတွင် သီတင်းသုံးတော်မူလျက်ရှိသည့် ဆရာတော်၊ သံဃာတော် အရှင်သူမြတ်များနှင့် စာသင်သားသံဃာတော်များအတွက် တပ်မတော်(ကြည်း၊ ရေ၊ လေ) မိသားစုများ လှူဒါန်းသည့် ဆန်၊ ဆီ၊ ဆား နှင့် လှူဖွယ်ပစ္စည်းများဆက်ကပ်လှူဒါန်းသည်။
Dec 05, 2021
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ယနေ့မွန်းလွဲပိုင်းတွင် ဘာသာပေါင်းစုံ ချစ်ကြည်ညီညွတ်ရေး အဖွဲ့(ဗဟို) ဥက္ကဋ္ဌ ဦးစိန်သန်းနှင့် အလုပ်အမှုဆောင်များအား ရန်ကုန်တိုင်းစစ်ဌာနချုပ်၊ ကုန်းမြင့်သာရှိ ဇေယျာသီရိဗိမာန် ၌ ရင်းရင်းနှီးနှီးတွေ့ဆုံပြီး စားသောက်ဖွယ်ရာ ပစ္စည်းများ ပေးအပ်သည်။
Dec 05, 2021
ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် နိုင်ငံအတွင်း ကူးစက်ဖြစ်ပွားနေသော COVID-19 ရောဂါ ကာကွယ်၊ ကုသ၊ ထိန်းချုပ်ရေးလုပ်ငန်းများကို အရှိန်အဟုန်မြှင့်ဆောင်ရွက်လျက်ရှိပါသည်။
Dec 05, 2021
လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနမှ အကောင်အထည်ဖော်တည်ဆောက်ပြီးစီးခဲ့သည့် မန္တလေး တိုင်းဒေသကြီးအတွင်းရှိ မဂ္ဂါဝပ် ၃၀ သပြေဝ နေရောင်ခြည်စွမ်းအင်သုံး ဓာတ်အားပေး စက်ရုံစီမံကိန်း ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီတွင် မန္တလေးတိုင်းဒေသကြီး၊ သာစည်မြို့နယ်၊ သပြေဝကျေးရွာအနီးရှိ အဆိုပါဓာတ်အားပေးစက်ရုံစီမံကိန်း၌ ကျင်းပ သည်။
