Skip to main content

Dec 10, 2021

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ယနေ့နံနက်ပိုင်းတွင် မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များနှင့် ပြင်ဦးလွင်ခရိုင်နှင့် မြို့နယ် အတွင်းရှိ ဌာနဆိုင်ရာဝန်ထမ်းများအား ပြင်ဦးလွင်မြို့၊ တပ်မတော်ဧည့်ဂေဟာရှိ အစည်းအဝေးခန်းမ၌ တွေ့ဆုံ၍ ပြင်ဦးလွင်မြို့ ဖွံ့ဖြိုး တိုးတက်ရေးဆိုင်ရာ ကိစ္စရပ်များအားဆွေးနွေးမှာကြားသည်။

ဆက်လက်ဖတ်ရှုရန်

Dec 10, 2021

“ဒီမိုကရေစီဆိုသည်မှာ အများဆန္ဒနှင့်အညီ ဆောင်ရွက်ရသည်ဆိုသော်လည်း မရှိသည့် နိုင်ငံရေးသည် စစ်မှန်သည့် ဒီမိုကရေစီဟုပြောနိုင်ရန် ခဲယဉ်းသည်ကို သတိချပ်စေလိုကြောင်း” နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဌ၊ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မဟာသရေစည်သူ မင်းအောင်လှိုင်က စစ်တက္ကသိုလ် ဗိုလ်လောင်းသင်တန်းအမှတ်စဉ် (၆၃) သင်တန်းဆင်း ဂုဏ်ပြု စစ်ရေးပြအခမ်းအနားတွင် မိန့်ကြားခဲ့သည်။

ဆက်လက်ဖတ်ရှုရန်

Dec 09, 2021

၂၀၂၁ ခုနှစ် အပြည်ပြည်ဆိုင်ရာ အဂတိလိုက်စားမှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် အခမ်းအနား ကို ယနေ့နံနက် ၁ဝ နာရီတွင် နေပြည်တော်ရှိ အဂတိလိုက်စားမှုတိုက်ဖျက် ရေးကော်မရှင်ရုံး၌ ကျင်းပရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီး ချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကVideo Message ပေးပို့၍ မိန့်ခွန်းပြောကြားသည်။

ဆက်လက်ဖတ်ရှုရန်

Dec 09, 2021

ဒီဇင်ဘာလ(၉)ရက်နေ့မှာ ကျရောက်တဲ့ အပြည်ပြည်ဆိုင်ရာ အဂတိလိုက်စားမှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အခမ်းအနားအား တက်ရောက်လာကြသော ပြည်ထောင်စုအဆင့် တာဝန်ရှိ ပုဂ္ဂိုလ်များ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးချုပ်များ၊ အထူး ဖိတ်ကြားထားသော ဧည့်သည်တော်များအားလုံးကို မင်္ဂလာအပေါင်းနဲ့ ပြည့်စုံကြပါစေကြောင်း ဆုမွန်ကောင်းတောင်း နှုတ်ခွန်းဆက်သအပ်ပါတယ်။

ဆက်လက်ဖတ်ရှုရန်

Dec 09, 2021

ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် နိုင်ငံအတွင်း ကူးစက်ဖြစ်ပွားနေသော COVID-19 ရောဂါ ကာကွယ်၊ ကုသ၊ ထိန်းချုပ်ရေးလုပ်ငန်းများကို အရှိန်အဟုန်မြှင့်ဆောင်ရွက်လျက်ရှိရာ ရောဂါထိန်း ချုပ်ရေးလုပ်ငန်းများ အောင်မြင်နိုင်ရေးအတွက် ပြည်သူလူထုအနေဖြင့် ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော COVID-19 ရောဂါကာကွယ်ထိန်းချုပ်ရေးဆိုင်ရာစည်းကမ်းများကို စနစ်တကျ လိုက်နာဆောင်ရွက်ရန်လိုအပ်ပြီး COVID-19 ကာကွယ်ဆေးထိုးနှံမှုခံယူခြင်းအား အထူးဂရုပြု ပူးပေါင်းဆောင်ရွက်ကြရန် လိုအပ်ပါသည်။

ဆက်လက်ဖတ်ရှုရန်

Dec 09, 2021

ဘေးကင်းလုံခြုံ စိတ်ချရသည့် အင်တာနက်ဖြစ်စေရေး Social Media အသုံးပြုမှု ဆိုင်ရာ အလေ့အကျင့်ကောင်းများနှင့် စပ်လျဉ်းသည့် အလုပ်ရုံဆွေးနွေးပွဲ “Workshop on Sharing Best Practices on the Use of Social Media towards a Safe, Secure and Reliable Internet” ကို ယနေ့ မွန်းလွဲပိုင်းတွင် ဗီယက်နမ်နိုင်ငံ၊ ပြန်ကြားရေးနှင့် ဆက်သွယ် ရေးဝန်ကြီးဌာနမှ ဦးဆောင်၍ Video Conferencing စနစ်ဖြင့် ကျင်းပရာ ပြန်ကြားရေး ဝန်ကြီးဌာန၊ မြန်မာ့အသံနှင့် ရုပ်မြင်သံကြားမှ ညွှန်ကြားရေးမှူးချုပ် ဦးရဲနိုင် ဦးဆောင်၍ ပြန်ကြားရေးဝန်ကြီးဌာနမှ ဝန်ထမ်းများ နေပြည်တော်နှင့် ရန်ကုန်ရှိ သက်ဆိုင်ရာနေရာများမှ ပါဝင်တက်ရောက်ကြသည်။

ဆက်လက်ဖတ်ရှုရန်

Dec 09, 2021

စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနအနေဖြင့် ကိုဗစ်-၁၉ ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာပစ္စည်းများကို လေကြောင်း၊ ရေကြောင်းနှင့်နယ်စပ်ကုန်သွယ်ရေး စခန်းများ မှနှောင့်နှေးကြန့်ကြာမှုမရှိ တင်သွင်းနိုင်ရေးအတွက် အချိန်နှင့်တစ်ပြေးညီ စီစဉ်ဆောင်ရွက် ပေးလျက်ရှိရာ ယနေ့တွင် အပြည်ပြည်ဆိုင်ရာဆိပ်ကမ်းများနှင့် ချင်းရွှေဟော် ကုန်သွယ် ရေးစခန်း တို့မှ ကုမ္ပဏီ(၂)ခု၊ ယာဉ်စီးရေ(၆)စီး ဖြင့်အောက်ဆီဂျင် (အိုးခွံ) (၄၇၀)နှင့် နှာခေါင်းစည်း (Mask) (၄၃) တန်တို့ကို တင်သွင်းခဲ့ကြောင်းသိရှိရသည်။

ဆက်လက်ဖတ်ရှုရန်

Dec 09, 2021

မြန်မာနိုင်ငံခရီးသွားမြှင့်တင်ရေးကို အထောက်အကူပြုရန်အတွက် ပုဂံမြို့ရှိ၊ Bagan Information Training Centre (BITC) တွင် ပြည်တွင်းပြည်ပခရီးသွား ဧည့်သည်များနှင့် ပြည်သူများ ကြည့်ရှု့နိုင်မည့် နေပြည်တော်ကောင်စီနယ်မြေအပါအဝင် တိုင်းဒေသကြီး/ ပြည်နယ်များရှိ ခရီးစဉ် ဒေသများနှင့် ခရီးသွားဆွဲဆောင်မှုများကို ရိုက်ကူးထားသည့် Virtual Reality ပြခန်း ဆောင်ရွက် ထားရှိမှုနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြသည့် အစည်းအဝေးကို ယနေ့၊ မွန်းလွဲပိုင်းတွင် ဝန်ကြီးဌာန၊ နီလာအစည်းအဝေးခန်းမ၌ ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် ကျင်းပရာ ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဌေးအောင် တက်ရောက်သည်။

ဆက်လက်ဖတ်ရှုရန်

Dec 09, 2021

အမှတ်(၂)စက်မှုသင်တန်းကျောင်း (မန္တလေး) အဆင့်မြှင့်တင်ခြင်း စီမံကိန်းဖွင့်ပွဲ အခမ်းအနားကို ဒီဇင်ဘာ(၈)ရက် နံနက်ပိုင်းတွင် မန္တလေးတိုင်းဒေသကြီး၊ မန္တလေးမြို့ရှိ အမှတ်(၂)စက်မှုသင်တန်း ကျောင်း (မန္တလေး)၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Dec 09, 2021

ကိုဗစ်-၁၉ ကြောင့် ဖြစ်ပေါ်လာနိုင်သည့် စီးပွားရေးသက်ရောက်မှုများအပေါ် ကုစားရေး လုပ်ငန်းကော်မတီ၏ အစည်းအဝေး အမှတ်စဉ် (၉/၂၀၂၁) ကို ယနေ့မွန်းလွဲပိုင်းတွင် ရင်းနှီး မြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၊ ရုံးအမှတ် (၁) ၌ ဗီဒီယိုကွန်ဖရင့် စနစ် ဖြင့် ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Dec 09, 2021

ရှမ်းပြည်နယ် (မြောက်ပိုင်း) ကွတ်ခိုင်မြို့နယ်တွင် ပန်းခင်းစီမံချက်ဖြင့် ဆောင်ရွက်ပြီး ဖြစ်သည့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြား ပေးအပ်ပွဲကို ဒီဇင်ဘာ လ ၈ ရက်၊ မွန်းလွဲ (၁) နာရီက ကွတ်ခိုင်မြို့နယ် နယ်မြေခံတပ်ရင်း သူရအေးချို ခန်းမ၌ ကျင်းပရာ အခမ်းအနားသို့ စစ်ဗျူဟာ(အခြေချ) ကွတ်ခိုင်မှ စစ်ဗျူဟာမှူး၊ မြို့နယ်စီမံအုပ်ချုပ် ရေးအဖွဲ့ဥက္ကဋ္ဌ၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ကွတ်ခိုင်မြို့နယ်ဦးစီးမှူးနှင့် တပ်မတော်သားများနှင့် မိသားစုဝင်များ တက်ရောက်ကြသည်။

ဆက်လက်ဖတ်ရှုရန်

Dec 09, 2021

မြန်မာနိုင်ငံက အိမ်ရှင်နိုင်ငံအဖြစ် လက်ခံကျင်းပသည့် မဲခေါင်-လန်ချန်း ပူးပေါင်း ဆောင်ရွက်မှု စိုက်ပျိုးရေးဆိုင်ရာပူးတွဲလုပ်ငန်းအဖွဲ၏ စတုတ္ထအကြိမ် အစည်းအဝေးကို ယနေ့နံနက်ပိုင်းက စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် ကျင်းပရာ သဘာပတိအဖြစ် စိုက်ပျိုးရေးဦးစီးဌာန ညွှန်ကြားရေးမှူး ချုပ် ဒေါက်တာရဲတင့်ထွန်း က တာဝန်ယူဆောင်ရွက်ပြီး တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ စိုက်ပျိုးရေးနှင့်ကျေးလက်ရေးရာ ဝန်ကြီးဌာန လက်အောက်ရှိ နိုင်ငံတကာပူးပေါင်း ဆောင်ရွက်ရေး ဌာန၏ ဒုတိယညွှန်ကြား ရေးမှူးချုပ် Mr. WEI Zhenglin က ပူးတွဲသဘာပတိ အဖြစ် ဆောင်ရွက်သည်။

ဆက်လက်ဖတ်ရှုရန်

Dec 09, 2021

ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌ (မြို့တော်ဝန်) ဦးဗိုလ်ဌေးသည် တာဝန်ရှိ သူများနှင့်အတူ ယနေ့နံနက် ၇ နာရီက ဗိုလ်တထောင်မြို့နယ် သန်လျက်စွန်းရှိ အင်ဂျင်နီယာဌာန (ရေနှင့်သန့်ရှင်း မှု)၊ ရေဆိုးသန့်စင်စက်ရုံ၌ စက်ရုံတာဝန်ခံက ရေဆိုးသန့်စင် စက်ရုံ၏ နေ့စဉ်လုပ်ငန်းဆောင်ရွက်နေမှုများ၊ လက်ရှိမိလ္လာရည်တွင် ဒြပ်ဝတ္ထုနှင့် ပိုးမွှားပါဝင်မှု၊ မူလရေဆိုး၏ အောက်ဆီဂျင်ပါဝင်မှု ပမာဏ (Biochemical Oxygen Demand - BOD) နှင့် အနည်အဖတ် (Suspended Solids - ss) ပါဝင်မှု၊ သန့်စင်ပြီးရေ အရည်အသွေးနှင့် အဖတ် Sludge ထွက်ရှိမှု၊ Sludge အား Sundried Tank တွင် အခြောက်ခံ၍ မြေဩဇာထုတ်လုပ်နေမှုနှင့် လက်တွေ့အသုံးပြု ဆောင်ရွက်နေမှုများကို ရှင်းလင်းတင်ပြရာ မြို့တော်ဝန်က ရေဆိုးတွင်ပါဝင်သည့် ဓာတုပစ္စည်းများကြောင့် ပန့်၊ ပိုက်လိုင်းနှင့် စက်ကိရိယာများ ပျက်စီးမှုအား ပြုပြင်ထိန်းသိမ်းကြံ့ခိုင်ရေး ဆောင်ရွက်ခြင်းနှင့် အစားထိုး လဲလှယ်တပ်ဆင် ခြင်းဆောင်ရွက်ရန်၊ ထွက်ရှိသည့် မြေဩဇာသည် အခြားဓာတ်မြေသြဇာ များထက် အရည်အသွေး ပိုမိုကောင်းမွန်သဖြင့် Mass Production ထုတ်လုပ် ဖြန့်ဖြူးရန် မှာကြားသည်။

ဆက်လက်ဖတ်ရှုရန်

Dec 09, 2021

မုံရွာမြို့အတွင်း ဖောက်ခွဲဖျက်ဆီးရေးနှင့် အကြမ်းဖက်လုပ်ငန်းများ ဆောင်ရွက် ခဲ့သည့် MHG အကြမ်းဖက်အဖွဲ့ဝင်များဖြစ်သော သီဟ (ခ)သီဟအောင် (၃၀)နှစ်၊ အိတုံ(၁၉)နှစ်နှင့် သက်နိုင်းကိုကို(၂၂)နှစ်တို့ ၃ ဦးအား မုံရွာမြို့၊ ဘုန်းစိုးရပ်ကွက်၌ Bretta ပစ္စတို ၁ လက်၊ Sigsauer ပစ္စတို ၁ လက်၊ လက်လုပ်ပစ္စတို ၁ လက်၊ ပစ္စတိုကျည်အိမ် ၂ ခု၊ ၉ မမ ကျည် ၁၀ တောင့်၊ လက်လုပ်ဗုံး ၂ လုံး၊ လက်လုပ် သေနတ်ပြောင်း သံပိုက် ၄ ချောင်းတို့နှင့် အတူ ဖမ်းဆီးရမိခဲ့ပြီးဖြစ်သည်။

ဆက်လက်ဖတ်ရှုရန်

Dec 09, 2021

ဒေသတွင်း စားနပ်ရိက္ခာဖူလုံရေးနှင့် ပြည်သူများ၏ စားသောက်ရေးကို အထောက်အကူ ဖြစ်စေရန်အတွက် ယနေ့တွင် အရှေ့တောင်တိုင်းစစ် ဌာနချုပ် တိုင်းမှူးဗိုလ်ချုပ် ကိုကိုမောင်နှင့် အဖွဲ့ဝင်များသည် ကရင်ပြည်နယ် ဘားအံမြို့နယ်ရှိ နယ်မြေခံတပ်၏ စိုက်ပျိုးမွေးမြူရေး လုပ်ငန်းများကို လည်းကောင်း၊ အနောက်တောင်တိုင်းစစ်ဌာနချုပ် တိုင်းမှူးဗိုလ်ချုပ် အောင်အောင်နှင့် အဖွဲ့ဝင်များသည် ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့ရှိ နယ်မြေခံတပ်၏

ဆက်လက်ဖတ်ရှုရန်

Dec 09, 2021

စစ်တက္ကသိုလ်၏(၆၂)ကြိမ်မြောက် ဘွဲ့နှင်းသဘင်အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ပြင်ဦးလွင်တပ်နယ်ရှိ စစ်တက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမ၌ ကျင်းပရာ စစ်တက္ကသိုလ် ကျောင်းအုပ်ကြီး ဗိုလ်မှူးချုပ် ဇော်မင်းလတ်၊ စစ်တက္ကသိုလ် ပါမောက္ခချုပ် ဗိုလ်မှူးကြီး သိန်းလွင်နှင့် စစ်တက္ကသိုလ်မှ ပညာရေးအဖွဲ့ဝင်များ တက်ရောက်ကြသည်။

ဆက်လက်ဖတ်ရှုရန်

Dec 09, 2021

CRPH နှင့် NUG အမည်ခံအကြမ်းဖက်အဖွဲ့များသည် မြန်မာနိုင်ငံအတွင်း အကြမ်းဖက် လုပ်ငန်းများကို စတင်လုပ်ဆောင်ရန် စက်တင်ဘာ ၇ ရက်တွင် ကြေညာခဲ့ပြီးနောက် အချို့ဒေသများတွင် အကြမ်းဖက်မှုလုပ်ရပ်များကို ဦးတည်လုပ်ဆောင်လျက်ရှိသည်။ ထို့သို့ အကြမ်းဖက် လုပ်ရပ်များကို လုပ်ဆောင်လျက်ရှိရာ ဒေသခံပြည်သူများ၏ လမ်းပမ်းဆက်သွယ် ရေးနှင့် ကျန်းမာရေးကိစ္စရပ်များအပြင် ဘာသာရေးအရ ကိုးကွယ်ဆည်းကပ်လျက်ရှိသည့် ရဟန်းသံဃာများကိုပင် အကြမ်းဖက်ဖမ်းဆီးခြင်း၊ သတ်ဖြတ်ခြင်းများကို နိုင်ငံရေးလက်နက်သဖွယ် အသုံးချလုပ်ဆောင်လျက်ရှိသည်။

ဆက်လက်ဖတ်ရှုရန်

Dec 09, 2021

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ကမ္ဘောဒီးယားဘုရင့် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် General VONG PISEN နှင့်ယနေ့ညနေပိုင်းတွင် Video Conferen ဖြင့် တွေ့ဆုံဆွေးနွေးသည်။

ဆက်လက်ဖတ်ရှုရန်