Dec 07, 2021
ကိုဗစ်-၁၉ ရောဂါ ဓာတ်ခွဲအတည်ပြုပိုးတွေ့လူနာများနှင့် သီးသန့်စောင့် ကြည့်ရမည့်သူများအား တပ်မတော်ဆေးရုံများ၊ ပြည်သူ့ဆေးရုံများ၊ ကျန်းမာရေး ဌာနများနှင့် ကိုဗစ်စင်တာများတွင် ကျန်းမာရေးစောင့်ရှောက်ပေးခြင်းနှင့် ပြည်နယ် နှင့်တိုင်းဒေသကြီးအသီးသီး၌ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးခြင်း လုပ်ငန်း များကို တပ်မတော်သားဆရာဝန်များ၊ ကျန်းမာရေးဝန်ထမ်းများ၊ လူမှုရေးအသင်း အဖွဲ့များပူးပေါင်း၍ အင်တိုက်အားတိုက် ဆောင်ရွက်ပေးလျက်ရှိရာ ၎င်းလုပ်ငန်းများတွင် အထောက်အကူဖြစ်စေရန်အတွက် ကာကွယ်ဆေးများကို တိုင်းဒေသကြီး နှင့် ပြည်နယ်အသီးသီးသို့ သတ်မှတ်အအေးလမ်းကြောင်း စံချိန်စံညွှန်းများအတိုင်း တပ်မတော်(လေ)မှ လေယာဉ်များ၊ Cold Chain Delivery Logistics မော်တော် ယာဉ်ကြီးများဖြင့် ပို့ဆောင်ဖြန့်ဖြူးပေးလျက်ရှိသည်။
Dec 07, 2021
ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး ဆောင်ရွက်ရာတွင် ကာကွယ်ဆေးထိုးနှံခြင်းသည် အဓိကအခန်းကဏ္ဍတွင် ပါဝင်သည့် လုပ်ငန်းတစ်ရပ် ဖြစ်သောကြောင့် တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးတို့၌ သံဃာတော်များ၊ သာသနာနွယ်ဝင်သီလရှင်များ၊ ဘာသာရေးခေါင်းဆောင်များအပါအဝင် လူမျိုးမရွေး ဘာသာမရွေး အသက် ၄၀ နှစ်အထက် ဒေသခံပြည်သူများ၊ အကျဉ်းသား၊ အကျဉ်းသူ များ၊ မသန်စွမ်းသူများ၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ၊ နာတာရှည်ရောဂါအခံရှိ သူများ၊ ကယ်ဆယ်ရေးစခန်းများ၊ ယာယီတိုက်ပွဲရှောင်စခန်းများအတွင်းရှိ ပြည်သူ များ၊ အသက်(၁၂)နှစ်အထက် အခြေခံပညာအလယ်တန်းနှင့် အထက်တန်းအဆင့် ကျောင်း သား၊ ကျောင်းသူများစသည့် ဦးတည်အုပ်စုများသတ်မှတ်၍ တပ်မတော်မှ ဆေးအဖွဲ့ များ၊ ပြည်သူ့ဆေးရုံများမှ ဆရာဝန်များ၊ သူနာပြုများ၊ ကျန်းမာရေး ဝန်ထမ်းများနှင့် စေတနာ့ဝန်ထမ်းများက ကာကွယ်ဆေးထိုးခြင်းလုပ်ငန်းများကို အင်တိုက်အားတိုက် ဆောင်ရွက်ပေးလျက်ရှိသည်။
Dec 07, 2021
ဧရာဝတီတိုင်းဒေသကြီး၊ ဟိုင်းကြီးကျွန်းမြို့၊ ကျောက်ချောင်းကျေးရွာနေ ဦးဖိုးဇော်ပိုင်ဆိုင်သည့် အောင်သစ္စာ အမည်ရှိ ငါးဖမ်းလှေသည် ဒီဇင်ဘာ ၄ ရက် နံနက်ပိုင်းတွင် ဟိုင်းကြီးကျွန်းမြို့၏ အရှေ့တောင်ဘက် ရေမိုင် ၁၈ ဒသမ ၅ မိုင် အနီး၌ စက်ချို့ယွင်းမှုကြောင့် ပုလဲကျောက်တန်းပေါ်သို့တင်၍ တိမ်းစောင်းမှု ဖြစ်ပွားနေကြောင်း သတင်းအရ တပ်မတော်(ရေ)မှ တပ်မတော်သားများက စစ် ရေယာဉ်ဖြင့် ကူညီကယ်ဆယ်ရေးလုပ်ငန်းများ သွားရောက်ဆောင်ရွက် ပေးသည်။
Dec 07, 2021
အကြမ်းဖက်အဖွဲ့များအနေဖြင့် အများပြည်သူ အသုံးပြုလျက်ရှိသည့် ကားလမ်း၊ ရထားလမ်းများကို မိုင်းထောင်၊ ဖောက်ခွဲဖျက်ဆီးလျက်ရှိရာ ယနေ့မွန်းလွဲ ၂ နာရီခန့်တွင် မန္တလေးတိုင်းဒေသကြီး၊ အမရပူရမြို့နယ်၊ တောင်သမန်ကျေးရွာအုပ်စု၊ ရန်ကုန် မန္တလေး မီးရထားလမ်း၊ မိုင်တိုင်(၃၆၄/၅)နှင့် မိုင်တိုင် (၃၆၄/၆)အကြား၌ ဒေသန္တရလက်လုပ်မိုင်း ၂ လုံး ဖောက်ခွဲဖျက်ဆီးခဲ့ကြောင်း သိရှိရသည်။
Dec 07, 2021
မန္တလေးတိုင်းဒေသကြီး၊ နွားထိုးကြီးမြို့နယ်၌ PDF အမည်ခံအကြမ်းဖက်သမားများ၏ ရက်စက်စွာ သတ်ဖြတ်မီးရှို့ခဲ့မှုကြောင့် ကျေးရွာအုပ်ချုပ်ရေးမှူးအပါအဝင် အမျိုးသားသုံးဦးနှင့် အမျိုးသမီးတစ်ဦးတို့ မီးလောင်သေဆုံးကာ အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦး ဒဏ်ရာရရှိ ခဲ့ကြောင်း သိရသည်။
Dec 07, 2021
ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး၊ နေပြည်တော်၊ သင်တန်းကျောင်း၌ ဖွင့်လှစ်သည့် အခြေခံစာရင်းကိုင်နှင့် ရုံးလုပ်ငန်းကျွမ်းကျင်မှုသင်တန်း(Grade-1 သင်တန်း) အမှတ်စဉ်(၂၃၃) ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၁၀ နာရီတွင် ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး စုပေါင်းခန်းမ၌ ကိုဗစ်-၁၉ စည်းမျဉ်းစည်းကမ်းများနှင့်အညီ ကျင်းပသည်။
Dec 07, 2021
အင်ဒိုနီးရှားနိုင်ငံ၊ ဆူမားတြားကမ်းလွန်ပင်လယ်ပြင်တွင် ဒီဇင်ဘာ ၁ ရက်မှ ၃ ရက် အထိ ကျင်းပပြုလုပ်ခဲ့သည့် အာဆီယံ-ရုရှား ရေတပ်ဆိုင်ရာလေ့ကျင့်ခန်း ASEAN-RUSSIA Naval Exercise(ARNEX-2021)သို့ တက်ရောက်ခဲ့သော တပ်မတော်(ရေ)မှ ဗိုလ်မှူးချုပ် ဇော်ဇော်လတ် ဦးဆောင်သည့် စစ်ရေယာဉ် (ကျန်စစ်သား)သည် ယနေ့ ညနေပိုင်းတွင် ရန်ကုန်မြို့သို့ပြန်လည် ရောက်ရှိခဲ့ပြီး အလယ်ပိုင်းရေတပ်ကွပ်ကဲမှုဌာန ချုပ်၊ ဌာနချုပ်မှူး ဦးဆောင်၍ တပ်မတော်(ရေ)မှ အရာရှိ၊ စစ်သည်များက ကြိုဆိုနှုတ်ဆက်ခဲ့ကြသည်။
Dec 07, 2021
ကိုဗစ်-၁၉ ရောဂါ အတည်ပြုလူနာများနှင့် သီးသန့်စောင့်ကြည့်ရမည့် သူများထားရှိရန်အတွက် တိုင်းစစ်ဌာနချုပ် နယ်မြေအသီးသီးရှိ တပ်မတော်ဆေးရုံများ၊ နယ်မြေခံသင်တန်းကျောင်းများ၊ စစ်ကြောရေးနှင့်တည်းခိုရေးစခန်းများ၌ စနစ်တကျလက်ခံ၍ ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိသည်။
Dec 07, 2021
ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းသည် ယနေ့နံနက်ပိုင်းတွင် ရန်ကုန်မြို့ ဗဟန်းမြို့နယ်ရှိ မြန်မာ့အလင်း သတင်းစာတိုက်နှင့် တာမွေမြို့နယ်ရှိ The Global New Light of Myanmar သတင်းစာတိုက်တို့ကို သွားရောက်ကြည့်ရှုစစ်ဆေးပြီး ဝန်ထမ်းများအား ရင်းရင်းနှီးနှီး တွေ့ဆုံနှုတ်ဆက်အားပေးသည်။
Dec 07, 2021
ပြည်ထဲရေးဝန်ကြီးဌာန၏ ၂၀၂၂ ခုနှစ်၊ နှစ်သစ်ကူးအကြို စုပေါင်းသွေးလှူဒါန်းပွဲကို ယနေ့မွန်းလွဲ ၂ နာရီတွင် နေပြည်တော်ရှိ အမှတ်(၂)တပ်မတော် ဆေးရုံကြီး (ခုတင်၁၀၀၀) ၌ ကျင်းပသည်။
Dec 07, 2021
မြန်မာ့ယဉ်ကျေးမှု အမွေအနှစ်များကို ပြန်လည်ဖော်ထုတ်သည့် အနေဖြင့် ခေတ်အဆက်ဆက် မြန်မာအမျိုးသားများနှင့် အမျိုးသမီးများ၏ ဝတ်စားဆင်ယင်မှုများကို အများပြည်သူများနှင့် မျိုးဆက်သစ်လူငယ်များ ပိုမိုအလေးထား လေ့လာမှတ်သားနိုင်စေရန် ရည်ရွယ်၍ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ မြန်မာ့စာတိုက်လုပ်ငန်းမှ အင်းဝခေတ် အမျိုးသား/ အမျိုးသမီးများ၏ ဝတ်စားဆင်ယင်မှုပုံများဖြင့် အထူးထုတ် စာပို့တံဆိပ်ခေါင်းသစ် (၂၀၀ ကျပ်တန်) (၂)မျိုးအား ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလ(၈)ရက်၊ မြန်မာသက္ကရာဇ် ၁၃၈၃ ခုနှစ်၊ နတ်တော်လဆန်း (၅)ရက် (ဗုဒ္ဓဟူးနေ့)၊ နံနက် ၉ နာရီခွဲမှစတင်၍ နေပြည်တော် ဗဟိုစာတိုက်ကြီး၊ ရန်ကုန် စာတိုက်ကြီး၊ မန္တလေးစာတိုက်ကြီးတိုနှင့် တိုင်းဒေသကြီး/ ပြည်နယ်များရှိ စာတိုက်များတွင် ရောင်းချပေးသွားမည် ဖြစ်သည်။
Dec 07, 2021
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ယနေ့နံနက်ပိုင်းတွင် ကာကွယ်ရေးဦးစီးချုပ်(ရေ) ဗိုလ်ချုပ်ကြီး မိုးအောင်၊ ကာကွယ်ရေးဦးစီးချုပ်(လေ) ဗိုလ်ချုပ်ကြီး မောင်မောင်ကျော်၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများ၊ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ကိုကိုဦးနှင့် တာဝန်ရှိသူများလိုက်ပါ၍ ပြင်ဦးလွင်တပ်နယ်ရှိ နယ်မြေခံ စက်မှုအင်ဂျင်နီယာသင်တန်းကျောင်းသို့ သွားရောက်ကြည့်ရှုစစ်ဆေးသည်။
Dec 07, 2021
“ဒီမိုကရေစီစနစ်တွင် နိုင်ငံရေးအရ အချင်းချင်းသဘောထားကွဲလွဲမှုများ ရှိနိုင်သော်လည်း အများစု၏ ဆန္ဒသဘောထားကိုလည်း ထည့်သွင်းစဉ်းစား၍ ဆင်ခြင်ဆောက်ရွက်ရန်လိုကြောင်း၊ နိုင်ငံတော်၏ နိုင်ငံရေးလျှောက်လှမ်းမှုတွင် အဆင်ပြေချောမွေ့စေရန်အတွက် မိမိတို့က ဝိုင်းဝန်းဆောင်ရွက်နေခြင်းပင်ဖြစ်ကြောင်း” နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် က ဘာသာပေါင်းစုံ ချစ်ကြည်ညီညွတ်ရေးအဖွဲ့ (ဗဟို)ဥက္ကဋ္ဌနှင့် အလုပ်အမှုဆောင်များအား ဒီဇင်ဘာ ၅ ရက်က တွေ့ဆုံစဉ် ပြောကြားခဲ့သည်။
Dec 07, 2021
ရှေးက မြန်မာနိုင်ငံ၏ ပညာရေးမှာ အဓိကအားဖြင့် ဘုန်းတော်ကြီးကျောင်း ပညာရေးဖြစ်သည်။ သာသနာ့ဝန်ထမ်းရဟန်းတော်များမှာ ၂၇ သွယ်သော သိက္ခာပုဒ်တို့ကို စောင့်ထိန်းကြရသည့် အလျောက် လူဝတ်ကြောင်တို့ထက် ကိုယ်အမူအရာ၊ နှုတ်အမူအရာအားဖြင့် ယဉ်ကျေးသိမ်မွေ့ကြသူများ ဖြစ်သည်။ ဆရာဖြစ်သောဘုန်းတော်ကြီးများက တပည့်ကျောင်းသားများ၊ သာမဏေများကို စာပေသင်ကြား ပို့ချရုံမျှမက လူကောင်းသူကောင်းများ ဖြစ်လာစေရန်လည်း သွန်သင်ဆုံးမ ခဲ့ကြသည်။ ရှင်မဟာသီလဝံသ၊ ရှင်မဟာရဋ္ဌသာရ၊ ကျည်းကန်ရှင်ကြီး၊ တောင်ဖီလာဆရာတော်၊ ဆားတုံဆရာတော်တို့၏ ဆုံးမစာများသည် ရှေးခေတ်ဘုန်းတော်ကြီးကျောင်းများတွင် သင်ကြားပို့ချခဲ့သည့် လက်သုံးဆုံးမစာများပင် ဖြစ်သည်။
Dec 06, 2021
ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် နိုင်ငံအတွင်း ကူးစက်ဖြစ်ပွားနေသော COVID-19 ရောဂါ ကာကွယ်၊ ကုသ၊ ထိန်းချုပ်ရေးလုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိပါသည်။
Dec 06, 2021
ပြည်ထောင်စုတရားသူကြီးချုပ် ဦးထွန်းထွန်းဦးနှင့် ပြည်ထောင်စုတရားလွှတ်တော်ချုပ် တရားသူကြီးများ ဖြစ်ကြသော ဦးမျိုးတင့်၊ ဦးကြည်သိန်း၊ ဦးတင်ဟုန်၊ ဒေါ်ခင်မေရီ တို့ပါဝင်သည့် အထူးအယူခံခုံရုံးသည် ယနေ့နံနက် ၉ နာရီခွဲတွင် ပြည်ထောင်စု တရားလွှတ်တော်ချုပ်၊ ရုံးခန်းအမှတ် (၁)၌ ရုံးထိုင်၍ တရားမအထူးအယူခံမှုအမှတ် ၃/၂၀၂၀ (မန္တလေး)၊ ၆/၂၀၂၀ (မန္တလေး)၊ ၉/၂၀၂၀ (ကရင်)၊ နှင့် ၁၂/၂၀၂၀(ရန်ကုန်)၊ စုစုပေါင်း တရားမအထူး အယူခံမှု (၄) မှုကို စီရင်ချက် ချမှတ်သည်။
Dec 06, 2021
ပဲခူးတိုင်းဒေသကြီး၏ လယ်ယာကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စိုက်ပျိုးမွေးမြူရေး အခြေခံသော ကုန်ထုတ်လုပ်မှုလုပ်ငန်းများ တိုးတက်ရေးလုပ်ငန်းညှိနှိုင်း ဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်းတွင် တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံးခန်းမ၌ ကျင်းပရာ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ထွဋ်ဦး၊ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် တိုင်းဒေသကြီး ဝန်ကြီးများနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
