Skip to main content

Dec 08, 2021

ပြည်ပနိုင်ငံများမှ ဝင်ရောက်လာသည့် မြန်မာနိုင်ငံသားများကို နယ်စပ်ဂိတ် အသီးသီးတွင် လက်ခံဆောင်ရွက်ပေးလျက်ရှိရာ ဒီဇင်ဘာ ၆ ရက်တွင် ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ မူဆယ်မြို့သို့ ပြန်လည်ဝင်ရောက်လာသူ အမျိုးသား ၁၁၆ ဦး၊ အမျိုးသမီး ၁၄၀ ဦး၊ စုစုပေါင်း ၂၅၆ ဦး၊ ချင်းရွှေဟော်မြို့သို့ ပြန်လည်ဝင်ရောက်လာသူ အမျိုးသား ၁၁ ဦး၊ အမျိုးသမီးငါးဦး၊ စုစုပေါင်း ၁၆ ဦးနှင့် လောက်ကိုင်မြို့သို့ ပြန်လည် ဝင်ရောက်လာသူ အမျိုးသားတစ်ဦး၊ အမျိုးသမီးနှစ်ဦး၊ စုစုပေါင်းသုံးဦးတို့ကိုလည်းကောင်း၊ ယနေ့တွင် ကရင်ပြည်နယ်၊ မြဝတီမြို့သို့ ပြန်လည် ဝင်ရောက်လာသူ အမျိုးသား ၂၇၇ ဦး၊ အမျိုးသမီး ၂၁၈ ဦး၊ စုစုပေါင်း ၄၉၅ ဦးတို့ကို လည်းကောင်း လက်ခံခဲ့ကြသည်။

ဆက်လက်ဖတ်ရှုရန်

Dec 08, 2021

စစ်တက္ကသိုလ်ဗိုလ်လောင်းသင်တန်းအမှတ်စဉ် (၆၃) ပြန်တမ်းဝင်အရာရှိ ခန့်အပ်ခြင်း အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် စစ်တက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမ၌ ကျင်းပရာ ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း)၊ စစ်ရာထူးခန့်ချုပ် ဒုတိယဗိုလ်ချုပ်ကြီး လင်းအောင်၊ ကာကွယ်ရေး ဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများ၊ စစ်တက္ကသိုလ်ကျောင်းအုပ်ကြီး ဗိုလ်မှူးချုပ် ဇော်မင်းလတ်နှင့် ကျောင်းဆင်းဗိုလ်လောင်းများ တက်ရောက်ကြသည်။

ဆက်လက်ဖတ်ရှုရန်

Dec 08, 2021

မြန်မာနိုင်ငံအတွင်း မှီတင်းနေထိုင်ကြသော တိုင်းရင်းသားပြည်သူများသည် မရှိအတူ ရှိအတူ အေးချမ်းသာယာစွာဖြင့် နေလိုကြသည်။ အေးချမ်းစွာနေလိုသော်လည်း အကြောင်းအမျိုးမျိုးဖြင့် ဖြစ်ပေါ်ခဲ့သည့် နိုင်ငံရေးလှိုင်းဂယက်ရိုက်ခတ်မှု နောက်ဆက်တွဲပြဿနာများ ကြုံကြရ သည်။ ပြည်သူများမှာ စိုးရိမ်သောကများဖြင့် ကောင်းစွာမနေခဲ့ရသော ကာလများ သမိုင်းမှတ်တမ်းများ ရှိသည်။

ဆက်လက်ဖတ်ရှုရန်

Dec 08, 2021

မြန်မာနိုင်ငံနှင့်စပ်လျဉ်း၍ အနောက်နိုင်ငံများမှ မီဒီယာများက မမျှမတ၊ တစ်ဖက်စောင်းနင်း ဖော်ပြကြသည်မှာ အစဉ်အလာတစ်ရပ် ဖြစ်နေပြီဖြစ်သည်။ အကယ်၍ မှားယွင်းသွားကြောင်း သိရှိသည့်အခါမျိုးတွင်ပင် မီဒီယာ၏ကျင့်ဝတ်နှင့်အညီ ပြင်ဆင်မှုမပြုလုပ်ဘဲ မသိမသာ ထိမ်ချန်ထားကာ ပြီးပြီးပျောက်ပျောက် အမေ့ခံထားလိုက်ကြသည်။ မြန်မာနိုင်ငံတွင် မည်သို့သော အစိုးရကတာဝန်ယူနေသည်ဖြစ်စေ အနောက်မီဒီယာများ၏ သတင်းခန်းများမှ ပုံဖော်မှုများမှာ အစဉ်သဖြင့် မကောင်းသတင်းများသာဖြစ်ပြီး ကမ္ဘာ့အလယ်တွင် မြန်မာနိုင်ငံ၏ ပုံရိပ်များမှာ မကောင်းသည့် ပုံရိပ်များသာဖြစ်သည်။ ၎င်းတို့၏ သတင်းရင်းမြစ်များမှာ အစိုးရကို ဆန့်ကျင် နေသည့် အုပ်စုများ၊ ပြည်ပြေးများ၊ ကုလသမဂ္ဂအဖွဲ့အစည်းများနှင့် အနောက်အုပ်စု ပါလီမန်များကို ချဉ်းကပ်ကာ မြန်မာ့မြေကိုဖဲ့ယူရန် ကြံစည်နေသူများမှသည် လတ်တလော ဖြစ်ရပ်များတွင် ပြည်တွင်း အကြမ်းဖက်သမားများနှင့် ကျင့်ဝတ်မဲ့မီဒီယာအချို့တို့အထိ ပါဝင်ရာ မှန်ကန်သော သတင်းအချက်အလက်များ မဟုတ်ဘဲ ပုံပျက်ပန်းပျက် သတင်းများသာ ဖြစ်နေသည်မှာ အဆန်းမဟုတ်ဟု ဆိုရမည်ဖြစ်သည်။

ဆက်လက်ဖတ်ရှုရန်

Dec 07, 2021

SEA GAMES ပြိုင်ပွဲများ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် South East Asian Games Federation (SEAGF) Council အစည်းအဝေးကို ယနေ့မွန်းလွဲ (၁၂) နာရီခွဲတွင် နေပြည်တော်ရှိ ရုံးအမှတ် (၃၁) အစည်းအဝေးခန်းမ၌ ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Dec 07, 2021

ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် နိုင်ငံအတွင်း ကူးစက်ဖြစ်ပွားနေသော COVID-19 ရောဂါ ကာကွယ်၊ ကုသ၊ ထိန်းချုပ်ရေးလုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိပါသည်။

ဆက်လက်ဖတ်ရှုရန်

Dec 07, 2021

လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ဝန်ထမ်းသစ်များ ကြိုဆိုတွေ့ဆုံပွဲကို ယနေ့မွန်းလွဲ (၂) နာရီတွင် အဆိုပါဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Dec 07, 2021

ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းက လရောင်တောစီမံကိန်း အဆောက်အဦများနှင့် ဆက်စပ်အဆောက်အဦများ ဆောက်လုပ်ရာ၌ အသုံးပြုရန် အတွက် မြန်မာ့သစ်လုပ်ငန်းမှ ကျွန်းသစ်လုံး၊ ကျွန်း၊ ပျဉ်းကတိုးနှင့် ပိတောက်ခွဲသားများအား လျှောက်ထားဝယ်ယူခဲ့သည့် ကိစ္စတွင် နိုင်ငံတော် ၏ နစ်နာဆုံးရှုံးမှုများအတွက် တာဝန်ရှိသူများအပေါ် အရေးယူပေးပါရန် တိုင်ကြားခြင်းနှင့်စပ်လျဉ်း၍ အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်က စုံစမ်းစစ်ဆေးရေးအဖွဲ့ ဖွဲ့စည်းစစ်ဆေးခဲ့သည်။

ဆက်လက်ဖတ်ရှုရန်

Dec 07, 2021

လူမှုရေးကဏ္ဍသည် ကျယ်ပြန့်သည့်အလျောက် အစိုးရသက်တမ်းကာလအတွင်း ဝန်ကြီးဌာန၏ မူလလုပ်ငန်းတာဝန်များဖြစ်သော ကာကွယ် စောင့်ရှောက်ရန်လိုအပ်သည့် ထိခိုက်လွယ်အုပ်စု များဖြစ်သော ကလေးသူငယ်များ၏ အကောင်းဆုံး အကျိုးစီးပွား ဖြစ်ထွန်းအောင် နည်းမှန် လမ်းမှန်ဖြင့် ဘက်ပေါင်းစုံမှ ဝိုင်းဝန်းဖြည့်ဆည်း ကူညီဆောင်ရွက် ပေးသွားမည်ဖြစ်ကြောင်း ယနေ့ကျင်းပပြုလုပ်သည့် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၏ လပတ်လုပ်ငန်းညှိနှိုင်း အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီး ဒေါက်တာ သက်သက်ခိုင်က ပြောကြားခဲ့သည်။

ဆက်လက်ဖတ်ရှုရန်

Dec 07, 2021

အာဆီယံ+၃ မေခရိုစီးပွားရေးသုတေသနရုံး (ASEAN +3 Macroeconomic Research Office-AMRO) မှ ကြီးမှူးကျင်းပသည့် အာဆီယံ+၃ မေခရို စီးပွားရေး သုတေသနရုံး တည်ထောင်ခြင်း (၁၀) နှစ်ပြည့် နှစ်ပတ်လည်အခမ်းအနား (AMRO’s 10th Anniversary Celebration Event) ကို ယနေ့မွန်းလွဲပိုင်းတွင် ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် ကျင်းပရာ မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဥက္ကဋ္ဌ ဦးသန်းညိန်း၊ ဒုတိယဥက္ကဋ္ဌများဖြစ်ကြသော ဦးဝင်းသော်၊ ဒေါ်သန်းသန်းဆွေနှင့် မြန်မာနိုင်ငံ တော်ဗဟိုဘဏ်မှ တာဝန်ရှိသူများ တက်ရောက်ကြသည်။

ဆက်လက်ဖတ်ရှုရန်

Dec 07, 2021

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ကောင်စီ အဖွဲ့ဝင်များဖြစ်ကြသည့် ဗိုလ်ချုပ်ကြီး‌ မောင်မောင်ကျော်၊ ဒုတိယဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်း၊ ကောင်စီတွဲဖက် အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး ရဲဝင်းဦး ပြည်ထောင်စုဝန်ကြီးများဖြစ်ကြသည့် ဦးလှမိုး၊ ဒေါက်တာ မျိုးသိန်းကျော်၊ မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမောင်ကို၊ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်ကိုကိုဦးနှင့် တာဝန်ရှိသူများလိုက်ပါ၍ ယနေ့နံနက်ပိုင်းတွင် ပြင်ဦးလွင်မြို့၊ အနီးစခန်းရှိ RVK Myanmar Co.Ltd သို့ငှားရမ်းဆောင်ရွက်ထားသည့် မြန်မာစီးပွားရေးဦးပိုင် အများနှင့်သက်ဆိုင်သော ကုမ္ပဏီလီမိတက်၊ မြန်မာနိုင်ငံ ဆေးဝါးလုပ်ငန်းစက်ရုံ (ပြင်ဦးလွင်) သို့ သွားရောက်ကြည့်ရှု စစ်ဆေးသည်။

ဆက်လက်ဖတ်ရှုရန်

Dec 07, 2021

စစ်တက္ကသိုလ် ဗိုလ်လောင်းသင်တန်းအမှတ်စဉ် (၆၃) သင်တန်းဆင်းဂုဏ်ပြု စစ်ရေးပြ အခမ်းအနားကို ယနေ့ နံနက်ပိုင်းတွင် ပြင်ဦးလွင်မြို့၊ စစ်တက္ကသိုလ် စစ်ရေးပြကွင်း၌ ကျင်းပပြုလုပ်ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မဟာသရေစည်သူ မင်းအောင်လှိုင် တက်ရောက်မိန့်ခွန်း ပြောကြားသည်။

ဆက်လက်ဖတ်ရှုရန်

Dec 07, 2021

ဒုတိယအကြိမ် မဲခေါင်-လန်ချန်း ရေအရင်းအမြစ် ပူးပေါင်းဆောင်ရွက်မှုဖိုရမ်ကို တရုတ်နိုင်ငံက ဦးဆောင်၍ ဘေဂျင်းမြို့၌ ဒီဇင်ဘာ (၇) ရက်မှ (၈) ရက်အထိ ဗီဒီယို ကွန်ဖရင့်စနစ်ဖြင့် ကျင်းပလျက်ရှိသည်။

ဆက်လက်ဖတ်ရှုရန်

Dec 07, 2021

သူနာပြု (၄) ကျောထောက်နောက်ခံပြု အလုပ်သင်အဆင့် (ဆေးစပ်) (၆)လ သင်တန်းဖွင့်ပွဲ အခမ်းအနားကို ဒီဇင်ဘာ ၆ ရက် နံနက်ပိုင်းက ရန်ကုန်မြို့ရှိ လူမှူဖူလုံရေးအဖွဲ့ အလုပ်သမား ဆေးရုံကြီး (ရန်ကုန်) တွင် ပြုလုပ်သည်။

ဆက်လက်ဖတ်ရှုရန်

Dec 07, 2021

(၇၅) နှစ်မြောက် စိန်ရတု ပြည်ထောင်စုနေ့အကြို “သွေးချင်းတို့ရဲ့ပွဲတော်ဆီ” (တတိယ) အကြိမ် အောင်မြင်စွာ ကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့နံနက် ၁၁ နာရီတွင် တိုင်းရင်းသားလူမျိုးများရေးရာ ဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကိုဗစ်-၁၉ တားဆီး ကာကွယ်ရေး၊ ကျန်းမာရေးဆိုင်ရာ ညွှန်ကြားချက် များနှင့်အညီ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Dec 07, 2021

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနအနေဖြင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး ဆိုင်ရာ ပစ္စည်းများကို လေကြောင်း၊ ရေကြောင်းနှင့် နယ်စပ်ကုန်သွယ်ရေး စခန်းများမှ နှောင့်နှေးကြန့်ကြာမှုမရှိ တင်သွင်းနိုင်ရေးအတွက် အချိန်နှင့်တစ်ပြေးညီ စီစဉ် ဆောင်ရွက် ပေးလျက်ရှိရာ ယနေ့တွင် အပြည်ပြည်ဆိုင်ရာ ဆိပ်ကမ်းများနှင့် ချင်းရွှေဟော် ကုန်သွယ်ရေးစခန်းတို့မှ ကုမ္ပဏီ (၁) ခု၊ ယာဉ်စီးရေ (၂) စီးဖြင့် အောက်စီဂျင် (အိုးခွံ) (၄၀၀၀) နှင့် နှာခေါင်းစည်း (Mask) (၁၆) တန်တို့ကို တင်သွင်းခဲ့ကြောင်း သိရသည်။

ဆက်လက်ဖတ်ရှုရန်

Dec 07, 2021

ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦး ဦးဆောင်၍ သက်ဆိုင်ရာဝန်ကြီးဌာန/အဖွဲ့အစည်းများနှင့် မြန်မာ-တရုတ် နှစ်နိုင်ငံပူးပေါင်း ဆောင်ရွက်ရေးဆိုင်ရာ ညှိနှိုင်း အစည်းအဝေးကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Dec 07, 2021

ရန်ကုန်တိုင်းဒေသကြီး စည်ပင်သာယာရေးဝန်ကြီး၊ ရန်ကုန်မြို့တော်ဝန် ဦးဗိုလ်ဌေးသည် ယနေ့တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် ရန်ကုန်မြို့ပြ ဖွံ့ဖြိုးရေးလုပ်ငန်းများကို ကြည့်ရှုစစ်ဆေးသည်။

ဆက်လက်ဖတ်ရှုရန်

Dec 07, 2021

ပြန်ကြားရေးဝန်ကြီးဌာန ပုံနှိပ်ရေးနှင့် စာအုပ် ထုတ်ဝေရေးဦးစီးဌာန စာပေဗိမာန်က ကြီးမှူး ကျင်းပသည့် ၂၀၂၀ ပြည့်နှစ်အတွက် စာပေဗိမာန် စာမူဆုပြိုင်ပွဲတွင် ဆုရရှိသော စာရေးဆရာကြီး ဆရာမကြီးများအား မြန်မာ့အလင်းက ဆက်လက်တွေ့ဆုံမြန်းခဲ့သည်။

ဆက်လက်ဖတ်ရှုရန်

Dec 07, 2021

အကြမ်းဖက်အဖွဲ့အစည်းများမှ နိုင်ငံတော်အစိုးရ၏ အုပ်ချုပ်မှု ယန္တရား ပျက်ပြားစေရန် ရည်ရွယ်၍ ဖောက်ခွဲဖျက်ဆီးခြင်းနှင့် အပြစ်မဲ့ပြည်သူများအား အဓိက ပစ်မှတ်ထား၍ သတ်ဖြတ်ခြင်းတို့အား ဆောင်ရွက်နိုင်မှုမရှိစေရေး ဖော်ထုတ်ဖမ်းဆီး မှုများ ဆောင်ရွက်လျက်ရှိရာ ၂၀၂၁ ခုနှစ် ဒီဇင်ဘာလ ၂ ရက်တွင် လုံခြုံရေးပူးပေါင်း အဖွဲ့သည် ပုသိမ် မြို့နယ်အတွင်း အကြမ်းဖက်သမားများနှင့် ချိတ်ဆက်ဆောင်ရွက် နေသည့် စိုးပိုင်ဦး(၃၅)နှစ်နှင့် အောင်ကျော်(၅၆)နှစ်တို့ ၂ ဦးအား ပုသိမ်မြို့နယ်၊ (၉)ရပ်ကွက်၊ သင်္ဘောကျင်းတွင် ဖမ်းဆီးရမိခဲ့သည်။

ဆက်လက်ဖတ်ရှုရန်