နေပြည်တော် ဒီဇင်ဘာ ၆
နယ်စပ်ရေးရာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးဗိုလ်ချုပ်ခွန်သန့်ဇော်ထူးသည် ကချင်ပြည်နယ် လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးအောင်ကြည်လင်း၊ တာဝန်ရှိသူများနှင့်အတူ ဒီဇင်ဘာ ၃ ရက်က ပူတာအိုမြို့ နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များ ဖွံ့ဖြိုးရေးသင်တန်းကျောင်းနှင့် အမျိုးသမီး သက်မွေးလုပ်ငန်းပညာသင်တန်းကျောင်းတို့သို့ သွားရောက်ကြည့်ရှုစစ်ဆေးသည်။
ရှေးဦးစွာ နယ်စပ်ရေးရာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးသည် ဝန်ထမ်းများ၊ အိမ်တွင်းမှု သင်တန်းသူများ၊ ကျောင်းသား/သူများနှင့် တွေ့ဆုံ အမှာစကားပြောကြားပြီး ဝန်ထမ်းများနှင့် သင်တန်းသူများ၊ ကျောင်းသူ/ကျောင်းသားများအား ထောက်ပံ့ငွေများ ပေးအပ်ကာ ကျောင်းဝင်းအတွင်း ကွန်ကရစ်ရေမြောင်း ဆောင်ရွက်မှုနှင့် ကျောင်းသား/သူ အိပ်ဆောင်များကို လှည့်လှည်ကြည့်ရှု စစ်ဆေးသည်။
ဒီဇင်ဘာ ၄ ရက်တွင် ဒုတိယဝန်ကြီးသည် နယ်စပ်ဒေသတိုင်းရင်းသား လူငယ်များ ဖွံ့ဖြိုးရေးသင်တန်းကျောင်း (ဟိုပင်)သို့ ရောက်ရှိကာ ကျောင်းသား/သူများနှင့် တွေ့ဆုံအမှာစကား ပြောကြားပြီး ထောက်ပံ့ငွေများပေးအပ်ကာ ကျောင်းဝန်းအတွင်း ကွန်ကရစ်ရေမြောင်း၊ ခြံစည်းရိုးကာရံ ဆောင်ရွက်နေမှုနှင့် ကျောင်းသား/သူ အိပ်ဆောင်များကို လှည့်လှည်ကြည့်ရှု စစ်ဆေးသည်။
ဒီဇင်ဘာ ၅ ရက်တွင် အမှတ်(၁) / (၂) နယ်စပ်ဒေသတိုင်းရင်းသား လူငယ်များဖွံ့ဖြိုးရေး သင်တန်းကျောင်း (မြစ်ကြီးနား) သို့ရောက်ရှိကာ ကျောင်းသား/သူများနှင့် တွေ့ဆုံ အမှာ စကားပြောကြားပြီး ထောက်ပံ့ငွေများပေးအပ်ကာ ကျောင်းဝန်းအတွင်း သန့်ရှင်းရေး၊ ထမင်း ချက်ဆောင်၊ စိုက်ပျိုးရေးဆောင်ရွက်ထားမှုနှင့် ကျောင်းသား၊ ကျောင်းသူ အိပ်ဆောင်များအား လှည့်လှည်ကြည့်ရှုစစ်ဆေးပြီး ကျောင်းသား၊ ကျောင်းသူများနှင့်အတူ နေ့လယ်စာ စားသုံးခဲ့ကြောင်း သိရသည်။
(သတင်းစဉ်)