Dec 05, 2021
စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနအနေဖြင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာပစ္စည်းများကို လေကြောင်း၊ ရေကြောင်းနှင့် နယ်စပ်ကုန်သွယ်ရေး စခန်းများမှ နှောင့်နှေးကြန့်ကြာမှုမရှိ တင်သွင်းနိုင်ရေးအတွက် အချိန်နှင့်တစ်ပြေးညီ စီစဉ်ဆောင်ရွက် ပေးလျက်ရှိသည်။
Dec 05, 2021
သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကိုသည် တာဝန်ရှိ သူများနှင့်အတူ ယနေ့ နံနက် ၁၀ နာရီခွဲတွင် ရွှေတိဂုံစေတီတော်ရင်ပြင်ရှိ ရှေးဟောင်းဗုဒ္ဓ ရုပ်ပွားတော်များတန်ဆောင်း၌ ရွှေတိဂုံစေတီတော် ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့၏ ဩဝါဒါ စရိယဆရာတော်ကြီးများ၊ စေတိယင်္ဂဏစာမေးပွဲဩဝါဒါစရိယဆရာတော်ကြီးများ၊ စာထောက်စာမ ဆရာတော်များနှင့် စာဖြေသံဃာတော် များအား နေ့ဆွမ်းဆက်ကပ်လှူဒါန်းသည်။
Dec 05, 2021
ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦးသည် ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး ရွှေပြည်သာမြို့နယ်၌ သွင်းကုန်အစားထိုး ဘက်ထရီအမျိုးမျိုးနှင့် ဆက်စပ်ပစ္စည်းများ ထုတ်လုပ်ရောင်းချနေသည့် Proven Polyworld Company ၏ စက်ရုံလုပ်ငန်းခွင်သို့ သွားရောက်ကြည့်ရှုအားပေးသည်။
Dec 05, 2021
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီးသည် ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် နေပြည်တော် ကောင်စီနယ်မြေ၊ လယ်ဝေးမြို့နယ်ရှိ ပြောင်ခေါင်းကြီးမွေးမြူရေးဇုန်သို့ သွားရောက်ကြည့်ရှုစစ်ဆေးသည်။
Dec 05, 2021
မြန်မာ့မီးရထားအနေဖြင့် ပြည်သူများ ခရီးသွားလာမှု လွယ်ကူအဆင်ပြေစေရေးနှင့် ကုန်စည်စီးဆင်းမှု မှန်ကန်မြန်ဆန်စေရေးအတွက် စီစဉ်ဆောင်ရွက်ပေးလျက်ရှိရာ ရထားလမ်းပိုင်း အသီးသီးတွင် လူစီးရထားများ ပြေးဆွဲပေးခြင်းကို ကျန်းမာရေးဝန်ကြီးဌာန၏ ခရီးသွားလာမှု ဆိုင်ရာ လိုက်နာဆောင်ရွက်ရမည့်အချက်များ၊ Standard Operation Procedure – SOP လမ်းညွှန်ချက်နှင့်အညီ ပြေးဆွဲဆောင်ရွက် ပေးလျက်ရှိသည်။
Dec 05, 2021
ကျန်းမာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ပါမောက္ခ ဒေါက်တာသက်ခိုင်ဝင်းသည် ဆေးတက္ကသိုလ် (၁)၊ ပါမောက္ခချုပ် ဒေါက်တာကျော်ရွှေ၊ ရန်ကုန်ပြည်သူ့ဆေးရုံကြီး၊ ပါမောက္ခချုပ် ဒေါက်တာသီတာလှ (ဆေးရုံအုပ်ကြီး/ကုသရေး)နှင့် ကျန်းမာရေးဝန်ကြီးဌာန၊ ကုသရေးဦးစီးဌာနနှင့် ရန်ကုန်တိုင်းဒေသကြီး ကုသရေးဦးစီးဌာနတို့မှ တာဝန်ရှိသူများနှင့်အတူ ယမန်နေ့မွန်းလွဲပိုင်းက အထူးကုဆေးရုံကြီး (ကုတင်-၅၀၀)သို့ သွားရောက်ကြည့်ရှု စစ်ဆေးသည်။
Dec 05, 2021
ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေသည် ယနေ့နံနက်ပိုင်းတွင် ရန်ကုန်နိုင်ငံခြား ဘာသာတက္ကသိုလ်၊ ရန်ကုန်စီးပွားရေးတက္ကသိုလ် ရန်ကုန်အဝေးသင် တက္ကသိုလ်များသို့ သွားရောက်၍ ပါမောက္ခချုပ်၊ ဒုတိယ ပါမောက္ခချုပ်၊ ပါမောက္ခ၊ ဌာနမှူးများ နှင့်တွေ့ဆုံသည်။
Dec 05, 2021
အလုပ်သမားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်၊ ဒုတိယဝန်ကြီးများ ဖြစ်ကြသည့် ဦးဝင်းရှိန်၊ ဦးကိုကိုလွင်နှင့် တာဝန်ရှိသူများသည် ယနေ့နံနက်ပိုင်းတွင် နေပြည်တော်၊ ဒက္ခိဏသီရိမြို့နယ်ရှိ Maple Win Naypyitaw Co., Ltd အထည်ချုပ်စက်ရုံ Assessment Center သို့ ရောက်ရှိပြီး နေပြည်တော်တွင် ကျွမ်းကျင်လုပ်သားများ ပေါ်ပေါက်လာရေးအတွက် မြန်မာနိုင်ငံလုပ်သားများ ကျွမ်းကျင်မှု “စံ” သတ်မှတ် ပြဋ္ဌာန်းရေးအဖွဲ့မှ အထည်ချုပ်လုပ်သား များ၏ ကျွမ်းကျင်မှုစစ်ဆေးအကဲဖြတ်နေခြင်းကို ကြည့်ရှုစစ်ဆေးသည်။
Dec 05, 2021
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒုတိယဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်း၊ ကောင်စီတွဲဖက် အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ပြည်ထောင်စုဝန်ကြီးများဖြစ်ကြသည့် ဦးမောင်မောင်အုန်း၊ ဒေါက်တာသက်ခိုင်ဝင်း၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများ၊ ရန်ကုန်တိုင်းစစ် ဌာနချုပ် တိုင်းမှူးဗိုလ်ချုပ် ညွန့်ဝင်းဆွေနှင့် တာဝန်ရှိသူများလိုက်ပါ၍ ယနေ့နံနက်ပိုင်းတွင် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်(ဟောင်း)၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နာယက ဗိုလ်ချုပ်ကြီး(ဟောင်း) ဦးတင်ဦး၊ ဗိုလ်ချုပ်ကြီး ခင်ညွန့် (အငြိမ်းစား)၊ စည်သူ ဘိုကလေးတင့်အောင် တို့အား သွားရောက် တွေ့ဆုံ၍ ကျန်းမာရေးဆိုင်ရာ အခြေအနေများအား ရင်းရင်းနှီးနှီး မေးမြန်းအားပေး စကားပြောကြားသည်။
Dec 05, 2021
ကိုဗစ်-၁၉ ရောဂါအတည်ပြု လူနာများနှင့် သီးသန့်စောင့်ကြည့်ရမည့် သူများထားရှိရန်အတွက် တိုင်းစစ်ဌာနချုပ် နယ်မြေအသီးသီးရှိ တပ်မတော်ဆေးရုံများ၊ နယ်မြေခံသင်တန်းကျောင်းများ၊ စစ်ကြောရေးနှင့် တည်းခိုရေးစခန်းများ၌ စနစ်တကျလက်ခံ၍ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေး လျက်ရှိသည်။ ထို့ပြင် ကျန်းမာရေးဝန်ကြီးဌာနနှင့် အခြားဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ပရဟိတအဖွဲ့အစည်းများ၊ တာဝန်သိပြည်သူများနှင့် ပူးပေါင်း၍လည်း သက်ဆိုင်ရာ မြို့နယ်များ၌ Quarantine Center များ ဖွင့်လှစ်ဆောင်ရွက်ပေးလျက်ရှိသည်။
Dec 05, 2021
ပြည်ပနိုင်ငံများမှ ဝင်ရောက်လာသည့် မြန်မာနိုင်ငံသားများကို နယ်စပ်ဂိတ် အသီးသီးတွင် လက်ခံဆောင်ရွက်ပေးလျက်ရှိရာ ဒီဇင်ဘာ ၃ ရက်တွင် ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ မူဆယ်မြို့သို့ ပြန်လည်ဝင်ရောက်လာသူ အမျိုးသား ၁၂၆ ဦး၊ အမျိုးသမီး ၁၃၁ ဦး၊ စုစုပေါင်း ၂၅၇ ဦး၊ ချင်းရွှေဟော်မြို့သို့ ပြန်လည်ဝင်ရောက်လာသူ အမျိုးသား ၁၆ ဦး၊ အမျိုးသမီး ၇ ဦး၊ စုစုပေါင်း ၂၃ ဦးနှင့် လောက်ကိုင်မြို့သို့ ပြန်လည်ဝင်ရောက်လာသူ အမျိုးသား ၁ ဦး၊ အမျိုးသမီး ၂ ဦး၊ စုစုပေါင်း ၃ ဦးတို့ကို အသီးသီး လက်ခံခဲ့ကြသည်။
Dec 05, 2021
ဒေသတွင်းစားနပ်ရိက္ခာဖူလုံရေးနှင့် ပြည်သူများ၏ စားသောက်ရေးကို အထောက်အကူဖြစ်စေရန် အတွက် ယနေ့တွင် တြိဂံဒေသတိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်မှူးချုပ် မျိုးမင်းထွန်းနှင့် အဖွဲ့ဝင်များသည် တိုင်းစစ်ဌာနချုပ်၏ စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများကို သွားရောက်ကြည့်ရှု၍ တာဝန်ရှိသူများနှင့် တွေ့ဆုံကာ ကုန်ထုတ်လုပ်မှုလုပ်ငန်းများ ရာနှုန်းပြည့်ဆောင်ရွက်နိုင်ရေးနှင့် လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။
Dec 05, 2021
ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး ဆောင်ရွက်ရာတွင် ကာကွယ်ဆေးထိုးနှံခြင်းသည် အဓိကအခန်းကဏ္ဍတွင် ပါဝင်သည့် လုပ်ငန်းတစ်ရပ် ဖြစ်သောကြောင့် တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးတို့၌ သံဃာတော်များ၊ သာသနာနွယ်ဝင်သီလရှင်များ၊ ဘာသာရေးခေါင်းဆောင်များ အပါအဝင် လူမျိုးမရွေး ဘာသာမရွေး အသက် ၄၀ နှစ်အထက် ဒေသခံပြည်သူများ၊ အကျဉ်းသား၊ အကျဉ်းသူများ၊ မသန်စွမ်းသူများ၊ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များ၊ နာတာရှည်ရောဂါအခံ ရှိသူများ၊ ကယ်ဆယ်ရေးစခန်းများ၊ ယာယီတိုက်ပွဲရှောင်စခန်းများ အတွင်းရှိ ပြည်သူများ၊ အသက်(၁၂)နှစ်အထက် အခြေခံပညာအလယ်တန်းနှင့် အထက်တန်းအဆင့် ကျောင်းသား၊ ကျောင်းသူများစသည့် ဦးတည်အုပ်စုများ သတ်မှတ်၍ တပ်မတော်မှ ဆေးအဖွဲ့များ၊ ပြည်သူ့ဆေးရုံများမှ ဆရာဝန်များ၊ သူနာပြုများ၊ ကျန်းမာရေး ဝန်ထမ်းများနှင့် စေတနာ့ဝန်ထမ်းများက ကာကွယ်ဆေးထိုးခြင်း လုပ်ငန်းများကို အင်တိုက်အားတိုက် ဆောင်ရွက်ပေးလျက်ရှိသည်။
Dec 05, 2021
သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကိုနှင့် မြန်မာသမိုင်းအဖွဲ့ဝင်များ တွေ့ဆုံပွဲကို ယနေ့ မွန်းလွဲ ၁ နာရီခွဲတွင် ရန်ကင်းမြို့နယ်၊ ကမ္ဘာအေးဘုရားလမ်း၊ သီရိမင်္ဂလာရိပ်သာ လမ်းသွယ်ရှိ သမိုင်းသုတေသနနှင့် အမျိုးသား စာကြည့်တိုက်ဦးစီးဌာန၊ အမျိုးသား စာကြည့်တိုက်(ရန်ကုန်) ပညာဆောင်၌ ကျင်းပသည်။
ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်း “တူယှဉ်နွှဲပျော် ဂီတပွဲတော်” ယှဉ်ပြိုင်ကျင်းပမှု တက်ရောက်အားပေး
Dec 05, 2021
ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းသည် ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးလှစိုးနှင့်အတူ ယမန်နေ့ညပိုင်းက ရန်ကုန်မြို့ ပြည်လမ်းရှိ မြန်မာ့အသံနှင့် ရုပ်မြင်သံကြားတွင် ကျင်းပသည့် “တူယှဉ်နွှဲပျော် ဂီတပွဲတော်” ယှဉ်ပြိုင်ကျင်းပမှုအား တက်ရောက် အားပေးသည်။
Dec 05, 2021
အခြေခံပညာကျောင်းများကို တစ်နိုင်ငံလုံးနီးပါး ဖွင့်လှစ်လျက်ရှိရာ လာမည့်လတွင် ပထမအစမ်းစာမေးပွဲ ပြုလုပ်ပြီး ၂၀၂၂ခုနှစ် မတ်လကုန်တွင် အတန်းတင်စာမေးပွဲများ ကျင်းပမည် ဖြစ်သည်။ ကိုဗစ်-၁၉ ရောဂါဖြစ်ပွားနှုန်းကျဆင်းလာသဖြင့် စာသင်ကျောင်းများ ပြန်လည်ဖွင့်လှစ်ခဲ့ရာ ကျောင်းသား ကျောင်းသူများ၏ ပညာရေး အတော်အတန် ခရီးရောက်လာပြီဖြစ်သည်။ စာသင်နှစ်အောင်မြင်စွာ ပြီးဆုံးနိုင်ရေးအတွက် စိန်ခေါ်မှုများကို အထူးသတိထားပြီး ကျော်လွှားကြရမည်ဖြစ်သည်။
Dec 05, 2021
နိုင်ငံတစ်နိုင်ငံ ကောင်းရန်အတွက် နိုင်ငံသားကောင်းများ လိုအပ်သည်။ နိုင်ငံသားတို့ စိတ်ဓာတ်မြင့်မား၊ အရည်အချင်းမြင့်မားမှသာ နိုင်ငံကိုလည်း မြင့်မြင့်မားမား တည်ဆောက်နိုင်မည်။ ဒီမိုကရေစီစနစ် ကျင့်သုံးသည့်နိုင်ငံတွင် နိုင်ငံသားပြည်သူများ၏ ကဏ္ဍမှာ ပိုမို ကြီးမားကျယ်ပြန့်သည့်အလျောက် နိုင်ငံသားတစ်ဦးချင်းစီတွင် အရည်အသွေး ပြည့်ဝနေကြရမည်ဖြစ်သည်။ နိုင်ငံသားကောင်း၏ အရည်အသွေးများကို ဉာဏ်အမြော်အမြင် (Intelligence)၊ မိမိ ကိုယ်ကိုယ် ထိန်းသိမ်းနိုင်စွမ်း (Self-Control)၊ အကောင်းအဆိုး ခွဲခြားနိုင်သည့် အသိတရား (Conscience) ဟူ၍ အရည်အသွေး သုံးရပ် သတ်မှတ်ထားရာအားလုံးသည် ပညာအပေါ်မှာသာ အခြေခံထားသည်ကို တွေ့မြင်ရမည်ဖြစ်သည်။
Dec 04, 2021
စစ်တက္ကသိုလ်ဗိုလ်လောင်းသင်တန်း အမှတ်စဉ် (၆၃) သင်တန်းဆင်းဂုဏ်ပြု စစ်ရေးပြအခမ်းအနား ကျင်းပပုံများကို ဒီဇင်ဘာ ၇ ရက် နံနက် ၇ နာရီခွဲမှ စတင်၍ MWD Channel ၊ MWD Variety Channel နှင့် MRTV တို့မှ တိုက်ရိုက် (Live) ထုတ်လွှင့်သွားမည် ဖြစ်ကြောင်း သိရသည်။
Dec 04, 2021
၂၀၂၀ ပြည့်နှစ် အမျိုးသားစာပေတစ်သက်တာဆု၊ အမျိုးသားစာပေဆုနှင့် စာပေဗိမာန်စာမူဆု ဆုချီးမြှင့်ပွဲအခမ်းအနားကို စာဆိုတော်နေ့ဖြစ်သည့် ယနေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး ရန်ကင်းမြို့နယ်ရှိ မြဝတီမီဒီယာစင်တာ၌ ကျင်းပပြုလုပ်ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက် ဂုဏ်ပြုအမှာစကား ပြောကြားပြီး ဆုများ ချီးမြှင့်ပေးအပ်သည်။
