Skip to main content

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့နယ်အတွင်း အကြမ်းဖက်သမားများနှင့် လက်နက်/ခဲယမ်းများ ပို့ဆောင်ပေးလျက်ရှိသည့် တရားခံများအား ဖမ်းဆီးရမိ

နေပြည်တော်  ဒီဇင်ဘာ 

အကြမ်းဖက်အဖွဲ့အစည်းများမှ  နိုင်ငံတော်အစိုးရ၏ အုပ်ချုပ်မှု ယန္တရား ပျက်ပြားစေရန် ရည်ရွယ်၍ ဖောက်ခွဲဖျက်ဆီးခြင်းနှင့် အပြစ်မဲ့ပြည်သူများအား အဓိက ပစ်မှတ်ထား၍ သတ်ဖြတ်ခြင်းတို့အား ဆောင်ရွက်နိုင်မှုမရှိစေရေး ဖော်ထုတ်ဖမ်းဆီး မှုများ ဆောင်ရွက်လျက်ရှိရာ  ၂၀၂၁ ခုနှစ် ဒီဇင်ဘာလ ရက်တွင် လုံခြုံရေးပူးပေါင်း အဖွဲ့သည် ပုသိမ် မြို့နယ်အတွင်း အကြမ်းဖက်သမားများနှင့် ချိတ်ဆက်ဆောင်ရွက် နေသည့် စိုးပိုင်ဦး(၃၅)နှစ်နှင့် အောင်ကျော်(၅၆)နှစ်တို့ ဦးအား ပုသိမ်မြို့နယ်၊ ()ရပ်ကွက်၊ သင်္ဘောကျင်းတွင် ဖမ်းဆီးရမိခဲ့သည်။

တရားခံ စိုးပိုင်ဦး ထွက်ဆိုချက်အရ ဒီဇင်ဘာလ ရက်တွင် ပုသိမ်မြို့၊ (၁၀) ရပ်ကွက်၊ စက်ကုန်းရပ်နေသူများဖြစ်သော ချောစုလှိုင်(၄၀)နှစ်အား ဒီတိုနေတာ ချောင်း၊ လက်လုပ်သေနတ်ပြုလုပ်ရန်ဆင်ထားသည့် ပိုက် ခု၊ Gas Gun ခု၊ Laptop လုံး၊ သံလိုက်အိမ်မြှောင် ခုတို့ဖြင့်လည်းကောင်း၊ စုလှိုင်မိုး(၂၅)နှစ်၊ တင်လှ (၅၂) နှစ်၊ ဖြိုးလေး()ကိုဖြိုး(၃၀)နှစ်တို့ ဦးအားလည်းကောင်း၊ ဖြိုးလေး() ကိုဖြိုး ထွက်ဆိုချက်အရ ပုသိမ်မြို့နယ်၊ တိုက်ကြီးကုန်းကျေးရွာ၌ ဇော်မင်းထွန်း()ကုလား (၃၆)နှစ်အားလည်းကောင်း ထပ်မံဖမ်းဆီး ရမိခဲ့သည်။

တရားခံများ၏ထွက်ဆိုချက်အရ ဒီဇင်ဘာလ ရက်တွင် ပုသိမ်မြို့နယ်၊ တိုက်ကြီးကုန်းကျေးရွာနေ နီနီ()ဘာဘူလေး(၃၈)နှစ် အားလည်းကောင်း၊အိမ်ချောင်း ကလေးကျေးရွာ စက်လှေဆိပ်၌ အောင်ဖြိုးမင်း()ဖြိုးကြီး(၂၀)နှစ်နှင့် စိုးယုကျော်() ဒေဝ(၂၆)နှစ် တို့အားလည်းကောင်း ထပ်မံဖမ်းဆီးရမိခဲ့သည်။  

တရားခံ စိုးပိုင်ဦး ထွက်ဆိုချက်အရ ဒီဇင်ဘာလ ရက်တွင် ပုသိမ်မြို့နယ်၊ လင်းဝင်းကြီးအုပ်စု၊ ကွက်ပြင်ကြီးကျေးရွာနေ ခင်သန်း(၅၈)နှစ်အား ဖမ်းဆီးရမိခဲ့ပြီး ၎င်း၏ ထွက်ဆိုချက်အရ ပိတောက်ချောင်းကုန်းကျေးရွာရှိ ဖမ်းဆီးရန်ကျန် အေးသောင်း နေအိမ် အနောက်ဘက်၌ ပစ္စတိုသေနတ် လက်၊ ပွိုင့် ၃၈၀ ပစ္စတိုကျည် ၁၉ တောင့်၊ ကျည်အိမ် ခု တို့အား သိမ်းဆည်းရမိခဲ့သည်။

တရားခံ ဖြိုးလေး ()ကိုဖြိုး ထွက်ဆိုချက်အရ ဒီဇင်ဘာလ ရက်တွင် ပုသိမ်မြို့၊ (၁၀)ရပ်ကွက်၊ (၁၀)လမ်းမကြီးရှိ ဖမ်းဆီးရန်ကျန် ဒေါ်မြနှစ် နေအိမ်၌ ယမ်းထုပ် ထုပ်၊ ချိန်ကိုက်မိုင်းပြုလုပ်ရာတွင် အသုံးပြုသည့် စားပွဲတင်နာရီ ၁၀ လုံး၊ ဒီတိုနေတာ ၅၀ ချောင်း နှင့် ဖောက်ခွဲရေး ဆက်စပ်ပစ္စည်းများအား သိမ်းဆည်းရမိခဲ့သည်။

တရားခံ စိုးယုကျော်၏ ထွက်ဆိုချက်အရ ဒီဇင်ဘာလ ရက်တွင် ငပုတောမြို့နယ်၊ ဂုံညှင်းတန်းအုပ်စု၊ လဲလောင်းကျေးရွာအနီး ခြေတော်ရာဘုန်းကြီးကျောင်းအား ပူးပေါင်းအဖွဲ့ဖြင့် သွားရောက်ရှင်းလင်းခဲ့ရာ ဥူးပညာနန္ဒ()ကြည်ညွန့်(၆၆)နှစ်အား ပစ္စတို လက်၊ ကျည်အိမ် ခု၊ ၉မမကျည် ၂၀ တောင့်၊ M 16 လက်၊ ကျည်အိမ် ခု၊ .၅၆ ကျည် ၉၆ တောင့်၊ ရှေ့ထွက်မိုင်း လုံး၊ ကျောပိုးအိတ် လုံး၊ Keypad ဖုန်း လုံး၊ ဆက်စပ်ပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိခဲ့သည်။

တရားခံ စိုးပိုင်ဦး ၏ထွက်ဆိုချက်အရ ဒီဇင်ဘာလ ရက်တွင် ပုသိမ်မြို့၊ (၁၀) ရပ်ကွက်၊ စက်ကုန်းလမ်းတွင် ဖိုးထွေး(၅၁)နှစ်အား ပွိုင့်-၂၂ လက်၊ ကျည် ၆၈ တောင့်ဖြင့် လည်းကောင်း၊ လက်နက်/ခဲယမ်းများ သိုဝှက်သိမ်းဆည်းရာတွင် ပူးပေါင်း ပါဝင်သည့် ဆက်စပ်တရားခံများဖြစ်သော သော်ဇင်ခြူး()ကိုခြူး(၂၅)နှစ်၊ ထူးဝေ() ဟန်မျိုးဦး (၂၃)နှစ်၊ စိုးသက်ခိုင်()သားပု (၂၁)နှစ်တို့ ဦးအား လည်းကောင်း ထပ်မံ ဖမ်းဆီးရမိခဲ့သည်။

ဖြစ်စဉ်တွင် တရားခံ ကျား  ၁၄ ဦး၊ ဦး၊ ပေါင်း ၁၆ ဦးတို့အား လက်နက်မျိုးစုံ လက်၊ ကျည်အိမ်မျိုးစုံ ခု၊ ကျည်မျိုးစုံ ၂၀၃ တောင့်၊ ရှေ့ထွက်မိုင်း လုံး၊ ဒီတိုနေတာ ၅၅ ချောင်း၊ ယမ်းထုပ် ထုပ်၊ လက်လုပ်သေနတ်ပြုလုပ်ရန် ဆင်ထားသည့် ပိုက် ခု၊ Laptop လုံး၊ သံလိုက်အိမ်မြှောင် ခု၊ ဖောက်ခွဲရေး ဆက်စပ်ပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိခဲ့သည်။

တရားခံများ၏ ထွက်ဆိုချက်အရ KNLA တပ်မဟာ()တွင် ထွက်ပြေး တိမ်းရှောင်နေသူ ဖမ်းဆီးရန်ကျန် ဂျပန်ကြီး မှ ရန်ကုန်မြို့နေ ဖမ်းဆီးရန်ကျန် ဖိုးလပြည့်()လပြည့် နှင့် ချိတ်ဆက်၍ လက်နက်/ခဲယမ်းများအား ဂက်စ်အိုးများအတွင်း ထည့်သွင်းကာ ရန်ကုန်-ပုသိမ်ပြေးဆွဲသော ခရီးသည်တင်ယာဉ်များဖြင့် စိုးပိုင်ဦးထံ ပို့ဆောင်ခဲ့ကြောင်းနှင့် ၎င်းမှတစ်ဆင့် လက်နက်သယ်ဆောင်ပေးမည့် သူများဖြစ်သည့် ဘယ်ကျော်ထံသို့ လည်းကောင်း၊ ဖမ်းဆီးရန်ကျန် ချစ်ပိုင်စိုး မှတစ်ဆင့် ခင်သန်း ထံသို့လည်းကောင်း၊ ဖမ်းဆီးရန်ကျန် ဆရာဇော်  မှတစ်ဆင့် ပုသိမ်မြို့၊ (၁၀) ရပ်ကွက်၊ စက်ကုန်းလမ်းနေ ဖိုးထွေးထံသို့လည်းကောင်း၊ ဖမ်းဆီးရန်ကျန် တရားခံဖြစ်သည့် ရဲခေါင်မှတစ်ဆင့် ငပုတောမြို့နယ်၊ လဲလောင်းကျေးရွာအနီး၊ ခြေတော်ရာဘုန်းကြီးကျောင်းရှိ  ဥူးပညာနန္ဒ () ကြည်ညွန့်၊ ဖမ်းဆီးရန်ကျန် တိုက်ဂါး၊ ဆိတ်ကြီး၊ ကောင်းကောင်း  တို့ထံသို့ ပေးပို့ထားရှိခဲ့ကြောင်း ဖော်ထုတ်သိရှိရသည်။

ထို့အပြင် တရားခံများ၏ ထွက်ဆိုချက်အရ ဂျပန်ကြီး မှ ပေးပို့သည့် ဒီတိုနေတာများနှင့် ဖောက်ခွဲရေးဆက်စပ်ပစ္စည်းများအား စိုးပိုင်ဦး သည် ကိုဖြိုး() ဖြိုးလေး မှတစ်ဆင့် မအူပင်မြို့နယ်နေ ဖမ်းဆီးရန်ကျန် ကျားကြီးထံသို့ လည်းကောင်း၊ ကြံခင်းမြို့နယ်နေ ဖမ်းဆီးရန်ကျန် မတင်ညွန့် ထံသို့လည်းကောင်း ခရီးသည်တင် ယာဉ်လိုင်းများဖြင့် ပို့ဆောင်ပေးခဲ့ကြောင်းနှင့် စိုးယုကျော်()ဒေဝ သည် ရဲခေါင်မှ ပေးပို့သည့် ဖောက်ခွဲရေးပစ္စည်းများအား ငပုတောမြို့နယ်၊ ဂုံညှင်းတန်းအုပ်စု၊ လဲလောင်း ကျေးရွာရှိ အေးမြင့် ထံပေးပို့ခဲ့ရာ ဖမ်းဆီးရန်ကျန် တရားခံများဖြစ်သည့် အေးမြင့်၊ ရဲခေါင်၊ တိုက်ဂါး၊ ဆိတ်ကြီးနှင့် ကောင်းကောင်းတို့ ဦးမှ လက်လုပ်မိုင်းများ ပြုလုပ်ခဲ့ပြီး  ဖမ်းဆီးရန်ကျန် မင်းမင်းဦးမှ လက်လုပ်မိုင်းများအား ငပုတောမြို့နယ်၊ ဂုံညှင်းတန်းအုပ်စု၊ လဲလောင်းကျေးရွာနေ ဖမ်းဆီးရန်ကျန် တူကယ်ထံသို့ ပို့ဆောင်ခဲ့ကြောင်း ဖော်ထုတ်သိရှိရသည်။

တရားခံများ၏ ထွက်ဆိုချက်အရ ယခုဖမ်းဆီးရမိတရားခံများသည် ဖမ်းဆီး ရန်ကျန် ပုသိမ် PDF အကြမ်းဖက် အဖွဲ့မှ နန္ဒ၏ စေခိုင်းမှုဖြင့် အစိုးရ၏ အုပ်ချုပ်မှု ယန္တရား ပျက်ပြားစေရန် ရည်ရွယ်၍ နိုင်ငံဝန်ထမ်းများနှင့် အပြစ်မဲ့ပြည်သူများအား ဒလန်ဟု စွပ်စွဲကာ လုပ်ကြံသတ်ဖြတ်ခြင်း၊ ပြည်သူလူထု အထိတ်တလန့်ဖြစ်စေရန် ရည်ရွယ်၍ အများပြည်သူနှင့် သက်ဆိုင်သော နေရာများတွင် အကြမ်းဖက် ဖောက်ခွဲရေးလုပ်ငန်းများ ဆောင်ရွက်ခြင်းစသည့် အကြမ်းဖက်လုပ်ငန်းများ လုပ်ဆောင်မည့်သူများ၊ လက်နက်/ခဲယမ်းများနှင့် ဖောက်ခွဲရေး ပစ္စည်းများအား ပို့ဆောင်ခြင်းများ ဆောင်ရွက်ခဲ့ကြောင်း ဖော်ထုတ်သိရှိရသည်။

အဆိုပါ အကြမ်းဖက်အဖွဲ့များထံ လူ၊ လက်နက်၊ခဲယမ်းများနှင့် ဖောက်ခွဲရေး ပစ္စည်းများအား ပို့ဆောင်ပေးလျက်ရှိသော ဖမ်းဆီးရမိတရားခံများအား ဥပဒေအရ ထိရောက်စွာ အရေးယူနိုင်ရေးဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ပြီး အကြမ်းဖက်မှု ဆောင်ရွက်နေသူများအား ပြည်သူတစ်ရပ်လုံးက ဝိုင်းဝန်းကာကွယ်တိုက်ဖျက်ကြရန်နှင့် ဆက်စပ်တရားခံများအား အမြန်ဆုံးဖမ်းဆီးရမိရေးအတွက် ၎င်းတို့ပုန်းခိုရာနေရာများ၊ လှုပ်ရှားသွားလာနေထိုင်မှု သတင်းများရရှိပါက သက်ဆိုင်ရာသို့ လျှို့ဝှက်စွာ သတင်းပေး တိုင်ကြားနိုင်ပါကြောင်း၊ သတင်းပေးသူနှင့် ဖမ်းဆီးပေးသူများအား ထိုက်တန်စွာလျှို့ဝှက်၍ ဆုငွေများ ချီးမြှင့်ပေးမည်ဖြစ်ကြောင်းနှင့် မြို့ရွာများအမြန်ဆုံး အေးချမ်းတည်ငြိမ်ရေးအတွက် ပြည်သူတစ်ရပ်လုံး ပူးပေါင်းပါဝင်ကြိုးပမ်းဆောင် ရွက်နိုင်ပါရန် သက်ဆိုင်ရာက မေတ္တာရပ်ခံ ထားသည်။

သတင်းစဉ်