Skip to main content

Dec 18, 2021

အကြမ်းဖက်အဖွဲ့များဖြစ်သည့် CRPH ၊ NUG နှင့် ၎င်းတို့၏ ဩဇာခံ PDF အမည်ခံ အကြမ်းဖက် သမားများသည် ၎င်းတို့ထောက်ခံအားပေးသည့် ပါတီ၏ ဥပဒေမဲ့လုပ်ရပ်များကို မျက်ကွယ်ပြု၍ ၎င်းတို့ပါတီအား ထောက်ခံခြင်းမပြုသည့် အပြစ်မဲ့ပြည်သူလူထုများအား အကြမ်းဖက် သတ်ဖြတ်ခြင်း၊ နေအိမ်အဆောက်အဦများအား မီးရှို့ဖျက်ဆီးခြင်း၊ မိုင်းထောင်ဖောက်ခွဲ တိုက်ခိုက်ခြင်း စသည်တို့ကို ဆင်ခြင်တုံတရားမဲ့စွာ လုပ်ဆောင်လျက်ရှိသည်။

ဆက်လက်ဖတ်ရှုရန်

Dec 18, 2021

စစ်ကိုင်းတိုင်းဒေသကြီး၊ တန့်ဆည်မြို့နယ်၌ PDF အကြမ်းဖက်လက်နက်ကိုင်များ၏ ရက်စက်စွာ သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်ကာ မီးရှို့ခဲ့မှုကြောင့် အပြစ်မဲ့ပြည်သူ အမျိုးသားတစ်ဦးနှင့် အမျိုးသမီးလေးဦးတို့ သေဆုံးခဲ့ပြီး နေအိမ်တစ်လုံး မီးလောင်ပျက်စီးခဲ့ကြောင်း သိရသည်။

ဆက်လက်ဖတ်ရှုရန်

Dec 18, 2021

သဘင်၊ ရုပ်ရှင်၊ ဂီတ၊ ပြဇာတ်ဒါရိုက်တာနှင့် စာပေနယ်ပယ်ကဏ္ဍအသီးသီးတွင် လူသိများ ထင်ရှားအောင်မြင်ခဲ့သော ပြည်သူချစ်အနုပညာရှင်ကြီး စည်သူဒေါက်တာ ဗိုလ်ကလေးတင့်အောင်သည် ကွယ်လွန်အနိစ္စရောက်ခဲ့ပြီဖြစ်သည်။ ဆရာကြီး ဗိုလ်ကလေးတင့်အောင်၏ ဘဝတစေ့တစောင်း ပြန်ပြောင်ဆောင်ပြရလျှင် လွတ်လပ်ရေးကြိုးပမ်းမှု ကာလမှစတင်ရမည်ဖြစ်ပါသည်။

ဆက်လက်ဖတ်ရှုရန်

Dec 18, 2021

(၄၇)နှစ်မြောက် ရခိုင်ပြည်နယ်နေ့ကို ဂုဏ်ပြုသောအားဖြင့် ပြန်ကြားရေးဝန်ကြီးဌာန၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက သံတွဲမြို့၌ တည်ဆောက်ပြီးစီးခဲ့သည့် လူထုအခြေပြုဗဟိုဌာန (Community Centre) အဆောက်အအုံသစ် ဖွင့်လှစ်ပွဲအခမ်းအနားကို ယနေ့နံနက် ၁ဝ နာရီတွင် အဆိုပါအဆောက်အအုံသစ်ရှေ့၌ကျင်းပရာ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များ ဖြစ်ကြသော မန်းငြိမ်းမောင်၊ ဒေါ်အေးနုစိန်နှင့် ဦးမောင်းဟာ၊ ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်း၊ ဒေါက်တာညွန့်ဖေ၊ ဦးမင်းသိန်းဇံ၊ ဒုတိယဝန်ကြီး ဦးဇော်အေးမောင်၊ ရခိုင်ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ တက်ရောက်ကြသည်။

ဆက်လက်ဖတ်ရှုရန်

Dec 18, 2021

အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီနှင့် NCA လက်မှတ်ရေးထိုးခြင်းမပြုရသေးသော တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ခြောက်ဖွဲ့တို့သည် ဒီဇင်ဘာ ၁၅ ရက်နှင့် ၁၆ ရက်တို့တွင် ရှမ်းပြည်နယ်အရှေ့ပိုင်း မိုင်းလားမြို့၌ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ဆိုင်ရာ ကိစ္စရပ်များနှင့် ကျန်းမာရေး၊ ဒေသဖွံ့ဖြိုးရေးဆိုင်ရာများနှင့် စပ်လျဉ်း၍ အလွတ်သဘော တွေ့ဆုံဆွေးနွေးခဲ့ကြသည်။

ဆက်လက်ဖတ်ရှုရန်

Dec 18, 2021

မြန်မာ့သိုင်းဒိုင်လူကြီးနှင့် နည်းပြသင်တန်းဆင်းပွဲအခမ်းအနားကို ယနေ့ နံနက် ၉ နာရီတွင် နေပြည်တော် အားကစားလေ့ကျင့်ရေးစခန်း (Gold Camp) ရှိ (Multipurpose Hall) ၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Dec 18, 2021

မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေး ကော်မရှင်အဖွဲ့ဝင် ဦးကျော်စိုးနှင့် ဦးကျော်မြင့်တို့ ဦးဆောင်သော ကြည့်ရှုစစ်ဆေးရေးအဖွဲ့သည် ဒီဇင်ဘာ ၁၆ ရက်နှင့် ၁၇ ရက်တို့တွင် မန္တလေး ဗဟိုအကျဉ်းထောင်၊ (၂၄) မိုင်၊ ထုံးဘို (ကျား-၁) (ကျား-၂) နှင့် ထုံးဘို (မ) ကုန်ထုတ် စခန်းတို့ကို သွားရောက်ကြည့်ရှုစစ်ဆေးသည်။

ဆက်လက်ဖတ်ရှုရန်

Dec 18, 2021

နိုင်ငံတော်၏တာဝန်များကို ထမ်းဆောင်နေကြသူများအား နိုင်ငံ့ဝန်ထမ်းဟု ခေါ်ဆိုကြပါသည်။ နိုင်ငံ့ဝန်ထမ်းများသည် နိုင်ငံတော်အတွက် ကြိုးပမ်း ထမ်းရွက်ကြသည့် အမှုထမ်းများဖြစ်သည်။ နိုင်ငံတော်၏တာဝန်သည် နိုင်ငံဖွံ့ဖြိုးတိုးတက်ရေး၊ တိုင်းပြည်အကျိုးစီးပွားနှင့် အများပြည်သူ အကျိုးစီးပွား တို့ဖြစ်သည်။ ဝန်ထမ်းတစ်ယောက်သည် တာဝန်ထမ်းဆောင်ခဲ့သည့် ကာလအတွင်း အစိုးရအဆက်ဆက် ပြောင်းသော်လည်း တိုင်းပြည်အကျိုးကို ဦးလည်မသုန် ထမ်းဆောင်ခဲ့ကြသူများ ဖြစ်သည်။

ဆက်လက်ဖတ်ရှုရန်

Dec 18, 2021

ဒုတိယကမ္ဘာစစ်အပြီး ဗြိတိသျှနယ်ချဲ့လက်အောက်မှ အိန္ဒိယနှင့် မြန်မာနိုင်ငံတို့ လွတ်လပ်ရေး ရယူခဲ့ရာတွင် အိန္ဒိယသည် ကိုးကွယ်ရာဘာသာ အယူဝါဒကိုလိုက်၍ နိုင်ငံသုံးနိုင်ငံအဖြစ် ခွဲခြားခံ လိုက်ရသည်။ အိန္ဒိယ၊ အရှေ့ပါကစ္စတန်နှင့် အနောက်ပါကစ္စတန်ဟူ၍ဖြစ်ပြီး အရှေ့ပါကစ္စတန် သည် နောက်ပိုင်း၌ ဘင်္ဂလားဒေ့ရှ် ဖြစ်လာသည်။ မြန်မာနိုင်ငံကိုလည်း ပြည်မနှင့် တောင်တန်း ဒေသများအဖြစ် ခွဲခြားခဲ့ရာတွင် မြန်မာတိုင်းရင်းသားတို့က ခွဲခြားမခံ။ တစ်စည်းတစ်လုံးတည်း လွတ်လပ်ရေး ရယူခဲ့သည်။ သို့ရာတွင် နယ်ချဲ့တို့၏ပရိယာယ်ကြွယ်ဝလှသော၊ ပညာပါလှသော သွေးခွဲမှုများက တိုင်းရင်းသား တို့အကြားတွင် သံသယနှင့် မယုံသင်္ကာစိတ်တို့ကို တစ်စတစ်စ ကြီးထွားစေခဲ့ပြီး လွတ်လပ်ရေးကြိုးပမ်းမှုကာလမှသည် လွတ်လပ်ရေးရပြီးကာလနှင့် မျက်မှောက်ခေတ်အထိ လက်နက်ကိုင်ပဋိပက္ခတို့ကို ဖြစ်ပေါ်စေခဲ့သည်။

ဆက်လက်ဖတ်ရှုရန်

Dec 17, 2021

NUG၊ CRPH အမည်ခံအကြမ်းဖက်အဖွဲ့များသည် အေးချမ်းစွာနေထိုင်သော ပြည်သူလူထုများနှင့် တရားဥပဒေစိုးမိုးရေးအတွက် ဝိုင်းဝန်းဆောင်ရွက်နေသော အုပ်ချုပ်ရေးတာဝန်ရှိသူများအား ထိခိုက်ဒဏ်ရာရရှိစေရန် ရည်ရွယ်ချက်များဖြင့် အကြမ်းဖက် ဖောက်ခွဲရေးလုပ်ရပ်များကို အချို့နေရာများတွင် လုပ်ဆောင် လျက်ရှိသည့်အပြင် ကလေးသူငယ်များ၏ ပညာသင်ယူခွင့်ကို ဆုံးရှုံးစေရန်အတွက် ပညာသင်ကြားရေးအတွက် အခြေခံအဆောက်အဦများဖြစ်သည့် စာသင်ကျောင်းများကို လက်လုပ်ဗုံး၊ လက်လုပ်မိုင်းများဖြင့် ထောင်ကာဖောက်ခွဲခြင်း၊ ပစ်ပေါက်ခြင်းများ ပြုလုပ်ဆောင်ရွက်လျက်ရှိပါသည်။

ဆက်လက်ဖတ်ရှုရန်

Dec 17, 2021

၂၀၂၁ ခုနှစ်၊ ပုလဲအတွဲများနှင့် ကျောက်စိမ်းအတွဲများပြပွဲ (Mini Gems Emporium) အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ မဏိရတနာ ကျောက်စိမ်းခန်းမ၌ ကျင်းပပြုလုပ်ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဉက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်ချီးမြှင့်သည်။

ဆက်လက်ဖတ်ရှုရန်

Dec 17, 2021

၂၀၂၂ ခုနှစ်၊ (၇၄) နှစ်မြောက် လွတ်လပ်ရေးနေ့ ကျင်းပရေး ဗဟိုကော်မတီ တတိယအကြိမ် ညှိနှိုင်းအစည်းအဝေးကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌရုံး အစည်းအဝေးခန်းမ၌ကျင်းပရာ (၇၄) နှစ်မြောက် လွတ်လပ်ရေးနေ့ ကျင်းပရေး ဗဟိုကော်မတီဥက္ကဋ္ဌ၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း တက်ရောက် အမှာစကား ပြောကြားသည်။

ဆက်လက်ဖတ်ရှုရန်

Dec 17, 2021

ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် နိုင်ငံအတွင်း ကူးစက်ဖြစ်ပွားနေသော COVID-19 ရောဂါ ကာကွယ်၊ ကုသ၊ ထိန်းချုပ်ရေးလုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိရာ ရောဂါ ထိန်းချုပ်ရေးလုပ်ငန်းများ အောင်မြင်နိုင်ရေးအတွက် ပြည်သူလူထုအနေဖြင့် ကျန်းမာရေး ဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော COVID-19 ရောဂါ ကာကွယ်ထိန်းချုပ်ရေးဆိုင်ရာ စည်းကမ်း များကို စနစ်တကျ လိုက်နာဆောင်ရွက်ရန် လိုအပ်ပြီး COVID-19 ကာကွယ်ဆေးထိုးနှံမှု ခံယူခြင်းအား အထူးဂရုပြု ပူးပေါင်းဆောင်ရွက်ကြရန် လိုအပ်ပါသည်။

ဆက်လက်ဖတ်ရှုရန်

Dec 17, 2021

လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ စွမ်းအင်ကဏ္ဍဆိုင်ရာ လုပ်ငန်းများနှင့် ပတ်သက်၍ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့နံနက် ၉ နာရီတွင် ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေး ကော်ပိုရေးရှင်း (ရုံးချုပ်) အစည်းအဝေးခန်းမ၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Dec 17, 2021

ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဌေးအောင်သည် ယနေ့မွန်းလွဲပိုင်းတွင် ဝန်ကြီးဌာန၊ ကျောက်စိမ်း ခန်းမ၌ ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် ကျင်းပသော “သဘာဝအခြေခံ ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေး အလုပ်ရုံဆွေးနွေးပွဲ” သို့ တက်ရောက် သည်။

ဆက်လက်ဖတ်ရှုရန်

Dec 17, 2021

ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေသည် ယနေ့နံနက် ၁၁ နာရီခွဲတွင် သံတွဲမြို့ အမှတ်(၁) အခြေခံပညာ အထက်တန်းကျောင်းသို့ သွားရောက်၍ ကျောင်းသား ကျောင်းသူများ အေးချမ်းပျော်ရွှင်စွာ ပညာသင်ကြားနေမှုများကို ကြည့်ရှုအားပေးသည်။

ဆက်လက်ဖတ်ရှုရန်