Skip to main content

Dec 19, 2021

ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ပါမောက္ခဒေါက်တာသက်ခိုင်ဝင်းနှင့် တာဝန်ရှိသူများသည် ဒီဇင်ဘာ ၁၈ ရက် နံနက်ပိုင်းတွင် မကွေးတိုင်းဒေသကြီး အတွင်းရှိ ပြည်သူ့ဆေးရုံကြီးများသို့ သွားရောက်ကြည့်ရှုသည်။

ဆက်လက်ဖတ်ရှုရန်

Dec 19, 2021

ညောင်ရွှေမြို့ ကန်ကြီးပရိယတ္တိစာသင်တိုက်၌ ရောက်ရှိနေသည့် သီတဂူဆရာတော် ဒေါက်တာ အရှင်ဉာဏိဿရအား ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝန်ကြီးချုပ် ဒေါက်တာ ကျော်ထွန်းနှင့်ဇနီး ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်နှင့် တာဝန်ရှိသူများသည် ယနေ့နံနက်ပိုင်းတွင် သွားရောက်ဖူးမြော်ကြသည်။

ဆက်လက်ဖတ်ရှုရန်

Dec 19, 2021

ကျန်းမာရေးဝန်ကြီးဌာနအောက်ရှိ ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ဆေးသုတေသနဦးစီးဌာန၊ ကုသရေးဦးစီးဌာန၊ အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာ ဌာနတို့အနေဖြင့် တပ်မတော်ဆေးသုတေသန တပ်နှင့် ပူးပေါင်း၍ “ကိုဗစ်-၁၉ ရောဂါမျိုးရိုးဗီဇပြောင်း ရောဂါပိုးစောင့်ကြပ်ကြည်ရှုခြင်းလုပ်ငန်း” ကို စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိပါသည်။

ဆက်လက်ဖတ်ရှုရန်

Dec 19, 2021

၂၀၂၁ခုနှစ် ပုလဲအတွဲများနှင့် ကျောက်စိမ်းအတွဲများပြပွဲ (Mini Gems Emporium) တတိယနေ့ကို ယနေ့တွင် နေပြည်တော်ရှိ မဏိရတနာကျောက်စိမ်းခန်းမ၌ ကိုဗစ်-၁၉ ကာကွယ်ရေး လမ်းညွှန်ချက်များနှင့်အညီ ဆက်လက်ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Dec 19, 2021

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီး သည် ဒီဇင်ဘာလ(၁၈)ရက် နံနက်ပိုင်းတွင် ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ နေပြည်တော် တပ်ကုန်းမြို့နယ်၊ မယ်ဇလီကျင်းကျေးရွာအနီးတွင် တည်ဆောက်ထားသည့် ဆင်သေရေ လှောင်တမံနှင့် ဒဟတ်ကုန်း ကျေးရွာရှိ ရေလွှဲဆည်တို့၏ ဆည်ရေသိုလှောင်ထားရှိမှု တမံကြံ့ခိုင်မှု၊ စိုက်ပျိုးရေပေးဝေနေမှုနှင့် မြို့ပြသုံးရေပေးဝေမှု လုပ်ငန်းများကို ကြည့်ရှုစစ်ဆေးပြီး လိုအပ် သည်များကို ဆွေးနွေးမှာကြားသည်။

ဆက်လက်ဖတ်ရှုရန်

Dec 19, 2021

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင်သည် ဒီဇင်ဘာ ၁၆ ရက် မွန်းလွဲပိုင်းတွင် စစ်တွေမြို့ရှိ ကလေးပြုစုရေးဌာန၌ ကလေးငယ်စုစုပေါင်း (၃၃)ဦးကို စောင့်ရှောက်ပေးနေမှုကို ကြည့်ရှုအားပေးကာ ကလေးငယ်များအတွက် မုန့်များပေးအပ်သည်။

ဆက်လက်ဖတ်ရှုရန်

Dec 19, 2021

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနအနေဖြင့် ကိုဗစ်-၁၉ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာ ပစ္စည်းများကို လေကြောင်း၊ ရေကြောင်းနှင့် နယ်စပ်ကုန်သွယ်ရေး စခန်းများမှ နှောင့်နှေး ကြန့်ကြာမှုမရှိ တင်သွင်းနိုင်ရေးအတွက် အချိန်နှင့်တစ်ပြေးညီ စီစဉ်ဆောင်ရွက်ပေးလျက် ရှိရာ ယနေ့တွင် အပြည်ပြည်ဆိုင်ရာ ဆိပ်ကမ်း/ လေဆိပ်များ၊ မြဝတီကုန်သွယ်ရေးဇုန်နှင့် ချင်းရွှေဟော်ကုန်သွယ်ရေး စခန်းတို့မှ ကုမ္ပဏီ (၃)ခုမှ ယာဉ်စီးရေ (၆)စီး ဖြင့် အောက်ဆီဂျင်(အရည်) Bowser ယာဉ်(၁)စီး တန် (၂၀) နှင့် နှာခေါင်းစည်း(Mask) (၃၆)တန်တို့ကို တင်သွင်းသည်။ အောက်ဆီဂျင် (အရည်) Bowser ယာဉ် (၁)စီးမှာ မြဝတီ ကုန်သွယ်ရေးဇုန်မှ ရန်ကုန်မြို့သို့ တင်သွင်းခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

ဆက်လက်ဖတ်ရှုရန်

Dec 19, 2021

ဒေသတွင်းစားနပ်ရိက္ခာဖူလုံရေးနှင့် ပြည်သူများ၏ စားသောက်ရေးကို အထောက်အကူ ဖြစ်စေရန်အတွက် ယနေ့နံနက်ပိုင်းတွင် ရှမ်းပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာကျော်ထွန်း၊ အရှေ့မြောက်တိုင်းစစ်ဌာန ချုပ်တိုင်းမှူး ဗိုလ်ချုပ်နိုင်နိုင်ဦးနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများသည် တိုင်းစစ်ဌာန ချုပ်ရှိ ကုန်းမြင့် (၁) စိုက်ပျိုးရေးနှင့်မွေးမြူရေး စံပြစခန်းနှင့် ဘက်စုံစိုက်ပျိုး မွေးမြူရေး

ဆက်လက်ဖတ်ရှုရန်

Dec 19, 2021

ပြည်ပနိုင်ငံများမှ ဝင်ရောက်လာသည့် မြန်မာနိုင်ငံသားများကိုနယ်စပ်ဂိတ် အသီးသီးတွင်လက်ခံ ဆောင်ရွက် ပေးလျက်ရှိရာ ဒီဇင်ဘာ ၁၇ ရက်တွင် ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ မူဆယ်မြို့သို့ ပြန်လည်ဝင်ရောက်လာသူ အမျိုးသား ၁၂၉ ဦးနှင့် အမျိုးသမီး ၁၁၉ ဦး၊ စုစုပေါင်း ၂၄၈ ဦး၊ ချင်းရွှေဟော်မြို့သို့ ပြန်လည်ဝင်ရောက်လာသူ အမျိုးသား ၆ ဦးနှင့် အမျိုးသမီး ၄ ဦး၊ စုစုပေါင်း ၁၀ ဦး၊ လောက်ကိုင်မြို့သို့ ပြန်လည်ဝင်ရောက်လာသူ အမျိုးသား ၃ ဦးနှင့် အမျိုးသမီး ၆ ဦး၊ စုစုပေါင်း ၉ ဦး တို့ကိုလည်းကောင်း၊ ယနေ့တွင် ကရင်ပြည်နယ်၊ မြဝတီမြို့သို့ပြန်လည်ဝင်ရောက် လာသူ အမျိုးသား ၁၃၈ ဦး၊ အမျိုးသမီး ၆၅ ဦး၊ စုစုပေါင်း ၂၀၃ ဦးတို့ကိုလည်းကောင်း အသီးသီး လက်ခံခဲ့ကြသည်။

ဆက်လက်ဖတ်ရှုရန်

Dec 19, 2021

ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် တိုင်းဒေသကြီးဝန်ကြီးများ၊ တာဝန်ရှိသူများနှင့် အတူ ဒီဇင်ဘာ ၁၇ ရက် နံနက်ပိုင်းက သာယာဝတီမြို့ စိုက်ပျိုးရေးသိပ္ပံကျောင်းသို့ရောက်ရှိပြီး ကျောင်း ပြန်လည်ဖွင့်လှစ်ရန် ပြင်ဆင်ထားရှိမှုအခြေအနေ၊ စာသင်နှစ်အလိုက် သင်ကြားပြသမည့် စာအုပ်များနှင့် မြေအသုံးချရေးဓာတ်ခွဲခန်းတွင် မြေဆီလွှာ ဓာတ်ခွဲ လုပ်ဆောင်နေမှုများကို ကြည့်ရှုစစ်ဆေးသည်။

ဆက်လက်ဖတ်ရှုရန်

Dec 19, 2021

ဧရာဝတီတိုင်းဒေသကြီး မအူပင်ခရိုင်ငါးလုပ်ငန်းဦးစီးဌာနမှ ကြီးမှူး၍ သဘာဝမြစ်ချောင်းအင်းအိုင် များအတွင်း ငါးသယံဇာတများ ရေရှည်တည်တံ့စေရေး၊ လူတစ်ဦးချင်း ငါးစားသုံးမှုတိုးတက် စေရေးနှင့်ကျေးလက်နေ ပြည်သူများ အလုပ်အကိုင်အခွင့်အလမ်းများ ဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်၍ ပန်းတနော်မြို့နယ် ရွှေလှေ ကျေးရွာအုပ်စု ဗောဓိချောင်းအတွင်းသို့ ငါးမျိုးစိုက်ထည့်ခြင်း အခမ်းအနားကို ယနေ့ နံနက်ပိုင်းက ကျင်းပခဲ့သည်။

ဆက်လက်ဖတ်ရှုရန်

Dec 19, 2021

ကချင်ပြည်နယ် ကျောင်းထိုင်ဘုန်းကြီးသင်တန်းကျောင်း (၁၂)ကြိမ်မြောက် ၂ နှစ်တာ ပုံမှန် သင်တန်းဖွင့်ပွဲကို ယနေ့နံနက်ပိုင်းတွင် အဆိုပါကျောင်းထိုင် ဘုန်ကြီးသင် တန်းကျောင်းရှိ ဓမ္မဗိမာန်တော်၌ ပြုလုပ်ရာကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်၊ မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် မြတ်သက်ဦး နှင့် အဖွဲ့ဝင်များ တက်ရောက်ကြသည်။

ဆက်လက်ဖတ်ရှုရန်

Dec 19, 2021

စားသုံးဆီဈေးနှုန်းကြီးမြင့်မှု မဖြစ်ပေါ်စေရေးနှင့် ပြည်ပမှ စားသုံးဆီများ တရားဝင် ဝင်ရောက်မှုရှိစေ ရေးတို့အတွက် နိုင်ငံတော်အနေဖြင့် ကြပ်မတ်ဆောင်ရွက် သွားမည်ဖြစ်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါက်တာ ပွင့်ဆန်းက ရန်ကုန်မြို့ ပြည်လမ်းရှိ Lotte ဟိုတယ်၌ ဒီဇင်ဘာ ၁၇ ရက်က ကျင်းပသည့် မြန်မာနိုင်ငံဆီကုန်သည်နှင့် ဆီလုပ်ငန်း ရှင်များအသင်း (၂၉)ကြိမ်မြောက် နှစ်ပတ်လည် အသင်းသားစုံညီအစည်းအဝေးတွင် Virtual System ဖြင့် ပြောကြားသည်။

ဆက်လက်ဖတ်ရှုရန်

Dec 19, 2021

ကမ္ဘာ့ရာသီဥတုပြောင်းလဲလာမှုကြောင့် မြောက်ဝင်ရိုးစွန်းတွင် ကျက်စားသည့် ရေပျော်ငှက်များသည် ပူနွေးစိုစွတ်ရာ ကမ္ဘာ့နိုင်ငံများသို့ ယခင်နှစ်ထက် စော၍ ပျံသန်းဝင်ရောက်ကြလျက်ရှိရာ မြန်မာနိုင်ငံ အင်းတော်ကြီးဘေးမဲ့အင်းသို့လည်း ဆောင်းခိုငှက်များ တဖွဲဖွဲဝင်ရောက် ကျက်စားလျက်ရှိသည်။

ဆက်လက်ဖတ်ရှုရန်

Dec 19, 2021

၂၀၂၁ ခုနှစ် ဒီဇင်ဘာအားကစား လ စုပေါင်းလမ်းလျှောက်ပွဲကို ယနေ့နံနက်ပိုင်းတွင်ရန်ကုန်တိုင်း စစ်ဌာနချုပ်နှင့် အလယ်ပိုင်းတိုင်း စစ်ဌာနချုပ်တို့၌ ပြုလုပ်ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ်၊ သက်ဆိုင်ရာ တိုင်းစစ်ဌာနချုပ် များမှ တိုင်းမှူးများနှင့် အရာရှိ၊ စစ်သည်၊ မိသားစုများ ပါဝင် ဆင်နွှဲကြသည်။

ဆက်လက်ဖတ်ရှုရန်

Dec 19, 2021

တရုတ်ပြည်သူ့သမ္မတနိုင်ငံ ကွမ်ရှီးကျွမ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဘေဟိုင်းမြို့တော်တွင် ဒီဇင်ဘာ ၁၇ ရက် မြန်မာစံတော်ချိန် နံနက် ၈ နာရီက မဲခေါင် - လန်ချန်းဒေသတွင်း အစိုးရပူးပေါင်းဆောင်ရွက်မှု အစည်းအဝေးကို Online နှင့် Ofline ပေါင်းစပ်ကာ ကျင်းပခဲ့ကြောင်း သိရသည်။

ဆက်လက်ဖတ်ရှုရန်

Dec 19, 2021

အနုပညာရှင်အသင်းအဖွဲ့များအတွက် အခြေခံစားသောက်ကုန်များ ပေးအပ်လှူဒါန်းပွဲကို ယနေ့ညနေပိုင်းတွင် ရန်ကုန်မြို့ ပြည်လမ်းရှိ မြန်မာ့အသံနှင့် ရုပ်မြင်သံကြား၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Dec 19, 2021

တပ်မတော် (ကြည်း၊ ရေ၊ လေ) အရာရှိ၊ စစ်သည်၊ အရာထမ်း၊ အမှုထမ်းများနှင့် စေတနာရှင်အလှူရှင်များက မြို့နယ် အသီးသီးရှိ ဘုန်းတော်ကြီးကျောင်းများ၊ သာသနာနွယ်ဝင် သီလရှင်ကျောင်းများနှင့် ဘာသာရေးကျောင်းများသို့ ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ပဲ အမယ်(၄)မျိုးနှင့် လှူဖွယ် ပစ္စည်းများလှူဒါန်းခြင်း၊ နေ့ဆွမ်းများဆက်ကပ်လှူဒါန်းခြင်းနှင့် ကျန်းမာရေး စစ်ဆေး ပေးခြင်းများကို ဆောင်ရွက်လျက်ရှိသည်။

ဆက်လက်ဖတ်ရှုရန်

Dec 19, 2021

တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးတို့၌ သံဃာတော်များ၊ သာသနာနွယ်ဝင်သီလရှင်များ၊ ဘာသာရေးခေါင်းဆောင်များအပါအဝင် လူမျိုးမရွေး ဘာသာမရွေး အသက် ၄၀ နှစ်အထက် ဒေသခံပြည်သူများ၊ အကျဉ်းသား၊ အကျဉ်းသူများ၊ မသန်စွမ်းသူများ၊ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များ၊ နာတာရှည်ရောဂါအခံရှိ သူများ၊ ကယ်ဆယ်ရေးစခန်းများ၊ ယာယီတိုက်ပွဲရှောင် စခန်းများအတွင်းရှိ ပြည်သူများ၊ အသက်(၁၂)နှစ်အထက် အခြေခံပညာ အလယ်တန်းနှင့် အထက်တန်းအဆင့် ကျောင်းသား၊ ကျောင်းသူများစသည့် ဦးတည်အုပ်စုများသတ်မှတ်၍ တပ်မတော်မှ ဆေးအဖွဲ့များ၊ ပြည်သူ့ဆေးရုံများမှ ဆရာဝန်များ၊ သူနာပြုများ၊ ကျန်းမာရေး ဝန်ထမ်းများနှင့် စေတနာ့ဝန်ထမ်းများက ကာကွယ်ဆေးထိုးခြင်း လုပ်ငန်းများကို ဆောင်ရွက် ပေးလျက်ရှိသည်။

ဆက်လက်ဖတ်ရှုရန်

Dec 19, 2021

စစ်ကိုင်းတိုင်းဒေသကြီး၊ တန့်ဆည်မြို့နယ်၌ အကြမ်းဖက်ဖောက်ခွဲမှုပြုလုပ်ရန် လက်လုပ် မိုင်းထောင်နေစဉ် ပေါက်ကွဲမှုဖြစ်ပွားခဲ့သဖြင့် အကြမ်းဖက်သူ အမျိုးသား ၂ ဦး သေဆုံးခဲ့ကြောင်း သိရသည်။

ဆက်လက်ဖတ်ရှုရန်