Skip to main content

Dec 17, 2021

မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များ ပါဝင်သောပူးပေါင်းအဖွဲ့သည် ဒီဇင်ဘာ ၁၅ ရက် ညနေ ၄ နာရီခွဲတွင် တမူးမြို့၊ မြို့မ (၁၂-က) ရပ်ကွက်၊ အောင်ချမ်းသာ လမ်းတွင် ကျော်ဆွေကို မသင်္ကာဖွယ်တွေ့ရှိသဖြင့် စစ်ဆေးရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၁,၄၀၀ ကိုလည်းကောင်း။

ဆက်လက်ဖတ်ရှုရန်

Dec 17, 2021

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနအနေဖြင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာ ပစ္စည်းများကို လေကြောင်း၊ ရေကြောင်းနှင့် နယ်စပ်ကုန်သွယ်ရေး စခန်းများမှ နှောင့်နှေးကြန့်ကြာမှုမရှိ တင်သွင်းနိုင်ရေးအတွက် အချိန်နှင့်တစ်ပြေးညီ စီစဉ် ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့တွင် အပြည်ပြည်ဆိုင်ရာဆိပ်ကမ်း/ လေဆိပ်များ၊ မူဆယ် (၁၀၅) မိုင် ကုန်သွယ်ရေးဇုန်နှင့် ချင်းရွှေဟော်ကုန်သွယ်ရေးစခန်းတို့မှ ကုမ္ပဏီ(၃)ခု၊ ယာဉ်စီးရေ (၈) စီးဖြင့် အိမ်သုံး အောက်ဆီဂျင်စက် Oxygen Concentrator (၂၅) ခု၊ COVID Test Kit (၁၉၅၇) ခု၊ လက်အိတ် (၃) တန်နှင့် နှာခေါင်းစည်း (Mask) တန် (၅၀) တို့ကို တင်သွင်းခဲ့သည်။

ဆက်လက်ဖတ်ရှုရန်

Dec 17, 2021

သစ်တော၊ သတ္တုနှင့် ပတ်ဝန်းကျင်ကဏ္ဍဆိုင်ရာ သုတေသနအကြံပေးကော်မတီ (Research Advisory Committee) ဒုတိယအကြိမ်မြောက် အစည်းအဝေးကို ယနေ့မွန်းလွဲ ၂ နာရီတွင် သစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်ရုံး၊ အင်ကြင်းခန်းမ၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Dec 17, 2021

ပြည်သူ့ဘဏ္ဍာရေးစီမံခန့်ခွဲမှု အထူးမွမ်းမံသင်တန်းအမှတ်စဉ် (၁) သင်တန်းဆင်းပွဲကို ယနေ့ နံနက်ပိုင်းက စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ ရသုံးမှန်းခြေငွေစာရင်းဦးစီးဌာန၊ ပြည်သူ့ဘဏ္ဍာရေးစီမံခန့်ခွဲမှု သင်တန်းကျောင်းတွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေး စည်းကမ်း သတ်မှတ်ချက်များနှင့်အညီ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Dec 17, 2021

ပြည်ထောင်စုရာထူးဝန်အဖွဲ့၏ ကြီးကြပ်လမ်းညွှန်မှုဖြင့် ဗဟိုဝန်ထမ်းတက္ကသိုလ် (အထက် မြန်မာပြည်) တွင် ဝန်ထမ်းအဖွဲ့အစည်း ဒုတိယအကြီးအမှူး စီမံခန့်ခွဲမှု သင်တန်းအမှတ်စဉ် (၇) နှင့် အဆင့်မြင့် အရာထမ်းစီမံခန့်ခွဲမှု သင်တန်းအမှတ်စဉ် (၈) တို့၏ သင်တန်းဆင်း အခမ်းအနားကို ယနေ့နံနက် ၉ နာရီတွင် အဆိုပါ တက္ကသိုလ်ရှိ နီလာခန်းမ၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Dec 17, 2021

ရန်ကုန်တိုင်းဒေသကြီး စည်ပင်သာယာရေးဝန်ကြီး၊ ရန်ကုန်မြို့တော်စည်ပင်သာယာရေး ကော်မတီဥက္ကဋ္ဌ (မြို့တော်ဝန်) ဦးဗိုလ်ဌေး၊ ဒုတိယ မြို့တော်ဝန် ဦးညီညီ၊ အတွင်းရေးမှူး ဦးညွန့်ဖေနှင့် ကော်မတီဝင်များသည် ယနေ့နံနက်ပိုင်းတွင် ကမာရွတ်မြို့နယ်၊ ဗဟိုလမ်းရှိ နာနတ်တော စည်ပင်သာယာရဲတပ်ဖွဲ့ လိုင်းခန်းသို့ရောက်ရှိပြီး ကုန်စိမ်းများ၊ မီးဖိုချောင်သုံး ကုန်ခြောက်မျိုးစုံ၊ အသားမျိုးစုံနှင့် ငါး/ပုဇွန်အမျိုးမျိုးတို့ကို ရွေ့လျားဈေးကား(Mobile Market) စနစ်ဖြင့် ရောင်းချပေးနေမှုကို ကြည့်ရှုစစ်ဆေးသည်။

ဆက်လက်ဖတ်ရှုရန်

Dec 17, 2021

၂၀၂၁ ခုနှစ် ပုလဲအတွဲများနှင့် ကျောက်စိမ်းအတွဲများပြပွဲကို ကိုဗစ်-၁၉ ကာကွယ်ရေး လမ်းညွှန်ချက်များနှင့်အညီ ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ မဏိရတနာကျောက်စိမ်းခန်းမ၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Dec 17, 2021

ရန်ကုန်မြို့ ကျောက်တံတားမြို့နယ် မဟာဗန္ဓုလလမ်းရှိ ရန်ကုန်မြို့တော်ခန်းမအတွင်း၌ ပထမဦးဆုံး ရေဂါလန်တစ်သိန်းဆံ့ရေစုကန် တည်ဆောက်ခြင်းလုပ်ငန်းကို ဆောင်ရွက်လျက်ရှိရာ ယခုအခါ ရေစုကန်တည်ဆောက်နေမှု ၄၀ ရာခိုင်နှုန်း ပြီးစီးနေပြီဖြစ်ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီမှ သိရသည်။

ဆက်လက်ဖတ်ရှုရန်

Dec 17, 2021

မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့မှတပ်ဖွဲ့ဝင်များပါဝင်သောပူးပေါင်းအဖွဲ့သည် ဒီဇင်ဘာ ၁၅ ရက် ညနေ ၅ နာရီ ၄၅ မိနစ်တွင် ဘားအံမြို့နယ် ကော့ထော်ကျေးရွာရှိ ရော်ဘာခြံအနီးတွင် စောစိန်မြသိန်း(ခ)အမုန်း မောင်းနှင်လာသည့် ဆိုင်ကယ်ကို ရပ်တန့်စစ်ဆေးရှာဖွေရာ စိတ်ကြွ ရူးသွပ်ဆေးပြား ၅၀၀ ကို လည်းကောင်း၊ ကွင်းဆက်အရညပိုင်းတွင် ကော့ထော်ကျေးရွာနေ ညွန့်သန်း၏နေအိမ်သို့ ဆက်လက်ရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၁၃၀၀၀ ကို လည်းကောင်း၊ ထို့အတူ ဒီဇင်ဘာ ၁၄ ရက် ညနေ ၄နာရီတွင် နယ်ခြားစောင့်ရဲတပ်ဖွဲ့ခွဲမှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ဘူးသီးတောင်မြို့နယ် အလယ်ချောင်းကျေးရွာ အနီးရှိဓနိတောတွင်ဆာလာအိတ် တစ်လုံးကို မသင်္ကာဖွယ်တွေ့ရှိသဖြင့် ဖွင့်ဖောက်စစ်ဆေးရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၃၂၀၀၀၀ ကိုလည်းကောင်း သိမ်းဆည်းရမိခဲ့သည်။

ဆက်လက်ဖတ်ရှုရန်

Dec 17, 2021

ပြည်ပနိုင်ငံများမှ ဝင်ရောက်လာသည့် မြန်မာနိုင်ငံသားများကိုနယ်စပ်ဂိတ် အသီးသီးတွင်လက်ခံဆောင်ရွက်ပေးလျက်ရှိရာ ဒီဇင်ဘာ ၁၅ ရက်တွင် ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ မူဆယ်မြို့သို့ ပြန်လည်ဝင်ရောက်လာသူ အမျိုးသား ၉၄ ဦးနှင့် အမျိုးသမီး ၈၄ ဦး၊ စုစုပေါင်း ၁၇၈ ဦး၊ ချင်းရွှေဟော်မြို့သို့ ပြန်လည်ဝင်ရောက်လာသူ အမျိုးသား ၆ ဦးနှင့် အမျိုးသမီး ၇ ဦး၊ စုစုပေါင်း ၁၃ ဦး၊ လောက်ကိုင်မြို့သို့ ပြန်လည်ဝင်ရောက်လာသူ အမျိုးသား သုံးဦးနှင့် အမျိုးသမီး သုံးဦး၊ စုစုပေါင်း ခြောက်ဦးတို့ကို အသီးသီး လက်ခံခဲ့ကြသည်။

ဆက်လက်ဖတ်ရှုရန်

Dec 17, 2021

၁၉၇၃ ခုနှစ် ဇူလိုင်လမှ စတင်ထုတ်ဝေခဲ့ပြီး နှစ်ပေါင်း ၄၀ ကျော်စာချစ်သူများ လက်ခံအားပေးလာခဲ့သော စာပေဗိမာန်ထုတ် သုတ ပဒေသာစာစောင်ကို ယခုဒီဇင်ဘာလမှစ၍ သုတပဒေသာနှင့် လူငယ်ရေးရာစာစောင်ဟု အမည်ပြောင်းလဲပြီး ၂၀၂၁ ခုနှစ် ဒီဇင်ဘာလ အတွဲ(၄၈)၊ အမှတ်(၁၂)ကို ထုတ်ဝေလိုက်ပြီဖြစ်သည်။ စာစောင်ကို အမည်ပြောင်းလိုက်သလို အတွင်းပိုင်းပါဝင်သော စာမူများကိုလည်း အပိုင်းခွဲ၍ ဖော်ပြထားပါသည်။

ဆက်လက်ဖတ်ရှုရန်

Dec 17, 2021

ပြန်ကြားရေးဝန်ကြီးဌာန ပုံနှိပ်ရေးနှင့်ထုတ်ဝေရေးဦးစီးဌာန စာပေဗိမာန်ရုံးက အပတ်စဉ်စနေနေ့တိုင်း ရွှေသွေးဂျာနယ်ကို ထုတ်ဝေဖြန့်ချိလျက်ရှိသည်။

ဆက်လက်ဖတ်ရှုရန်

Dec 17, 2021

ပဲခူးမြို့နယ်အတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအပြင် ပညာရေး၊ ကျန်းမာရေး၊ လမ်းပန်းဆက်သွယ် ရေး၊ လျှပ်စစ်မီးလင်းရေးလုပ်ငန်းများနှင့် ရပ်ရွာအေးချမ်းသာယာ လုံခြုံမှုရှိစေရေး လုပ်ဆောင် ရာတွင် သက်ဆိုင်ရာဌာနများနှင့် အတူရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများ၏ ကူညီပံ့ပိုးပေးမှုကြောင့် အောင်မြင်မှုများရရှိခဲ့ခြင်းဖြစ်ကြောင်း ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် က ပြောကြားသည်။

ဆက်လက်ဖတ်ရှုရန်

Dec 17, 2021

နေပြည်တော်စည်ပင်သာယာရေးကော်မတီ၊ ဒုတိယမြို့တော်ဝန် ဦးမောင်မောင်သည် ဒီဇင်ဘာ ၁၅ ရက် နံနက်ပိုင်းတွင် နေပြည်တော် အပြည်ပြည်ဆိုင်ရာလေဆိပ် လမ်းတစ်လျှောက် သန့်ရှင်း သာယာလှပရေးလုပ်ငန်း ဆောင်ရွက်နေမှုအခြေအနေ၊ ပန်းဥယျာဉ်နှင့် အားကစားကွင်းများဌာန၏ ပုံမှန်ထိန်းသိမ်းခြင်း လုပ်ငန်းများဖြစ်သည့် လမ်းမကြီးတစ်လျှောက် မြက်ဖြတ်ခြင်း၊ ပုံသွင်းခြင်း၊ အကိုင်းရှင်းခြင်း၊ သဲကျွေးခြင်းနှင့် ရေလောင်းခြင်း လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးပြီး မကြာမီခြောက်သွေ့သောရာသီသို့ ရောက်ရှိတော့မည်ဖြစ်၍ လမ်းမကြီးများ တစ်လျှောက် စိမ်းလန်းစိုပြည်ရေး လုပ်ငန်းများကို ထိရောက်စွာ ဆောင်ရွက်ထားရှိရန် မှာကြားခဲ့သည်။

ဆက်လက်ဖတ်ရှုရန်

Dec 17, 2021

တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးတို့၌ သံဃာတော်များ၊ သာသနာနွယ်ဝင်သီလရှင်များ၊ ဘာသာရေးခေါင်းဆောင်များအပါအဝင် လူမျိုးမရွေး ဘာသာမရွေး အသက် ၄၀ နှစ်အထက် ဒေသခံပြည်သူများ၊ အကျဉ်းသား၊ အကျဉ်းသူများ၊ မသန်စွမ်းသူများ၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ၊ နာတာရှည်ရောဂါအခံရှိ သူများ၊ ကယ်ဆယ်ရေးစခန်းများ၊ ယာယီတိုက်ပွဲရှောင်စခန်းများအတွင်းရှိ ပြည်သူများ၊ အသက်(၁၂)နှစ်အထက် အခြေခံပညာအလယ်တန်းနှင့် အထက်တန်းအဆင့် ကျောင်း သား၊ ကျောင်းသူများစသည့် ဦးတည်အုပ်စုများသတ်မှတ်၍ တပ်မတော်မှ ဆေးအဖွဲ့ များ၊ ပြည်သူ့ဆေးရုံများမှ ဆရာဝန်များ၊ သူနာပြုများ၊ ကျန်းမာရေးဝန်ထမ်းများနှင့် စေတနာ့ဝန်ထမ်းများက ကာကွယ်ဆေးထိုးခြင်းလုပ်ငန်းများကို အင်တိုက်အားတိုက် ဆောင်ရွက်ပေးလျက်ရှိသည်။

ဆက်လက်ဖတ်ရှုရန်

Dec 17, 2021

ကျေးလက်ဒေသများတွင် တိရစ္ဆာန်ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းသည် တိရစ္ဆာန်ကျန်းမာရေး လုပ်သားများအပေါ်၌ မှီတည်လျက်ရှိရာ ယင်းတို့၏စွမ်းအားကို အပြည့်အဝအသုံးချနိုင်ရန် တိရစ္ဆာန် ကျန်းမာရေးလုပ်သားစနစ်ကို ထူထောင်၍ Technical Vocational Educational & Training(TVET) ကို အခြေခံသော သင်တန်းများပို့ချရန် လိုအပ်လာကြောင်း ရန်ကုန်တိုင်းဒေသကြီး မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဒေါက်တာတိုးမင်းထွန်းက ပြောကြားသည်။ ဒီဇင်ဘာ ၁၅ ရက်က ရန်ကုန်မြို့ အင်းစိန်မြို့နယ် မွေးမြူရေးဆိုင်ရာသုတေသနနှင့် ဖွံ့ဖြိုးရေးဗဟိုဌာနခန်းမ၌ကျင်းပသော တိရစ္ဆာန် ကျန်းမာရေးလုပ်သား (CAHW) သင်တန်းဆင်းပွဲတွင် ပြောကြားခြင်းဖြစ်သည်။

ဆက်လက်ဖတ်ရှုရန်

Dec 17, 2021

နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် မန်းငြိမ်းမောင်နှင့် ဦးမောင်းဟာ တို့သည် ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းနှင့် ဒုတိယဝန်ကြီး ဦးဇော်အေးမောင် တို့နှင့်အတူ ယနေ့နံနက်ပိုင်းတွင် စစ်တွေမြို့မှ မြောက်ဦးမြို့သို့ သွားရောက်လေ့လာ၍ ရှေးဟောင်းအမွေအနှစ် ယဉ်ကျေးမှုလက်ရာများ မပျောက်ပျက်အောင် စနစ်တကျထိန်းသိမ်းစောင့်ရှောက်ရန် ဆွေးနွေးမှာကြားသည်။

ဆက်လက်ဖတ်ရှုရန်