Skip to main content

ကိုဗစ်-၁၉ ပိုးတွေ့ရှိသူ အများစုသည် ရောဂါလက္ခဏာမပြဘဲ တွေ့ရှိနေရသဖြင့် တစ်ဦးတစ်ယောက်ချင်းစီတိုင်း ကျန်းမာရေးအသိဖြင့် နေထိုင်သွားလာကြရမည်

ပဲခူး ဖေဖော်ဝါရီ ၂၆

ပဲခူးတိုင်းဒေသကြီးအတွင်း ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိမှု သုံးရာခိုင်နှုန်းအောက် ရှိသော်လည်း ပိုးတွေ့ရှိသူအများစုသည် ရောဂါလက္ခဏာများမပြဘဲ တွေ့ရှိနေရသဖြင့် တစ်ဦး တစ်ယောက်ချင်းစီတိုင်း ကျန်းမာရေးအသိဖြင့် နေထိုင်သွားလာကြရမည်ဖြစ်ကြောင်း တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး တော်ဝင်ဟံသာ အစည်းအဝေးခန်းမ၌ online Zoom Meeting System ဖြင့် ကျင်းပသည့် ပဲခူးတိုင်းဒေသကြီး ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေး (၅/၂၀၂၂)တွင် ပြောကြားသည်။

ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်က အခြေခံပညာကျောင်းများ စာမေးပွဲ ဖြေဆိုတော့မည်ဖြစ်၍ ဆရာ ဆရာမများနှင့် ကျောင်းသား ကျောင်းသူများအနေဖြင့် ကိုဗစ်-၁၉ စည်းကမ်းချက်နှင့်အညီ အထူးဂရုပြု ပညာသင်ကြားနိုင်ရေး ဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း၊ Community Based Facility Quarantine (CBFQ) များနှင့် ကျန်းမာရေးသုံး အထောက်အကူပြုပစ္စည်းများကို စနစ်တကျ စာရင်းပြုစု၍ အသင့်အသုံးပြုနိုင်စေရန် စီစဉ်ဆောင်ရွက် ထားကြရမည်ဖြစ်ကြောင်း ပြောကြားသည်။

ထို့နောက် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌများက မြို့နယ်အလိုက် ကိုဗစ်-၁၉ ရောဂါတွေ့ရှိမှုနှင့် ကြိုတင်ကာကွယ်ရေးလုပ်ငန်း ဆောင်ရွက်ထားရှိမှု အခြေအနေများကို ရှင်းလင်းတင်ပြကြပြီး တိုင်းဒေသကြီး ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီဝင်များက အကြံပြုဆွေးနွေးတင်ပြကြရာ တိုင်းဒေသကြီး ဝန်ကြီးချုပ်က လိုအပ်သည်များ ဖြည့်စွက်မှာကြားခဲ့ကြောင်း သိရသည်။

သတင်းစဉ်