Mar 04, 2022
စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံ စက်သုံးဆီ တင်သွင်းဖြန့်ဖြူး ရောင်းချရေးအသင်းတို့ ပူးပေါင်းစီစဉ်မှုဖြင့် ပြည်သူများ သက်သာသော ဈေးနှုန်းဖြင့် ဝယ်ယူရရှိနိုင်ရန် ရည်ရွယ်၍ ဗဟိုဘဏ်မှ ရည်ညွှန်းငွေလဲနှုန်းဖြင့် တိုက်ရိုက် ရောင်းချပေးသည့် နိုင်ငံခြားငွေအမေရိကန်ဒေါ်လာ ၃၄ သန်းဖြင့် စက်သုံးဆီမှာယူ တင်သွင်းခဲ့သည့် ကုမ္ပဏီ ၂၆ ခုမှ ဒီဇယ်ဆီ ဂါလံ ၁၂ ဒသမ ၅၄ သန်းခန့်ကို အထူးဈေးနှုန်းဖြင့် ဖြန့်ဖြူး ရောင်းချပေးလျက်ရှိပြီး မတ်လ ၅ ရက်နေ့တွင် ကုမ္ပဏီ ၁၀ ခုမှ တိုင်းဒေသကြီး/ ပြည်နယ်များရှိ စက်သုံးဆီအရောင်းဆိုင် စုစုပေါင်း ၁၃၈ ဆိုင်တွင် ဖြန့်ဖြူးရောင်းချပေးသွားမည် ဖြစ်သည်။
Mar 04, 2022
အသားစားနွားမွေးမြူထုတ်လုပ်မှု ဖွံ့ဖြိုးတိုးတက်စေရန်၊ ဘေးအန္တရာယ်ကင်းရှင်းပြီး အာဟာရ ပြည့်ဝသော အသားများကို ပြည်တွင်း စားသုံးမှုဖူလုံစေရုံသာမက ပြည်ပသို့ပါ တင်ပို့ ရောင်းချနိုင်ရန်အတွက် မွေးမြူထုတ်လုပ်မှု တန်ဖိုး ကွင်းဆက်တစ်လျှောက်ရှိ လုပ်ငန်းများ မြှင့်တင်ဖော်ထုတ်နိုင်ရန် တို့ကို ရည်ရွယ်ကျင်းပသည့် “အသားစားနွား မွေးမြူ ထုတ်လုပ်ရေး တန်ဖိုးကွင်းဆက်” စကားဝိုင်း ဆွေးနွေးပွဲကို ယနေ့ မွန်းလွဲပိုင်းက စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးရုံး စုဝေးဆောင်ခန်းမ၌ ကျင်းပသည်။
Mar 04, 2022
လမ်းဦးစီးဌာနမှ ဦးစီးအရာရှိ (မြို့ပြ) မွမ်းမံ Online အမှတ်စဉ် (၂/၂၀၂၂) သင်တန်းဆင်းပွဲ အခမ်းအနားကို ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်၊ ဆောက်လုပ်ရေး ဝန်ကြီးဌာန၊ အစည်းအဝေးခန်းမဆောင်၌ ကိုဗစ်-၁၉ ညွှန်ကြားချက်များနှင့်အညီ ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် ကျင်းပသည်။
Mar 04, 2022
လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ ပြည်ထောင်စုနယ်မြေ (နေပြည်တော်) ပန်းခင်းစီမံချက် လျာထားချက် ရာနှုန်းပြည့်ပြီးမြောက်အောင်မြင်ပွဲ အခမ်းအနားကို ယနေ့နံနက် ၉ နာရီတွင် နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းစင်တာ (MICC-2) ၌ ကျင်းပသည်။
Mar 04, 2022
ပြည်တွင်း၌ စားသုံးဆီ ဖူလုံမှုရှိစေရေးနှင့် ဈေးနှုန်းတည်ငြိမ်စေရေးနှင့် စပ်လျဉ်းသည့် ညှိနှိုင်း အစည်းအဝေးကို ယနေ့ ၁၀ နာရီတွင် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၊ အစည်း အဝေးခန်းမ၌ ကျင်းပသည်။
Mar 04, 2022
၂၀၂၂ခုနှစ်၊ ဇန်နဝါရီလ ၄ ရက်(လွတ်လပ်ရေး)နေ့တွင် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ အမိန့်ကြော်ငြာစာအမှတ်(၁/၂၀၂၂)ဖြင့် ပြည်တွင်း၊ ပြည်ပမှ ရဟန်း ၂၈၄ ပါး၊ သီလရှင် ၄၁ ပါးနှင့် လူပုဂ္ဂိုလ် ၂၈ ဦးတို့အား သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော်များ ဆက်ကပ် လှူဒါန်းခဲ့ကြောင်း ထုတ်ပြန်ကြေညာခဲ့ပြီး ဖြစ်သည်။
Mar 04, 2022
ပြည်တွင်းစက်သုံးဆီဈေးနှုန်းများ မြင့်တက်နေမှု ကြောင့် ရန်ကုန်မြို့ရှိ တက္ကစီအငှားယာဉ် အရောင်း အဝယ်ဈေးကွက်၌ ဆီစားသက်သာသော အင်ဂျင် ပါဝါ660 CC နှင့် 1000 CC ကားလေးများ အပါအဝင် မော်ဒယ်နိမ့် ဂက်စ်ကားများအား ကြိုက်ရောင်း ကြိုက်ဝယ်မှုများရှိလာကြကြောင်း ရန်ကုန်ကား ဈေးကွက်အသိုင်းအဝိုင်းမှ သိရသည်။
Mar 04, 2022
တိုင်းဒေသကြီးနှင့် ပြည်နယ်ဒေသစုံမှ ထုတ်လုပ်ကြသည့်တိုင်းရင်း သားထုတ်ကုန်များကို ပြည်တွင်းဈေးကွက်၌ ပြန်လည်မြှင့်တင်ရန်နှင့် ဈေးကွက်ချိတ်ဆက်မှုရရှိစေရန် တိုင်းရင်းသား ထုတ်ကုန်မြှင့်တင်ပြပွဲကို မန္တလေးမြို့တွင် မတ် ၂ ရက်မှစ၍ ၅ ရက်ကြာ ပြုလုပ်ခင်းကျင်းပြသ နေကြောင်း မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့မှ လက်ထောက် ညွှန်ကြားရေးမှူး ဒေါ်သက်သက်နိုင်က ပြောကြားသည်။
Mar 04, 2022
တြိဂံဒေသတိုင်းစစ်ဌာနချုပ်၏(၂၆)နှစ်မြောက် တိုင်းနှစ်ပတ်လည်နေ့ စစ်ရေးပြ အခမ်းအနားကို ယနေ့တွင် တိုင်းစစ်ဌာနချုပ် စစ်ရေးပြကွင်း၌ပြုလုပ်ရာ တိုင်းမှူး ဗိုလ်ချုပ် မျိုးမင်းထွန်းနှင့် အဖွဲ့ဝင်များ၊ အရာရှိ၊ စစ်သည်၊ မိသားစုဝင်များ၊ နယ်ဘက်ဌာန ဆိုင်ရာတာဝန်ရှိသူများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။
Mar 04, 2022
တပ်မတော်(ကြည်း၊ ရေ၊ လေ) အရာရှိ၊ စစ်သည်၊ အရာထမ်း၊ အမှုထမ်းများနှင့် စေတနာရှင် အလှူရှင်များက မြို့နယ် အသီးသီးရှိ ဘုန်းတော်ကြီးကျောင်းများ၊ သာသနာနွယ်ဝင် သီလရှင်ကျောင်း များနှင့် ဘာသာရေးကျောင်းများသို့ ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ပဲ အမယ်(၄)မျိုးနှင့် လှူဖွယ် ပစ္စည်းများလှူဒါန်းခြင်း၊ နေ့ဆွမ်းများဆက်ကပ်လှူဒါန်းခြင်းနှင့် ကျန်းမာရေး စစ်ဆေး ပေးခြင်းများကို ဆောင်ရွက်လျက်ရှိသည်။
Mar 04, 2022
ပညာရေးဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီတို့ ပူးပေါင်းကျင်းပသော သတင်းမှား၊ သတင်းအမှန် ခွဲခြားသုံးသပ်နိုင်စေရေး အသိပညာပေး ဆွေးနွေးပွဲကို ၃-၃-၂၀၂၂ ရက် နံနက် ၁၀ နာရီတွင် ရန်ကုန်ပညာရေးတက္ကသိုလ် လေ့ကျင့်ရေးကျောင်း (တီတီစီ) တွင် ကျင်းပခဲ့သည်။
Mar 04, 2022
မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ အနေဖြင့်လုပ်ငန်းခွင် ဝင်ရောက်မည့် သူနာပြု၊ သားဖွား (ဒီပလိုမာ) သင်တန်းဆင်း သစ်လွင်သူနာပြု ဆရာ၊ ဆရာမများအား တာဝန်ကျဒေသများသို့ မထွက်ခွာမီ ဗဟုသုတရရန်နှင့် အပန်းဖြေနိုင်ရန် ပြင်ဦးလွင်မြို့သို့လေ့လာရေးခရီး ဆောင်ရွက်ပေးခဲ့ရာ မန္တလေးမှ | မထွက်ခွာမီ အဆိုပါဆရာ ဆရာမများအားတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမောင်ကိုနှင့် တိုင်းဒေသကြီးဝန်ကြီးများက ချမ်းမြသာစည်မြို့နယ်ရှိ သူနာပြု သင်တန်းကျောင်း (မန္တလေး) သို့ ယမန်နေ့နံနက် ပိုင်းက ပို့ဆောင်နှုတ်ဆက်ကြသည်။
Mar 04, 2022
ဒသမအကြိမ်မြောက် မြန်မာနိုင်ငံ ပုဂ္ဂလိကဆေးရုံများအသင်း နှစ်ပတ်လည်အစည်းအဝေးကို ယနေ့ နံနက်၈ နာရီခွဲတွင် Virtual စနစ်ဖြင့် ကျင်းပရာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ သက်ခိုင်ဝင်း တက်ရောက်အမှာစကား ပြောကြားသည်။
Mar 04, 2022
အရင်း၊ အတိုးပေးဆပ်ရန်ပျက်ကွက်သောချေးငွေ (Non-PerformingLoans) ဖြေရှင်း ဆောင်ရွက်ခြင်း ဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲကို ယနေ့ မွန်းလွဲပိုင်းက မြန်မာနိုင်ငံတော်ဗဟိုဘဏ် ရန်ကုန်ဘဏ်ခွဲရှိ Training Centre ၌ ကိုဗစ် - ၁၉ ကျန်းမာရေး စည်းကမ်းချက်များနှင့်အညီ ကျင်းပရာ မြန်မာနိုင်ငံတော် ဗဟိုဘဏ်၊ ဒုတိယဥက္ကဋ္ဌ ဒေါ်သန်းသန်းဆွေ၊ နိုင်ငံပိုင်ဘဏ်များ၊ ပုဂ္ဂလိကဘဏ်များ၊ နိုင်ငံခြား ဘဏ်များမှ ကိုယ်စားလှယ်များ၊ ငွေရေးကြေးရေးကုမ္ပဏီများမှ တာဝန်ရှိသူများ တက်ရောက်သည်။
Mar 04, 2022
စပါး၊ ဆန် ပြည်တွင်းစားသုံးမှုဖူလုံရေးနှင့် ပြည်ပ ဈေးကွက်များသို့ စဉ်ဆက်မပြတ် တိုးမြှင့်တင်ပို့ နိုင်ရေးနှင့်စပ်လျဉ်းသည့် ညှိနှိုင်းအစည်းအဝေးနှင့် ပဲမျိုးစုံ၊ ပြောင်းနှင့် နှမ်းသီးနှံ တိုးမြှင့်ထုတ်လုပ် နိုင်ရေးနှင့် ပြည်ပဈေးကွက်များသို့ စဉ်ဆက်မပြတ် တင်ပို့နိုင်ရေးနှင့် စပ်လျဉ်းသည့် ညှိနှိုင်းအစည်း အဝေးများကို ယနေ့တွင် စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ Virtual စနစ်ဖြင့် ကျင်းပသည်။
Mar 04, 2022
မြန်မာနိုင်ငံအား ဂမ်ဘီယာနိုင်ငံက အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ)၌ ၁၉၄၈ ခုနှစ် လူမျိုးတုံးစေမှုကို တားဆီးရန်နှင့် ပြစ်ဒဏ်ပေးရန် နိုင်ငံတကာ သဘောတူစာချုပ်အား ကျူးလွန်ဖောက်ဖျက်သည်ဟု စွပ်စွဲချက်ဖြင့် တရားစွဲဆို ထားခြင်းနှင့်ပတ်သက်၍ ICJ တရားရုံးတွင် တရားစီရင်ပိုင်ခွင့်မရှိကြောင်း၊ ဂမ်ဘီယာနိုင်ငံအနေဖြင့်လည်း တရားစွဲဆိုခွင့်မရှိကြောင်း ကနဦးကန့်ကွက်လွှာကို မြန်မာနိုင်ငံက အပြည်ပြည်ဆိုင်ရာတရားရုံးသို့ တင်သွင်းခဲ့ပြီး ကန့်ကွက်လွှာနှင့် ပတ်သက်သည့် ကြားနာမှုကို နယ်သာလန်နိုင်ငံ သည်ဟိဂ်မြို့တွင် ဖေဖော်ဝါရီလ ၂၁ ရက်နေ့မှ ၂၈ ရက်နေ့အထိ ပြုလုပ်ခဲ့သည်။
Mar 04, 2022
“အဂတိလိုက်စားမှု” ဟူသည့် ဝေါဟာရကို ကိုယ်ကျင့်တရားနှင့် ဆက်စပ်၍ နားလည်သဘော ပေါက်ကြသည်။ အဂတိလိုက်စားသူသည် ရိုးသားဖြောင့်မတ်မှုမရှိသူ၊ လောဘကြီးသူ၊ ကိုယ်ချင်း စာစိတ်ကင်းမဲ့သူ၊ ဥပဒေကို လေးစားလိုက်နာခြင်း မရှိသူ အစ ရှိသည်ဖြင့် အကျင့်စာရိတ္တမကောင်းသူ အဖြစ် ရှုမြင်ကြခြင်း ဖြစ်သည်။ သို့ရာတွင် လုပ်ပိုင်ခွင့်အာဏာရရှိထားကြသည့် ဝန်ထမ်းများနှင့် နိုင်ငံရေးသမားများက ၎င်းတို့၏ လုပ်ပိုင်ခွင့်ကို ကိုယ်ကျိုးစီးပွားအတွက် အလွဲသုံးစားပြုမှုများ နေရာဌာန အသီးသီး၊ အဆင့်လွှာအသီးသီးတို့တွင် ခိုင်ခိုင်မာမာရှိနေပြီဆိုပါက အဂတိလိုက်စားမှုသည် ကူးစက်ရောဂါသဖွယ် ပျံ့နှံ့သွားတတ် သည်။ အများမိုးခါးရေ သောက်နေပါက ကိုယ်လည်းမသောက်၍ မရဟူသော ဆင်ခြေကို လက်ကိုင်ထားကာ အဂတိလိုက်စားကြခြင်းပင်ဖြစ်သည်။
Mar 03, 2022
အကြမ်းဖက်အဖွဲ့ အစည်းများဖြစ်သည့် CRPH ၊ NUG နှင့် PDF အမည်ခံ အကြမ်းဖက်သမားများ အနေဖြင့် မြို့နယ်အချို့၌ အကြမ်းဖက်လုပ်ရပ်များ လုပ်ဆောင် လျက်ရှိသည့်အပြင် တိုင်းပြည် ဖွံ့ဖြိုးတိုးတက်ရေးအတွက် အဓိကကျသော အခြေခံအဆောက်အဦများဖြစ်သည့် စာသင်ကျောင်းများ၊ ဆေးရုံများ၊ အစိုးရရုံးဌာနများ၊ အများပြည်သူနှင့်သက်ဆိုင်သော စီးပွားရေးအဆောက်အဦများ၊ နေအိမ် အဆောက် အဦများ၊ လမ်း၊ တံတားများကို မိုင်းထောင်ဖောက်ခွဲခြင်းနှင့် မီးရှို့ဖျက်ဆီးခြင်းများကို ဆင်ခြင်တုံတရားမဲ့စွာ လုပ်ဆောင်လျက်ရှိသည်။
Mar 03, 2022
မွန်ပြည်နယ်၊ သထုံမြို့နယ်၌ အမှတ်(၉၀)အစုန်ရထားအား PDF အမည်ခံ အကြမ်းဖက် သမားများက မိုင်းထောင်ဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်း သိရသည်။
Mar 03, 2022
ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် နိုင်ငံအတွင်း ကူးစက်ဖြစ်ပွားနေသော COVID-19 ရောဂါ ကာကွယ်၊ ကုသ၊ ထိန်းချုပ်ရေးလုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိပါသည်။
