Mar 05, 2022
ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးရွှေလေးသည် ယနေ့ နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး သာကေတမြို့နယ်၊ ရှုခင်းသာမြို့ပတ်လမ်းပေါ်ရှိ ဆောက်လုပ်ရေးဝန်ကြီးဌာနနှင့် ဂျပန်နိုင်ငံ JFE Engineering Corporation တို့ ပူးပေါင်းဆောင်ရွက်သည့် J & M Steel Solutions Co., Ltd သို့ ရောက်ရှိရာ J & M Steel Solutions Co., Ltd မှ တာဝန်ရှိသူက စက်ရုံအတွင်း သံပေါင်ထုတ်လုပ်မှုကို လိုက်လံရှင်းလင်း ပြသသည်။ ယင်းနောက်ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ပေးပို့မည့် တံတားသံပေါင်များ ထုတ်လုပ်ထားမှုကို ကြည့်ရှုစစ်ဆေးသည်။
Mar 05, 2022
လူ့စွမ်းအားအရင်းအမြစ် စီမံခန့်ခွဲမှုဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲကို ယနေ့ နံနက်ပိုင်းက စက်မှုဝန်ကြီးဌာန၊ ရုံးအမှတ် (၃၀)၊ အစည်းအဝေးခန်းမ၌ ကျင်းပသည်။
Mar 05, 2022
ပြည်ထဲရေးဝန်ကြီးဌာန၊ တပ်ဖွဲ့ဝင်/ ဝန်ထမ်း အရာထမ်း၊ အမှုထမ်းမိသားစုများက မြို့နယ်အသီးသီးရှိ ဘုန်းတော်ကြီးကျောင်းများသို့ ဆွမ်းဆန်တော်များ ဆက်ကပ် လှူဒါန်းလျက်ရှိသည်။
Mar 05, 2022
တပ်မတော်(ကြည်း၊ ရေ၊ လေ) အရာရှိ၊ စစ်သည်၊ အရာထမ်း၊ အမှုထမ်းများနှင့် စေတနာရှင်အလှူရှင်များက မြို့နယ်အသီးသီးရှိ ဘုန်းတော်ကြီးကျောင်းများ၊ သာသနာနွယ်ဝင် သီလရှင်ကျောင်းများနှင့် ဘာသာရေးကျောင်းများသို့ ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ပဲ အမယ်လေးမျိုးနှင့် လှူဖွယ် ပစ္စည်းများလှူဒါန်းခြင်း၊ နေ့ဆွမ်းများဆက်ကပ်လှူဒါန်းခြင်းနှင့် ကျန်းမာရေး စစ်ဆေးပေးခြင်းများကို ဆောင်ရွက်လျက်ရှိသည်။
Mar 05, 2022
ဆေးပညာဘွဲ့ရဆရာဝန်(အမျိုးသမီး)နှင့် သွားဘက်ဆိုင်ရာ ဆေးပညာဘွဲ့ရ ဆရာဝန်(အမျိုးသမီး) ဗိုလ်လောင်းသင်တန်း အမှတ်စဉ်(၆) သင်တန်းဆင်းပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီတပ်နယ်ရှိ တပ်မတော်(ကြည်း) ဗိုလ်သင်တန်းကျောင်း(မှော်ဘီ)၌ ကျင်းပပြုလုပ်ရာ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ စစ်ရာထူးခန့်ချုပ် ဒုတိယဗိုလ်ချုပ်ကြီး လင်းအောင်၊ ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ညွန့်ဝင်းဆွေ၊ ကျောင်းအုပ်ကြီး ဗိုလ်မှူးချုပ် မင်းမင်းစိုးနှင့် တပ်နယ်မှအရာရှိကြီးများ၊ သင်တန်းဆင်းဗိုလ်လောင်းများ တက်ရောက်ကြသည်။
Mar 05, 2022
ကိုဗစ်- ၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး လုပ်ငန်းများ ဆောင်ရွက်နေသည့် ကာလအတွင်း ဆွမ်းကိစ္စရပ်များ အဆင်ပြေစေရန် ရည်ရွယ်၍ ပြည်ထဲရေးဝန်ကြီးဌာန၊ တပ်ဖွဲ့ဝင်/ ဝန်ထမ်းအရာထမ်း၊ အမှုထမ်းမိသားစုများက မြို့နယ်အသီးသီးရှိ ဘုန်းတော်ကြီးကျောင်းများသို့ ဆွမ်းဆန်တော်များ ဆက်ကပ်လှူဒါန်းခြင်းကို ဆောင်ရွက်လျက်ရှိသည်။
Mar 05, 2022
ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းသည် မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီဥက္ကဋ္ဌ ဦးအုန်းမောင်(မြင်းမူ-မောင်နိုင်မိုး)နှင့် ကောင်စီဝင်များအား ယနေ့ မွန်းလွဲပိုင်းတွင် ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာန ဗဟိုပုံနှိပ်စက်ရုံ အစည်းအဝေးခန်းမ၌ တွေ့ဆုံ၍ သတင်းမီဒီယာလုပ်ငန်းများ ပူးပေါင်းဆောင်ရွက်ရေး တွေ့ဆုံဆွေးနွေးသည်။
Mar 05, 2022
တိုင်းရင်းသားရေးရာ၊ ပြည်သူ့ရေးရာစီမံခန့်ခွဲမှုနှင့် ဝန်ဆောင်မှုရေးရာကော်မတီ အစည်းအဝေးအမှတ်စဉ် (၃/၂ဝ၂၂) ကို ယနေ့ နံနက် ၁ဝ နာရီတွင် နေပြည်တော်ရှိ ကာကွယ်ရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။
Mar 05, 2022
ယနေ့ကာလတွင် ဆီထွက်သီးနှံစိုက်ပျိုးဖြစ်ထွန်းရေးကို တွန်းအားပေး ဆောင်ရွက်နေကြပါသည်။ မြန်မာနိုင်ငံရှိ လူတစ်ဦးချင်း နေ့စဉ်စားသောက်မှုတွင် အစားအစာများ၌ ဆီကိုမဖြစ်မနေ သုံးစွဲကြပါသည်။ ပညာရှင်များ၏ တွက်ချက်မှုအရ လူတစ်ဦး တစ်ရက်ဆီလိုအပ်ချက်မှာ ၁ ဒသမ ၅၈ ကျပ်သားဖြစ်ပြီး တစ်နှစ်လျှင် ဆီခြောက်ပိဿာခန့် စားသုံးသင့်ကြောင်း အသိပေးထားသော်လည်း လူတစ်ဦးချင်းစီ နေ့စဉ်ဆီစားသုံးမှုမှာ ၎င်းပမာဏထက်များစွာ ကျော်လွန်နေသည်ကို လေ့လာ တွေ့ရှိရပါသည်။
Mar 05, 2022
ကိုဗစ်-၁၉ ကပ်ရောဂါနှင့် ကမ္ဘာ့နိုင်ငံရေးအခြေအနေတို့က ကမ္ဘာ့နိုင်ငံအသီးသီးကို ရိုက်ခတ်လျက်ရှိသည်။ နိုင်ငံတိုင်းတွင် အခက်အခဲကိုယ်စီ၊ စိန်ခေါ်မှုကိုယ်စီ ရင်ဆိုင်နေကြရခြင်း ဖြစ်သည့်အလျောက် လက်ရှိကြုံတွေ့နေကြရသည့် အကျပ်အတည်းများကို ကြံ့ကြံ့ခိုင်ခိုင် ခုခံနိုင်ကြရေးနှင့် အလျင်မြန်ဆုံး ရုန်းထွက် လွတ်မြောက်နိုင်ရေးအတွက် စီမံဆောင်ရွက်နေ ကြရသည်။
Mar 04, 2022
၂၀၂၂-၂၀၂၃ ဘဏ္ဍရေးနှစ်အတွက် ပြည်ထောင်စု၏ အရအသုံးခန့်မှန်းခြေ ငွေစာရင်းများ တင်ပြခြင်းဆိုင်ရာ ညှိနှိုင်းအစည်းအဝေးကို ယနေ့ညနေပိုင်းတွင် နေပြည်တော်ရှိ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံး၌ ကျင်းပရာ ဘဏ္ဍာရေးဆိုင်ရာ ကော်မရှင်ဒုတိယ ဥက္ကဋ္ဌ၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ၊ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်း တက်ရောက်အမှာစကား ပြောကြားသည်။
Mar 04, 2022
၁။ နိုင်ငံတော်၏ တည်ဆဲဥပဒေများကို ဖောက်ဖျက်ကျူးလွန်ပြီး ပြည်ပနိုင်ငံများသို့ တရားမဝင်ထွက်ခွာသွားသော အောက်ပါပုဂ္ဂိုလ်များသည် မြန်မာနိုင်ငံ၏အကျိုးကို ထိခိုက် စေနိုင်သော လုပ်ဆောင်ချက်များ ဖော်ထုတ်တွေ့ရှိရသဖြင့် ၁၉၈၂ ခုနှစ်၊ မြန်မာနိုင်ငံသား ဥပဒေပုဒ်မ ၆၇ ပါ ဗဟိုအဖွဲ့၏လုပ်ပိုင်ခွင့်အရ ယင်းဥပဒေပုဒ်မ ၁၆ နှင့်အညီ နိုင်ငံသား အဖြစ်မှ ရပ်စဲခဲ့သည်-
Mar 04, 2022
စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းမြို့နယ်၊ တလိုင်းကျေးရွာရှိ အခြေခံပညာအထက်တန်း ကျောင်း၌ မတ် ၂ ရက် ည ၁၀ နာရီခွဲခန့်တွင် အကြမ်းဖက်သမားများ ထောင်ထားသည့် လက်လုပ် မိုင်းတစ်လုံး ပေါက်ကွဲခဲ့ကြောင်း သိရှိရသည်။
Mar 04, 2022
အကြမ်းဖက်အုပ်စုအဖြစ် ကြေညာထားသော CRPH၊ NUG နှင့် ယင်းတို့၏ လက်အောက်ခံ အဖွဲ့အစည်းများ၊ ယင်းတို့နှင့်ဆက်နွယ်နေသော အဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များသည် နိုင်ငံတော် တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေရန်နှင့် ပြည်သူလူထုကို အကြောက်တရားများ ဖြစ်ပေါ်စေပြီး အစိုးရယန္တရားများ ပျက်ပြားစေရန် ရည်ရွယ်လျက် လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်း၊ ခြိမ်းခြောက်ခြင်းများကို လူမှုကွန်ရက်များမှတစ်ဆင့် နည်းမျိုးစုံဖြင့် ပြုလုပ်လျက်ရှိပါသည်။
Mar 04, 2022
၂၀၂၂-၂၀၂၃ ဘဏ္ဍရေးနှစ်အတွက် တိုင်းဒေသကြီးနှင့် ပြည်နယ်များ၏ အရအသုံး ခန့်မှန်းခြေငွေစာရင်းများ တင်ပြခြင်းဆိုင်ရာ ညှိနှိုင်းအစည်းအဝေးကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီရုံး အစည်းအဝေးခန်းမ၌ ကျင်းပရာ ဘဏ္ဍာရေးဆိုင်ရာ ကော်မရှင်ဒုတိယဥက္ကဋ္ဌ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဒုတိယ ဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း တက်ရောက်အမှာစကား ပြောကြားသည်။
Mar 04, 2022
ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် နိုင်ငံအတွင်း ကူးစက်ဖြစ်ပွားနေသော COVID-19 ရောဂါ ကာကွယ်၊ ကုသ၊ ထိန်းချုပ်ရေးလုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိပါသည်။
Mar 04, 2022
တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင် ကုန်သွယ်မှုများကို ဥပဒေနှင့်အညီ ထိရောက်စွာ တားဆီးအရေးယူနိုင်ရေး ဆောင်ရွက် လျက်ရှိရာ မတ် ၂ ရက်တွင် ရခိုင်ပြည်နယ် တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေး အထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် ပြည်နယ်သစ်တောဦးစီးဌာန ဦးဆောင်သော ပူးပေါင်းစစ်ဆေးရေးအဖွဲ့များက သတင်းအရ သွားရောက် စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ တောင်ကုတ်မြို့နယ်အတွင်း တရားမဝင် သစ်မျိုးစုံ (၁၀ ဒသမ ၈၅၁၂) တန် (ခန့်မှန်းတန်ဖိုးငွေကျပ် ၇၅၉,၅၈၄)ကို ဖမ်းဆီးရမိခဲ့ပြီး သစ်တောဥပဒေနှင့်အညီ အရေးယူ ဆောင်ရွက်လျက်ရှိသည်။
