Skip to main content

ပြင်ဦးလွင် သမအသင်းစုက မက်မန်းဝိုင်နှင့် စတော်ဘယ်ရီဝိုင်များ ထုတ်လုပ်ဖြန့်ဖြူး

မန္တလေး   မတ်   ၁၄

မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်မြို့နယ် သမဝါယမအသင်းစုလီမိတက်က မက်မန်းဝိုင်နှင့် စတော်ဘယ်ရီဝိုင်များကို ထုတ်လုပ်လျက်ရှိရာ နောင်ပိန်စိုက်ပျိုးရေးနှင့် အထွေထွေစီးပွားရေးလုပ်ငန်း သမဝါယမအသင်းနှင့် အလင်းရောင်စိုက်ပျိုးရေးနှင့် အထွေထွေစီးပွားရေးလုပ်ငန်း သမဝါယမအသင်းများမှ ကုန်ကြမ်းများရယူဆောင်ရွက်ပြီး ထုတ်လုပ်ရရှိသော အရည်အသွေးမြင့်ဝိုင်များကို ပြင်ဦးလွင်မြို့နှင့် ရန်ကုန်တိုင်း ဒေသကြီး ပန်းဘဲတန်းမြို့နယ်ရှိ မိုးဦးပန်းအထွေထွေရောင်းဝယ်ရေးနှင့် အကျိုးဆောင်လုပ်ငန်းသမဝါယမအသင်း အရောင်းဆိုင်သို့ လက်လီ/ လက်ကား ဖြန့်ဖြူးရောင်းချပေးလျက်ရှိကြောင်း သိရသည်။

သတင်းစဉ်