နေပြည်တော် မတ် ၁၄
ကျိုက်ထိုမြို့နယ်တွင် ငွေကျပ် ၅၂ ဒသမ ၈ ဘီလီယံကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။
မူးယစ်ဆေးဝါး တားဆီး နှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင် များပါဝင်သော ပူးပေါင်းအဖွဲ့သည် မတ် ၁၁ ရက် နံနက် ၈ နာရီတွင် မွန်ပြည်နယ် ကျိုက်ထိုမြို့နယ် ရန်ကုန်-မော်လမြိုင်သွား ကား လမ်း၊ မရမ်းချောင်ပူးပေါင်းစစ်ဆေး ရေးစခန်းတွင် ပဲခူးမှ မော်လမြိုင် ဘက်သို့ဘိုဘို(၃၇ နှစ်) မောင်းနှင် လာသည့် Isuzu ခြောက်ဘီး ကွန်တိန်နာ ဘောက်ယာဉ်ကို သတင်းအရ ရှာဖွေရာ ဒေသ ကာလတန်ဖိုး ငွေကျပ် ၅၂ ဒသမ ၈ ဘီလီယံကျော်တန်ဖိုးရှိ စိတ်ပြောင်းဆေးဝါးများဖြစ်သော အိုက်စ် (မက်သ်အဖက် တမင်း) ၉၉၇ ကီလိုနှင့် ကတ်တမင်း ၇၉၈ ကီလို သိမ်းဆည်းရမိခဲ့ကြောင်း၊ စစ်ဆေးဖော်ထုတ်ချက်အရ သိမ်းဆည်းရမိ မူးယစ်ဆေးဝါးများကို ရှမ်းပြည်နယ်(မြောက်ပိုင်း) မှ တနင်္သာရီတိုင်း ဒေသကြီး ထားဝယ် (မြန်မာ-ထိုင်းနယ်စပ်) သို့ သယ်ဆောင်ခြင်းဖြစ်ကြောင်း သိရှိရသဖြင့် ဥပဒေအရအရေးယူထားရှိပြီး ကွင်းဆက်ပြစ်မှုကျူး လွန်သူများကို ဆက်လက်စစ်ဆေးဖော်ထုတ်လျက်ရှိကြောင်း သိရသည်။
သတင်းစဉ်