Skip to main content

တပ်မတော် (ကြည်း၊ ရေ၊ လေ) မိသားစုများနှင့် စေတနာရှင်ပြည်သူများက ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ပဲ အမယ်(၄)မျိုး၊ နေ့ဆွမ်းများနှင့် နဝကမ္မအလှူငွေများ ဆက်ကပ်လှူဒါန်း

နေပြည်တော်   မတ်   ၁၄

တပ်မတော် (ကြည်း၊ ရေ၊ လေ) အရာရှိ၊ စစ်သည်၊ အရာထမ်း၊ အမှုထမ်းများနှင့် စေတနာရှင် အလှူရှင်များက မြို့နယ်အသီးသီးရှိ ဘုန်းတော်ကြီးကျောင်းများ၊ သာသနာ့နွယ်ဝင်သီလရှင်ကျောင်း များနှင့် ဘာသာရေးကျောင်းများသို့ ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ပဲ အမယ် လေးမျိုးနှင့် လှူဖွယ်ပစ္စည်းများ လှူဒါန်းခြင်း၊ နေ့ဆွမ်းများ ဆက်ကပ်လှူဒါန်းခြင်းနှင့် ကျန်းမာရေးစစ်ဆေးပေးခြင်းများကို ဆောင်ရွက်လျက်ရှိ သည်။

ထိုသို့ဆောင်ရွက်လျက်ရှိရာ ယနေ့တွင် ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ သီပေါမြို့နယ် မန်လီကျေးရွာ ဘုန်းတော်ကြီး ကျောင်းတိုက်၊ ကရင်ပြည်နယ်၊ လှိုင်းဘွဲ့မြို့ ကျိုက်မုရောတောင်ဘုန်းတော် ကြီးကျောင်း၊ ရန်ကုန်တိုင်းဒေသကြီး သန်လျင်မြို့နယ် အေးသစ္စာရပ်ကွက်ရှိ ပေါ်တော်မူကျောင်း တိုက်၊ ဧရာဝတီတိုင်းဒေသကြီး မအူပင်မြို့ မဟာဓမ္မိကာရာမကျောင်းတိုက်၊ ရခိုင်ပြည်နယ် စစ်တွေမြို့ အောင်မင်္ဂလာ ဘုန်းတော်ကြီးကျောင်း၊ အမ်းမြို့ဆုတောင်းပြည့်ဘုန်းတော်ကြီးကျောင်း၊ တောင်ကုတ်မြို့ စေတာရာမဘုန်းတော်ကြီးကျောင်း၊ မန္တလေးတိုင်း ဒေသကြီး၊ အောင်မြေသာဇံမြို့နယ်ဥယျာဉ်ကျောင်းတိုက်နှင့် ပဲခူးတိုင်းဒေသကြီး  ပြည်မြို့ နဝဒေးရပ်ကွက် မြသိ ကြံခင်း ပရဟိတသီလရှင်သင် မူလတန်းလွန်ကျောင်းတို့ရှိ ဆရာတော်၊ သံဃာတော်များ၊ သာသနာ့ နွယ်ဝင်သီလရှင်များအား ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ပဲ အမယ် လေးမျိုး၊ နဝကမ္မအလှူငွေများ၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး အထောက်အကူပြု ပစ္စည်းများ၊ နေ့ဆွမ်းများနှင့် လှူဖွယ်ပစ္စည်းများကို သက်ဆိုင်ရာ တိုင်းစစ်ဌာန ချုပ်အသီးသီးမှ တာဝန်ရှိသူများက သွားရောက်ဆက်ကပ်လှူဒါန်းခဲ့ကြကြောင်းနှင့် လိုအပ်သည့် ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်ပေးကြောင်း သတင်းရရှိသည်။

သတင်းစဉ်