Skip to main content

Dec 15, 2021

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ ကိုဗစ်-၁၉ ကြောင့် ဖြစ်ပေါ်လာနိုင်သည့် စီးပွားရေး သက်ရောက်မှုများအပေါ် ကုစားရေးလုပ်ငန်းကော်မတီ သတင်းထုတ်ပြန်ချက် (၆ / ၂၀၂၁) ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလ ၁၄ ရက် ၁။ ကိုဗစ်-၁၉ ကြောင့် ဖြစ်ပေါ်လာနိုင်သည့် စီးပွားရေး သက်ရောက်မှုများအပေါ် ကုစားရေး လုပ်ငန်းကော်မတီ၏ အစည်းအဝေး အမှတ်စဉ် (၉/၂၀၂၁) ဆုံးဖြတ်ချက်အရ နိုင်ငံသားပိုင် ငါး၊ ပုဇွန် မွေးမြူရေးအပါအဝင် မွေးမြူရေးကဏ္ဍသို့ ချေးငွေ ထုတ်ပေးရန် လျှောက်ထားလာသည့် ကုမ္ပဏီ/ လုပ်ငန်းများအနက် ပူးတွဲစာရင်းပါ ကုမ္ပဏီ/ လုပ်ငန်း (၂၃၂) ခုသို့ ကိုဗစ်-၁၉ ရန်ပုံငွေမှ ချေးငွေ ထုတ်ယူခွင့်ပြုလိုက်သည်။

ဆက်လက်ဖတ်ရှုရန်

Dec 15, 2021

မြန်မာနိုင်ငံသို့ အာဆီယံလူသားချင်းစာနာထောက်ထားမှုကူညီရေး ညှိနှိုင်းမှုဗဟိုဌာန (AHA Center) မှတစ်ဆင့် ပေးအပ်သည့် အာဆီယံ၏လူသားချင်း စာနာထောက်ထားမှု အကူအညီများ စီမံခန့်ခွဲမှုဆိုင်ရာလုပ်ငန်းအဖွဲ့ (Task Force)၏ တတိယအကြိမ် ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီတွင် နိုင်ငံခြားရေးဝန်ကြီးဌာန၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Dec 15, 2021

ပြည်ကြီးတံခွန် မြို့နယ်တွင် ငွေကျပ်သိန်း ၇၉၀၀ ကျော် တန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းဆီး ရမိခဲ့ကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့မှ သိရသည်။

ဆက်လက်ဖတ်ရှုရန်

Dec 15, 2021

မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်း အဖွဲ့သည် ဒီဇင်ဘာ ၁၃ ရက် နံနက် ၉ နာရီခွဲတွင် မြစ်ကြီးနားမြို့ လယ်ကုန်း (အနောက်)ရပ်ကွက်နေ လင်းအောင်(ခ) ဇော်မင်းလတ်၏ နေအိမ်သို့

ဆက်လက်ဖတ်ရှုရန်

Dec 15, 2021

မြန်မာပြည်မှာ လူမှုကွန်ရက်ယဉ်ကျေးမှုတစ်ရပ် ပေါ်ပေါက်လာတာဟာ ကောင်းသလား၊ မကောင်းဘူးလားလို့ စာရေးသူကို မေးရင်တော့ ကုသိုလ်တစ်ပဲ၊ ငရဲတစ်ပိဿာရယ်လို့ပဲ ဆိုရမယ်ဗျ။ ဉာဏ်ပညာနဲ့ယှဉ်ပြီး အသုံးမပြုတတ်တော့ ကောင်းကျိုးက နည်းနည်း ဆိုးကျိုးက ပိုများနေသလားလို့ပါ။

ဆက်လက်ဖတ်ရှုရန်

Dec 15, 2021

မိန်းကလေးများကို တရုတ်နိုင်ငံသို့ ပို့ဆောင်ရောင်းစားခဲ့သူအား လူကုန်ကူးမှုဖြင့် အလုပ်နှင့်ထောင်ဒဏ် နှစ် (၂၀) ချမှတ်ခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။

ဆက်လက်ဖတ်ရှုရန်

Dec 15, 2021

ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ်ရှိ “သီတာဆန်း” ဘော်ဒါဆောင်၌ လက်လုပ်မိုင်းပြုလုပ်နေစဉ် ပေါက်ကွဲမှုဖြစ်ပွား၍ အကြမ်းဖက်သမားတစ်ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း သိရှိရသည်။

ဆက်လက်ဖတ်ရှုရန်

Dec 15, 2021

စစ်ကိုင်းတိုင်းဒေသကြီး၊ တန့်ဆည်မြို့နယ်၌ PDF အကြမ်းဖက်လက်နက်ကိုင်အဖွဲ့က နေအိမ် ၄ လုံးအား မီးရှို့ပြီး အမျိုးသား ၅ ဦးအား သတ်ဖြတ်ခဲ့မှုဖြစ်စဉ်နှင့်ပတ်သက်၍ အခြေအနေအား သွားရောက်ထိန်းသိမ်းဆောင်ရွက်ပြီး ပြန်လည်ထွက်ခွာလာသည့် လုံခြုံရေးတပ်ဖွဲ့ဝင်များအား မိုင်းဆွဲ တိုက်ခိုက်မှုကြောင့် လုံခြုံရေးတပ်ဖွဲ့ဝင် ၂ ဦး ကျဆုံးပြီး လုံခြုံရေးတပ်ဖွဲ့ဝင်အချို့ ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ဆက်လက်ဖတ်ရှုရန်

Dec 15, 2021

မြန်မာနိုင်ငံအတွင်း ကိုဗစ်-၁၉ ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများကို နိုင်ငံတော်အစိုးရ၊ တပ်မတော်နှင့် လူမှုအဖွဲ့အစည်းများ ပူးပေါင်း၍ ကြိုးပမ်း ဆောင်ရွက်ပေးလျက်ရှိသည်။ ထိုသို့ ဆောင်ရွက်ပေးလျက်ရှိရာ နိုင်ငံတော်တည်ငြိမ်အေးချမ်းမှုကို မလိုလားသည့် NUG၊ CRPH နှင့် PDF အမည်ခံအကြမ်းဖက်သမားများသည် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး လုပ်ငန်းစဉ်များကိုပါ ပျက်ပြားစေရန် အကြမ်းဖက်တိုက်ခိုက်မှုများကို စဉ်ဆက်မပြတ် လုပ်ဆောင်လျက်ရှိသည်။

ဆက်လက်ဖတ်ရှုရန်

Dec 15, 2021

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင်များ ဖြစ်ကြသော မန်းငြိမ်းမောင်၊ ဒေါ်အေးနုစိန်၊ ဦးမောင်းဟာတို့သည် ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်း၊ ဒေါက်တာ ညွန့်ဖေ၊ ဦးမင်းသိန်းဇံနှင့် ဒုတိယဝန်ကြီး ဦးဇော်အေးမောင်တို့နှင့်အတူ ယနေ့မွန်းလွဲပိုင်းတွင် စစ်တွေမြို့ရှိ အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်း၊ ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး၊ မြန်မာ့အသံနှင့် ရုပ်မြင်သံကြား ထပ်ဆင့်လွှင့်စက်ရုံနှင့် ကိုယ်ပွားသတင်းစာတိုက်တို့ကို သွားရောက် ကြည့်ရှုကြသည်။

ဆက်လက်ဖတ်ရှုရန်

Dec 15, 2021

မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမောင်ကိုနှင့် အဖွဲ့သည် ယနေ့နံနက်ပိုင်းက စွန့်ပစ်အမှိုက်များမှ မြေဆွေးထုတ်လုပ်နိုင်ရန် ပုသိမ်ကြီးမြို့နယ်ရှိ ကျောက်ကြမ်းတောင် အမှိုက်ကျင်းနေရာသို့ သွားရောက်ကြည့်ရှုစစ်ဆေးသည်။

ဆက်လက်ဖတ်ရှုရန်

Dec 15, 2021

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ကောင်စီအဖွဲ့ဝင်များဖြစ်ကြသည့် ဗိုလ်ချုပ်ကြီးတင်အောင်စန်း၊ ဗိုလ်ချုပ်ကြီး မောင်မောင်ကျော်၊ ဒုတိယဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်း၊ ကောင်စီတွဲဖက် အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ပြည်ထောင်စုဝန်ကြီးများဖြစ်ကြသည့် ဦးအောင်သန်းဦး၊ ဒေါက်တာချာလီသန်း၊ ဦးခင်ရီ၊ ကာကွယ်ရေး ဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများနှင့် အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်ကိုကိုဦး တို့လိုက်ပါပြီး ယနေ့နံနက်ပိုင်းတွင် မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်၊ သာစည်မြို့နယ်၊ သပြေဝကျေးရွာ ရှိ Clean Power Energy Co. Ltd မှ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည့် မဂ္ဂါဝပ် ၃၀ ၊ သပြေဝ နေရောင်ခြည်စွမ်းအင်သုံးဓာတ်အား ပေး စက်ရုံစီမံကိန်းသို့ သွားရောက်ကြည့်ရှု စစ်ဆေးသည်။

ဆက်လက်ဖတ်ရှုရန်

Dec 15, 2021

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ဇနီးဒေါ်ကြူကြူလှ၊ ကာကွယ်ရေးဦးစီးချုပ်(ရေ) ဗိုလ်ချုပ်ကြီး မိုးအောင်နှင့် ဇနီး၊ ကာကွယ်ရေးဦးစီးချုပ်(လေ) ဗိုလ်ချုပ်ကြီး မောင်မောင်ကျော်နှင့်ဇနီး၊ ပြည်ထောင်စုဝန်ကြီးများ၊ အငြိမ်းစားကာကွယ်ရေးဦးစီးချုပ်(လေ)များနှင့် ဇနီးများ၊ ကာကွယ် ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများနှင့် ဇနီးများ၊ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူးတို့ လိုက်ပါပြီး ယနေ့နံနက်ပိုင်းတွင် မိတ္ထီလာ တပ်နယ်ရှိ လေကြောင်းအတတ်သင် လေတပ် စခန်းဌာနချုပ်၌ ပြသထားသည့် (၇၄) နှစ်မြောက် တပ်မတော်(လေ)နှစ်ပတ်လည်နေ့ အထိမ်းအမှတ်ပြခန်းများအား ကြည့်ရှုသည်။

ဆက်လက်ဖတ်ရှုရန်

Dec 15, 2021

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အစည်းအဝေး (၁၈/၂၀၂၁) အစည်းအဝေးတွင် ဆေးပညာဖြင့် နိုင်ငံတော်တာဝန်ကို ကျေပွန်စွာထမ်းဆောင်နိုင်ရေးနှင့် ပတ်သက်၍ အသိပေး ပြောကြားခဲ့သည်။

ဆက်လက်ဖတ်ရှုရန်

Dec 15, 2021

စိုးရိမ်ရသည့် ကိုဗစ်-၁၉ မျိုးကွဲသစ်အဖြစ် ကမ္ဘာ့ကျန်းမာရေးအဖွဲ့က နိုဝင်ဘာ ၂၆ ရက်တွင် စတင်ကြေညာခဲ့သည့် အိုမီခရွန်ကူးစက် ပျံ့နှံ့မှုမှာ ကမ္ဘာ့နိုင်ငံပေါင်း ၇၀ ကျော်သွားပြီဖြစ်သည်။ တောင် အာဖရိကမှစတင်ခဲ့သည့် အိုမီခရွန်သည် မိမိတို့နိုင်ငံနှင့် နယ်နိမိတ်ချင်း ထိစပ်နေပြီး ကူးလူးဆက်ဆံသွားလာနေကြသည့် အရှေ့ဘက်နှင့် အနောက်ဘက် အိမ်နီးချင်းနိုင်ငံများဆီသို့ ရောက်ရှိနေပြီဖြစ်ရာ အချိန်မရွေး ကူးစက်ဝင်ရောက်လာနိုင်နေပြီဖြစ်သည်။

ဆက်လက်ဖတ်ရှုရန်

Dec 14, 2021

အကြမ်းဖက်အဖွဲ့များဖြစ်သော CRPH, NUG အမည်ခံအဖွဲ့များနှင့် ၎င်းတို့၏ လက်ဝေခံ PDF အဖွဲ့များအနေဖြင့် ၎င်းတို့၏ ကိုယ်ကျိုးစီးပွားကို အခြေခံသည့် နိုင်ငံရေးရည်မှန်းချက်ကို ရရှိစေရန် အတွက် နိုင်ငံတော်တည်ငြိမ်းအေးချမ်းမှုနှင့် တရားဥပဒေစိုးမိုးမှုကို ပျက်ပြားစေရန် အကြမ်းဖက် လုပ်ရပ်များကို ဆက်လက်လုပ်ဆောင်လျက်ရှိသည်။ ထိုသို့အကြမ်းဖက်လုပ်ရပ်များ လုပ်ဆောင်ရာတွင် အကြမ်းဖက်သမားများသည် စစ်ရေးဆိုင်ရာ ပစ်မှတ်များကို ရင်ဆိုင်တိုက်ခိုက်မှုအစား အပြစ်မဲ့ ပြည်သူလူထုအား ဒလန်အဖြစ်စွပ်စွဲ သတ်ဖြတ်ခြင်း၊ တာဝန်သိ နိုင်ငံ့ဝန်ထမ်းများအား အကြမ်းဖက် ပစ်ခတ်သတ်ဖြတ်ခြင်း၊ ပညာရေးနှင့် ကျန်းမာရေး အဆောက်အဦများအား မီးရှို့ဖျက်ဆီးခြင်း၊ မိုင်းခွဲတိုက်ခိုက်ခြင်း စသည့် လူသားချင်းစာနာ ထောက်ထားမှုမရှိသည့် လုပ်ရပ်များကို ကျူးလွန် လျက်ရှိသည်။ မြန်မာနိုင်ငံတွင် သာမက ကမ္ဘာ့နိုင်ငံအသီးသီးတွင် ပညာရေးနှင့် ကျန်းမာရေးကဏ္ဍသည် တိုင်ပြည်၏ အဓိကအကျဆုံးသော ကဏ္ဍများအဖြစ် သတ်မှတ်ထားပြီး အလေးထား ဆောင်ရွက်လျက်ရှိမှုကို ထိခိုက် ပျက်ပြားစေရန် ယခုကဲ့သို့ အကြမ်းဖက်မှုလုပ်ရပ်များ လုပ်ဆောင်နေခြင်းသည် နိုင်ငံတကာ စံနှုန်းနှင့် ကျင့်ဝတ်များအရ လက်ခံနိုင်ဖွယ်မရှိပါ။

ဆက်လက်ဖတ်ရှုရန်

Dec 14, 2021

လူမှုကာကွယ်စောင့်ရှောက်ရေးဆိုင်ရာအမျိုးသားကော်မတီအစည်းအဝေး (၁/၂၀၂၁) ကို ယနေ့ မွန်းလွဲ ၂ နာရီတွင် နေပြည်တော်ရှိ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပရာ လူမှုကာကွယ်စောင့်ရှောက် ရေးဆိုင်ရာအမျိုးသား ကော်မတီဥက္ကဋ္ဌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း တက်ရောက်အမှာစကားပြောကြားသည်။

ဆက်လက်ဖတ်ရှုရန်

Dec 14, 2021

(၁၄-၁၂-၂၀၂၁) ရက်နေ့၊ ည (၈:၀၀) နာရီ ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် နိုင်ငံအတွင်း ကူးစက်ဖြစ်ပွားနေသော COVID-19 ရောဂါ ကာကွယ်၊ ကုသ၊ ထိန်းချုပ်ရေးလုပ်ငန်းများကို အရှိန်အဟုန်မြှင့်ဆောင်ရွက်လျက်ရှိပါသည်။

ဆက်လက်ဖတ်ရှုရန်

Dec 14, 2021

ကမ္ဘာ့ခရီးသွားလုပ်ငန်းအဖွဲ့ချုပ် (UNWTO) ၊ ဖိလစ်ပိုင်နိုင်ငံ ခရီးသွားလုပ်ငန်းဌာနနှင့် ကိုရီးယားနိုင်ငံ ယဉ်ကျေးမှု အားကစားနှင့် ခရီးသွားလာရေးဝန်ကြီးဌာနတို့ ပူးပေါင်းဆောင် ရွက်သည့် UNWTO Asia – Pacific Workshop on Measuring the Sustainability of Tourism (MST) ကို ဒီဇင်ဘာ ၁၄ ရက်မှ ၁၅ ရက်အထိ Virtual ဖြင့် ကျင်းပရာ ကမ္ဘာ့ခရီးသွား လုပ်ငန်းအဖွဲ့ချုပ် (UNWTO) နှင့် အာရှနှင့်ပစိဖိတ်ခရီးသွားလုပ်ငန်းအဖွဲ့ (PATA) တို့၏ အဖွဲ့ဝင်နိုင်ငံဖြစ်သော မြန်မာနိုင်ငံ၊ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနမှ ပြည်ထောင်စု ဝန်ကြီး ဒေါက်တာဌေးအောင် ဦးဆောင်၍ အဆင့်မြင့် အရာရှိကြီးများ၊ ဘာသာရပ်ဆိုင်ရာ တာဝန်ခံများ ပါဝင်တက်ရောက်ကြ သည်။

ဆက်လက်ဖတ်ရှုရန်

Dec 14, 2021

အာဆီယံ-တရုတ် သိပ္ပံ၊ နည်းပညာနှင့် တီထွင်ဆန်းသစ်မှုဆိုင်ရာ ဝန်ကြီးအဆင့် အထူးအစည်းအဝေးကို ယနေ့တွင် ထိုင်းနိုင်ငံက ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် အိမ်ရှင်အဖြစ် လက်ခံကျင်းပရာ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိန်းကျော် တက်ရောက်သည်။

ဆက်လက်ဖတ်ရှုရန်