Skip to main content

Dec 28, 2021

အလုပ်သမားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်သည် မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့၊ လူမှုရေးရာဝန်ကြီး ဦးယဉ်ထွေးနှင့်အတူ ယနေ့နံနက်ပိုင်းတွင် မန္တလေးတိုင်းဒေသကြီး၊ ပြည်ကြီးတံခွန်မြို့နယ်ရှိ ကျွမ်းကျင်မှုလေ့ကျင့်ရေး သင်တန်းကျောင်းသို့ သွားရောက်ကြည့်ရှု စစ်ဆေးသည်။

ဆက်လက်ဖတ်ရှုရန်

Dec 28, 2021

အားကစားနှင့် ကာယပညာဦးစီးဌာန ဘဏ္ဍာရေးဆိုင်ရာ လုပ်ထုံးလုပ်နည်းသင်တန်း အမှတ်စဉ် (၂/၂၀၂၁) သင်တန်းဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက် (၉) နာရီတွင် နေပြည်တော် အားကစားလေ့ကျင့်ရေးစခန်း (Gold Camp) ရှိ (Multipurpose Hall) ၌ ကျင်းပရာ အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးလှိုင်၊ ဒုတိယအမြဲတမ်း အတွင်းဝန် ဦးကျော်ဆန်း၊ အားကစားနှင့် ကာယပညာဦးစီးဌာန ဒုတိယညွှန်ကြားရေမှူးချုပ်များ၊ သင်တန်းသား များ သင်တန်းသူများနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

ဆက်လက်ဖတ်ရှုရန်

Dec 28, 2021

တပ်မတော်သူနာပြုနှင့် ဆေးဘက်ပညာတက္ကသိုလ်၏ (၂၄) ကြိမ်မြောက် ဘွဲ့နှင်းသဘင် အခမ်းအနားကို ယနေ့မွန်းလွဲပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံမြို့နယ်ရှိ တပ်မတော် သူနာပြုနှင့် ဆေးဘက်ပညာတက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမ၌ ကျင်းပရာ တပ်မတော် သူနာပြုနှင့် ဆေးဘက်ပညာတက္ကသိုလ် ကျောင်းအုပ်ကြီး ဗိုလ်မှူးချုပ်ဝင်းဗိုလ်နှင့် ပညာရေး အဖွဲ့ဝင်များ တက်ရောက်ကြသည်။

ဆက်လက်ဖတ်ရှုရန်

Dec 28, 2021

တပ်မတော်သူနာပြုနှင့် ဆေးဘက်ပညာတက္ကသိုလ်၏ သူနာပြုနှင့် ဆေးဘက်ပညာသိပ္ပံဘွဲ့ သင်တန်းအမှတ်စဉ် (၁၉) နှင့် အမျိုးသမီးသူနာပြုနှင့် ဆေးဘက် ပညာသိပ္ပံဘွဲ့ သင်တန်း အမှတ်စဉ် (၆) တို့မှ သင်တန်းဆင်း သင်တန်းသား၊ သင်တန်းသူများအား ဆေးဝန်ထမ်း တာဝန်ခန့်အပ်ခြင်း အခမ်းအနားကို ယနေ့ နံနက်ပိုင်းက တပ်မတော်သူနာပြုနှင့် ဆေးဘက် ပညာတက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမ၌ ကျင်းပရာ ကာကွယ်ဦးစီးချုပ်ရုံး (ကြည်း) မှ စစ်ရေးချုပ် ဒုတိယ ဗိုလ်ချုပ်ကြီး မျိုးဇော်သိန်း၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများ၊ တပ်မတော်သူနာပြုနှင့် ဆေးဘက်ပညာ တက္ကသိုလ် ကျောင်းအုပ်ကြီး ဗိုလ်မှူးချုပ်ဝင်းဗိုလ်နှင့် ကျောင်းဆင်းသင်တန်းသား၊ သင်တန်းသူများ တက်ရောက်ကြသည်။

ဆက်လက်ဖတ်ရှုရန်

Dec 28, 2021

အိန္ဒိယနိုင်ငံမှ ဝယ်ယူထားသည့် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး Covishield အမှတ်တံဆိပ် ကာကွယ်ဆေး doses ၁၃ ဒသမ ၄ သန်းအနက် ပထမ အသုတ်အဖြစ် ကာကွယ်ဆေး doses ၆ ဒသမ ၇ သန်း ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ဒီဇင်ဘာ ၂၇ ရက် နံနက် ၁၁ နာရီ ၂၅ မိနစ်ကရောက်ရှိလာခဲ့ရာ ရန်ကုန်တိုင်းဒေသကြီး ကုသရေးနှင့်ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှူး ဦးဆောင်သည့်အဖွဲ့က လက်ခံရယူသည်။

ဆက်လက်ဖတ်ရှုရန်

Dec 28, 2021

မန္တလေးတိုင်းဒေသကြီး ပုသိမ်ကြီးမြို့နယ်တွင် ငွေကျပ်သိန်း ၁၇၀၀ ကျော်တန်ဖိုးရှိ ထိန်းချုပ် ဓာတုပစ္စည်း (Toluene) များ ဖမ်းဆီးရမိခဲ့ကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့မှ သိရသည်။

ဆက်လက်ဖတ်ရှုရန်

Dec 28, 2021

ပြည်ထောင်စုနယ်မြေ နေပြည်တော်အတွင်းရှိ ပျဉ်းမနား၊ ပုဗ္ဗသီရိနှင့် ဇေယျာသီရိ မြို့နယ်သမဝါယမအသင်းစုများက သမဝါယမအသင်းသား တောင်သူများ စိုက်ပျိုးခဲ့သော ဆင်းသုခနှင့် မဂျမ်းတောစပါးတင်းပေါင်း ၁၆၀၀ ဝယ်ယူခဲ့ပြီး ယခုအခါ ဒက္ခိဏသီရိမြို့နယ် သမဝါယမအသင်းစုက ဧရာမင်းစပါးတင်းပေါင်း ၂၀၀ ကို ဝယ်ယူခဲ့သည်။

ဆက်လက်ဖတ်ရှုရန်

Dec 28, 2021

လုံခြုံရေးတပ်ဖွဲ့ဝင်များပါဝင်သောပူးပေါင်းအဖွဲ့သည် ဒီဇင်ဘာ ၂၅ ရက် နံနက် ၈ နာရီ မိနစ် ၂၀ တွင် မြိတ်မြို့နယ် ရှမ်းထိန်းကျေးရွာရှိ အောင်နိုင်ဝင်း၏ ဖူဆယ်ဘောလုံးကွင်းသို့ ဝင်ရောက် ရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၃၀၀၀၀ ကို သိမ်းဆည်းရမိသည်။

ဆက်လက်ဖတ်ရှုရန်

Dec 28, 2021

စစ်ကိုင်းတိုင်းဒေသကြီး ကသာမြို့နယ် မန်စီကျေးရွာအတွင်း KIA အဖွဲ့နှင့် PDF အမည်ခံ အကြမ်းဖက်သမားများ ရောက်ရှိနေကြောင်း သိရှိရသဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက ဒီဇင်ဘာ ၂၂ ရက် နေ့လယ်ပိုင်းတွင် သွားရောက်၍ လိုအပ်သည့် လုံခြုံရေးလုပ်ငန်းများ ဆောင်ရွက်စဉ် အကြမ်းဖက်သမားများမှာ ရွာ၏အနောက် တောင်ဘက်သို့ ဆုတ်ခွာသွားခဲ့ပြီး အကြမ်းဖက်သမားများက ပြည်သူများထံမှ အတင်းအဓမ္မကောက်ခံထားသည့် ဆန် ၂၂ အိတ်အား သိမ်းဆည်းရမိခဲ့သည်။

ဆက်လက်ဖတ်ရှုရန်

Dec 28, 2021

ဒီဇင်ဘာ ၂၄ ရက် မွန်းလွဲ ၂ နာရီခွဲတွင် ကော့ကရိတ်-မြဝတီသွား အာရှလမ်းမကြီးပေါ်ရှိ ကော့နွဲ့ ကျေးရွာအနီး ကော့နွဲ့တံတားအောက်၌ လက်လုပ်မိုင်းနှစ်လုံးကို အချိန်မီဖော်ထုတ် သိမ်းဆည်းနိုင်ခဲ့သည်။

ဆက်လက်ဖတ်ရှုရန်

Dec 28, 2021

တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးတို့၌ သံဃာတော်များ၊ သာသနာနွယ်ဝင်သီလရှင်များ၊ ဘာသာရေးခေါင်းဆောင်များအပါအဝင် လူမျိုးမရွေး ဘာသာမရွေး အသက် ၄၀ နှစ်အထက် ဒေသခံပြည်သူများ၊ အကျဉ်းသား၊ အကျဉ်းသူများ၊ မသန်စွမ်းသူများ၊ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ၊ နာတာရှည်ရောဂါ အခံရှိသူများ၊ ကယ်ဆယ်ရေးစခန်းများ၊ ယာယီ တိုက်ပွဲရှောင်စခန်းများ အတွင်းရှိ ပြည်သူများ၊ အသက်(၁၂)နှစ်အထက် အခြေခံပညာ အလယ်တန်းနှင့် အထက်တန်းအဆင့် ကျောင်းသား၊ ကျောင်းသူများစသည့် ဦးတည်အုပ်စုများ သတ်မှတ်၍ တပ်မတော်မှ ဆေးအဖွဲ့များ၊ ပြည်သူ့ဆေးရုံများမှ ဆရာဝန်များ၊ သူနာပြုများ၊ ကျန်းမာရေးဝန်ထမ်းများနှင့် စေတနာ့ဝန်ထမ်းများက ကာကွယ်ဆေးထိုးခြင်းလုပ်ငန်းများကို အင်တိုက်အားတိုက် ဆောင်ရွက် ပေးလျက်ရှိသည်။

ဆက်လက်ဖတ်ရှုရန်

Dec 28, 2021

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနအနေဖြင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာ ပစ္စည်းများကို လေကြောင်း၊ ပင်လယ်ရေကြောင်းနှင့် နယ်စပ်ကုန်သွယ်ရေးစခန်းများမှ နှောင့်နှေးကြန့်ကြာမှုမရှိ တင်သွင်းနိုင်ရေးအတွက် အချိန်နှင့်တစ်ပြေးညီ စီစဉ်ဆောင်ရွက် ပေးလျက်ရှိရာ ယနေ့တွင် မြဝတီကုန်သွယ်ရေးဇုန်မှ ကုမ္ပဏီ တစ်ခု၊ ယာဉ်စီးရေ တစ်စီးဖြင့် အောက်ဆီဂျင် (အရည်) Bowser ယာဉ်တစ်စီးဖြင့် တန် ၂၀ တင်သွင်းခဲ့ကြောင်း သိရှိရသည်။ အောက်စီဂျင် (အရည်) Bowser ယာဉ် တစ်စီးမှာ မြဝတီကုန်သွယ်ရေးဇုန်မှ ရန်ကုန်မြို့သို့ဖြစ်ကြောင်း သိရှိရသည်။

ဆက်လက်ဖတ်ရှုရန်

Dec 28, 2021

မြန်မာနိုင်ငံသည် တစ်ချိန်သောကာလက အားကစားဖြင့် မြန်မာ့ဂုဏ်ရောင်မြင့်မားခဲ့သည်။ မြန်မာတစ်မျိုးသားလုံးသည် မြန်မာ့ရိုးရာအားကစားကို တန်ဖိုးထားပြီး အားကစားဖြင့် ရွှေရောင်လွှမ်းသောခေတ်ကာလများကို ဖြတ်သန်းခဲ့ရဖူးသည်။ သို့သော် ခေတ်ကာလ ပြောင်းလဲလာသည့်အလျောက် မြန်မာ နိုင်ငံ၏ အားကစားကဏ္ဍအမျိုးမျိုး ဖွံ့ဖြိုးတိုးတက်မှု အားနည်းလာသည်ကိုတွေ့ရသည်။ ထို့ကြောင့် မြန်မာ့အားကစားကဏ္ဍအသီးသီး ပြန်လည် ဦးမော့လာရေး အတွက် နိုင်ငံတော်အစိုးရက အားပေးမြှင့်တင်ပေးသည်။

ဆက်လက်ဖတ်ရှုရန်

Dec 28, 2021

၂၀ရာစု ကမ္ဘာ့သမိုင်းကိုကြည့်လျှင် ကမ္ဘာနှင့်ချီသည့် စစ်ကြီးနှစ်ကြိမ်ဖြစ်ပွားခဲ့ပြီး လူသား သန်းပေါင်းများစွာ စစ်ပွဲများအတွင်း သေကျေပျက်စီးခဲ့သည်။ ဒုတိယကမ္ဘာစစ်ကြီး ပြီးဆုံးသွား သည့်အခါ ဝါဒချင်းမတူ ဆန့်ကျင်သည့် မဟာအင်အားကြီးနိုင်ငံနှစ်ခုက ဦးဆောင်သည့် အရှေ့နှင့်အနောက် နိုင်ငံအုပ်စုနှစ်စု တို့အကြား စစ်အေးတိုက်ပွဲဟုခေါ်သည့် အားပြိုင်မှု ဆယ်စုနှစ်များနှင့်ချီ၍ ဖြစ်ပွားခဲ့သည်။ ၂၀ရာစု၏ နောက်ဆုံး ဆယ်စုနှစ်အတွင်း အရှေ့အုပ်စု နိုင်ငံများမှာ စီးပွားရေးအရရော၊ ဝါဒရေးရာအရပါ ပြောင်းလဲလာသည့် ကမ္ဘာ့အခြေအနေများနှင့် လိုက်လျောညီထွေ လိုက်ပါပြောင်းလဲနိုင်စွမ်း ကင်းမဲ့မှုကြောင့် ရှုံးနိမ့်ခဲ့ရပြီးတရားမျှတခြင်း၊ လွတ်လပ်ခြင်း၊ သာတူညီမျှခြင်းတို့ကို အခြေခံသည့် ဒီမိုကရေစီသို့ ဘက်ပြောင်းခဲ့ကြသည်။

ဆက်လက်ဖတ်ရှုရန်

Dec 27, 2021

ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် နိုင်ငံအတွင်း ကူးစက်ဖြစ်ပွားနေသော COVID-19 ရောဂါ ကာကွယ်၊ ကုသ၊ ထိန်းချုပ်ရေး လုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိပါသည်။

ဆက်လက်ဖတ်ရှုရန်

Dec 27, 2021

ကျန်းမာရေးဝန်ကြီးဌာနအောက်ရှိ ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ဆေးသုတေသနဦးစီးဌာန၊ ကုသရေးဦးစီးဌာန၊ အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာ ဌာနတို့အနေဖြင့် တပ်မတော် ဆေးသုတေသနတပ်နှင့်ပူးပေါင်း၍ “ကိုဗစ်-၁၉ ရောဂါမျိုးရိုးဗီဇပြောင်း ရောဂါပိုး စောင့်ကြပ် ကြည်ရှုခြင်းလုပ်ငန်း” ကို စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိပါသည်။

ဆက်လက်ဖတ်ရှုရန်

Dec 27, 2021

ကျန်းမာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်းသည် ယနေ့မွန်းလွဲပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး မင်္ဂလာဒုံမြို့နယ်ရှိ အစားအသောက် နှင့် ဆေးဝါးကွပ်ကဲရေး ဦးစီးဌာနခွဲ(ရန်ကုန်) သို့ သွားရောက်ကြည့်ရှုစစ်ဆေးသည်။

ဆက်လက်ဖတ်ရှုရန်

Dec 27, 2021

(၇၅) နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ အထိမ်းအမှတ် ဂုဏ်ပြုညစာစားပွဲ ဖျော်ဖြေရေး ဆပ်ကော်မတီ၏ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့ မွန်းလွဲပိုင်းတွင် သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ ရုံးအမှတ်(၃၅)ရှိ ယဉ်ကျေးမှုရတနာခန်းမ၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Dec 27, 2021

ပြည်ထောင်စုဝန်ကြီး ဒေါက်တာပွင့်ဆန်းနှင့် ကုန်သွယ်ရေးစခန်းများနှင့် ပို့ကုန်သွင်းကုန် ရုံးများသို့ သွားရောက်တာဝန်ထမ်းဆောင်မည့် တာဝန်ခံများ တွေ့ဆုံပွဲ အခမ်းအနားကို ယနေ့ မွန်းလွဲ ၂ နာရီတွင် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Dec 27, 2021

နိုင်ငံအဆင့် ပင်လယ်ကမ်းရိုးတန်းသယံဇာတ စီမံအုပ်ချုပ်လုပ်ကိုင်မှု လုပ်ငန်းကော်မတီ (ပထမအကြိမ်) အစည်းအဝေးကို ယနေ့နံနက် ၉ နာရီခွဲတွင် သစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်ရုံး အင်ကြင်းခန်းမ၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်