Jan 11, 2022
နေပြည်တော် ဇန်နဝါရီ ၁၀
Jan 11, 2022
စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံ စက်သုံးဆီတင်သွင်းဖြန့်ဖြူး ရောင်းချရေးအသင်းတို့ ပူးပေါင်းစီစဉ်မှုဖြင့် ပြည်သူများ သက်သာသောဈေးနှုန်းဖြင့် ဝယ်ယူရရှိနိုင်ရန်ရည်ရွယ်၍ ဗဟိုဘဏ်မှ ရည်ညွှန်းငွေလဲနှုန်းဖြင့် တိုက်ရိုက်ရောင်းချပေးသည့် နိုင်ငံခြားငွေ အမေရိကန်ဒေါ်လာ ၃၄ သန်းဖြင့် စက်သုံးဆီ မှာယူတင်သွင်းခဲ့သည့် ကုမ္ပဏီ ၂၆ ခုမှ ဒီဇယ်ဆီဂါလန် ၁၂ ဒသမ ၅၄ သန်းခန့်ကို အထူးဈေးနှုန်းဖြင့် ဖြန့်ဖြူးရောင်းချပေးသွားမည်ဖြစ်ပြီး ဇန်နဝါရီ ၁၁ ရက်မှစတင်၍ ကုမ္ပဏီ ၁၀ ခုမှတိုင်းဒေသကြီး/ ပြည်နယ်များရှိ စက်သုံးဆီအရောင်းဆိုင်စုစုပေါင်း ၉၉ ဆိုင်တွင် စတင်ဖြန့်ဖြူးရောင်းချပေးသွားမည်ဖြစ်ကြောင်းသိရသည်။
Jan 11, 2022
ရန်ကုန်တိုင်းဒေသကြီး စည်ပင်သာယာရေးဝန်ကြီး ရန်ကုန်မြို့တော်စည်ပင်သာယာရေး ကော်မတီဥက္ကဋ္ဌ (မြို့တော်ဝန်) ဦးဗိုလ်ဌေးသည် ဒုတိယမြို့တော်ဝန်၊ အတွင်းရေးမှူး၊ ကော်မတီဝင်များနှင့်အတူ ယနေ့နံနက် ၈ နာရီတွင် ယာဉ်ယန္တရား စီမံခန့်ခွဲရေးနှင့် ထိန်းသိမ်းရေးဌာန ယန္တရားမောင်း အထူးမွမ်းမံသင်တန်း အမှတ်စဉ်(၁/၂၀၂) သင်တန်း ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်သည်။
Jan 11, 2022
အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံသည် ယနေ့နံနက် ၉ နာရီတွင် နေပြည်တော်ဝဏ္ဏသိဒ္ဓိ အားကစားရုံ(B)၌ ဝန်ကြီးဌာနရှိ အရာထမ်း၊ အမှုထမ်းများနှင့် တွေ့ဆုံသည်။
Jan 11, 2022
စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနအနေဖြင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာ ပစ္စည်းများကို လေကြောင်း၊ ပင်လယ်ရေကြောင်းနှင့် နယ်စပ် ကုန်သွယ်ရေးစခန်းများမှ နှောင့်နှေးကြန့်ကြာမှုမရှိ တင်သွင်းနိုင်ရေးအတွက် အချိန်နှင့် တစ်ပြေးညီ စီစဉ်ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့တွင် ချင်းရွှေဟော်ကုန်သွယ်ရေးစခန်းမှ ကုမ္ပဏီတစ်ခု၊ ယာဉ်စီးရေသုံးစီးဖြင့် နှာခေါင်း စည်း(Mask) ၂၃ တန်ကို တင်သွင်းခဲ့ကြောင်း သိရသည်။
Jan 11, 2022
နေပြည်တော် ဇန်နဝါရီ ၁၀
Jan 11, 2022
ရခိုင်ပြည်နယ် ကျောက်ဖြူမြို့ရှိ မြို့နယ်စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များ၊ အဆင့်မြင့်စစ်မှုထမ်း ဟောင်းအိမ်ရာတွင် နေထိုင်သည့် စစ်မှုထမ်း ဟောင်းများနှင့် မိသားစုဝင်များအား ယနေ့နံနက်ပိုင်းတွင်၊ အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်ထင်လတ်ဦးနှင့် အဖွဲ့ဝင်များက ကျောက်ဖြူ တပ်နယ်ခန်းမ၌ တွေ့ဆုံသည်။
Jan 11, 2022
၂၀၂၂ ခုနှစ်၊ ကာကွယ်ရေးဦးစီးချုပ်(လေ) တံခွန်စိုက်ဒိုင်း ပိုက်ကျော်ခြင်းနှင့် ရိုးရာဝိုင်းဖွဲ့ ခြင်းလုံးပြိုင်ပွဲ ဖွင့်ပွဲကို ယနေ့နံနက်ပိုင်းတွင် မှော်ဘီလေတပ်စခန်း မိုးလုံလေလုံ အားကစားခန်းမ၌ ကျင်းပပြုလုပ်ရာ တပ်မတော်(လေ)မှ အရာရှိကြီးများ၊ အရာရှိ၊ စစ်သည်၊ မိသားစုများ၊ မြန်မာနိုင်ငံခြင်းလုံးအဖွဲ့ချုပ်မှ တာဝန်ရှိသူများ၊ ပြိုင်ပွဲဝင် အားကစားသမားများနှင့် အားကစားဝါသနာရှင်များ တက်ရောက်ကြပြီး ကာကွယ်ရေးဦးစီးချုပ်(လေ) ကိုယ်စား ဗိုလ်ချုပ်လှညွှန့်က အဖွင့်အမှာစကား ပြောကြားသည်။
Jan 11, 2022
ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမင်းထိန်သည် ဇန်နဝါရီ ၇ ရက် မွန်းလွဲပိုင်းက တောင်ပေါ်ဒေသလမ်းဆောက် လုပ်ရေးကုမ္ပဏီလီမိတက်မှ B.O.Tစနစ်ဖြင့် ဆောင်ရွက်သော မိတ္ထီလာ-တောင်ကြီးကျိုင်းတုံ-တာချီလိတ်လမ်း (မိတ္ထီလာ - တောင်ကြီး) အပိုင်းလမ်းအဆင့် မြှင့်တင်ခြင်းလုပ်ငန်း ဆောင်ရွက်နေမှုကို လမ်းတစ်လျှောက်ကြည့်ရှုစစ်ဆေးသည်။
Jan 11, 2022
ဒေသတွင်းစားနပ်ရိက္ခာဖူလုံရေးနှင့် ပြည်သူများ၏ စားသောက်ရေးကို အထောက်အကူ ဖြစ်စေရန်အတွက် ယနေ့တွင် တြိဂံဒေသတိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် မျိုးမင်းထွန်းနှင့်အဖွဲ့ဝင်များသည် တိုင်းစစ်ဌာနချုပ်ရှိ စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများကိုလည်းကောင်း၊
Jan 11, 2022
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်နှင့် ကော်မရှင်အဖွဲ့ခွဲရုံးအဆင့် ဆင့်တို့တွင် တာဝန်ထမ်းဆောင်မည့် အမှုထမ်း(ဒုတိယဦးစီးမှူး)များ လုပ်ငန်းခွင်အကြို စွမ်းရည်မြှင့်သင်တန်း အမှတ်စဉ် (၁/၂၀၂၂) ဖွင့်ပွဲကို ယနေ့နံနက် ၉ နာရီခွဲတွင် အမှတ် (၃) စစ်ကြောရေးနှင့် တည်းခိုရေးတပ် ( ရွာတော် ) ဆင်ဖြူရှင်ခန်းမ၌ ကျင်းပသည်။
Jan 11, 2022
တပ်မတော်(ကြည်း၊ရေ၊လေ) အရာရှိ၊ စစ်သည်၊ အရာထမ်း၊ အမှုထမ်းများနှင့် စေတနာရှင် အလှူရှင်များက မြို့နယ် အသီးသီးရှိ ဘုန်းတော်ကြီးကျောင်းများ၊ သာသနာ့နွယ်ဝင် သီလရှင် ကျောင်းများနှင့် ဘာသာရေးကျောင်းများသို့ ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ပဲ အမယ်(၄)မျိုးနှင့် လှူဖွယ်ပစ္စည်းများလှူဒါန်းခြင်း၊ နေ့ဆွမ်းများဆက်ကပ်လှူဒါန်းခြင်းနှင့် ကျန်းမာရေးစစ်ဆေးပေးခြင်းများကို ဆောင်ရွက် လျက်ရှိသည်။
Jan 11, 2022
လွိုင်လင်မြို့နယ်တွင် ငွေကျပ် ၁၇ ဒသမ ၃ ဘီလီယံကျော်တန်ဖိုးရှိ အိုက်စ် (မက်သ်အဖက်တမင်း)များ ဖမ်းဆီးရမိခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။
Jan 11, 2022
စစ်ကိုင်းတိုင်းဒေသကြီး ထီးချိုင့်မြို့နယ်အတွင်းရှိ တကောင်းနီကယ်စက်ရုံသို့ သွယ်တန်းထားသည့် လျှပ်စစ်တာဝါတိုင်များအား ဇန်နဝါရီ ၇ ရက်တွင် အကြမ်းဖက်သမားများက မိုင်းထောင်ဖောက်ခွဲ ဖျက်ဆီးခဲ့သည့် သတင်းအား ထုတ်ပြန်ခဲ့ပြီးဖြစ်သည်။
Jan 11, 2022
နေပြည်တော် ဇန်နဝါရီ ၁၀
Jan 11, 2022
ယခုအခါ ပွင့်လင်းရာသီရောက်ရှိလာပြီဖြစ်၍ ပြည်တွင်းခရီးသွားလာမှုများ များပြားလာသည်။ ပြည်သူများမှာ တစ်နှစ်တာ ပင်ပန်းနွမ်းနယ်သမျှ ခရီးသွားလာခြင်းဖြင့် အပန်းဖြေလေ့ရှိသည်။ ပြည်သူများ စိတ်နှလုံးချမ်းမြေ့လျှင် ပေါ့ပါးလန်းဆန်းကျန်းမာခြင်း သုခကိုရစေနိုင်သဖြင့် စိတ်နှလုံးချမ်းမြေ့စေသော ခရီးသွားလုပ်ငန်းများကို ကိုဗစ်-၁၉ ရောဂါ ကျန်းမာရေးစည်းကမ်းများနှင့်အညီ မြှင့်တင်ဆောင်ရွက်ပေးလျက်ရှိသည်။
Jan 11, 2022
ကမ္ဘာတစ်ခွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူပေါင်း သန်း ၃၀၀ ကျော်လွန်သွားခဲ့ပြီဖြစ်သည်။ ဗီဇပြောင်း ကိုဗစ်-၁၉ အိုမီခရွန် ကူးစက်မှုကြောင့် ကမ္ဘာ့နိုင်ငံအချို့တွင် နေ့စဉ်ကူးစက်ပျံ့နှံ့မှု စံချိန်တင် မြင့်မားလျက်ရှိရာ ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံမှုနှင့် ၂ စပ်လျဉ်း၍ ပြည်တွင်း၌ ငြင်းခုံနေကြဆဲဖြစ်သော အမေရိကန်ပြည်ထောင်စုမှာ နေ့စဉ်ကူးစက်မှုနှင့် အပတ်စဉ်ကူးစက်မှု နှုန်းတို့ စံချိန်တင်လျက်ရှိသည်။ အမေရိကန်ပြည်ထောင်စုသည် ကမ္ဘာပေါ်တွင် ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှုအများဆုံး နိုင်ငံဖြစ်ပြီး ဓာတ်ခွဲအတည်ပြုလူနာ ၆၁ သန်းကျော် တွေ့ရှိထားပြီး ကိုဗစ်-၁၉ ကြောင့် သေဆုံးမှုအများဆုံး နိုင်ငံလည်းဖြစ်သည်။
Jan 10, 2022
(၇၄)နှစ်မြောက် ကချင်ပြည်နယ်နေ့ အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ကချင်ပြည်နယ်၊ အစိုးရအဖွဲ့ရုံး မြက်ခင်းပြင်၌ ပြုလုပ်ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် Jeng Phang နော်တောင်၊ ဦးမောင်းဟာ၊ ဦးစိုင်းလုံးဆိုင်၊ ဦးရွှေကြိမ်း၊ ပြည်ထောင်စုဝန်ကြီးများ ဖြစ်ကြသည့် ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်၊ ဦးခင်ရီ၊ ဦးစောထွန်းအောင်မြင့်၊ ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်နှင့် အဖွဲ့ဝင်များ၊ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် မြတ်သက်ဦးနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများမှ တာဝန်ရှိသူများနှင့် ဒေသခံတိုင်းရင်းသားပြည်သူများ တက်ရောက်ကြသည်။
Jan 10, 2022
စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်မြို့နယ်အတွင်း အကြမ်းဖက်လုပ်ငန်းများ လုပ်ဆောင်ရန်အတွက် ဦးနှောက်ကျေးရွာ၌ အစည်းအဝေး ပြုလုပ်ရန်စုဝေးနေသည့် PDF အမည်ခံ အကြမ်းဖက်သမားများအား လုံခြုံရေးတပ်ဖွဲ့ဝင်များက ယနေ့တွင် သွားရောက်ဖမ်းဆီးခဲ့ရာ အပြန်အလှန်ပစ်ခတ်မှု ဖြစ်ပွားခဲ့ပြီး အကြမ်းဖက်သမားများထံမှ အလောင်း ၅ လောင်း၊ လက်နက်၊ ခဲယမ်းနှင့် ဆက်စပ်ပစ္စည်းအချို့ သိမ်းဆည်းရမိခဲ့သည်။