Feb 09, 2022
အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင်သည် မြန်မာနိုင်ငံရှိ ကုလသမဂ္ဂ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ဒုတိယညှိနှိုင်းရေးမှူးဖြစ်သူ Mr. David Carden ကို ယနေ့နံနက် ၁၁ နာရီတွင် အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၏ ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။
Feb 09, 2022
၂၀၂၂ ခုနှစ် ဖေဖော်ဝါရီ ၁၂ ရက်တွင် ကျရောက်မည့် (၇၅)နှစ် မြောက် စိန်ရတုပြည်ထောင်စုနေ့ အခမ်းအနားကို ပြည်ထောင်စုနယ်မြေ နေပြည်တော်နှင့် မြန်မာနိုင်ငံတစ်ဝန်း၌ ခမ်းနား ထည်ဝါစွာ ကျင်းပမည်ဖြစ်သည်။
Feb 09, 2022
မြန်မာနိုင်ငံသည် ဘာသာ၊ သာသနာ ယဉ်ကျေးမှုအစဉ်အလာကောင်းများ ထွန်းကားခဲ့သောနိုင်ငံဖြစ် သည်။ မြန်မာတို့၏ လူ့ဘောင်လောကနယ်ပယ်များတွင် ယဉ်ကျေးမှုအစဉ်အလာများနှင့် အစဉ်အဆက် ထိန်းကျောင်းရှင်သန်ရပ်တည် နေထိုင်ခဲ့ကြရာ မြတ်နိုးဂုဏ်ယူဖွယ်ရာဖြစ်သည်။
Feb 09, 2022
၁၈၈၆ ခုနှစ်မှစတင်ခဲ့သော မြန်မာ့လွတ်လပ်ရေး ကြိုးပမ်းမှုသည် ဒုတိယကမ္ဘာစစ်အပြီး ၁၉၄၆၊ ၁၉၄၇ ခုနှစ်များတွင် အရှိန်အဟုန် အမြင့်မားဆုံးသို့ ရောက်ရှိခဲ့သည်။ လွတ်လပ်ရေးဗိသုကာ အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း၏ ဦးဆောင်မှု နောက်တွင် တိုင်းရင်းသား ပြည်သူတစ်ရပ်လုံး တစ်သွေးတည်း တစ်သားတည်း တည်ရှိကာ တစ်စိတ်တည်း တစ်ဝမ်းတည်း စည်းလုံးညီညွတ်စွာဖြင့် ပြည်ထောင်စုကြီး၏ လွတ်လပ်ရေး အရယူခဲ့ပုံများကို သမိုင်းဝင် မှတ်တမ်းများတွင် လေ့လာကြည့်ပါက ကြက်သီးမွေးညင်းထဖွယ်ရာ မျိုးချစ်စိတ်ဓာတ်၊ ပြည်ထောင်စု စိတ်ဓာတ်တို့ကို တွေ့မြင်ကြရမည်ဖြစ်သည်။ ထို့အပြင် နယ်ချဲ့သမားတို့၏ ကောက်ကျစ်စဉ်းလဲ သလောက် လိမ္မာပါးနပ်လှသည့် ပရိယာယ်ကိုလည်း ထိုစဉ်က ပြည်သူတစ်ရပ်လုံး သိမြင်ခဲ့ကြသည်။
Feb 08, 2022
နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးဝဏ္ဏမောင်လွင်သည် မြန်မာနိုင်ငံ၏ လက်ရှိပြည်တွင်း နိုင်ငံရေးဖြစ်ပေါ် တိုးတက်မှု အခြေအနေများနှင့်ပတ်သက်၍ ရန်ကုန်မြို့ရှိ သံတမန်များနှင့် ကုလသမဂ္ဂ ဌာနေကိုယ်စားလှယ်တို့အား ရှင်းလင်းပြောကြားမှု အစီအစဉ်ကို နိုင်ငံခြားရေးဝန်ကြီးဌာန(ရန်ကုန်)၊ ဝန်ဇင်
Feb 08, 2022
၂၀၂၂ ခုနှစ် (၇၅) နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ ဂုဏ်ပြုအခမ်းအနား၌ အလေးပြုခြင်းခံယူမည့် ပြည်ထောင်စုအလံတော်အား ရန်ကုန်မြို့မှ နေပြည်တော်သို့ သယ်ဆောင်ခြင်း အခမ်းအနားကို ယနေ့ နံနက်ပိုင်းတွင် ကိုဗစ်-၁၉ ရောဂါဆိုင်ရာ စည်မျဉ်းစည်းကမ်းများနှင့်အညီ ကျင်းပသည်။
Feb 08, 2022
နေပြည်တော် ဖေဖော်ဝါရီ ၈
Feb 08, 2022
တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေး ဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင် ကုန်သွယ်မှုများကို ဥပဒေနှင့်အညီ ထိရောက်စွာ တားဆီးအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိရာ ဖေဖော်ဝါရီ ၇ ရက်တွင် မရမ်းချောင် အမြဲတမ်းစစ်ဆေးရေးစခန်း တာဝန်ကျ ပူးပေါင်း စစ်ဆေးရေးအဖွဲ့မှ ခရီးသည် မော်တော်ယာဉ်အား ရပ်တန့်စစ်ဆေးရာ ခရီးသည် ဝန်စည်များနှင့်အတူ ရောနှော တင်ဆောင်လာသော တရားဝင်စာရွက်စာတန်း အထောက်အထား တစ်စုံတစ်ရာ တင်ပြနိုင်ခြင်း မရှိသည့် အချိုရည်ဖာ (၁၅၀) (ခန့်မှန်းတန်ဖိုးငွေကျပ် ၁,၉၅၀,၀၀၀) ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန် ဥပဒေနှင့်အညီ အရေးယူ ဆောင်ရွက်လျက်ရှိသည်။
Feb 08, 2022
ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် နိုင်ငံအတွင်း ကူးစက်ဖြစ်ပွားနေသော COVID-19 ရောဂါ ကာကွယ်၊ ကုသ၊ ထိန်းချုပ်ရေးလုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိပါသည်။
Feb 08, 2022
၂၀၂၂ ခုနှစ် စိန်ရတုပြည်ထောင်စုနေ့ ဂုဏ်ပြုအခမ်းအနားတွင် တိုင်းဒေသကြီးနှင့် ပြည်နယ်များ၏ အမည်စာလုံးစာသားသရုပ်ဖော်နှင့် ဘင်ခရာအဖွဲ့တို့တွင် ပါဝင်သည့် ကျောင်းသား၊ ကျောင်းသူများနှင့် အုပ်ထိန်းသူ ဆရာ၊ ဆရာမများသည် နေပြည်တော်ရှိ စစ်ကြောရေးနှင့် တည်းခိုရေးစခန်း (ရွာတော်) သို့ ဖေဖော်ဝါရီ ၇ ရက်တွင် ရောက်ရှိကြပြီး ဂုဏ်ပြုအခမ်းအနားကို ပါဝင်ဆောင်ရွက်သွားကြမည် ဖြစ်သည်။
Feb 08, 2022
စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန အနေဖြင့် ကိုဗစ်-၁၉ ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာ ပစ္စည်းများကို လေကြောင်း၊ ပင်လယ်ရေကြောင်းနှင့် နယ်စပ်ကုန်သွယ် ရေးစခန်းများမှ နှောင့်နှေးကြန့်ကြာမှုမရှိ တင်သွင်းနိုင်ရေးအတွက် အချိန်နှင့်တစ်ပြေးညီ စီစဉ်ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့တွင် ချင်းရွှေဟော်ကုန်သွယ်ရေးစခန်းမှ ကုမ္ပဏီ(၁)ခု၊ ယာဉ်စီးရေ (၄)စီးဖြင့် နှာခေါင်းစည်း (Mask) (၃၉) တန်ကို တင်သွင်းခဲ့ကြောင်း သိရသည်။
Feb 08, 2022
ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဌေးအောင်သည် ယမန်နေ့မွန်းလွဲပိုင်းတွင် အင်းလေးကန် သန့်ရှင်းသာယာလှပရေးအတွက် ဒိုက်နှင့်ဗေဒါများ ဆယ်ယူဆောင်ရွက်ပြီးစီးမှုကို စက်လှေဖြင့် လှည့်လည်ကြည့်ရှုသည်။
Feb 08, 2022
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ၏ ၂၀၂၁ခုနှစ်၊ အောက်တိုဘာလ ရှမ်းပြည်နယ်(တောင်ပိုင်း) ခရီးစဉ်၌ လမ်းညွှန် မှာကြားချက်အရ နယ်စပ်ရေးရာဝန်ကြီးဌာနက အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည့် ကလောမြို့မှ ရွှေမင်းဖုန်း ကျေးရွာအုပ်စုရှိ ကျေးရွာပေါင်း ၅ ရွာသို့ ဆက်သွယ်ထားသော အရှည် ၁၀ မိုင် ၅ ဖာလုံ၊ ၉ ပေ အကျယ် မြေသားလမ်းကို ၂၆ ပေ အကျယ် လမ်းတာချဲ့ဖောက်လုပ်ခြင်း လုပ်ငန်းခွင်သို့ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးလှဦးနှင့် တာဝန်ရှိသူများသည် ဖေဖော်ဝါရီ ၆ ရက် မွန်းလွဲပိုင်းတွင် သွားရောက်ကြည့်ရှု စစ်ဆေးသည်။
Feb 08, 2022
(၇၅) နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ရုံးအမှတ် (၁၆) တွင် ယနေ့နံနက် ၉ နာရီက ဦးစီးဌာနများ၏ မြန်မာ့ရိုးရာ စုပေါင်းထမနဲထိုးပြိုင်ပွဲ အခမ်းအနားကျင်းပသည်။
Feb 08, 2022
မကွေးတိုင်းဒေသကြီး သရက်ခရိုင်၊ အောင်လံမြို့နယ် ကံမလေးကျေးရွာ အနီးတွင် တည်ဆောက် ပြီးစီးသည့် နေရောင်ခြည်စွမ်းအင်သုံး ဆိုလာစနစ် ကံမလေးလျှပ်စစ် မြစ်ရေတင် ဖွင့်ပွဲအခမ်းအနားကို ယနေ့ နံနက်ပိုင်းက အဆိုပါရေတင် စခန်း၌ ကျင်းပသည်။
Feb 08, 2022
ပြည်ထောင်စုရာထူးဝန်အဖွဲ့မှ ဝန်ကြီးဌာနနှင့် အဖွဲ့အစည်း(၁၄)တို့မှ လစ်လပ်လျက်ရှိသော ပြန်တမ်းဝင် အရာရှိအဆင့် စတင်ခန့်ရာထူး လစ်လပ် (၁၁၁၆) နေရာအတွက် ကြော်ငြာစာအမှတ်၊ (၂/၂၀၂၂)ဖြင့် ၉ - ၂ - ၂၀၂၂ နှင့် ၁၀-၂-၂၀၂၂ ရက်နေ့တို့တွင် မြန်မာ့အလင်း၊ ကြေးမုံနှင့် မြဝတီ သတင်းစာတို့၌ ကြော်ငြာ ခေါ်ယူထားရှိပါသည်။
Feb 08, 2022
ပြည်တွင်းအခွန်များဦးစီးဌာန၊ မြို့နယ်အခွန်ဦးစီးဌာနမှူးလုပ်ငန်းကျွမ်းကျင်မှုသင်တန်း၊ အမှတ်စဉ် (၇၆) သင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီက ပြည်တွင်းအခွန်များဦးစီးဌာန၌ ကျင်းပသည်။
Feb 08, 2022
ပြည်ထဲရေးဝန်ကြီးဌာန၊ တပ်ဖွဲ့ဝင်/ဝန်ထမ်း အရာထမ်း၊ အမှုထမ်းမိသားစုများက မြို့နယ်အသီးသီးရှိ ဘုန်းတော်ကြီးကျောင်းများသို့ ဆွမ်းဆန် တော်များ ဆက်ကပ်လှူဒါန်းခြင်းကို ဆောင်ရွက်လျက်ရှိသည်။
Feb 08, 2022
ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးဝင်းဖေသည် ဖေဖော်ဝါရီ (၆)ရက် နံနက်ပိုင်းတွင် မန္တလေးမြို့၊ ချမ်းမြသာစည်မြို့နယ် (၇၈)လမ်းရှိ ပင်မအလုပ်ရုံ(မြောက်)သို့ သွားရောက်ကြည့်ရှုစစ်ဆေးပြီး ဝန်ထမ်းအင်အားဖွဲ့စည်းပုံအတိုင်း၊ စက်မောင်းဝန်ထမ်းများ ဖြန့်ခွဲတာဝန်ချထားမှု၊ စက်ယာဉ် ယန္တရားများဖြန့်ခွဲမှုနှင့်ပတ်သက်၍ လိုအပ်သည်များမှာကြားပြီး၊ ပင်မအလုပ်ရုံ(မြောက်) မျက်နှာစာတွင် လမ်းနယ်နိမိတ်နှင့် မလွတ်ကင်းသည့် ကျူးကျော်ဆိုင်ခန်းများအား ဥပဒေအရဖယ်ရှားရာတွင် လုပ်ထုံး၊ လုပ်နည်း လွဲမှားမှုမရှိစေရေး ဂရုပြု ရန်မှာကြားသည်။
Feb 08, 2022
ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦးသည် ယမန်နေ့နံနက်ပိုင်းက တနင်္သာရီ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှု ကော်မတီအဖွဲ့ဝင်များကို ထားဝယ်မြို့ရှိ တိုင်းဒေသကြီး အစိုးရ အဖွဲ့ရုံး၊ အစည်းအဝေးခန်းမ၌ တွေ့ဆုံသည်။