Skip to main content

ပဲခူးတိုင်းဒေသကြီး၊ ရွှေကျင်မြို့နယ်ရှိ PDF အမည်ခံအကြမ်းဖက်သမားများက ပညာသင်ကြားသင်ယူခွင့် အခွင့်အလမ်းများ ပျက်ပြားကာ ပညာမဲ့လူတန်းစားများ ဖြစ်ပေါ်လာစေရန်ရည်ရွယ်၍ ပညာရေးကဏ္ဍမြင့်မားရေးကို နှောင့်ယှက်ဖျက်ဆီး

နေပြည်တော် ဇူလိုင် ၆

NUG အမည်ခံ အကြမ်းဖက်အဖွဲ့နှင့် ၎င်း၏ လက်အောက်ခံ PDF အမည်ခံ အကြမ်းဖက်သမားများသည် အနာဂတ်ရင်သွေးငယ်များ၏ ပညာသင်ကြား သင်ယူခွင့် အခွင့်အလမ်းများ ပျက်ပြား၍ ပညာမဲ့လူတန်းစားများ ဖြစ်ပေါ်လာစေရန်နှင့် ပညာရေးကဏ္ဍမြင့်မားရေးကို နှောင့်ယှက်ဖျက်ဆီးလျက် ရှိသည်။

ထိုသို့လုပ်ဆောင်လျက်ရှိရာ ဇူလိုင်လ ၅ ရက် ည ၉ နာရီ အချိန်ခန့်တွင် ပဲခူးတိုင်းဒေသကြီး၊ ရွှေကျင်မြို့နယ်၊ ဆိပ်ကလေးကျေးရွာ၌ ဖွင့်လှစ်ထားပြီး ကျောင်းသူ၊ ကျောင်းသား ၆၃၀ ဦး ပညာသင်ကြားလျက်ရှိသည့် အခြေခံပညာ အထက်တန်းကျောင်းခွဲအား PDF အမည်ခံ အကြမ်းဖက် သမားများက မီးရှို့ကာ ထွက်ခွာသွားခဲ့သဖြင့် မီးလောင်မှု ဖြစ်ပွားခဲ့ရာ ကျေးရွာနေပြည်သူများမှ ဝိုင်းဝန်း မီးငြှိမ်းသတ်ခဲ့ရာ ၁၀ မိနစ်ခန့်အကြာတွင် မီးငြိမ်းသွားခဲ့ပြီး မီးလောင်မှုကြောင့် စာသင်ကျောင်းဝင်း အတွင်းရှိ ဆရာ၊ ဆရာမများ နားနေဆောင် ပေ ၂၀ ပတ်လည် ၂ ခန်းတွဲမှ အခန်းတစ်ခန်းနှင့် စာကြည့်တိုက် အခန်းအတွင်းရှိ ၃ ထပ်သားပြား ၂ ချပ်၊ စားပွဲခုံ ၁ လုံး၊ စာရွက် စာတမ်းများ မီးလောင်ပျက်စီး ဆုံးရှုံးခဲ့ပါသည်။

ဖြစ်စဉ်တွင် ပါဝင် ပတ်သက်သူများအား ဖော်ထုတ်ဖမ်းဆီး၍ ဥပဒေနှင့်အညီ ထိရောက်စွာအရေးယူနိုင်ရေး လုံခြုံရေး တပ်ဖွဲ့ဝင်များက စုံစမ်း ဖော်ထုတ်လျက်ရှိကြောင်း သတင်းရရှိသည်။