ရန်ကုန် ဇူလိုင် ၆
ကိုဗစ် - ၁၉ ကာလအတွင်း ကွယ်လွန်သွားကြသူများနှင့် အကြောင်းအမျိုးမျိုးကြောင့် ပျံလွန်တော်မူသွားကြသော ရဟန်းသံဃာတော်များ၊ ရှင်သာမဏေများ၊ ကျဆုံးသွားကြသော တပ်မတော်သားများ၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ ဝန်ထမ်းများ၊ အုပ်ချုပ်ရေး အဖွဲ့အစည်းအဆင့်ဆင့်မှ ပုဂ္ဂိုလ်များ၊ စစ်မှုထမ်းဟောင်းများ၊ အငြိမ်းစားဝန်ထမ်းများနှင့် ပြည်သူများကို ရည်စူး၍ ဘာသာပေါင်းစုံ ချစ်ကြည်ညီညွတ်ရေးအဖွဲ့က ဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းခြင်းနှင့် အမျှအတန်းပေးဝေခြင်းကို ယနေ့နံနက်ပိုင်းတွင် ရန်ကုန်မြို့ ဗိုလ်တထောင်မြို့နယ် အမှတ် (၃၇၄) ကမ်းနားလမ်းမကြီးရှိ ဗဟိုခန်းမဆောင်၌ ပြုလုပ်သည်။
အခမ်းအနားသို့ အောင်ဆန်း တောရတပ်ဦးကျောင်း ဆရာတော် အဂ္ဂမဟာကမ္မဋ္ဌာနာ စရိယ ဒေါက်တာဘဒ္ဒန္တသဒ္ဓမ္မကိတ္တိသာရ အမှူးပြုသော သံဃာတော်အရှင်သူမြတ်များ ကြွရောက်တော်မူကြပြီး ဘာသာပေါင်းစုံ ချစ်ကြည်ညီညွတ်ရေးအဖွဲ့ (ဗဟို) ဥက္ကဋ္ဌ ဦးစိန်သန်းနှင့် အလုပ်အမှုဆောင်များ တက်ရောက်ကြသည်။
ဦးစွာ တက်ရောက်လာကြသူများက အောင်ဆန်းတောရတပ်ဦးကျောင်း ဆရာတော်ထံမှ ငါးပါးသီလခံယူဆောက်တည်ကြပြီး သံဃာတော်များထံမှ ပရိတ်တရားတော်များ နာယူကြည်ညိုကြ သည်၊၊
ယင်းနောက် ဘာသာပေါင်းစုံ ချစ်ကြည်ညီညွတ်ရေးအဖွဲ့ (ဗဟို) ဥက္ကဋ္ဌ ဦးစိန်သန်းနှင့် အလုပ်အမှုဆောင်များက သံဃာတော်များအား ဝါဆိုသင်္ကန်းနှင့် လှုဖွယ်ပစ္စည်းများ ဆပ်ကပ်လှူဒါန်းကြပြီး မော်ကျွန်းဆရာတော် အဂ္ဂမဟာ မင်္ဂလဓမ္မဇောတိကဓဇ ဘဒ္ဒန္တ တိလက္ခန္ဓာဘိဝံသထံမှ အနုမောဒနာ တရားနာယူ၍ ရေစက်သွန်းချ အမျှပေးဝေခဲ့ကြကြောင်း သိရသည်၊၊
သတင်းစဉ်