နေပြည်တော် ဇူလိုင် ၆
မန္တလေးတိုင်းဒေသကြီး ငါးလုပ်ငန်းဦးစီးဌာနက ကြီးမှူး၍ ဇွန် ၃၀ ရက်က မဟာအောင်မြေမြို့နယ် ဂေါဝိန်ဆိပ်အနီး ဧရာဝတီမြစ်အတွင်းသို့ ငါးမျိုးစိုက်ထည့်ခြင်း အခမ်းအနား ကျင်းပသည်။
အခမ်းအနားသို့ မန္တလေးတိုင်းဒေသကြီး ငါးလုပ်ငန်းဦးစီးဌာန တိုင်းဒေသကြီး ဦးစီးမှူး ဦးသံချောင်းနှင့် တာဝန်ရှိသူများက တိုင်းဒေသကြီးအတွင်းရှိ ငါးသားဖောက်စခန်းလေးခုမှ နှစ်လက်မအရွယ် ရွှေဝါငါးကြင်း သားပေါက်ကောင်ရေ ၂၇၅၀၀၀၊ ငါးခုံးမကြီး သားပေါက် ကောင်ရေ ၃၇၅၀၀၀ ၊ ငါးမြစ်ချင်း သားပေါက်ကောင်ရေ ၂၅၀၀၀၀ စုစုပေါင်း ၉၀၀၀၀၀ ကို မျိုးစိုက်ထည့်ပေးကြောင်း သိရသည်။
သတင်းစဉ်