Apr 27, 2022
ဝန်ထမ်းအဖွဲ့အစည်း ဒုတိယအကြီးအမှူး စီမံခန့်ခွဲမှုသင်တန်းအမှတ်စဉ်(၄)နှင့် အဆင့်မြင့် အရာထမ်းစီမံခန့်ခွဲမှုသင်တန်း အမှတ်စဉ်(၁၇) သင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီ တွင် ဗဟိုဝန်ထမ်းတက္ကသိုလ်(အောက်မြန်မာပြည်) ကေတုမတီခန်းမ၌ ကျင်းပသည်။
Apr 27, 2022
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ နိုင်ငံတော် တာဝန်ယူသည့်ကာလ၌ သာသနာရေးနှင့်ယဉ်ကျေးမှု ဝန်ကြီးဌာန အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာ တက္ကသိုလ်(ရန်ကုန်)နှင့် (မန္တလေး)တို့သည် ကချင်၊ ကယား၊ ကရင်၊ ချင်း၊ မွန်၊ ရခိုင်၊ ရှမ်းတိုင်းရင်းသားတို့၏ ရိုးရာဂီတနှင့် အကဘာသာရပ်များကို သက်ဆိုင်ရာ တိုင်းရင်းသားကျွမ်းကျင်ပညာရှင်များဖြင့် အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ်များ၌ သင်ကြားပို့ချနိုင်ရန်အတွက် ဆောင်ရွက်လျက်ရှိသည်။
Apr 27, 2022
မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီက ကြီးမှူးကျင်းပသည့် သတင်းနှင့် သတင်းဆောင်းပါး ပြိုင်ပွဲတွင် သတင်းဆောင်းပါးဆုရရှိသူအား ဆုချီးမြှင့်သည့် အခမ်းအနားကို ရန်ကုန်မြို့ ဗိုလ်တ ထောင်မြို့နယ် ကုန်သည်လမ်းရှိ သတင်းမီဒီယာကောင်စီရုံး သင်တန်းခန်းမ၌ ဧပြီ ၂၆ ရက်က နံနက် ၁၀ နာရီက ကျင်းပရာ မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီဥက္ကဋ္ဌ ဦးအုန်းမောင် (မြင်းမူမောင်နိုင်မိုး) နှင့် ကောင်စီဝင်များ၊ ဆုရရှိသူ သတင်းသမားတို့ တက်ရောက်ကြသည်။
Apr 27, 2022
တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင် ကုန်သွယ်မှုများကို ဥပဒေနှင့်အညီ ထိရောက်စွာ တားဆီးအရေးယူနိုင်ရေးဆောင်ရွက်လျက်ရှိရာ ဧပြီ ၂၃ ရက်တွင် ရန်ကုန်တိုင်းဒေသကြီး တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှု ဖြင့် တိုင်းဒေသကြီး သစ်တောဦးစီးဌာနဦးဆောင်သော ပူးပေါင်းစစ်ဆေးရေးအဖွဲ့က စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ ရန်ကုန် မြောက်ပိုင်းခရိုင် မင်္ဂလာဒုံမြို့နယ် ရန်ကုန်-ပြည်လမ်းမပေါ်၌ တရားမဝင် ကျွန်းပရိဘောဂအပိုင်းအစနှင့် ကျွန်းတံခါးချပ်များ ၂ ဒသမ ၁၅၀၂ တန်၊ (ခန့်မှန်းတန်ဖိုးငွေကျပ် ၆၄၅၀၆၀)နှင့် အဆိုပါသစ်များ တင်ဆောင်လာသည့် မော်တော်ယာဉ်နှစ်စီး (ခန့်မှန်းတန်ဖိုး ငွေကျပ် ၃၅၀၀၀၀၀၀) စုစုပေါင်း ခန့်မှန်းတန်ဖိုး ငွေကျပ် ၃၅၆၄၅၀၆၀ ကို ဖမ်းဆီးရမိခဲ့ပြီး သစ်တောဥပဒေနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။
Apr 27, 2022
မျက်မှောက်ကာလတွင် ဖြစ်ပွားလျက်ရှိသောလုံခြုံရေး၊ တရားဥပဒေစိုးမိုးရေးနှင့် အကြမ်းဖက်မှုတားဆီးရေးဆိုင်ရာ ကိစ္စရပ်များနှင့် ပတ်သက်၍ပရိသတ်များ၏ ရင်တွင်းခံစားချက် စကားသံများကို သဇင် FM ၏ “ပြည်သူ့ကြားက ပြည်သူ့စကား” အစီအစဉ်မှ “မှိုင်းမိသူမှိုင် လည်မိသူပျော် သင်္ကြန်ပွဲတော်” ခေါင်းစဉ်ဖြင့် ဧပြီ ၂၇ ရက် မွန်းလွဲ ၁ နာရီတွင် ထုတ်လွှင့် တင်ဆက်ပေးသွားမည်ဖြစ်သည်။
Apr 27, 2022
(၈) ကြိမ်မြောက် အာဆီယံ ရုပ်သံကဏ္ဍအစီအစဉ်နှင့် ထုတ်လုပ်ခြင်းဆိုင်ရာ လုပ်ငန်းအစုအဖွဲ့ အစည်း အဝေး (8th SOMRI Working Group on Content and Production Meeting (8th SOMRI WG-CP)) အား ယနေ့နံနက် ၈ နာရီခွဲတွင် ဘရူနိုင်းနိုင်ငံမှ Video Conferencing စနစ်ဖြင့်ပြုလုပ်ရာ မြန်မာနိုင်ငံမှ ကိုယ်စားလှယ်များအဖြစ် ပြန်ကြားရေးဝန်ကြီးဌာန မြန်မာ့အသံနှင့် ရုပ်မြင်သံကြားမှ ညွှန်ကြားရေးမှူး ဒေါ်မိုးသူဇာအောင် ဦးဆောင်သည့်အဖွဲ့သည် နေပြည်တော်-တပ်ကုန်းနှင့် ရန်ကုန်တို့မှ ပါဝင်တက်ရောက်ဆွေးနွေးကြသည်။
Apr 27, 2022
မြန်မာနိုင်ငံလူကုန်ကူးမှုတိုက်ဖျက်ရေးဆိုင်ရာ ငါးနှစ်စီမံကိန်းအကောင်အထည်ဖော်ရေး လုပ်ငန်းအဖွဲ့အစည်းအဝေးကို ယနေ့မွန်းလွဲ ၁ နာရီတွင် မြန်မာနိုင်ငံရဲတပ်ဖွဲ့ ဌာနချုပ်ရဲချုပ်ရုံး အစည်းအဝေးခန်းမ(၁)၌ ကျင်းပသည်။
Apr 27, 2022
အိန္ဒိယအစိုးရမှ မြန်မာနိုင်ငံသို့ လှူဒါန်းသည့် ဆန်နှင့် ဂျုံအိတ်များကို ရန်ကုန်တိုင်းဒေသကြီး သန်လျင်မြို့နယ် အမှုထမ်း ရပ်ကွက်ရှိ ခရိုင်စိုက်ပျိုးရေးဦးစီးဌာန ဆန်သိုလှောင်ရုံ၌ စနစ်တကျ သိုလှောင်ထားရှိမှုနှင့် ဒေသခံပြည်သူများ၏ လက်ဝယ်အရောက် ပေးအပ် လှူဒါန်း နေမှုများကို ယနေ့ နံနက်ပိုင်းက ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်ညွန့်ဝင်းဆွေနှင့် တာဝန်ရှိသူများက သွားရောက်ကြည့်ရှုကြပြီး တိုင်းမှူးက လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးသည်။
Apr 27, 2022
တိုင်းဒေသကြီးနှင့် ပြည်နယ် အသီးသီးတို့၌ သံဃာတော်များ၊ သာသနာ့နွယ်ဝင် သီလရှင်များ၊ ဘာသာရေးခေါင်းဆောင်များ အပါအဝင် လူမျိုးမရွေး ဘာသာ မရွေး အသက် ၄၀ အထက် ဒေသခံပြည်သူများ၊ အကျဉ်းသား၊ အကျဉ်းသူများ၊ မသန်စွမ်းသူများ၊ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များ၊ နာတာရှည်ရောဂါအခံရှိသူများ၊ ကယ်ဆယ်ရေးစခန်းများ၊ ယာယီတိုက်ပွဲရှောင်စခန်း များအတွင်းရှိ ပြည်သူများ၊ အသက် (၁၂) နှစ်အထက် အခြေခံ ပညာအလယ်တန်းနှင့် အထက်တန်းအဆင့် ကျောင်းသား၊ ကျောင်းသူများစသည့် ဦးတည်အုပ်စုများ သတ်မှတ်၍ တပ်မတော်မှ ဆေးအဖွဲ့များ၊ ပြည်သူ့ဆေးရုံ များမှ ဆရာဝန်များ၊ သူနာပြုများ၊ ကျန်းမာရေး ဝန်ထမ်းများနှင့် စေတနာ့ ဝန်ထမ်းများကကာကွယ် ဆေးထိုးခြင်းလုပ်ငန်းများကို ဆောင်ရွက်ပေးလျက်ရှိသည်။
Apr 27, 2022
“AHA Centre မှ တစ်ဆင့် လှူဒါန်းမည့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူ အညီစီမံခန့်ခွဲရေးလုပ်ငန်းအဖွဲ့ (Task Force) ၏ သတ္တမအကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့တွင် အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန၌ ကျင်းပသည်။
Apr 27, 2022
မြန်မာနိုင်ငံ အင်ဂျင်နီယာကောင်စီဥပဒေကို ပြင်ဆင်သည့်ဥပဒေပြဋ္ဌာန်း
Apr 27, 2022
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ ဖိတ်ခေါ်ကမ်းလှမ်းချက်အား ကြိုဆိုထောက်ခံကြောင်း ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဘာသာပေါင်းစုံချစ်ကြည်ညီညွတ်ရေးအဖွဲ့ သဘောထားထုတ်ပြန်ချက်
Apr 27, 2022
တေးသံသွင်းလုပ်ငန်းလုပ်ကိုင်သူများအား တေးသံသွင်းလုပ်ငန်းလုပ်ကိုင်ခွင့် မှတ်ပုံတင်လက်မှတ် အသစ်ပြုလုပ်ရန်နှင့် သက်တမ်းတိုးလဲလှယ်ရန် အသိပေးကြေညာခြင်း
Apr 27, 2022
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၏ ငြိမ်းချမ်းရေးနှင့်ပတ်သက်၍ ပြောကြားသည့်မိန့်ခွန်းကို ကြိုဆိုထောက်ခံကြောင်း မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံး သဘောထားထုတ်ပြန်ကြေညာ
Apr 27, 2022
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ငြိမ်းချမ်းရေးဖိတ်ခေါ်မှုနှင့်ပတ်သက်၍ မြန်မာအမျိုးသားရေးကွန်ရက်၏ သဘောထားထုတ်ပြန်ချက်
Apr 27, 2022
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၏ ငြိမ်းချမ်းရေးနှင့်ပတ်သက်၍ ပြောကြားသည့်မိန့်ခွန်းကို ကြိုဆိုထောက်ခံကြောင်း မြန်မာနိုင်ငံစစ်မှုထမ်းဟောင်းအဖွဲ့ သဘောထားထုတ်ပြန်ချက်
Apr 27, 2022
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၏ ငြိမ်းချမ်းရေးနှင့်ပတ်သက်၍ ပြောကြားသည့်မိန့်ခွန်းကို ကြိုဆိုထောက်ခံသည့် သဘောထားထုတ်ပြန်ချက်များ အသီးသီးထုတ်ပြန်
Apr 27, 2022
မစ္စတာ လင်ဇီကင်မ်ဝိုး ကစ်ပ်တီနက်စ်အား မြန်မာနိုင်ငံဆိုင်ရာ ကင်ညာသံအမတ်ကြီးအဖြစ် ခန့်အပ်ရန် သဘောတူ
Apr 27, 2022
မြန်မာနိုင်ငံတွင် ပြည်သူများအတွက် လက်ငင်းလိုအပ်ချက်များမှာ စက်သုံးဆီ၊ စားသုံးဆီနှင့် လျှပ်စစ်ဓာတ်အားရရှိရေးဖြစ်သည်။ စက်သုံးဆီ၊ လျှပ်စစ်ဓာတ်အား ရရှိရေးအတွက် လတ်တလောအခြေအနေနှင့် ဆောင်ရွက်နေမှုများကို နိုင်ငံတော်အစိုးရက ရှင်းလင်းပြောကြားထားပြီး ယခုအခါတွင် စားသုံးဆီနှင့်ပတ်သက်သည့် လတ်တလောဖြစ်ပေါ်နေမှုများကို အသိပေးထားသည်။