Aug 15, 2022
ရဲဘော်စိတ်ဟူသည် ရဲဘော်အချင်းချင်းအပေါ်ထားရှိသော မေတ္တာတရား၊ သံယောဇဉ်တရား၊ သစ္စာစောင့်သိမှုတရားပင် ဖြစ်သည်နှင့်အညီ တပ်မတော်တွင် တာဝန်ထမ်းဆောင်လျက်ရှိသည့် အရာရှိ၊ စစ်သည် အဆင့်အတန်းအားလုံး ရဲဘော်စိတ် အပြည့်ထားရှိပြီး အထက်အောက် ညီညွတ်မျှတသည့် အုပ်ချုပ်မှုစနစ်ရှိရန် လိုအပ်ကြောင်း တပ်မတော်အကြီးအကဲမှ လမ်းညွှန်မှာကြားထားသည်ဖြစ်ရာ အုပ်ချုပ်မှုညီညွတ်မျှတ စေရန်အတွက် ကွပ်ကဲအုပ်ချုပ်ရာ၌ တပ်မှူးကောင်းစိတ်ဓာတ် (Commander Spirit)၊ ဖခင်သဖွယ်စိတ်ဓာတ် (Fatherly Spirit) တို့ဖြင့် ကွပ်ကဲအုပ်ချုပ် ဆောင်ရွက်လျက်ရှိသည်။
Aug 15, 2022
နေပြည်တော်တိုင်းစစ်ဌာနချုပ်၏ ၂၀၂၂ ခုနှစ် တိုင်းမှူးဒိုင်း ဘော်လီဘောပြိုင်ပွဲဖွင့်ပွဲကို ယနေ့ညနေ ပိုင်းတွင် နေပြည်တော်ကောင်စီနယ်မြေ ပုဗ္ဗသီရိတပ်နယ် အားကစားခန်းမ၌ ပြုလုပ်ရာ တိုင်းမှူး ဗိုလ်ချုပ် ဇော်ဟိန်းနှင့် တာဝန်ရှိသူများ၊ အရာရှိ၊ စစ်သည်၊ မိသားစုဝင်များ၊ ဒိုင်အဖွဲ့ဝင်များ၊ ပြိုင်ပွဲဝင်အသင်းများနှင့် အားကစားဝါသနာရှင်များ တက်ရောက်ကြသည်။
Aug 15, 2022
ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဌေးအောင်သည် ယမန်နေ့ မွန်းလွဲပိုင်းတွင် ရန်ကုန်မြို့အင်းလျားကန်ဟိုတယ်၌ ကျင်းပသော ရုရှားဘာသာစကား သင်တန်းဖွင့်ပွဲအခမ်းအနားနှင့် နိုင်ငံအဆင့် ကျန်းမာရေးနှင့် ဘေးအန္တရာယ်ကင်းရှင်းရေး အသိအမှတ်ပြု တံဆိပ်များ ပေးအပ်ခြင်းအခမ်းအနားသို့ တက် ရောက်သည်။
Aug 15, 2022
ကမ္ဘာကြီးပေါ်၌ ဒေသအလိုက်ဖြစ်တည်နေသော ရာသီဥတုမှာ ပုံမှန်မဟုတ်တော့ဘဲ ပြောင်းလဲနေသည်ကို တွေ့ရမည်ဖြစ်သည်။ အအေးပိုင်းဒေသတွင် အပူလွန်ကဲပြီး အပူပိုင်းဒေသတွင် အအေးပိုနေသည်။ မိုးရာသီကာလတွင် ပုံမှန်မဟုတ်သည့် မိုးသည်းထန်မှုများနှင့် မိုးခေါင်နေသည့်ဒေသများကို ကြုံတွေ့နေပြီး ရာသီဥတု ပြောင်းလဲမှုကြောင့် နောက်ဆက်တွဲသဘာဝဘေးအန္တရာယ်များကို ပြည်သူများ ခံစားနေကြရသည်။
Aug 15, 2022
၂၀၂၂ ခုနှစ် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲကြီးကို မကြာမီအချိန်ကာလတွင် ခမ်းခမ်းနားနား စည်ကားသိုက်မြိုက်စွာ ကျင်းပသွားနိုင်ရေးအတွက် ပြင်ဆင်ဆောင်ရွက်မှုများ ပြုလုပ်နေပြီဖြစ်သည်။ မြန်မာ့ရိုးရာ ယဉ်ကျေးမှုအမွေအနှစ်များ အရှည်တည်တံ့အောင် ထိန်းသိမ်းနိုင်ရေးနှင့် မျိုးဆက်သစ် လူငယ်များသို့ လက်ဆင့်ကမ်းနိုင်ရေးအတွက် အရေးပါလှသည့် ဆို၊ က၊ ရေး၊ တီး ပြိုင်ပွဲကြီး ပြန်လည်ပေါ်ပေါက်လာခြင်းက ဝမ်းမြောက်ဖွယ်ရာပင်ဖြစ်သည်။ အဆို၊ အက၊ ဂီတအနုသုခုမ ပညာရပ်များသည် ဒြပ်မဲ့ယဉ်ကျေးမှုများဖြစ်သည့်အလျောက် မေ့မေ့ပျောက်ပျောက် လျစ်လျူရှုထားလိုက်ပါက မကြာမီမှာပင် ပျောက်ကွယ်သွားလိမ့်မည်ဖြစ်သည်။
Aug 14, 2022
ရန်ကုန်တိုင်းဒေသကြီး၊ ဗုဒ္ဓဘာသာကလျာဏယုဝအသင်းက ကျင်းပသော (၇၂) ကြိမ်မြောက် မင်္ဂလာတရားတော်နှင့် ဗုဒ္ဓဝင်စာမေးပွဲဆုချီးမြှင့်ပွဲ၊ (၃၈)ဖြာမင်္ဂလာ အခြေခံဗုဒ္ဓဘာသာ ယဉ်ကျေးလိမ္မာသင်တန်းနည်းပြများအား ဂုဏ်ပြုပွဲနှင့် ၂၀၂၁-၂၀၂၂ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲတွင် ထူးချွန်စွာအောင်မြင်ခဲ့ကြသူများအား ဂုဏ်ပြုချီးမြှင့်ခြင်းကို ယနေ့နံနက်ပိုင်းတွင် ရန်ကင်းမြို့နယ်ရှိ မြဝတီမီဒီယာစင်တာ၌ပြုလုပ်ရာ ရန်ကုန်တိုင်းဒေသကြီး၊ ဝန်ကြီးချုပ် ဦးစိုးသိန်း၊ ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ညွန့်ဝင်းဆွေနှင့် တာဝန်ရှိသူများ၊ ဗုဒ္ဓဘာသာကလျာဏယုဝ အသင်း(ဗဟို)မှ တာဝန်ရှိသူများ တက်ရောက်ကြသည်။
Aug 14, 2022
စစ်ကိုင်းတိုင်းဒေသကြီး၊ မြင်းမူမြို့နယ်၊ ဂွေးပင်တောကျေးရွာအနီး မန္တလေး - မုံရွာ ကားလမ်းပေါ်၌ ဩဂုတ် ၁၂ ရက်ညနေ ၅ နာရီခွဲခန့်တွင် PDF အမည်ခံအကြမ်းဖက်သမားများက ခရီးသည်တင်မော်တော်ယာဉ်တစ်စီးကို ဒေသန္တရလက်လုပ်မိုင်း ၂ လုံးဖြင့် အကြောင်းမဲ့ ဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်း သိရှိရသည်။
Aug 14, 2022
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့နှင့် တာချီလိတ်မြို့အတွင်းတို့၌ ဩဂုတ် ၁၂ ရက်မှ ၁၃ ရက်အထိ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ဘုန်းတော်ကြီးကျောင်းများ၊ ဘာသာရေးကျောင်းများနှင့် စာသင်ကျောင်းများ၌ ရေဝင်ရောက်မှုများ ဖြစ်ပေါ်ခဲ့သည်။
Aug 14, 2022
အကြမ်းဖက်အုပ်စုအဖြစ်ကြေညာထားသော CRPH၊ NUG နှင့် ယင်းတို့၏လက်အောက်ခံ အဖွဲ့အစည်းများ၊ ယင်းတို့နှင့်ဆက်နွှယ်နေသော အဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များသည် နိုင်ငံတော် တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေရန်နှင့် ပြည်သူလူထုကို အကြောက်တရားများဖြစ်ပေါ်စေပြီး အစိုးရယန္တရားများ ပျက်ပြားစေရန်ရည်ရွယ်လျက် လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်း၊ ခြိမ်းခြောက်ခြင်းများကို လူမှုကွန်ရက်များမှတစ်ဆင့် နည်းမျိုးစုံဖြင့် ပြုလုပ်လျက်ရှိပါသည်။
Aug 14, 2022
ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် နိုင်ငံအတွင်း ကူးစက်ဖြစ်ပွားနေသော COVID-19 ရောဂါ ကာကွယ်၊ ကုသ၊ ထိန်းချုပ်ရေးလုပ်ငန်းများကို အရှိန်အဟုန်မပြတ် ဆောင်ရွက်လျက်ရှိရာ ရောဂါထိန်းချုပ်ရေးလုပ်ငန်းများ အောင်မြင်နိုင်ရေးအတွက် ပြည်သူလူထုအနေဖြင့် ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော COVID-19 ရောဂါကာကွယ်ထိန်းချုပ်ရေးဆိုင်ရာ စည်းကမ်းများကို စနစ်တကျ လိုက်နာဆောင်ရွက်ရန်လိုအပ်ပြီး COVID-19 ကာကွယ်ဆေး ထိုးနှံမှုခံယူခြင်းအား အထူးဂရုပြု ပူးပေါင်းဆောင်ရွက်ကြရန် လိုအပ်ပါသည်။
Aug 14, 2022
စက်မှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်းသည် ယမန်နေ့နံနက်ပိုင်းတွင် မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ သံယံဇာတရေးရာဝန်ကြီး ဦးမျိုးအောင်နှင့်အတူ မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံမြို့နယ်ရှိ အမှတ်(၁)သံမဏိစက်ရုံ (မြင်းခြံ)သို့ရောက်ရှိရာ အစည်းအဝေးခန်းမ၌ စက်ရုံမှူးနှင့် တာဝန်ရှိသူများက စီမံကိန်းလုပ်ငန်းများ ဆောင်ရွက်ထားရှိမှုအခြေအနေ၊ ဆက်လက်ဆောင်ရွက်သွားမည့် အစီအမံတို့ကို ရှင်းလင်းတင်ပြသည်။
Aug 14, 2022
အကြမ်းဖက်အုပ်စုအဖြစ် ကြေညာထားသော CRPH၊ NUG နှင့် ယင်းတို့၏ လက်အောက်ခံအဖွဲ့အစည်းများ၊ ယင်းတို့နှင့် ဆက်နွှယ်နေသောအဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များသည် နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေရန်နှင့် ပြည်သူလူထုကို အကြောက်တရားများဖြစ်ပေါ်စေပြီး အစိုးရယန္တရားများပျက်ပြားစေရန် ရည်ရွယ်လျက် လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်း၊ ခြိမ်းခြောက်ခြင်းများကို လူမှုကွန်ရက်များမှတစ်ဆင့် နည်းမျိုးစုံဖြင့် ပြုလုပ်လျက်ရှိသည်။
Aug 14, 2022
အလုပ်သမားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းရှိန်သည် ယနေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး ပျဉ်းမပင်စက်မှုဇုန်ရှိ CMP အထည်ချုပ်စက်ရုံများဖြစ်သည့် Dragon State နှင့် Tristate Myanmar၊ ရန်ကုန်စက်မှုဇုန်ရှိ မူဆောင်းအထည်ချုပ် စက်ရုံများသို့ သွားရောက်ပြီး လုပ်ငန်းခွင်တည်ငြိမ်အေးချမ်းရေး၊ ကုန်ထုတ်စွမ်းအားတိုးတက်ရေး၊ ကျွမ်းကျင်လုပ်သားများ မွေးထုတ်ပေးနိုင်ရေး၊ စက်ရုံ၊ အလုပ်ရုံများဆိုင်ရာ လိုက်နာဆောင်ရွက်ရမည့် ညွှန်ကြားချက်များကို စက်ရုံ၊ အလုပ်ရုံများက အကောင်အထည်ဖော်ဆောင်ရွက်နေမှုများကို ကြည့်ရှုအားပေးသည်။
Aug 14, 2022
ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်ကျော်ထွန်းသည် ယနေ့နံနက် ၈ နာရီတွင် ဒလသင်္ဘောကျင်းသို့ရောက်ရှိရာ ဒလသင်္ဘောကျင်း အင်ဂျင်နီယာမှူးကြီးရုံး အစည်းအဝေးခန်းမ၌ ပြည်တွင်းရေကြောင်းပို့ဆောင်ရေး ဦးဆောင်ညွှန်ကြားရေးမှူးနှင့် တာဝန်ရှိသူများက ဌာန၏မျှော်မှန်းချက်၊ ရည်မှန်းချက်တာဝန်များ၊ အကောင်အထည်ဖော်ဆောင်ရွက်နိုင်မှု၊ ဒလသင်္ဘောကျင်း၏ လုပ်ငန်း ဆောင်ရွက်နေမှု၊ နိုင်ငံတော်အကြီးအကဲနှင့် ပြည်ထောင်စုဝန်ကြီးတို့၏ လမ်းညွှန်မှာကြားချက်များအပေါ် အကောင်အထည်ဖော် ဆောင်ရွက်ပြီးစီးမှုကို ရှင်းလင်းတင်ပြသည်။
Aug 14, 2022
တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင်ကုန်သွယ်မှုများကို ဥပဒေနှင့်အညီ ထိရောက်စွာ တားဆီးအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိရာ ဩဂုတ် ၈ ရက်တွင် ရန်ကုန်တိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် အကောက်ခွန်ဦးစီးဌာနစုံစမ်းစစ်ဆေးရေးနှင့် တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးဌာနခွဲမှ တာဝန်ကျစစ်ဆေးရေးအဖွဲ့က ရန်ကုန် - ဘားအံ-မြဝတီ ကုန်သွယ်မှုလမ်းမကြီးတစ်လျှောက်
Aug 14, 2022
ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆောင်ရွက်ရာတွင် ကာကွယ်ဆေးထိုးနှံခြင်းသည် အဓိကအခန်းကဏ္ဍတွင်ပါဝင်သည့် လုပ်ငန်းတစ်ရပ်ဖြစ်သောကြောင့် တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးတို့၌ သံဃာတော်များ၊ သာသနာ့နွယ်ဝင်သီလရှင်များ၊ ဘာသာရေးခေါင်းဆောင်များအပါအဝင် လူမျိုးမရွေးဘာသာမရွေး အသက် ၄၀ အထက် ဒေသခံပြည်သူများ၊ အကျဉ်းသား အကျဉ်းသူများ၊ မသန်စွမ်းသူများ၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ၊ နာတာရှည်ရောဂါအခံရှိသူများ၊ ကယ်ဆယ်ရေးစခန်းများ၊ ယာယီတိုက်ပွဲရှောင် စခန်းများအတွင်းရှိ ပြည်သူများ၊ အသက်ငါးနှစ်မှ ၁၂ နှစ်အထက် အခြေခံပညာမူလတန်း၊ အလယ်တန်းနှင့် အထက်တန်းအဆင့် ကျောင်းသား ကျောင်းသူများ စသည့်ဦးတည် အုပ်စုများသတ်မှတ်၍ တပ်မတော်မှ ဆေးအဖွဲ့များ၊ ပြည်သူ့ဆေးရုံများမှ ဆရာဝန်များ၊ သူနာပြုများ၊ ကျန်းမာရေးဝန်ထမ်းများနှင့် စေတနာ့ဝန်ထမ်းများက ကာကွယ်ဆေးထိုးခြင်းလုပ်ငန်းများကို ဆောင်ရွက်ပေးလျက်ရှိသည်။
