Skip to main content

ပြည်ထောင်စုဝန်ကြီးဦးအောင်နိုင်ဦး ရန်ကုန်တိုင်းဒေသကြီး လှည်းကူးမြို့နယ်ရှိ ကုန်ပစ္စည်းစမ်းသပ်စစ်ဆေးရေးနှင့် အရည်အသွေးစီမံခန့်ခွဲမှုဌာနသို့ သွားရောက်ကြည့်ရှုစစ်ဆေး

နေပြည်တော် ဒီဇင်ဘာ ၂၁

စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦးသည် တာဝန်ရှိသူများနှင့်အတူ ယနေ့တွင် ရန်ကုန်တိုင်းဒေသကြီး လှည်းကူးမြို့နယ်ရှိ စားသုံးသူရေးရာဦးစီးဌာန ကုန်ပစ္စည်းစမ်းသပ်စစ်ဆေးရေးနှင့် အရည်အသွေးစီမံခန့်ခွဲမှုဌာန (Commodity Testing and Quality Management – CTQM) သို့ သွားရောက်ပြီး လုပ်ငန်း ဆောင်ရွက်နေမှုကိုသည်။

ရှင်းလင်းတင်ပြ ကြည့်ရှုစစ်ဆေး

ထိုသို့ ကြည့်ရှုစစ်ဆေးစဉ် ကုန်ပစ္စည်းစမ်းသပ် စစ်ဆေးရေးနှင့်အရည်အသွေး စီမံခန့်ခွဲမှုဌာနမှူးက လယ်ယာထွက်ကုန်သီးနှံများ စမ်းသပ်စစ်ဆေးပေးလျက်ရှိသည့် တည်ထောင်ထားရှိမှု၊ ဓာတ်ခွဲခန်းအလိုက်၊ သီးနှံအမျိုးအစားအလိုက် စမ်းသပ်စစ်ဆေးပေးလျက် ဓာတ်ခွဲခန်းများရှိသည့် အရည်အသွေးများ၊ ဘဏ္ဍာနှစ်အလိုက် လုပ်ငန်းဆောင်ရွက်နိုင်ခဲ့မှု၊ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် သင်တန်းများဖွင့်လှစ် ပို့ချပေးနိုင်မှု၊ သုတေသနလုပ်ငန်းများ ဆောင်ရွက်မှု၊ နိုင်ငံတကာအသိအမှတ်ပြု ဓာတ်ခွဲခန်းလက်မှတ် ရရှိရေးအတွက် ကြိုးပမ်းဆောင်ရွက်လျက်ရှိသည့် အခြေအနေနှင့် ဆက်လက်ဆောင်ရွက်သွားမည့် လုပ်ငန်းများနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြသည်။

ထို့နောက် မြန်မာနိုင်ငံရော်ဘာစိုက်ပျိုး ထုတ်လုပ်သူများအသင်းဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက ဝန်ကြီးဌာန၏ ပံ့ပိုးကူညီမှုဖြင့် မြန်မာ့သဘာဝ ရော်ဘာအရည်အသွေး စမ်းသပ်စစ်ဆေးရေးဓာတ်ခွဲခန်း တည်ထောင်ထားရှိမှု၊ အပြည်ပြည်ဆိုင်ရာ ရော်ဘာအသင်း၏ အသိအမှတ်ပြုလက်မှတ်ရရှိမှု၊ ဆက်လက်ဆောင်ရွက်သွားမည့် လုပ်ငန်းစဉ်များနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြကြသည်။

မှာကြား

ယင်းနောက် ပြည်ထောင်စုဝန်ကြီးသည် ဝန်ထမ်းများနှင့်တွေ့ဆုံ၍ ကုန်သွယ်မှုကဏ္ဍဖွံ့ဖြိုး တိုးတက်ရေးအတွက် အရေးကြီးသည့်လုပ်ငန်းစဉ် တစ်ခုဖြစ်သော ဓာတ်ခွဲခန်းများ အဆင့်မြှင့်တင်ရေး၊ ကျွမ်းကျင်သည့် ဓာတ်ခွဲခန်းဝန်ထမ်းများ ဖြစ်လာစေရန်အတွက် စဉ်ဆက်မပြတ် လေ့ကျင့်သင်ကြားပေးရေးတို့ကို မှာကြားကာ လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

သတင်းစဉ်