Skip to main content

Nov 22, 2022

လူကုန်ကူးမှုသည် လူသားအချင်းချင်း စာနာမှုကင်းမဲ့စွာဖြင့် ခေါင်းပုံဖြတ် အမြတ်ထုတ်သော ခေတ်သစ်ကျေးကျွန်စနစ်အသွင် ပြဿနာတစ်ခုဖြစ်သည်။ လူကုန်ကူးမှုပြဿနာကို တစ်ကမ္ဘာလုံးအတိုင်းအတာဖြင့် ခံစားနေရပြီး အထူးသဖြင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု နောက်ကျသောနိုင်ငံများသည် လူကုန်ကူးမှု၏ နောက်ဆက်တွဲဆိုးကျိုးများကို ပိုမိုခံစားနေကြရသည်။ မျက်မှောက်ခေတ်တွင် လူကုန်ကူးမှုပြဿနာသည် နိုင်ငံဖြတ်ကျော်မှုခင်းများနှင့် ဆက်နွှယ်လာသဖြင့် ကမ္ဘာ့ နိုင်ငံများက နည်းလမ်းမျိုးစုံဖြင့် ထိရောက်စွာ ကြိုးပမ်းအားထုတ်တားဆီးကာကွယ် ကြသော်လည်း ဖြစ်ပွားမှုမြင့်မားနေဆဲ ဖြစ်သည်ကို နိုင်ငံတကာမှ အသိအမှတ်ပြုထားသည်။

ဆက်လက်ဖတ်ရှုရန်

Nov 22, 2022

ကိုဗစ်-၁၉ ကပ်ရောဂါ ကမ္ဘာအနှံ့ကူးစက်မှုစတင်သောအခါ ဦးဆုံးထိခိုက်ခံစားရသည့် စီးပွားရေးလုပ်ငန်းများတွင် ခရီးသွားလုပ်ငန်းက ထိပ်ဆုံးမှပါဝင်သည်။ ယခု ကိုဗစ်-၁၉ ကူးစက်မှု အရှိန်လျော့ကျလာပြီး နိုင်ငံအသီးသီးတို့၏ စီးပွားရေးယန္တရားများ ပြန်လည်မောင်းနှင်ကြရာတွင်လည်း ခရီးသွားလုပ်ငန်းများဖြင့် စတင်ကြပြီး အိမ်နီးချင်းနိုင်ငံနှင့် ဒေသတွင်း နိုင်ငံအချို့တို့ အရှိန်အဟုန်ရရှိနေကြပြီဖြစ်ကြောင်း သတင်းများတွင် တွေ့ရှိရသည်။

ဆက်လက်ဖတ်ရှုရန်

Nov 21, 2022

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် အိန္ဒိယနိုင်ငံ၊ ပြည်ပရေးရာဝန်ကြီးဌာန၊ နိုင်ငံခြားရေးအတွင်းဝန် H.E. Mr. Vinay Mohan Kwatra အား ယနေ့နေ့လယ်ပိုင်းတွင် နေပြည်တော်ရှိ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံး ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။

ဆက်လက်ဖတ်ရှုရန်

Nov 21, 2022

နိုင်ငံတော်အတွင်း ရပ်ရွာအေးချမ်းသာယာရေးနှင့် တရားဥပဒေစိုးမိုးမှုကို ပျက်ပြားစေရန်ရည်ရွယ်ချက်ဖြင့် PDF အမည်ခံအကြမ်းဖက်သမားများက အပစ်မဲ့ပြည်သူများအား အကြမ်းဖက်သတ်ဖြတ်ခြင်းနှင့် အများပြည်သူပိုင်နေရာများကို ဖောက်ခွဲဖျက်ဆီးခြင်းများကို လုပ်ဆောင်လျက်ရှိသည်။

ဆက်လက်ဖတ်ရှုရန်

Nov 21, 2022

အကြမ်းဖက်အုပ်စုအဖြစ်ကြေညာထားသော CRPH၊ NUG နှင့် ယင်းတို့၏ လက်အောက်ခံအဖွဲ့အစည်းများ၊ ယင်းတို့နှင့် ဆက်နွှယ်နေသော အဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များသည် နိုင်ငံတော် တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေရန်နှင့် ပြည်သူလူထုကို အကြောက်တရားများ ဖြစ်ပေါ်စေပြီး အစိုးရယန္တရားများ ပျက်ပြားစေရန် ရည်ရွယ်လျက် လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်း၊ ခြိမ်းခြောက်ခြင်းများကို လူမှုကွန်ရက်များမှတစ်ဆင့် နည်းမျိုးစုံဖြင့် ပြုလုပ်လျက်ရှိပါသည်။

ဆက်လက်ဖတ်ရှုရန်

Nov 21, 2022

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့နယ်အတွင်းရှိ ဒေသခံပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်ပေးရန် ရောက်ရှိနေသည့် တပ်မတော်ပင်လယ်သွားဆေးရုံ ရေယာဉ်(သံလွင်)သည် ယနေ့တွင် ပုသိမ်မြို့နယ်၊ ငွေဆောင်မြို့ရှိ ပြည်သူ့ဆေးရုံတွင် အခြေပြု၍ ဒေသခံပြည်သူ ၁၀၆၆ ဦးအား ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများ ဆက်လက် ဆောင်ရွက်ပေးသည်။

ဆက်လက်ဖတ်ရှုရန်

Nov 21, 2022

ကျန်းမာရေးဝန်ကြီးဌာနသည် COVID-19 သံသယလူနာများ၊ ဓာတ်ခွဲအတည်ပြုလူနာနှင့် အနီးကပ်ထိတွေ့ခဲ့သူများနှင့် အသွားအလာကန့်သတ်ထားရှိသူများအား COVID-19 ရောဂါ ရှိ၊ မရှိ ဓာတ်ခွဲစစ်ဆေးခြင်း ပုံမှန်ဆောင်ရွက်လျက်ရှိပြီး (၂၀-၁၁-၂၀၂၂) ရက်နေ့၊ ည (၈:၀၀) နာရီမှ (၂၁-၁၁-၂၀၂၂) ရက်နေ့၊ ည (၈:၀၀) နာရီအတွင်း ဓာတ်ခွဲနမူနာစုစုပေါင်း (၈,၂၀၇) ခုအား စစ်ဆေးပြီးစီးခဲ့ရာ COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြုလူနာသစ် (၄၀) ဦး တွေ့ရှိရသဖြင့် ရောဂါပိုးတွေ့ရှိမှု ရာခိုင်နှုန်းမှာ (၀.၄၉) ရာခိုင်နှုန်း ရှိပါသည်။

ဆက်လက်ဖတ်ရှုရန်

Nov 21, 2022

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရမှ သီရိလင်္ကာဒီမိုကရက်တစ် ဆိုရှယ်လစ်သမ္မတနိုင်ငံ အစိုးရသို့ လှူဒါန်းသည်ဆေးနှင့်ဆေးပစ္စည်းများ လွှဲပြောင်းပေးအပ်ခြင်း အခမ်းအနားကို ယနေ့တွင် ရန်ကုန်မြို့၊ ဆေးသုတေသနဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ကျင်းပရာ ကျန်းမာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်း၊ မြန်မာနိုင်ငံဆိုင်ရာ သီရိလင်္ကာ ဒီမိုကရက်တစ် ဆိုရှယ်လစ်သမ္မတနိုင်ငံ သံအမတ်ကြီး H.E Mr. J.M.J.P Bandara၊ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်၊ ဦးစိုးသိန်းနှင့် အစိုးရအဖွဲ့ဝင်များ တက်ရောက်ကြသည်။

ဆက်လက်ဖတ်ရှုရန်

Nov 21, 2022

ကမ္ဘာလုံးဆိုင်ရာ အင်တာနက်နည်းပညာလုပ်ငန်းကြီးဖြစ်တဲ့ ဂူဂဲလ်(Google)ဟာ သတင်းအချက်အလက်နဲ့ နည်းပညာဆိုင်ရာ လူမှုရေး၊ စီးပွားရေး၊ နိုင်ငံရေး အစရှိတဲ့ လုပ်ငန်းဆောင်တာတွေကို တစ်ကမ္ဘာလုံးလွှမ်းခြုံကာ အချိန်နဲ့အမျှဆောင်ရွက်ပေးလျက်ရှိပါတယ်။

ဆက်လက်ဖတ်ရှုရန်

Nov 21, 2022

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ဆိုင်ရာ အထူးအာဏာကုန် လွှဲအပ်ခြင်းခံရသော ထိုင်းနိုင်ငံသံအမတ်ကြီး မစ္စစ်ဆူဖတ်ထရာ ဆရီမိုင်းသရီဖိတပ်၏ နေရာတွင် မစ္စတာမုံခွန်းဝိစစ်စတန်အားခန့်အပ်ရန် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အစိုးရက သဘောတူညီပြီးဖြစ်သည်။

ဆက်လက်ဖတ်ရှုရန်

Nov 21, 2022

တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးတို့၌ ကာကွယ်ဆေးထိုးနှံခြင်းကို ဆောင်ရွက်လျက်ရှိရာယနေ့တွင် ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ မြို့နယ် ၂၆ မြို့နယ်တို့၌ ဒေသခံပြည်သူ ၂၂၆၀၊ မန္တလေးတိုင်းဒေသကြီး မြင်းခြံခရိုင်နှင့် မိတ္ထီလာခရိုင်တို့၌ ဒေသခံပြည်သူ ၁၅၃ ဦးတို့ကို တပ်မတော်မှဆေးအဖွဲ့များက ပြည်သူ့ဆေးရုံများမှ ဆရာဝန်များ၊ သက်ဆိုင်ရာကျန်းမာရေးဝန်ထမ်းများ၊ စေတနာ့ဝန်ထမ်းများနှင့် ပူးပေါင်း၍ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပေးသည်။

ဆက်လက်ဖတ်ရှုရန်

Nov 21, 2022

၂ဝ၂၂ ခုနှစ် တပ်မတော်(ကြည်း၊ ရေ၊ လေ) အားကစားပြိုင်ပွဲများကို ယနေ့နံနက်ပိုင်းတွင် သက်ဆိုင်ရာ အားကစားနည်းများအလိုက် သတ်မှတ်ထားသော အားကစားကွင်း/ရုံများတွင် ဆက်လက်ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Nov 21, 2022

ဒေသအတွင်း အကောင်အထည်ဖော်ဆောင်ရွက်နေသော ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ၊ ရုံးအဆောက်အအုံနှင့် ဝန်ထမ်းအိမ်ရာကိစ္စရပ်များနှင့် စပ်လျဉ်း၍ သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမြင့်စိုးသည် ယမန်နေ့နံနက်ပိုင်းက ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးဥက္ကဋ္ဌ ဦးခွန်ရဲထွေးနှင့် ရှမ်းပြည်နယ်(တောင်ပိုင်း) ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသစီမံအုပ် ချုပ်ရေးအဖွဲ့ရုံး၌ တွေ့ဆုံညှိနှိုင်းဆွေးနွေးသည်။

ဆက်လက်ဖတ်ရှုရန်

Nov 21, 2022

ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကုလသမဂ္ဂကွန်ဗင်းရှင်းအထိမ်းအမှတ် (ကမ္ဘာ့ကလေးများနေ့) အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ဝန်ကြီးရုံး စုပေါင်းအစည်းအဝေးခန်းမ၌ Hybrid စနစ်ဖြင့် ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Nov 21, 2022

ရန်ကုန်တိုင်းဒေသကြီး စည်ပင်သာယာရေးဝန်ကြီး ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌ(မြို့တော်ဝန်) ဦးဗိုလ်ဌေးနှင့် တာဝန်ရှိသူများသည် ယနေ့နံနက်ပိုင်းက ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီအင်ဂျင်နီယာဌာန (လမ်းနှင့်တံတား)မှ ဆောင်ရွက်လျက်ရှိသည့် တွံတေးမြို့နယ် ကွင်းပေါက်ကျေးရွာမှ ခရမ်းဝကျေးရွာအထိ ကုန်ထုတ်လမ်းမကြီးအား ကွန်ကရစ်လမ်းခင်းကျင်းနေမှု၊ ကွင်းပေါက်-ခရမ်းဝ ကားလမ်းဘေးကွန်ကရစ်ဖျော်စက် တည်ဆောက်ထားရှိမှု၊ ဒလမြို့နယ် ဆိပ်ကြီးတံတားမှ မြဝတီမင်းကြီးလမ်းအထိ ဒလ-တွံတေးကားလမ်းမ လမ်းဘေးဝဲ/ယာကွန်ကရစ်လမ်းသား တိုးချဲ့ခင်းကျင်းနေမှု၊ ဒလ-တွံတေးလမ်းနှင့် ဗိုလ်တေဇလမ်းထောင့်အနီး သန့်ရှင်းသာယာရေးလုပ်ငန်းများဆောင်ရွက်နေမှုနှင့် ဘုရင့်နောင်ရပ်ကွက် ဆင်ဖြူရှင်လမ်းကွန်ကရစ်ခင်းကျင်းနေမှုတို့ကို သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

ဆက်လက်ဖတ်ရှုရန်

Nov 21, 2022

တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင်ကုန်သွယ်မှုများကို ဥပဒေနှင့်အညီ ထိရောက်စွာ တားဆီးအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိရာ နိုဝင်ဘာ ၁၈ ရက်တွင် အကောက်ခွန်ဦးစီးဌာန၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျစစ်ဆေးရေးအဖွဲ့က စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ ရန်ကုန်တိုင်းဒေသကြီးရှိ မြန်မာစက်မှုဆိပ်ကမ်း ကုန်သေတ္တာစစ်ဆေးရေးစခန်း၌ ကုန်သေတ္တာနှစ်လုံးအတွင်းမှ သွင်းကုန်ကြေညာလွှာ(ID)တွင် ကြေညာထားခြင်းမရှိသည့် လျှပ်စစ်ပစ္စည်းများနှင့် လုပ်ငန်းသုံးစက်ပစ္စည်းများ(ခန့်မှန်းတန်ဖိုးငွေကျပ် ၃၅၇၈၀၆၂၀)ကိုလည်းကောင်း၊ မြဝတီ-ဘားအံ-ရန်ကုန်သွား ကားလမ်းအမှတ်(၁)လမ်းမကြီးနှင့် အမှတ်(၂)လမ်းဆုံ မင်းလွင်ကုန်းကျေးရွာအနီး၌ မော်တော်ယာဉ်နှစ်စီးပေါ်တွင် သွင်းကုန်ကြေညာလွှာ(ID)တွင် ကြေညာထားသည် ထက်ပိုမိုပါရှိလာသော လုပ်ငန်းသုံးစက်ပစ္စည်းများ (ခန့်မှန်းတန်ဖိုးငွေကျပ် ၅၇၀၀၀၀၀၀) နှင့် အဆိုပါပစ္စည်းများ တင်ဆောင်လာသည့် နောက်တွဲယာဉ်နှစ်တွဲနှင့် Tractor Head နှစ်စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၃၀၀၀၀၀၀၀)ကိုလည်းကောင်း၊ စုစုပေါင်းခန့်မှန်းတန်ဖိုးငွေကျပ် ၂၂၂၇၈၀၆၂၀ ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန်လုပ်ထုံးလုပ်နည်းနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။

ဆက်လက်ဖတ်ရှုရန်

Nov 21, 2022

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၊ သတင်းထုတ်ပြန်ရေးအဖွဲ့၏ (၂၁)ကြိမ်မြောက် သတင်းစာရှင်းလင်းပွဲကို နိုဝင်ဘာ ၁၈ ရက် နေ့လယ်ပိုင်းတွင် ပြန်ကြားရေးဝန်ကြီးဌာန၌ ကျင်းပပြုလုပ်ပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၊ သတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်း၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးခင်မောင်ဦး၊ ဌာနဆိုင်ရာမှ ပြောရေးဆိုခွင့်ရှိသူများနှင့် ဌာနဆိုင်ရာသတင်းထုတ်ပြန်ရေးအဖွဲ့ ကိုယ်စားလှယ်များက သတင်းမီဒီယာများ၏ သိရှိလိုသည့် မေးမြန်းမှုများကို ပြန်လည်ဖြေကြားသည်။

ဆက်လက်ဖတ်ရှုရန်