နေပြည်တော် မေ ၂၆
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဒုတိယဗိုလ်ချုပ်ကြီးစိုးထွဋ်သည် မြန်မာနိုင်ငံဆိုင်ရာသီရိလင်္ကာနိုင်ငံ သံအမတ်ကြီး H.E. Mr. J.M.J.P Bandara ကို ယနေ့နံနက် ၁၁နာရီခွဲတွင် နေပြည်တော်ရုံးအမှတ် (၁၀) ပြည်ထဲရေးဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီး၏ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။
တွေ့ဆုံစဉ် ငွေကြေးခဝါချမှု တိုက်ဖျက်ရေးနှင့်အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှုတိုက်ဖျက် ရေးဆိုင်ရာကိစ္စရပ်များ၊ မြန်မာနိုင်ငံနှင့်သီရိလင်္ကာနိုင်ငံတို့သည် BIMSTEC အဖွဲ့ဝင်နိုင်ငံများဖြစ် သည့်အားလျော်စွာ BIMSETC Cyber Security ဆိုင်ရာကိစ္စရပ်များ၊ နိုင်ငံဖြတ်ကျော်မှုခင်းများ တားဆီးနှိမ်နင်းရေးနှင့် ပတ်သက်သည့်သတင်းအချက်အလက်များကို သတင်းဖလှယ်၍ဆောင်ရွက်သွားမည့်ကိစ္စရပ်များနှင့် နှစ်နိုင်ငံအကြားဆက်လက်ပူးပေါင်း ဆောင်ရွက်သွားမည့်ကိစ္စရပ်များအား ရင်းနှီးပွင့်လင်းစွာအမြင်ချင်း ဖလှယ်ဆွေးနွေးခဲ့ကြသည်။
တွေ့ဆုံပွဲသို့မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ ဒုတိယရဲချုပ်(၁) ရဲဗိုလ်ချုပ်အောင်အောင်၊ မှုခင်းနှင့်ဥပဒေရေးရာဌာနကြီး၊ ဌာနကြီးမှူးရဲမှူးချုပ်ကျော်လင်းနှင့် နိုင်ငံဖြတ်ကျော်မှုခင်းဌာနကြီး၊ ဌာနကြီးမှူး ရဲမှူးချုပ်အောင်ဌေးမြင့်တို့ တက်ရောက်ခဲ့ကြသည်။
သတင်းစဉ်