Skip to main content

Dec 01, 2022

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်ထွန်းခိုင်နှင့်အဖွဲ့သည် ယမန်နေ့နံနက်ပိုင်းတွင် မန္တလေးမြို့ရှိ ကလေးပြုစုရေးဌာနသို့ ရောက်ရှိကြပြီး ဌာနမှစောင့်ရှောက်ထားရှိသော ကလေးသူငယ် ၃၃ ဦးအား စောင့်ရှောက်ပေးနေမှုအခြေအနေများကို လှည့်လည်ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ မှာကြားသည်။

ဆက်လက်ဖတ်ရှုရန်

Dec 01, 2022

ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေသည် အခြေခံပညာဦးစီးဌာန တိုင်းဒေသကြီး/ ပြည်နယ်ပညာရေးမှူးများနှင့် တွေ့ဆုံညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၉ နာရီတွင် နေပြည်တော်ပညာရေးဝန်ကြီးဌာန ရုံးအမှတ်(၁၃)ရှိ အခြေခံပညာဦးစီးဌာန အစည်းအဝေးခန်း၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Dec 01, 2022

ပြည်ထောင်စုစာရင်းစစ်ချုပ် ဦးတင်ဦးသည် တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက် ၉ နာရီခွဲတွင် ပဲခူးတိုင်းဒေသကြီး စာရင်းစစ်ချုပ်ရုံးနှင့် ခရိုင်၊ မြို့နယ်စာရင်းစစ်ရုံး တာဝန်ခံအရာထမ်းများနှင့်တွေ့ဆုံ၍ အမှာစကားပြောကြားသည်။

ဆက်လက်ဖတ်ရှုရန်

Dec 01, 2022

စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦးသည် ဂျပန်-မြန်မာ ယဉ်ကျေးမှုမြှင့်တင်ရေးအသင်း၏ ဥက္ကဋ္ဌ Mr. Fumio USUI ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့ကို ယနေ့နံနက် ၉ နာရီတွင် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ(၁)၌ လက်ခံတွေ့ဆုံသည်။

ဆက်လက်ဖတ်ရှုရန်

Dec 01, 2022

ရန်ကုန်မြို့နှင့် မန္တလေးမြို့အတွက် ရည်ညွှန်းလက်ကားဈေးနှုန်းများနှင့် ပြည်ထောင်စုနယ်မြေ နေပြည်တော်၊ တိုင်းဒေသကြီး/ ပြည်နယ် မြို့တော်များအတွက် ရည်ညွှန်းလက်လီဈေးနှုန်းများ

ဆက်လက်ဖတ်ရှုရန်

Dec 01, 2022

(၁၁) ကြိမ်မြောက် မဲခေါင်ဒေသခွဲနယ်စပ်ဖြတ်ကျော် မီးခိုးမြူငွေ့ညစ်ညမ်းမှုလျှော့ချရေးဆိုင်ရာ ဝန်ကြီးများအဆင့်အစည်းအဝေးကို ယနေ့တွင် ထိုင်းနိုင်ငံမှ အိမ်ရှင်အဖြစ်လက်ခံ၍ Online စနစ်ဖြင့် ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Dec 01, 2022

မဲခေါင် - လန်ချန်းပူးပေါင်းဆောင်ရွက်မှုအစီအစဉ်အရ ရှမ်းပြည်နယ် တောင်ကြီးမြို့၌ မဲခေါင်ဒေသလုံခြုံမှုပေါင်းစပ်ညှိနှိုင်းရေးစင်တာ၊ Safe Mekong Coordination Center မဲခေါင်ရိပ်သာဖွင့်ပွဲအခမ်းအနားကို ယမန်နေ့နံနက် ၉ နာရီတွင် ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Dec 01, 2022

သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာန၊ နည်းပညာ၊ သက်မွေးပညာနှင့်လေ့ကျင့်ရေးဦးစီးဌာနရှိ အစိုးရစက်မှုလက်မှုသိပ္ပံ (ထားဝယ်)၊ အစိုးရစက်မှုလက်မှု သိပ္ပံ(တောင်ငူ)နှင့် အစိုးရစက်မှုလက်မှုသိပ္ပံ (သန်လျင်) ဖွင့်ပွဲအခမ်းအနားများကို ယနေ့နံနက် ၉ နာရီတွင် တစ်ပြိုင်တည်းကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Dec 01, 2022

၂၀၂၃ ခုနှစ် (၇၅) နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အထိမ်းအမှတ် လူငယ်နှင့်စာပေအနုပညာပြပွဲအား ကျောင်းသား ကျောင်းသူများ စာအုပ်စာစောင်များကို တန်ဖိုးထားဖတ်ရှုလိုစိတ် ဖြစ်ပေါ်လာစေရန်နှင့် စာပေ၏ အကျိုးကျေးဇူးကိုသိရှိနိုင်စေရန်၊ ရုပ်ရှင်အနုပညာမှတစ်ဆင့် မျိုးချစ်စိတ်ဓာတ်နှင့် အမျိုးဂုဏ်၊ ဇာတိဂုဏ်မြင့်မားစေပြီး လွတ်လပ်ရေးကြိုးပမ်းမှုသမိုင်းကြောင်းများ၊ ကိုလိုနီလက်အောက်ခံဘဝတွင် တွေ့ကြုံခံစားရမှုများကို သိမြင်စေကာ မိမိတို့နိုင်ငံ၏ လွတ်လပ်ရေးကို လေးစားတန်ဖိုးထားတတ်စေရန်၊ ဓာတ်ပုံအနုပညာပြပွဲမှတစ်ဆင့် မြန်မာနိုင်ငံ၏ အေးချမ်းတည်ငြိမ်မှု၊ သာယာလှပမှုနှင့်ဖွံ့ဖြိုးတိုးတက်မှုများ၊ ချစ်စဖွယ်ကျေးလက်ဒေသအလှအပများကို သိရှိခံစားပြီး မိမိတို့၏ တိုင်းဒေသကြီး၊ ပြည်နယ်များအပေါ် မြတ်နိုးတန်ဖိုးထားစိတ်များ ဖြစ်ပေါ်လာစေရန်နှင့်ပြခန်းများ ခင်းကျင်းပြသမှုများမှ တစ်ဆင့် ဝန်ကြီးဌာနအသီးသီးက ဆောင်ရွက်လျက်ရှိသော လုပ်ငန်းများကို အလွယ်တကူသိမြင်နိုင်စေရန်ဟူသည့် ရည်ရွယ်ချက်များဖြင့် နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန-၂(MICC-2 ) ၌ ဒီဇင် ဘာ ၂၆ ရက်မှ ၂၈ ရက်အထိ နံနက် ၉ နာရီခွဲမှ ညနေ ၄ နာရီခွဲ အတွင်း ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

ဆက်လက်ဖတ်ရှုရန်

Dec 01, 2022

၂၀၂၃ ခုနှစ် (၇၅) နှစ်မြောက် စိန်ရတုလွတ်လပ်ရေး နေ့အထိမ်းအမှတ်ပဒေသာကပွဲ ပဉ္စမနေ့ကို ယနေ့ညနေပိုင်းတွင် နေပြည်တော် မြို့တော်ခန်းမရှိ လဟာပြင်ကဇာတ်ရုံ၌ ဆက်လက်ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Dec 01, 2022

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အနေဖြင့် ရေးပေါ်ကာလဆိုင်ရာပြဋ္ဌာန်းချက်များနှင့်အညီ ဆောင်ရွက်ပြီးစီးပါက ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်) နှင့်အညီ လွတ်လပ်ပြီးတရားမျှတသော ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအား ကျင်းပပြုလုပ်ပေးမည်ဖြစ်သည့်အတွက် မဲဆန္ဒရှင်ပြည်သူများလွတ်လပ်ပြီး ဥပဒေနှင့်အညီမဲပေးနိုင်ရန် ကြိုတင်ပြင်ဆင်ဆောင်ရွက်ရမည့်လုပ်ငန်းများကို ဆောင်ရွက်လျက်ရှိရာ မဲဆန္ဒရှင်စာရင်းများ ပြည့်စုံမှန်ကန်ရေးလုပ်ငန်းများကိုလည်း အလေးအနက်ထားဆောင်ရွက်လျက်ရှိသည်။

ဆက်လက်ဖတ်ရှုရန်

Dec 01, 2022

မြန်မာနိုင်ငံတွင် ကိုဗစ်-၁၉ ရောဂါကို သိသိသာသာထိန်းချုပ်လာနိုင်သောကြောင့် မြန်မာနိုင်ငံ၏ ခရီးသွားလုပ်ငန်းများကို ပြန်လည်စတင်နေပြီဖြစ်သည်။ မြန်မာနိုင်ငံသည် ရေမြေသဘာဝနှင့်ယဉ်ကျေးမှုအမွေအနှစ်များ ပေါများကြွယ်ဝလှသဖြင့် နိုင်ငံတကာခရီးသွားဧည့်သည်များ စိတ်ဝင်စားမှုမြင့်မားသည့်နိုင်ငံဖြစ်သည်။ ယခုအခါဂျပန်ခရီးသွားဧည့်သည်များကို ဝန်ဆောင်မှုပေးနေသူများအတွက် အရည်အသွေးမြှင့်တင်ရေး အသိပညာပေးဆွေးနွေးပွဲကို အာဆီယံ-ဂျပန် ဗဟိုဌာနနှင့်ပူးပေါင်း၍ ကျင်းပခဲ့သည်။

ဆက်လက်ဖတ်ရှုရန်

Dec 01, 2022

ယနေ့သည် အိတ်ချ်အိုင်ဗွီဗိုင်းရပ်စ်ကြောင့် ဖြစ်ပွားရသည့် အေအိုင်ဒီအက်စ်ရောဂါကူးစက်ပျံ့နှံ့မှုကို အများပြည်သူတို့ သတိမူနိုင်ကြစေရန် ရည်ရွယ်၍ သတ်မှတ်ထားသည့် “ကမ္ဘာ့ခုခံအားကျဆင်းမှု ကူးစက်ရောဂါတိုက်ဖျက်ရေးနေ့” (World AIDS Day) ဖြစ်သည်။ ထို့အပြင် အိတ်ချ်အိုင်ဗွီ၊ အေအိုင်ဒီအက်စ်ကြောင့် သေဆုံးသွားခဲ့ရသူများကို အမှတ်ရစေရန်နှင့် အေအိုင်ဒီအက်စ်ရောဂါကို ပြည်သူ့ကျန်းမာရေးပြဿနာအဖြစ်မှ လုံးဝပပျောက်သွားစေရေးအတွက် ကြိုးပမ်းရာတွင် ကျန်းမာရေးဝန်ထမ်းများ၊ ကုလသမဂ္ဂအဖွဲ့အစည်းများ၊ လူမှုရေးအသင်းအဖွဲ့များ၊ အိတ်ချ်အိုင်ဗွီပိုးရှိသူများနှင့် ပြည်သူလူထုတစ်ရပ်လုံး နိုးကြားတက်ကြွစွာ ပါဝင်လာကြစေရန်လည်း ရည်ရွယ်သည်။

ဆက်လက်ဖတ်ရှုရန်

Nov 30, 2022

စစ်ကိုင်းတိုင်းဒေသကြီး၊ အင်းတော်မြို့မရဲစခန်းအား PDF အမည်ခံအကြမ်းဖက်သမားများက နိုဝင်ဘာလ ၂၉ ရက်နေ့ ညနေပိုင်းက ၄၀ မမ ဗုံးပစ်လောင်ချာများဖြင့် ရမ်းသမ်းပစ်ခတ်ခဲ့သဖြင့် ၄၀ မမဗုံးသီးများမှာ ရဲစခန်းအနီး လူနေရပ်ကွက်များအတွင်း ကျရောက်ပေါက်ကွဲခဲ့ပြီး အပြစ်မဲ့အရပ်သား ပြည်သူအမျိုးသမီး ၇ ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ဆက်လက်ဖတ်ရှုရန်

Nov 30, 2022

မန္တလေးတိုင်းဒေသကြီး၊ မြို့သာစက်မှုဇုန်ရှိ “De Huse Company”မှ ကုမ္ပဏီဝန်ထမ်းများအား လုပ်အားခလစာပေးထုတ်ပေးရန် YOMA Bank မှ ငွေကျပ်သိန်း ၁၇၆၀ သိန်းကျပ်ထည့်ထားသည့် ATM စက် ၂ လုံးနှင့် မော်တော်ယာဉ်တစ်စီးတို့အား ငါန်းဇွန်မြို့နယ်၊ ထန်းတပင်ကျေးရွာအနီး၌ ယနေ့နံနက်ပိုင်းတွင် PDF အကြမ်းဖက်သမားများက ဓားပြတိုက်လုယက်ယူဆောင်ခဲ့ကြောင်း သိရသည်။

ဆက်လက်ဖတ်ရှုရန်

Nov 30, 2022

ပြည်သူများ၏ လျှပ်စစ်ဓာတ်အားလိုအပ်ချက်ကို ထုတ်လုပ်၊ ဖြန့်ဖြူးဆောင်ရွက်နေသော လျှပ်စစ်စွမ်းအားဝန်ကြီးဌာနမှ ဝန်ထမ်းများ၊ လျှပ်စစ်ဓာတ်အားထုတ်လုပ်ပေးလျက်ရှိသည့် ဓာတ်အားပေးစက်ရုံများနှင့် ဓာတ်အားလိုင်းများအား NUG လက်ဝေခံ PDF အကြမ်းဖက်သောင်း ကျန်းသူများ၏ လုပ်ကြံတိုက်ခိုက်ဖျက်ဆီးမှုများကြောင့် (၂၉-၁၁-၂၀၂၂) ရက်နေ့ညနေပိုင်းတွင် လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်း၊ မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်လျှပ်စစ်ရုံး၌ တာဝန်ထမ်း‌ဆောင်လျက်ရှိသော မြို့နယ်လျှပ်စစ်အင်ဂျင်နီယာသည် နိုင်ငံ့တာဝန်ထမ်းဆောင်ရင်း ကျိုက်ထိုမြို့၌ လုပ်ကြံပစ်ခတ်ခံခဲ့ရသဖြင့် အပြစ်မဲ့နိုင်ငံဝန်ထမ်းတစ်ဦးအသက်ဆုံးရှုံးခဲ့ရခြင်း၊ (၂၈-၁၁-၂၀၂၂) ရက်နေ့တွင် ၂၃၀ ကေဗွီ ညောင်ပင်ကြီး-ချောင်းကူး မဟာဓာတ်အားလိုင်းအား လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့သဖြင့် မြို့(၁၃)မြို့ ဓာတ်အားပြတ်တောက်ခဲ့ခြင်းနှင့် (၂၈-၁၁-၂၀၂၂) ရက်နေ့တွင် မကွေးတိုင်းဒေသကြီး၊ ကျွန်းချောင်းရှိ (၂၀.၅၄)မဂ္ဂါဝပ် သဘာဝဓာတ်ငွေ့သုံးအင်ဂျင် စက်ရုံမှဝန်ထမ်းများအား ခြိမ်းခြောက်ငွေတောင်းခံခဲ့ပြီး ငွေပေးသွင်းခြင်းမရှိပါက အသက်အန္တရာယ်အားခြိမ်းခြောက်ခဲ့သဖြင့် နိုင်ငံခြားသားဝန်ထမ်းများ ထွက်ခွာခဲ့ရကာ ဓာတ်အားပေးစက်ရုံအား ရပ်တန့်ခဲ့ရပြီး ဓာတ်အားထုတ်လုပ်မှု လျော့နည်းခဲ့ရခြင်းစသည့် ဖြစ်စဉ်များ ဖြစ်ပေါ်ခဲ့ရပါသည်။

ဆက်လက်ဖတ်ရှုရန်

Nov 30, 2022

အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီနှင့် နိုင်ငံရေးပါတီများအစုအဖွဲ့၏ အလုပ်အဖွဲ့တို့ တွေ့ဆုံဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုဗဟိုဌာန၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Nov 30, 2022

ကမ္ဘာလုံးဆိုင်ရာ ပြည်သူ့လုံခြုံရေးပူးပေါင်းဆောင်ရွက်မှုဖိုရမ်၏ ပထမအကြိမ်ညီလာခံကို တရုတ်နိုင်ငံက အိမ်ရှင်အဖြစ်ဦးဆောင်၍ ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလ ၂၉ ရက်မှ ၃၀ ရက်အထိ ကျင်းပပြုလုပ်ခဲ့ရာ ညီလာခံပထမနေ့ကို ဒေသစံတော်ချိန် ၁၄:၀၀ နာရီမှ ၁၈:၀၀ နာရီအထိ Video Conferencing ဖြင့် ကျင်းပပြုလုပ်ခဲ့ပါသည်။ ညီလာခံသို့ မြန်မာနိုင်ငံ၊ ပြည်ထဲရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ ရဲချုပ် ဗိုလ်ချုပ် ဇင်မင်းထက် ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့တက်ရောက်ခဲ့ပြီး တရုတ်၊ ကမ္ဘောဒီးယား၊ လာအို၊ ထိုင်း၊ ဗီယက်နမ်၊ ရုရှား၊ ဘီလာရုစ်၊ ဟန်ဂေရီ၊ စပိန်၊ အီဂျစ်၊ ဘရာဇီးလ်၊ အာဂျင်တီးနား၊ ပါကစ္စတန်၊ ကာဂျစ်စတန်၊ ဥဇဘက်ကစ္စတန်၊ နယူးဇီလန်၊ ဆော်လမွန်၊ နိုင်ဂျီးရီးယား၊ အီသီယိုးပီးယားနှင့် အစ္စရေးနိုင်ငံတို့မှ ဒုတိယဝန်ကြီးချုပ်များ၊ ပြည်ထဲရေးဝန်ကြီးများ၊ ဒုတိယဝန်ကြီးများ၊ ရဲချုပ်များ၊ သံအမတ်ကြီးများနှင့် အင်တာပိုလ်ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌတို့အပါအဝင် နိုင်ငံ ၃၈ နိုင်ငံမှ ကိုယ်စားလှယ်စုစုပေါင်း ၄၀၀ ဦး တက်ရောက်ခဲ့ကြပါသည်။

ဆက်လက်ဖတ်ရှုရန်

Nov 30, 2022

တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့နယ်မြေအတွင်း သင်တန်းများတက်ရောက်ခဲ့ပြီး ပြစ်မှုကျူးလွန်ခြင်းမရှိခဲ့သည့် ဥပဒေဘောင်အတွင်းဝင်ရောက်လာသော PDF အဖွဲ့ဝင်များအား ပြန်လည်ကြိုဆိုလက်ခံ၍ ၎င်း၏ မိဘအုပ်ထိန်းသူများထံသို့ လွှဲပြောင်းပေးအပ်လျက်ရှိသည်။

ဆက်လက်ဖတ်ရှုရန်

Nov 30, 2022

ကရင်ပြည်နယ်အတွင်းရှိ ဖလူး၊ ကျောက်ခက်၊ သေဘောဘိုး၊ ဝေါလေဒေသတစ်ဝိုက်နှင့် မြဝတီ-ဝေါလေကား လမ်းတစ်လျှောက်တို့အား KNU၊ KNLA မှ အကြမ်းဖက်မှုကိုလိုလားသောအဖွဲ့နှင့် PDF အမည်ခံအကြမ်းဖက်သမားများက ၂၀၂၂ မေလမှစတင်ထိန်းချုပ်၍ အဆိုပါဒေသတစ်ဝိုက်ရှိ လူနေအိမ်များ၊ ဘာသာရေးဆိုင်ရာအဆောက်အဦများ၊ စာသင်ကျောင်းများအတွင်း ဝင်ရောက်နေထိုင်ကာ အဖျက်အမှောင့် လုပ်ငန်းများလုပ်ဆောင်လျက်ရှိသဖြင့် ဒေသခံပြည်သူများအနေဖြင့် ဘေးလွတ်ရာနေရာများသို့ ထွက်ပြေးတိမ်းရှောင်လျက်ရှိသည်။

ဆက်လက်ဖတ်ရှုရန်