Skip to main content

ဒုတိယဝန်ကြီး ဒေါက်တာဝါဝါမောင် ရုရှား-မြန်မာ ချစ်ကြည်ရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးအသင်း ဒုတိယဥက္ကဋ္ဌ ဦးဆောင်သည့် စီးပွားရေးကိုယ်စားလှယ်အဖွဲ့အား လက်ခံတွေ့ဆုံ

နေပြည်တော် ဇူလိုင် ၁၂

ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေး ဝန်ကြီးဌာနဒုတိယဝန်ကြီး ဒေါက်တာဝါဝါမောင်သည် ရုရှား-မြန်မာချစ်ကြည်ရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးအသင်း ဒုတိယဥက္ကဋ္ဌမစ္စတာ ဗစ်တလေဆိုလိုနတ်စကီဦးဆောင်သော စီးပွားရေးကိုယ်စားလှယ်အဖွဲ့အား ယနေ့နံနက် ၁၀ နာရီ တွင် နေပြည်တော်ရှိ အဆိုပါဝန်ကြီးဌာန၌ လက်ခံတွေ့ဆုံသည်။

ဆွေးနွေး

တွေ့ဆုံစဉ် မြန်မာနိုင်ငံ၏သတင်းအချက်အလက် နည်းပညာ၊ ဆိုက်ဘာလုံခြုံရေးနှင့် ဘဏ်လုပ်ငန်းဝန်ဆောင်မှုဆိုင်ရာ နည်းပညာကဏ္ဍများတွင် ရုရှားကုမ္ပဏီများလာရောက်ရင်းနှီး မြှုပ်နှံရေးနှင့်နှစ်နိုင်ငံအကြား နည်းပညာဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်ဆောင်ရွက်ရေးတို့နှင့်စပ်လျဉ်း၍ အမြင် ချင်းဖလှယ်ဆွေးနွေးကြသည်။

အဆိုပါ တွေ့ဆုံပွဲသို့ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေး ဝန်ကြီးဌာနမှအဆင့်မြင့်အရာရှိကြီးများ တက်ရောက်ကြသည်။

 သတင်းစဉ်