Feb 01, 2023
အကြမ်းဖက်အုပ်စုအဖြစ်ကြေညာထားသော CRPH၊ NUG နှင့် ယင်းတို့၏ လက်အောက်ခံ အဖွဲ့အစည်းများ၊ ယင်းတို့နှင့်ဆက်နွှယ်နေသော အဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များသည် နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေရန်နှင့် ပြည်သူလူထုကို အကြောက်တရားများဖြစ်ပေါ်စေပြီး အစိုးရယန္တရားများပျက်ပြားစေရန် ရည်ရွယ်လျက် လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်း၊ ခြိမ်းခြောက်ခြင်းများကို လူမှုကွန်ရက်များမှတစ်ဆင့် နည်းမျိုးစုံဖြင့် ပြုလုပ်လျက်ရှိပါသည်။
Feb 01, 2023
ကျန်းမာရေးဝန်ကြီးဌာနသည် COVID-19 သံသယလူနာများ၊ ဓာတ်ခွဲအတည်ပြုလူနာနှင့် အနီးကပ်ထိတွေ့ခဲ့သူများနှင့် အသွားအလာကန့်သတ်ထားရှိသူများအား COVID-19 ရောဂါ ရှိ၊ မရှိ ဓာတ်ခွဲစစ်ဆေးခြင်း ပုံမှန်ဆောင်ရွက်လျက်ရှိပြီး (၃၁-၁-၂၀၂၃) ရက်နေ့၊ ည (၈:၀၀) နာရီမှ (၁-၂-၂၀၂၃) ရက်နေ့၊ ည (၈:၀၀) နာရီအတွင်း ဓာတ်ခွဲနမူနာစုစုပေါင်း (၃,၄၀၉) ခုအား စစ်ဆေးပြီးစီးခဲ့ရာ COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြုလူနာသစ် (၁၃) ဦး တွေ့ရှိရသဖြင့် ရောဂါပိုးတွေ့ရှိမှု ရာခိုင်နှုန်း မှာ (၀.၃၈) ရာခိုင်နှုန်းရှိပါသည်။
Feb 01, 2023
ဧရာဝတီတိုင်းဒေသကြီး ဧရာဝတီမြစ်ကြောင်းတစ်လျှောက်ရှိ မြစ်ဝကျွန်းပေါ်ကျေးရွာများမှ ဒေသခံပြည်သူများကို ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးရန်ရောက်ရှိနေသော တပ်မတော်နယ်လှည့်အထူးကုဆေးအဖွဲ့မှ ပါရဂူများ၊ ဆေးမှူးများနှင့် သူနာပြုများပါဝင်သော တပ်မတော်မြစ်တွင်းသွားဆေးရုံ ရေယာဉ်(ရွှေပုဇွန်)နှင့် မြစ်ရေ ယာဉ်(စကု)တို့သည် ယနေ့တွင် လပွတ္တာမြို့နယ်အတွင်းရှိ ကျေးရွာများမှ ဒေသခံပြည်သူ ၁၇၉၈ ဦးကို ယင်းမြို့ရှိ ဦးဟိုက်ပင့်တံတားဆိပ်ကမ်း၌အခြေပြု၍ ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများဆက်လက်ဆောင်ရွက်သည်။
Feb 01, 2023
အကြမ်းဖက်မှုပပျောက်ရေးအတွက် ပြည်သူသို့အသိပေးနှိုးဆော်ချက်
Feb 01, 2023
ကိုဗစ်-၁၉ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများတွင်အဓိကကျသည့် ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးထိုးခြင်းလုပ်ငန်းများကို တပ်မတော်သားဆရာဝန်များ၊ ကျန်းမာရေးဝန်ထမ်းများ၊ လူမှုရေးအသင်းအဖွဲ့များပူးပေါင်း၍ နိုင်ငံတစ်ဝန်းတွင် အင်တိုက်အားတိုက်ဆောင်ရွက်ပေးလျက်ရှိရာ ၎င်းလုပ်ငန်းများတွင် အထောက်အကူဖြစ်စေရန်အတွက် ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးများကို သတ်မှတ်အအေးလမ်းကြောင်း စံချိန်စံညွှန်းများအတိုင်း တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးသို့ တပ်မတော်လေယာဉ်များ၊ ရဟတ်ယာဉ် များ၊Cold Chain Delivery Logistics မော်တော်ယာဉ်ကြီးများဖြင့် ပို့ဆောင်ဖြန့်ဖြူးပေးလျက်ရှိသည်။
Feb 01, 2023
လူမှုရေးစီမံခန့်ခွဲမှုဆိုင်ရာ သတင်းအချက်အလက်စနစ် (Social Management Information System-SMIS) ၏ CMIS Software စမ်းသပ်အသုံးပြုခြင်းသင်တန်း ဒုတိယအကြိမ်ဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက် ၁၀ နာရီက နေပြည်တော်မင်္ဂလာသီရိဟိုတယ်၌ ကျင်းပသည်။
Feb 01, 2023
လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ဇေယျသည် ဇန်နဝါရီ ၂၈ ရက် နံနက်ပိုင်းက ပြည်ထောင်စုနယ်မြေ (နေပြည်တော်)ရှိ လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်းမှ ၃၃ ကေဗွီ ခွဲရုံအမှတ် ၂ တွင် ထိန်းသိမ်းပြုပြင်ရေးလုပ်ငန်း ဆောင်ရွက်နေမှုများကို ကြည့်ရှုစစ်ဆေးခဲ့ပြီး ပြည်သူများအတွက် တည်ငြိမ်၍အရည်အသွေးပြည့်ဝသော လျှပ်စစ်ဓာတ်အားများ ဖြန့်ဖြူးပေးနိုင်ရေးအတွက် ဓာတ်အားလိုင်းအပြစ်နှင့် ဓာတ်အားလေလွင့် ပျောက်ဆုံးမှုများလျော့နည်းကျဆင်းရေး အစဉ်တစိုက်ဆောင်ရွက်ကြရန် မှာကြားသည်။
Feb 01, 2023
စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမျိုးမြင့်ဦးသည် ရုရှား - မြန်မာချစ်ကြည်ရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးအသင်း ဒုတိယဥက္ကဋ္ဌ မစ္စတာအန်နာသိုလီဘူးလော့ချ်နိကော့ ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့ကို ယနေ့နံနက်ပိုင်းတွင် စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးရုံး ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။
Feb 01, 2023
ပြည်ထောင်စုရာထူးဝန်အဖွဲ့က ကြော်ငြာစာအမှတ် (၅/၂၀၂၂) ဖြင့် ဝန်ကြီးဌာနနှင့် အဖွဲ့အစည်း ၂၈ ခုမှ ပြန်တမ်းဝင်အရာရှိအဆင့် စတင်ခန့်လစ်လပ်ရာထူး ၁၀၉၁ နေရာအတွက် ရေးဖြေစာမေးပွဲ အမှတ်စဉ်(၂/၂၀၂၂) ကို ၂၀၂၂ ခုနှစ် နိုဝင်ဘာ ၁၂ ရက်နှင့် ၁၃ ရက်တို့တွင် စာစစ်ဌာနငါးခု၌ ကျင်းပခဲ့သည်။
Feb 01, 2023
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးလှမိုးသည် ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ယနေ့ညနေပိုင်းတွင် နေပြည်တော် လယ်ဝေးမြို့နယ် မဒန်းရေလွှဲဆည်နှင့် ဆည်ရေသောက်စနစ်တည်ဆောက်ရေးလုပ်ငန်းခွင်ကို ကွင်းဆင်းကြည့်ရှုစစ်ဆေးရာ ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဗိုလ်ဗိုလ်ကျော်နှင့် တာဝန်ရှိသူများက ဆည်ရေပေးဝေမှု၊ ရေသောက်စနစ်နှင့် အကျိုးပြုဧရိယာများနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြကြသည်။
Feb 01, 2023
ရန်ကုန်မြို့နှင့် မန္တလေးမြို့အတွက် ရည်ညွှန်းလက်ကားဈေးနှုန်းများနှင့် ပြည်ထောင်စုနယ်မြေ နေပြည်တော်၊ တိုင်းဒေသကြီး/ ပြည်နယ် မြို့တော်များအတွက် ရည်ညွှန်းလက်လီဈေးနှုန်းများ
Feb 01, 2023
ကိုဗစ်-၁၉ရောဂါပိုးကူးစက်ပျံ့နှံ့မှုကို ဆက်လက်ထိန်းချုပ်ဆောင်ရွက်ရန်လိုအပ်ပါသဖြင့် ပြည်ထောင်စုအဆင့်အဖွဲ့အစည်းများ၊ ပြည်ထောင်စုဝန်ကြီးဌာနများမှ ကိုဗစ်-၁၉ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ တားဆီးရေးအတွက် ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ ၃၁ ရက်နေ့အထိ ထုတ်ပြန်ထားသော ပြည်သူသို့ ပန်ကြားချက်၊ အမိန့်၊ အမိန့်ကြော်ငြာစာ၊ ညွှန်ကြားချက်များ (ဖြေလျှော့ပေးမည့်ကိစ္စရပ်များမပါ)အား ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၈ ရက်နေ့အထိ ရက်တိုးမြှင့်သတ်မှတ်ဆောင်ရွက်ထားပါကြောင်း အသိပေးကြေညာအပ်ပါသည်။
Feb 01, 2023
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က အမိန့်ကြော်ငြာစာအမှတ် (၁၀/၂၀၂၃) ဖြင့် “နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းနည်းဥပဒေများ” ကို ၁၃၈၄ ခုနှစ် တပို့တွဲလဆန်း ၁၁ ရက်၊ ၂၀၂၃ ခုနှစ် ဇန်နဝါရီလ ၃၁ ရက် ရက်စွဲဖြင့် ထုတ်ပြန်ကြေညာလိုက်သည်။ အဆိုပါ နည်းဥပဒေများကို နေ့စဉ်ထုတ်သတင်းစာများတွင် အချပ်ပိုအဖြစ် ထည့်သွင်းဖော်ပြထားပြီး ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရုံး Website ဖြစ်သည့် www.uec.gov.mm တွင် Download ပြုလုပ်၍ ရယူနိုင်ကြောင်း သတင်းရရှိသည်။
Feb 01, 2023
နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်း နည်းဥပဒေများ
Feb 01, 2023
နေပြည်တော်စည်ပင်သာယာရေးဥပဒေကို ပြင်ဆင်သည့်ဥပဒေပြဋ္ဌာန်း
Feb 01, 2023
နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် ပြည်သူများ၏ ပညာရည်ဖွံ့ဖြိုးတိုးတက်မှုသည် အရေးကြီးသည်။ မြန်မာနိုင်ငံရှိပြည်သူများ ပညာရည်ဖွံ့ဖြိုးတိုးတက်ရန်အတွက် လိုအပ်ချက်များရှိနေသည်ကို ကိန်းဂဏန်းအချက်အလက်များအရ သိရသည်။ အသက်(၂၅)နှစ်ကျော်ပြီးဖြစ်သည့် ပြည်သူအများစု၏ ပညာအရည်အချင်းမှာ အလယ်တန်းအဆင့်အောက်၌ ရှိနေသည်ဟုသိရသည်။ ထို့ကြောင့် ပြည်သူများ၏ ပညာသင်ကြားမှုအခွင့်အလမ်းများကို မြှင့်တင်ဖော်ဆောင်ကြရမည်ဖြစ်သည်။ ပညာရေးအဆင့်ကူးပြောင်းမှုများ၊ ပြုပြင်ပြောင်းလဲမှုများဆောင်ရွက်ရမည်ဖြစ်သည်။
Feb 01, 2023
၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲ မဲမသမာမှုများမှသည် နိုင်ငံတော်အာဏာကို အဓမ္မနည်းဖြင့်ရယူရန် ကြိုးပမ်းခဲ့မှုများဖြစ်ပေါ်ခဲ့ကာ နိုင်ငံတစ်ဝန်းလုံး အရေးပေါ်အခြေအနေကြေညာခဲ့ရပြီးနောက် နှစ်နှစ်တင်းတင်း ပြည့်သည့်ကာလသို့ ရောက်သည်အထိ မိမိတို့နိုင်ငံ၏အခြေအနေမှာ ပုံမှန်အနေအထားသို့ ပြန်လည်မရောက်ရှိသေးသည်မှာ လူတိုင်းသိရှိသော အကြောင်းအရာတစ်ရပ်ပင်ဖြစ်သည်။ အထူးသဖြင့် နိုင်ငံတော်ကို အလုံးစုံပျက်သုဉ်းစေလိုသည့် အကြမ်းဖက်အုပ်စုများနှင့် ၎င်းတို့ကို ထောက်ပံ့ပေးနေသည့် အနောက်အုပ်စုနိုင်ငံအချို့တို့ကြောင့် ပြည်တွင်း၌ အကြမ်းဖက်သတ်ဖြတ်မှုများနှင့် အဖျက်လုပ်ငန်းများဖြစ်ပေါ်နေဆဲ တစ်နည်းအားဖြင့် သာမန်မဟုတ်သောအခြေအနေတွင် ရှိနေဆဲဖြစ်သည်။
Jan 31, 2023
CRPH နှင့် NUG အမည်ခံအကြမ်းဖက်အဖွဲ့များသည် အလုံးစုံပျက်သုဉ်းရေးဦးတည်ချက်များဖြင့် PDF အမည်ခံအကြမ်းဖက်အဖွဲ့ကိုဖွဲ့စည်း၍ အချို့သောဒေသများတွင် အေးချမ်းစွာနေထိုင်ကြသောပြည်သူများအား အကြောင်းပြချက်မျိုးစုံဖြင့် စွပ်စွဲသတ်ဖြတ်ခြင်း၊ နိုင်ငံပိုင်အဆောက်အဦများ၊ အများပြည်သူနှင့်သက်ဆိုင်သော ဆေးရုံများ၊ ကျောင်းများ၊ နေအိမ်များ၊ ကျေးရွာများ၊ ဈေးများ၊ နိုင်ငံပိုင်ဘဏ်များ၊ ပုဂ္ဂလိကပိုင်ဘဏ်များနှင့် ဌာနဆိုင်ရာရုံးများအား မီးရှို့ဖျက်ဆီးခြင်းနှင့် ပစ္စည်းများအားလုယက်ခြင်း စသည့် အဖျက်အမှောင့်လုပ်ရပ်များကို ကျူးလွန်လျက်ရှိသည်။
Jan 31, 2023
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် စီမံခန့်ခွဲရေးကော်မတီအစည်းအဝေးကို ယနေ့နံနက် ၉ နာရီတွင် နေပြည်တော်ရှိ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရုံး အစည်းအဝေးခန်းမ၌ကျင်းပရာ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးသိန်းစိုးနှင့် ကော်မရှင်အဖွဲ့ဝင်များ စုံညီစွာတက်ရောက်ကြသည်။
Jan 31, 2023
ပြည်ထောင်စုနယ်မြေ နေပြည်တော် ဒက္ခိဏသီရိမြို့နယ်ရှိ မာရဝိဇယဗုဒ္ဓဥယျာဉ်တော်အတွင်း တည်ထားကိုးကွယ်ရန်ဆောင်ရွက်လျက်ရှိသည့် မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား ရတနာပလ္လင်တော်ထက်သို့ စတင်ပင့်ဆောင်ပူဇော်ခြင်း မဟာမင်္ဂလာအခမ်းအနားကို ဇန်နဝါရီ ၂၆ ရက် နံနက်ပိုင်းတွင်