Feb 04, 2023
ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန၏ (၁၂)ကြိမ်မြောက် မြန်မာ့ရိုးရာ ထမနဲထိုးပြိုင်ပွဲကို နေပြည်တော် ဓနသိဒ္ဓိရပ်ကွက် ဧက ၁၀၀၀ ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန ဝန်ထမ်းအိမ်ရာ၌ ယနေ့ညနေပိုင်းက ကျင်းပရာ ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန(ရုံးချုပ်)နှင့် ပြည်ထောင်စုနယ်မြေ(နေပြည်တော်) ဦးစီးမှူးရုံးတို့မှ ဝန်ထမ်းမိသားစု အသင်းပေါင်း ခုနစ်သင်း ပါဝင်ယှဉ်ပြိုင်ကြသည်။
Feb 04, 2023
ပညာရေးဝန်ကြီးဌာန မြန်မာ့ရိုးရာ စုပေါင်းထမနဲထိုးပြိုင်ပွဲကို ယနေ့မွန်းလွဲပိုင်းတွင် ပညာရေးဝန်ကြီးဌာန ရုံးအမှတ်(၁၃)၌ ကျင်းပရာ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေ၊ ဒုတိယဝန်ကြီး ဒေါက်တာဇော်မြင့်၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယ အမြဲတမ်းအတွင်းဝန်များ၊ ဌာန အကြီးအကဲများ၊ အရာထမ်း၊ အမှု ထမ်းများ စုံညီစွာတက်ရောက်ကြပြီး ပျော်ရွှင်စွာ ပါဝင်ဆင်နွှဲကြသည်။
Feb 04, 2023
သီရိလင်္ကာဒီမိုကရက်တစ်သမ္မတနိုင်ငံ၏ (၇၅)နှစ်မြောက် အမျိုးသားနေ့အထိမ်းအမှတ် ဧည့်ခံပွဲ အခမ်းအနားကို ယနေ့ ညနေ ၆ နာရီတွင် ရန်ကုန်မြို့ Pan Pacific Hotel ၌ကျင်းပသည်။
Feb 04, 2023
မြေပြင်ကွင်းဆင်း စာရင်းကောက်ယူရေးကြီးကြပ်မှု ဗဟိုကော်မတီ လုပ်ငန်းညှိနှိုင်းအစည်း အဝေး(၁/၂၀၂၃)ကို ယနေ့နံနက် ၉ နာရီခွဲတွင် နေပြည်တော်ရှိ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။
Feb 04, 2023
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ
သတင်းထုတ်ပြန်ချက်
မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင်အဖွဲ့ဝင်များ ရွှေသံလွင်ဘိုးဘွားရိပ်သာအား ကြည့်ရှုစစ်ဆေး
Feb 04, 2023
မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင် အဖွဲ့ဝင် ဦးကျော်စိုးနှင့် ဒေါက်တာသန်းမြင့်တို့ ဦးဆောင်သောအဖွဲ့သည် ယနေ့တွင် ရန်ကုန်တိုင်း ဒေသကြီးဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်ရှိ ရွှေသံလွင် ဘိုးဘွားရိပ်သာကို သွားရောက်ကြည့်ရှု စစ်ဆေးသည်။
Feb 04, 2023
တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်သည် ယနေ့မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီးရုံး အစည်းအဝေးခန်းမ၌ ဝန်ထမ်းများနှင့် တွေ့ဆုံသည်။
Feb 04, 2023
ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ဝန်ထမ်းများ၏ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်စေရေးနှင့် ဝန်ထမ်းစွမ်းဆောင် ရည်မြှင့်တင်ရေးအတွက် ပြည်ပတွင် ကျင်းပပြုလုပ်ခဲ့သည့် ကာလတို၊ ကာလရှည်သင်တန်းများ၊ အလုပ်ရုံဆွေးနွေးပွဲများ၊ Seminar များ၊ အစည်းအဝေးပွဲများသို့ တက်ရောက်စေလွှတ်ခဲ့ရာ အဆိုပါဝန်ထမ်းများက ၎င်းတို့တွေ့ကြုံခဲ့ရသော အသိပညာ၊ ဗဟုသုတနှင့် နိုင်ငံခြားပညာသင်များက လေ့လာသင်ယူခဲ့ရသော ဘာသာရပ်များကို မိမိတို့ဝန်ကြီးဌာနရှိ ဝန်ထမ်းများအား ပြန်လည်မျှဝေသည့် ဆွေးနွေးပွဲ (Knowledge Sharing Programme - KSP) ကို ယနေ့မွန်းလွဲပိုင်း တွင် ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ရုံးအမှတ် (၁) ၌ ကျင်းပသည်။
Feb 04, 2023
ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းသည် ယနေ့မွန်းလွဲပိုင်းတွင် ရန်ကုန်မြို့ ဗိုလ်တထောင်မြို့နယ်ရှိရွှေသံလွင် မီဒီယာကုမ္ပဏီလီမိတက် SKYNET ရုံးချုပ်တွင် Myanmar International Radio နှင့် SKYNet TV အစီအစဉ်ထုတ်လွှင့်ရေးလုပ်ငန်းများ ဆောင်ရွက်နေမှုကို ကြည့်ရှုအားပေးသည်။
Feb 04, 2023
တိုင်းဒေသကြီးနှင့် ပြည်နယ်အဆင့် မဲဆန္ဒရှင်စာရင်းများ စီမံခန့်ခွဲမှုစနစ်(Software) အသုံးပြုနည်း သင်တန်းဆင်းပွဲကို ယနေ့မွန်းလွဲ ၃ နာရီခွဲတွင် အမှတ်(၃)စစ်ကြောရေးနှင့် တည်းခိုရေးတပ် (ရွာတော်) ဆင်ဖြူရှင်ခန်းမ၌ ကျင်းပသည်။
Feb 04, 2023
ရှမ်းပြည်နယ်အစိုးရအဖွဲ့က ကြီးမှူးကျင်းပသော (၁၅)ကြိမ်မြောက် မြန်မာ့ရိုးရာစုပေါင်း ထမနဲထိုးပြိုင်ပွဲကို ယနေ့ မွန်းလွဲ ၂ နာရီတွင် တောင်ကြီးမြို့ အဝေရာကုန်းသာယာ မီးပုံးပျံကွင်း၌ကျင်းပရာ နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီဝင် ဒေါက်တာကျော်ထွန်း တက်ရောက်ကြည့်ရှုအားပေးသည်။
Feb 04, 2023
လူသားအချင်းချင်း စာနာထောက်ထားမှုဖြင့် စောင့်ရှောက်ကူညီခြင်းအမှုကို ပြုကြရသည်။ ဒုက္ခအခက်အခဲကြုံလာသည့်အခိုက်၌ ကူညီစောင့်ရှောက်ခြင်းသည် မေတ္တာတရားကြီးမားပေသည်။ မိမိနိုင်ငံသားအချင်းချင်း ပစ်ပယ်ခြင်းမပြုဘဲ အကူအညီလိုအပ်သည့်အချိန်တွင် မဆိုင်းမတွ ဆောင်ကြဉ်းပေးခြင်းသည် မင်္ဂလာတရားနှင့် ညီညွတ်ပေသည်။ ဝမ်းမြောက်ဝမ်းသာ ကြိုဆိုရပေမည်။
Feb 04, 2023
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီနှင့် ပြည်ထောင်စုအစိုးရ အဖွဲ့တို့ကို ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် ပြင်ဆင်ဖွဲ့စည်းလိုက် ပြီးနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ရှေ့လုပ်ငန်း စဉ်များနှင့် ဦးတည်ချက်များတွင်လည်း ပြောင်းလဲမှုများ ဖြစ်ပေါ်လာသည်။ အဆိုပါ အပြောင်း အလဲများအားလုံးသည် နိုင်ငံအတွင်း ဖြစ်ပေါ်နေသည့် ပကတိအခြေအနေများနှင့်အညီ နိုင်ငံတော်နှင့် ပြည်သူလူထုအားလုံး၏ အကျိုးစီးပွားကို ဦးထိပ်ထား၍ ချမှတ်ထားခြင်းဖြစ်ပြီး အန္တိမရည်မှန်းချက်ဖြစ်သော လွတ်လပ်ပြီး တရားမျှတသော ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ ပြန်လည်ကျင်းပ၍ အနိုင်ရသည့် ပါတီအား ဒီမိုကရေစီစံနှုန်းများနှင့်အညီ နိုင်ငံတော်တာဝန်ကို ပြန်လည်လွှဲအပ်ရန်အတွက်ကိုမူ အပြောင်းအလဲမရှိ မပျက်မကွက် ချမှတ်ထားသည်ကို တွေ့ရှိနိုင်သည်။
Feb 03, 2023
အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ၏ ဦးတည်ချက် (၄) ရပ်
Feb 03, 2023
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဦးတည်ချက်(၁၂)ရပ်
Feb 03, 2023
ဧရာဝတီတိုင်းဒေသကြီး၊ ဧရာဝတီမြစ်ကြောင်းတစ်လျှောက်ရှိ မြစ်ဝကျွန်းပေါ် ကျေးရွာများမှ ဒေသခံပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးရန် ရောက်ရှိနေသော တပ်မတော်နယ်လှည့်အထူးကုဆေးအဖွဲ့မှ ပါရဂူများ၊ ဆေးမှူးများနှင့် သူနာပြုများပါဝင်သော တပ်မတော်မြစ်တွင်းသွား ဆေးရုံရေယာဉ်(ရွှေပုဇွန်)နှင့် မြစ်ရေယာဉ်(စကု)တို့သည့် ယနေ့တွင် မော်လမြိုင်ကျွန်း မြို့နယ်၊ လှိုင်းဘုန်းကျေးရွာအုပ်စု၊ ရွာသစ်ကျေးရွာနှင့် ပတ်ဝန်းကျင်ကျေးရွာများမှ ဒေသခံပြည်သူ ၄၈၇ ဦးအား ၎င်းကျေးရွာရှိ သီရိမင်္ဂလာကျောင်းတိုက်၌ အခြေပြု၍ ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများ ဆက်လက်ဆောင်ရွက်ပေးသည်။
Feb 03, 2023
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်သည့် (၇) ရက် သား၊ သမီး၊ ဘုရားဒါယကာ၊ ဒါယိကာမတို့က မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား မြန်မာနိုင်ငံတွင် ထေရဝါဒဗုဒ္ဓ သာသနာတော် ထွန်းလင်းတောက်ပလျက်ရှိသည်ကို ကမ္ဘာကို ပြသရန်၊
Feb 03, 2023
ကရင်ပြည်နယ်၊ လှိုင်းဘွဲမြို့နယ်၊ ရွှေဂွန်းကျေးရွာအတွင်းသို့ KNLA အဖွဲ့နှင့် PDF အမည်ခံ အကြမ်းဖက်သမားများ၏ Drone အသုံးပြု၍ Drop Bomb များဖြင့် ပစ်ချတိုက်ခိုက်ခဲ့မှုကြောင့် လုံခြုံရေးတပ်ဖွဲ့ဝင် ၂ ဦးနှင့် ဒေသခံပြည်သူ ၂ ဦးတို့ ဒဏ်ရာ ရရှိခဲ့ပြီး ဒေသခံပြည်သူ ၂ ဦး သေဆုံးခဲ့သည်။