Skip to main content

ဒဂုံမြို့သစ်(အရှေ့ပိုင်း)နှင့် ဒဂုံမြို့သစ်(မြောက်ပိုင်း) မြို့နယ်တို့ကို ရေဖူလုံစွာပေးဝေနိုင်ရေး လုပ်ငန်းများဆောင်ရွက်

ရန်ကုန်  နိုဝင်ဘာ  

ရန်ကုန်တိုင်းဒေသကြီး၊ စည်ပင်သာယာရေးဝန်ကြီး ရန်ကုန်မြို့တော်ဝန် ဦးဗိုလ်ဌေး သည် ယနေ့ နံနက် နာရီတွင် ဒဂုံမြို့သစ် (အရှေ့ပိုင်း)မြို့နယ်၊ ဒဂုံတက္ကသိုလ်အနီး၊ (၁၃၁)ရပ်ကွက်၊ ရေသန့်လမ်းရှိ ရန်ကုန်မြို့တော် ရေပေးဝေရေးဇုန် () ရေစုကန်နှင့် ရေတွန်းစက်ရုံသို့ ရောက်ရှိစစ်ဆေးသည်။

ထိုသို့စစ်ဆေးစဉ် တာဝန်ရှိသူများက  စက်ရုံတည်ဆောက်ထားရှိမှု၊ ဒဂုံမြို့သစ် (အရှေ့ပိုင်း) မြို့နယ်နှင့် ဒဂုံမြို့သစ် (မြောက်ပိုင်း) မြို့နယ်များအတွင်း လက်ရှိ ရေပေးဝေနေမှုနှင့် လဂွန်းပြင်ရေပေးဝေရေးစီမံကိန်းမှ တိုးချဲ့ပေးဝေရန်ပင်မ ရေပို့ပိုက်လိုင်း တပ်ဆင်ပြီးစီးမှု၊ District Metering Area(DMA) သို့ရေပို့ပိုက်လိုင်းများ သွယ်တန်းရန် တပ်ဆင်ထားရှိမှု၊ ပိုက်ဆက်များ ပြုလုပ်တပ်ဆင်နေမှုနှင့် စီမံကိန်းလုပ်ငန်း ရည်မှန်းချက်များ ရှင်းလင်းတင်ပြပြီး မြို့တော်ဝန်က လုပ်ငန်းလိုအပ်ချက်များကို မှာကြား ဖြည့်ဆည်း ဆောင်ရွက်ပေးသည်။

ထို့နောက် မြို့တော်ဝန်နှင့်တာဝန်ရှိသူများသည် ရေစုကန်နှင့်ရေတွန်းစက်ရုံအတွင်း မိနစ် ၄၄ ကုဗမီတာ၊ ကီလိုဝပ် ၆၀၀ ရေတွန်းစက်()လုံးနှင့်  မိနစ် ၂၁ ကုဗမီတာ၊ ကီလိုဝပ် ၃၀၀ ရေတွန်းစက်()လုံး တပ်ဆင်ထားရှိမှု၊ ရေဂါလံ ဒဿမ သန်းဆန့် ရေစုကန် တည်ဆောက်ထားရှိမှုနှင့် ရေပေးဝေရန် ဆောင်ရွက်ထားရှိမှု အခြေအနေများကို လိုက်လံကြည့်ရှု စစ်ဆေးပြီး လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက်ပေးသည်။

ဆက်လက်၍ မြို့တော်ဝန်နှင့်အဖွဲ့သည် ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၊ ပြည်ထောင်စုလမ်း တစ်လျှောက်  710 HDPE ရေပိုက်လိုင်းသွယ်တန်းနေမှု လုပ်ငန်းခွင်ကို ကြည့်ရှုစစ်ဆေးပြီး လုပ်ငန်းခွင် အန္တရာယ်ကင်းရှင်းရေးနှင့် သတ်မှတ်ကာလအတွင်း စံချိနိစံညွှန်းမီ ပြီးစီးအောင် ဆောင်ရွက်ရေးတို့ကို မှာကြားပြီး လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

(သတင်းစဉ်)