Skip to main content

ပြည်ထောင်စုဝန်ကြီး ဦးကိုကို မြောက်ဦးဒေသအမျိုးသားအဆင့် ပူးပေါင်းဆောင်ရွက်ရေးကော်မတီ (MRAUK-U COM) ဒုတိယအကြိမ်ညှိနှိုင်းအစည်းအဝေးနှင့် ထေရဝါဒ ဗုဒ္ဓသာသနာပြု ဩဝါဒါစရိယအဖွဲ့ ဆရာတော်များထံမှ ဩဝါဒခံယူပွဲသို့ တက်ရောက်

ရန်ကုန် နိုဝင်ဘာ

မြောက်ဦးယဉ်ကျေးမှုအမွေအနှစ်ဒေသ ကမ္ဘာ့အမွေအနှစ်စာရင်း တင်သွင်းရေးအတွက် မြောက်ဦးဒေသအမျိုးသားအဆင့် ပူးပေါင်းဆောင်ရွက်ရေးကော်မတီ (MRAUK-U COM) ဒုတိယ အကြိမ် ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် နာရီတွင် ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန၊ အမျိုးသားပြတိုက် (ရန်ကုန်) အစည်းအဝေးခန်းမ၌ ကျင်းပသည်။

အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီး ဦးကိုကိုက မြောက်ဦးယဉ်ကျေးမှုအမွေ အနှစ်ဒေသသည် ရခိုင်ပြည်နယ်တွင် တည်ရှိပြီး ထူးခြားပြောင် မြောက်သည့် အနုပညာဗိသုကာ လက်ရာများနှင့် ပြည့်စုံသည့်အပြင် ရခိုင်တိုင်းရင်းသား လူ့အဖွဲ့အစည်း တစ်ရပ်လုံး၏ ဘိုးဘွားစဉ်ဆက် လက်ဆင့်ကမ်းခဲ့သော လူမှုစီးပွားဘဝ၊ ယဉ်ကျေးမှု၊ ဘာသာရေး၊ နိုင်ငံရေး၊ အနုပညာဆိုင်ရာနှင့် စိတ်ဓာတ်တို့ကို ထင်ဟပ်ဖော်ပြနေ သည့်ယဉ်ကျေးမှုအမွေအနှစ်ဒေသ တစ်ခုဖြစ်ပါကြောင်း။

သာသနာရေး နှင့်ယဉ်ကျေးမှုဝန်ကြီးဌာနသည် ၂၀၁၇ ခုနှစ်ကတည်းက မြောက်ဦးဒေသ ကို ကမ္ဘာ့အမွေအနှစ် စာရင်း တင်သွင်းရေးကို စတင်ဆောင်ရွက်ခဲ့ပါကြောင်း၊ အဆိုပြုစာတွဲ (မူကြမ်း) (Nomination Dossier-Draft) ကို ကမ္ဘာ့အမွေအနှစ်ကော်မတီသို့ ၂၀၂၁-ခုနှစ် စက်တင်ဘာလအတွင်းက တင်ပြနိုင်ခဲ့ပြီး အဆိုပြု စာတွဲအပြည့်အစုံအား ကမ္ဘာ့အမွေအနှစ် ကော်မတီသို့ အချိန်မီတင်ပြနိုင်ရေးအတွက် ဆက်လက်ဆောင်ရွက်လျက်ရှိပါကြောင်း၊ မြောက်ဦးယဉ်ကျေးမှုအမွေအနှစ် ဒေသကို ကမ္ဘာ့အမွေအနှစ်အဖြစ် သက်မှတ်ခံရပါက မြောက်ဦးယဉ်ကျေးမှု အမွေအနှစ်ဒေသကို အမြင့်ဆုံးကာကွယ် စောင့်ရှောက်မှုများ ပြုလာ နိုင်ပြီး၊ မိမိနိုင်ငံ၊ မိမိတို့လူမျိုး၊ မိမိတို့ဒေသ၏ ဂုဏ်သိက္ခ္ခမြင့်မားတိုးတက်မှုများနှင့်အတူ ဒေသ၏စီးပွားရေး၊ လူမှုရေးဖွံ့ဖြိုးမှုများသည်လည်း ဟန်ချက်ညီစွာ ဖွံ့ဖြိုးတိုးတက်လာမည် ဖြစ်ပါကြောင်း၊ မြောက်ဦးဒေသအမျိုးသားအဆင့် ပူးပေါင်းဆောင်ရွက်ရေးကော်မတီအနေနှင့် မြောက်ဦးယဉ်ကျေးမှု အမွေအနှစ်ဒေသကို ကမ္ဘာ့အမွေအနှစ်စာရင်းဝင် ဖြစ်လာစေရေးအတွက် ဖြည့်ဆည်းဆောင်ရွက်ရန် လိုအပ်သည်များကို ညှိနှိုင်းဆောင်ရွက်ပေးမည်ဖြစ်ပါကြောင်း၊ ပြည်နယ် အစိုးရအဖွဲ့၊ မြောက်ဦးဒေသရှိ ဆက်စပ်အစိုးရဌာနများ၊ အဖွဲ့အစည်းများ၊ ပညာရှင်များ၊ ဒေသခံပြည်သူများကလည်း ပူးပေါင်းပါဝင်ဆောင်ရွက်ရန် လိုအပ်ပါကြောင်း ပြောကြားသည်။

ဆက်လက်၍ ရခိုင်ပြည်နယ်အစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဒေါက်တာအောင်ကျော်မင်းက မြောက်ဦးဒေသသည် ရခိုင်ပြည်နယ်၏ ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးအတွက် အဓိကဆွဲဆောင်လျက်ရှိသည့် အချက်များဖြစ်ပါ ကြောင်း၊ ရခိုင်ပြည်နယ်အစိုးရအနေဖြင့် မြောက်ဦးဒေသကမ္ဘာ့အမွေအနှစ် စာရင်းတင်သွင်းရေးလုပ်ငန်း ဆောင်ရွက်ရာတွင် ဝိုင်းဝန်း ကူညီ ဆောင်ရွက်ပေးခွင့်ရသည့်အတွက် ဝမ်းမြောက်ဂုဏ်ယူမိပါကြောင်း၊ နောင်ဆက်လက် လုပ်ဆောင်မည့် လုပ်ငန်းစဉ်များတွင်အတူတကွ ပူးပေါင်း ဆောင်ရွက်ပေးသွားမည် ဖြစ်ပါကြောင်း ပြောကြားသည်။

ထို့နောက် ရှေးဟောင်းသုတေသနနှင့်အမျိုးသားပြတိုက်ဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးကျော်ဦးလွင်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်နှင့် ညွှန်ကြားရေးမှူးများက ရှင်းလင်းတင်ပြသည်။ ယင်းနောက် အစည်းအဝေး တက်ရောက်လာကြသည့် မြောက်ဦးဒေသ အမျိုးသားအဆင့် ပူးပေါင်းဆောင်ရွက်ရေးကော်မတီအဖွဲ့ဝင်များက သက်ဆိုင်ရာကဏ္ဍအလိုက် ပူးပေါင်း ဆောင်ရွက်မှုများကို ဆွေးနွေးတင်ပြခဲ့ကြသည်။

ထို့နောက် ဒုတိယဝန်ကြီး ဦးထွန်းအုံက မြောက်ဦးယဉ်ကျေးမှုအမွေအနှစ်ဒေသ ကမ္ဘာ့အမွေ အနှစ်စာရင်းတင်သွင်းရေးအတွက် အဆိုပြုစာတွဲအပြည့်အစုံ (Nomination Dossier-Complete) ကမ္ဘာ့အမွေအနှစ်ကော်မတီသို့ တင်ပြရေးနှင့်ပတ်သက်၍ လိုအပ်သည်များ ဆွေးနွေးခဲ့ပြီး ပြည်ထောင်စုဝန်ကြီး ဦးကိုကိုက နိဂုံးချုပ်အမှာစကားပြောကြားသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် ယနေ့မွန်းလွဲ နာရီတွင် ရန်ကုန်တိုင်းဒေသ ကြီး၊ မရမ်းကုန်းမြို့နယ်၊ ဇမ္ဗူသီရိဗိမာန်တော်၌ ကျင်းပသည့် ထေရဝါဒဗုဒ္ဓသာသနာပြု သြဝါဒါစရိယအဖွဲ့ထံမှ သြဝါဒခံယူပွဲအခမ်းအနားသို့ တက်ရောက်ကြည်ညိုသည်။

ရှေးဦးစွာ ထေရဝါဒ ဗုဒ္ဓသာသနာပြု သြဝါဒါစရိယအဖွဲ့ ဥက္ကဋ္ဌဆရာတော် အဘိဓဇ အဂ္ဂမဟာ သဒ္ဓမ္မဇောတိကဘဒ္ဒန္တ ကုမာရထံမှ ငါးပါးသီလ ခံယူဆောက်တည်ပြီး ဆရာတော်ကြီးများ  ရွတ်ပွားချီးမြှင့်သော ပရိတ်တရားတော်များကို နာယူကြည်ညိုကြသည်။

ဆက်လက်၍ ထေရဝါဒဗုဒ္ဓသာသနာပြုသြဝါဒါစရိယအဖွဲ့ ဥက္ကဋ္ဌဆရာတော် အဘိဓဇ အဂ္ဂမဟာ သဒ္ဓမ္မဇောတိက ဘဒ္ဒန္တကုမာရက နယ်စပ်နှင့် တောင်တန်းဒေသထေရဝါဒ ဗုဒ္ဓသာသနာပြု သြဝါဒါစရိယအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် သာသနာပြုလုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ အဆိုပါ သာသနာပြုဌာနများနှင့် သာသနာပြုပုဂ္ဂိုလ်တို့အတွက် လိုအပ်သည့် စီမံခန့်ခွဲရေးဆိုင်ရာလုပ်ငန်းများကို အပတ်စဉ်၊ လစဉ်၊ ရုံးထိုင် ဆောင်ရွက်နိုင်ရန်နှင့် သာသနာပြု သင်တန်းများ ဖွင့်လှစ်နိုင်ရန်အတွက် ရုံးခန်းနှင့် သင်တန်း ခန်းမများ  အထူး လိုအပ်လျက်ရှိကြောင်း၊ အထူးအားဖြင့် သာသနာပြု လုပ်ငန်းများအတွက် လိုအပ်သည်များကို လေ့လာသုံးသပ်ပြီး ပြည့်စုံအောင် ပံ့ပိုးဆောင်ရွက်ပေးရန် မေတ္တာရပ်ခံကြောင်း သြဝါဒမြွက် ကြားသည်။

ယင်းနောက် အစီအစဉ်အရ ပြည်ထောင်စုဝန်ကြီး ဦးကိုကိုက သာသနာရေးဆိုင်ရာများ လျှောက်ထားသည်။

ထို့နောက် သာသနာတော်ထွန်းကားပြန့်ပွားရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးစိုးမင်းထွန်းက  ဇမ္ဗူသီရိဗိမာန်တော် သာသနာ့မြေသမိုင်းကြောင်းနှင့် ဇမ္ဗူသီရိဗိမာန်တော် တည်ဆောက်ခဲ့မှု အခြေအနေများကို ရှင်းလင်းလျှောက်ထားသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးက ထေရဝါဒဗုဒ္ဓသာသနာပြုသြဝါဒါစရိယအဖွဲ့ ရန်ပုံငွေအတွက် ငွေကျပ်သိန်း ၅၀ ကို ပေးအပ်လှူဒါန်းပြီး ဆရာတော်သံဃာတော်များကို လှူဖွယ်ပစ္စည်းများ  ဆက်ကပ်လှူဒါန်းပြီး လှူဒါန်းမှုအစုစုအတွက် ရေစက်သွန်းလောင်း အမျှပေးဝေသည်။

အခမ်းအနားပြီးဆုံးပြီးနောက် ပြည်ထောင်စုဝန်ကြီးက ဇမ္ဗူသီရိဗိမာန်တော်ကြီး တရားဟောခန်းမ၊  ဆရာတော်ကြီးများ သီတင်းသုံးနားနေခန်းများ၊ ဆွမ်းပြင်ဆောင်နှင့် အုပ်ချုပ်မှုရုံးခန်းတို့ကို လိုက်လံကြည့်ရှုစစ်ဆေး၍ လိုအပ်သည်များကို  မှာကြားခဲ့ကြောင်း သိရသည်။

(သတင်းစဉ်)