Skip to main content

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ၊ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူး ကြီးစိုးဝင်း အရှေ့တောင်အာရှနိုင်ငံများဆိုင်ရာ စာရင်းစစ်ချုပ်ရုံးများ အဖွဲ့၏ (၆) ကြိမ်မြောက် ထိပ်သီးအစည်းအဝေးနှင့် ဥက္ကဋ္ဌတာဝန် လွှဲပြောင်းသည့် အခမ်းအနားသို့ အထူးဧည့်သည်တော်အဖြစ် Video Message ပေးပို့ မိန့်ခွန်းပြောကြား

နေပြည်တော် နိုဝင်ဘာ 

အရှေ့တောင်အာရှနိုင်ငံများဆိုင်ရာ စာရင်းစစ်ချုပ်ရုံးများအဖွဲ့(ASEANSAI) ()ကြိမ် မြောက် ထိပ်သီးအစည်းအဝေး (6th ASEANSAI Summit) ကို ယနေ့နံနက် နာရီခွဲတွင် မြန်မာနိုင်ငံက အိမ်ရှင်နိုင်ငံအဖြစ်ဦးဆောင်၍  ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် ကျင်းပရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ ဒုတိယဥက္ကဋ္ဌ၊ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်း အထူးဧည့်သည်တော် အဖြစ် Video Message  ပေးပို့ မိန့်ခွန်းပြောကြားသည်။

အစည်းအဝေးသို့ မြန်မာနိုင်ငံမှ ပြည်ထောင်စုစာရင်းစစ်ချုပ်၊ ပါမောက္ခ ဒေါက်တာ ကံဇော် ဦးဆောင် သည့် မြန်မာကိုယ်စားလှယ်အဖွဲ့က နေပြည်တော်ရှိ ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး၊ ASEANSAI ဥက္ကဋ္ဌရုံးခန်းမှ တက်ရောက်ကြပြီး ASEANSAI အဖွဲ့ဝင် နိုင်ငံများမှ စာရင်းစစ်ချုပ်များဖြစ်သည့် ဘရူနိုင်းနိုင်ငံစာရင်းစစ်ချုပ်  Dato Paduka Yusop Mahmud ကမ္ဘောဒီးယား နိုင်ငံစာရင်းစစ်ချုပ် Dr. Mrs. Som Kim Suor အင်ဒိုနီးရှားနိုင်ငံစာရင်းစစ်ချုပ် Dr. Agung Firman Sampurna ဖိလစ်ပိုင် နိုင်ငံစာရင်းစစ်ချုပ် Mr. Michael G. Aguinaldo စင်္ကာပူနိုင်ငံ စာရင်းစစ်ချုပ် Ms. Goh Soon Poh ထိုင်းနိုင်ငံ စာရင်းစစ်ချုပ် Gen. Chanathap Indamra ဗီယက်နမ်နိုင်ငံစာရင်းစစ်ချုပ် Mr. Tran Sy Thanh လာအိုနိုင်ငံဒုတိယ စာရင်းစစ်ချုပ် Mr. Toy Phonthilath မလေးရှားနိုင်ငံ ဒုတိယစာရင်းစစ်ချုပ် Mr. Rosalan Abu Bakar  တို့ ဦးဆောင်သည့် ကိုယ်စားလှယ်များ၊ ASEANSAI အထွေထွေအတွင်း ရေးမှူး Mr. Bahtiar Arif နှင့် ဖွံ့ဖြိုးမှုမိတ်ဖက်အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ ပါဝင်တက်ရောက်ကြသည်။

အစည်းအဝေးဖွင့်ပွဲ အခမ်းအနားတွင် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် သီချင်းနှင့် ASEANSAI သီချင်းတို့ကို ဂုဏ်ပြု ဖွင့်လှစ်သည်။

ထို့နောက် ASEANSAI (၂၀၂၁-၂၀၂၃) အလှည့်ကျဥက္ကဋ္ဌ အဖြစ် တာဝန်ယူ ဆောင်ရွက်ရမည့် ပြည်ထောင်စုစာရင်းစစ်ချုပ် ပါမောက္ခ ဒေါက်တာ ကံဇော်က နှုတ်ခွန်းဆက် မိန့်ခွန်းပြောကြားပြီး မလေးရှားနိုင်ငံဒုတိယစာရင်းစစ်ချုပ်က အဖွင့် မိန့်ခွန်းပြောကြားသည်။

ယင်းနောက် အာရှတိုက်ဆိုင်ရာ စာရင်းစစ်ချုပ်ရုံးများအဖွဲ့ ASOSAI ဥက္ကဋ္ဌ ဖြစ်သူ ထိုင်းနိုင်ငံစာရင်းစစ်ကော်မရှင် ဥက္ကဋ္ဌ Gen. Chanathap Indamra နှင့် အာဆီယံ အထွေထွေအတွင်းရေးမှူးချုပ် Mr.Dato’ Paduka Lim Jock Hoi တို့က Video Message ဖြင့်  အမှာစကားများပြောကြားကြသည်။

အစီအစဉ်အရ အရှေ့တောင်အာရှနိုင်ငံများဆိုင်ရာ စာရင်းစစ်ချုပ်ရုံးများအဖွဲ့၏ () ကြိမ်မြောက် ထိပ်သီးအစည်းအဝေး အထူးဧည့်သည်တော် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ၊ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်း က ဗီဒီယိုမက်ဆေ့ပေးပို့၍ အဖွင့်မိန့်ခွန်း ပြောကြားသည်။

(နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ၊ ဒုတိယဝန်ကြီးချုပ် ဒုတိယ ဗိုလ်ချုပ်မှူး ကြီးစိုးဝင်း မိန့်ခွန်းကို သီခြားဖော်ပြထားပါသည်။)

ယင်းနောက် ASEANSAI အဖွဲ့ဝင် (၁၀)နိုင်ငံမှ စာရင်းစစ်ချုပ်များနှင့် ASEANSAI အတွင်းရေးမှူးတို့သည် စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကြပြီး အခမ်းအနားကို ရုပ်သိမ်းလိုက်သည်။

ထို့နောက် ထိပ်သီးအစည်းအဝေး ပထမပိုင်းကို ဆက်လက်ကျင်းပရာ လက်ရှိ ASEANSAI ဥက္ကဋ္ဌ ကိုယ်စား ပြည်ထောင်စုစာရင်းစစ်ချုပ် ပါမောက္ခ ဒေါက်တာ ကံဇော် က အဖွင့်မိန့်ခွန်းပြောကြားပြီး မလေးရှားနိုင်ငံ ဒုတိယစာရင်းစစ်ချုပ်က ASEANSAI ကော်မတီများနှင့် အတွင်းရေးမှူးရုံးတို့၏ ၂၀၂၀ ပြည့်နှစ်နှင့် ၂၀၂၁ ခုနှစ်အတွက် လုပ်ငန်းတိုးတက်မှု အစီရင်ခံစာပေါင်းချုပ်၊ ကော်မတီများ၏ ၂၀၂၂-၂၀၂၃ ခုနှစ်အတွက် လုပ်ငန်းစီမံချက်ပေါင်းချုပ်နှင့် ASEANSAI မဟာဗျူဟာစီမံချက် (၂၀၂၂-၂၀၂၅) ASEANSAI စည်းမျဉ်းစည်းကမ်းများနှင့် လုပ်ထုံးလုပ်နည်းများ (ပြင်ဆင်ချက်) အသိပညာမျှဝေရေး ကော်မတီ၏ လုပ်ငန်းနှင့်တာဝန်များ (ပြင်ဆင်ချက်) နှင့် ASEANSAI ဉပဒေရေးရာ စွမ်းဆောင်ရည်နှင့် စပ်လျဉ်းသည့်  အဆိုပြုချက်တို့ကို အစီအစဉ်အတိုင်း ဆွေးနွေး အတည်ပြုကြသည်။

ယင်းနောက် ASEANSAI ဥက္ကဋ္ဌ ကိုယ်စား ဒုတိယ ဥက္ကဋ္ဌ ပြည်ထောင်စု စာရင်းစစ်ချုပ်က ASEANSAI စည်းမျဉ်းစည်းကမ်းများနှင့် လုပ်ထုံးလုပ်နည်းအရ မြန်မာနိုင်ငံ ပြည်ထောင်စုစာရင်းစစ်ချုပ်အား  ASEANSAI ဥက္ကဋ္ဌ အဖြစ်လည်းကောင်း၊ ဖိလစ်ပိုင် စာရင်းစစ်ချုပ်အား ASEANSAI ဒုတိယဥက္ကဋ္ဌ အဖြစ်လည်းကောင်း ခန့်အပ်ကြောင်း ကြေညာပြီး လက်ရှိ ဥက္ကဋ္ဌကိုယ်စား မလေးရှားနိုင်ငံ ဒုတိယစာရင်းစစ်ချုပ်က နှုတ်ဆက်မိန့်ခွန်းပြောကြားကာ  ASEANSAI ဥက္ကဋ္ဌ အဖြစ်တာဝန် ယူခဲ့သည့် ယခင် နှစ်တာကာလအတွင်း မလေးရှားနိုင်ငံစာရင်း စစ်ချုပ်၏ တက်ကြွစွာ ပူးပေါင်း ဆောင်ရွက်မှုများ၊ ASEANSAI ကော်မတီ ဥက္ကဋ္ဌများ နှင့်အဖွဲ့ဝင်များ၏ ဆောင်ရွက်မှု အစီအစဉ်များနှင့် လှုပ်ရှားမှုများ၊ နိုင်ငံတကာ အဖွဲ့အစည်းများနှင့် ဆက်သွယ် ဆောင်ရွက်မှုများ၊ စိန်ခေါ်မှုများနှင့် မဟာဗျူဟာများ ပါဝင်သည့် ဥက္ကဋ္ဌ တာဝန်ယူခြင်း အထိမ်းအမှတ်စာအုပ် ( ၂၀၁၉ - ၂၀၂၁ ) ထုတ်ဝေခြင်း Video Clip ကို ထုတ်လွှင့်ပြသသည်။

ထို့နောက် ASEANSAI ဥက္ကဋ္ဌ တာဝန်လွှဲပြောင်းခြင်း အခမ်းအနားကို ဆက်လက် ကျင်းပရာ မလေးရှားနိုင်ငံစာရင်းစစ်ချုပ်က မြန်မာနိုင်ငံ ပြည်ထောင်စုစာရင်းစစ်ချုပ် ထံသို့ ASEANSAI အလံ နှင့် ထိပ်သီးအစည်းအဝေး၌ ဆုံးဖြတ်ချက်များ ချမှတ်ရာတွင် ASEANSAI ဥက္ကဋ္ဌ အသုံးပြုသည့်တူလွှဲပြောင်းအပ်နှင်းသည့် အခမ်းအနား Video Clip ကို ပြသသည်။

ယင်းနောက် ပြည်ထောင်စုစာရင်းစစ်ချုပ်က ဥက္ကဋ္ဌတာဝန် လွှဲပြောင်းလက်ခံရရှိခြင်းအတွက် မိန့်ခွန်းပြောကြားပြီး ASEANSAI အဖွဲ့ဝင်နိုင်ငံများမှ စာရင်းစစ်ချုပ်များ၊ ASEANSAI အတွင်းရေးမှူးတို့နှင့် မှတ်တမ်းတင် ဓာတ်ပုံရိုက်၍ အစည်းအဝေး ပထမပိုင်းအစီအစဉ်ကို ရုပ်သိမ်းလိုက်သည်။

ASEANSAI ကို ၂၀၁၁ ခုနှစ် နိုဝင်ဘာလတွင် စတင်ဖွဲ့စည်းခဲ့ပြီး အဖွဲ့၏ ထိပ်သီး အစည်းအဝေးများကို နှစ် တစ်ကြိမ် ကျင်းပရာ အင်ဒိုနီးရှားနိုင်ငံ စာရင်းစစ်ချုပ်ရုံး က(၂၀၁၂-၂၀၁၃) ခုနှစ်တွင်လည်းကောင်း၊  ဘရူနိုင်းနိုင်ငံစာရင်းစစ်ချူပ်ရုံးက (၂၀၁၃-၂၀၁၅) ခုနှစ်တွင်လည်းကောင်း၊ ကမ္ဘောဒီးယားနိုင်ငံစာရင်း စစ်ချုပ်ရုံးက (၂၀၁၅-၂၀၁၇) ခုနှစ်တွင် လည်းကောင်း၊ လာအိုနိုင်ငံစာရင်း စစ်ချုပ်ရုံးက (၂၀၁၇-၂၀၁၉) ခုနှစ် တွင် လည်းကောင်း၊ မလေးရှားနိုင်ငံစာရင်းစစ်ချုပ်ရုံးက (၂၀၁၉-၂၀၂၁) ခုနှစ်တွင် လည်းကောင်း ASEANSAI ဉက္ကဋ္ဌတာဝန်ကို အလှည့်ကျထမ်းဆောင်ခဲ့ကြသည်။ ယခု () ကြိမ်မြောက် ထိပ်သီးအစည်းအဝေးတွင် ပြည်ထောင်စုစာရင်း စစ်ချုပ်ရုံးက (၂၀၂၁-၂၀၂၃) ခုနှစ် ( ) နှစ် ကာလအတွက် အလှည့်ကျ ဥက္ကဋ္ဌတာဝန်ကို လွှဲပြောင်း ရယူခဲ့ခြင်း ဖြစ်သည်။

ထို့နောက်အစည်းအဝေး ဒုတိယပိုင်းကို ASEANSAI ဥက္ကဋ္ဌ ပြည်ထောင်စု စာရင်းစစ်ချုပ် ပါမောက္ခ ဒေါက်တာကံဇော်က ဉီးဆောင်၍ ဆက်လက်ကျင်းပရာ ASEANSAI ဥက္ကဋ္ဌပြည်ထောင်စုစာရင်း စစ်ချုပ်နှင့် ဒုတိယဥက္ကဋ္ဌတို့က အဖွင့်မိန့်ခွန်းများ ပြောကြားကြသည်။ 

ယင်းနောက် ၂၀၂၂-၂၀၂၃ ကာလအတွက် ASEANSAI ကော်မတီ () ရပ်၏ ဥက္ကဋ္ဌများ အတည်ပြုခန့်အပ်ခြင်း၊ ကော်မတီများ၏ လုပ်ငန်းစီမံချက် ပေါင်းချုပ် (၂၀၂၂-၂၀၂၃) ကို အတည်ပြုခြင်း၊ ၂၀၂၀ ပြည့်နှစ် နှင့် ၂၀၂၁ ခုနှစ် တို့အတွက် ဘဏ္ဍာရေးရှင်းတမ်းများ စစ်ဆေးရန် စာရင်းစစ်ခန့်အပ်ခြင်းနှင့် အတည်ပြုခြင်း၊ လာမည့် () နှစ်တာ ကာလအတွက် ဘတ်ဂျက်လျာ ထားချက်များ အတည်ပြုခြင်း တို့ကို အစီအစဉ်အတိုင်း ဆောင်ရွက်ကြသည်။

ထို့နောက် ASEANSAI ဥက္ကဋ္ဌ  ပြည်ထောင်စုစာရင်းစစ်ချုပ်က နိဂုံးချုပ် အမှာစကား ပြောကြားပြီး အစည်းအဝေးတက်ရောက်ကြသည့် ကိုယ်စားလှယ်များနှင့်အတူ မှတ်တမ်းတင်ဓာတ်ပုံရိုက်ကာ အစည်းအဝေး ဒုတိယပိုင်းအစီအစဉ်ကို ရုပ်သိမ်းလိုက်သည်။

ယနေ့ကျင်းပပြုလုပ်သည့် အရှေ့တောင်အာရှနိုင်ငံများဆိုင်ရာ စာရင်းစစ်ချုပ်ရုံးများ အဖွဲ့၏ () ကြိမ်မြောက် ထိပ်သီးအစည်းအဝေးကို အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက်  ကြိုတင်ပြင်ဆင်မှုနှင့် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံးက အိမ်ရှင်အဖြစ် ဦးဆောင်၍ ယမန်နေ့ကလည်း  ဗီဒီယိုကွန်ဖရင့် စနစ်ဖြင့်  ကျင်းပခဲ့ရာ ဒုတိယအမြဲတမ်းအတွင်းဝန် တက်ရောက်ခဲ့သည်။ ထို့အတူ ပြည်ထောင်စုစာရင်းစစ်ချုပ် ဦးဆောင်သည့်ကိုယ်စားလှယ်အဖွဲ့သည် အောက်တိုဘာ ၂၆ ရက်က ASEANSAI အတွင်းရေးမှူး ရုံးကအိမ်ရှင်အဖြစ် ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် ကျင်းပပြုလုပ်ခဲ့သည့် (ASEANSAI) ဖွံ့ဖြိုးမှုမိတ်ဖက်အဖွဲ့အစည်းများနှင့် ညှိနှိုင်း အစည်းအဝေးသို့ တက်ရောက်ခဲ့ကြောင်း သိရသည်။

(သတင်းစဉ်)