Jan 14, 2022
သမဝါယမနှင့် ကျေးလက်ဒေသဖွ့ဖြိုးရေး ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဦးလှမိုးသည် ယမန်နေ့ ညနေပိုင်းတွင် တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ထားဝယ်မြို့နယ် အတွင်း ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာန၏ မြစိမ်းရောင်ကျေးရွာစီမံကိန်းဖြင့် ဇဟာကျေးရွာ တွင် ဖွံ့ဖြိုးရေးလုပ်ငန်းများဆောင်ရွက်နေမှုကို ကြည့်ရှု့စစ်ဆေးသည်။
Jan 14, 2022
စွမ်းအင်အကျိုးရှိထိရောက်စွာ သုံးစွဲရေးဆိုင်ရာ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့ နံနက် ၁၀ နာရီက ရုံးအမှတ်(၃၀)၊ အစည်းအဝေးခန်းမ၌ ကျင်းပသည်။
Jan 14, 2022
ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးရွှေလေးသည် ဇန်နဝါရီ (၁၃)ရက်တွင် တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့ရှောင်လမ်းအပိုင်း (၂)၊ (4.3 Km)မှ (6 Km) အထိ ဖောက်လုပ် ထားရှိမှု အခြေအနေများကို လည်းကောင်း၊ ပေါက်တိုင်းတံတား တည်ဆောက်ပြီးစီးမှု အခြေအနေ ကိုလည်းကောင်း လိုက်လံကြည့်ရှုစစ်ဆေးသည်။
Jan 14, 2022
လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဦးခင်ရီသည် တနင်္သာရီတိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးမြတ်ကို၊ တာဝန်ရှိသူများနှင့်အတူ ဇန်နဝါရီ ၁၃ ရက် မွန်းလွဲ ၃ နာရီတွင် ထားဝယ်မြို့၊ မြို့တော်ခန်းမ၌ကျင်းပသည့် ထားဝယ်ခရိုင်၊ ထားဝယ်၊ လောင်းလုံး၊ သရက်ချောင်းနှင့် ရေဖြူမြို့နယ်များအတွင်း ပန်းခင်းစီမံချက်ဖြင့် ဆောင်ရွက်ပြီးစီးသည့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြား ပေးအပ်ပွဲသို့ တက်ရောက်သည်။
Jan 14, 2022
စိန်ရတုပြည်ထောင်စုနေ့ အထိမ်းအမှတ် လူငယ်နှင့် စာပေပွဲတော်ကျင်းပရေးနှင့် ပတ်သက်သည့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့ မွန်းလွဲ ၁ နာရီတွင် နေပြည်တော်ရှိ ပြန်ကြားရေး ဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။
Jan 14, 2022
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ကာကွယ်ရေးဦးစီးချုပ် (ရေ) ဗိုလ်ချုပ်ကြီး မိုးအောင်၊ ကာကွယ်ရေး ဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများ၊ ကမ်းရိုးတမ်းဒေသ တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် စောသန်းလှိုင်နှင့် တာဝန်ရှိသူများ လိုက်ပါ၍ ယနေ့ညနေပိုင်းတွင် ကမ်းရိုးတမ်းဒေသ တိုင်းစစ်ဌာနချုပ်၊ မောရဝတီရေတပ်စခန်းဌာနချုပ်မှ အရာရှိ၊ စစ်သည် မိသားစုများအား သွားရောက် တွေ့ဆုံအမှာစကားပြောကြားသည်။
Jan 14, 2022
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များ၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများနှင့် မြို့မိမြို့ဖများအား ယနေ့နံနက်ပိုင်းတွင် ထားဝယ်မြို့ရှိ တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ တွေ့ဆုံ အမှာစကားပြောကြားသည်။
Jan 14, 2022
ပဲခူးတိုင်းဒေသကြီး ဖြူးမြို့နယ်၌ ကျောင်းသား၊ ကျောင်းသူများ အေးချမ်းစွာ ပညာသင်ကြား နေမှုအား မလိုလားသူ ဆူပူအကြမ်းဖက်သူများက အခြေခံပညာမူလတန်းလွန်ကျောင်းရှိ ကျောင်းပိုင် ပစ္စည်းများအား မီးရှို့ဖျက်ဆီးခြင်းများ ပြုလုပ်ခဲ့ကြောင်း သိရသည်။
Jan 14, 2022
ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်၊ (၂/၆)ရပ်ကွက်၊ အောင်မင်္ဂလာလမ်း၊ စိုက်ခင်း(ကျူး)ရပ်ကွက်နေ ဝေယံထွန်း(ခ)ဝင်းရိုး(ဘ) ဦးကြည်ရွှင် အပါအဝင်(၃)ဦးနှင့် မြောက်ဥက္ကလာပမြို့နယ်၊ အမှတ်(ဃ/၇)မာဃလမ်း၊ အပိုင်း(၃)၊ (၂)ရပ်ကွက်နေ ဗိုလ်ဗိုလ်မင်း (ခ) ခေတ်ဆောင်မှူး (ဘ) ဦးခင်အေး တို့သည် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၊ အကြမ်းဖက်မှုတိုက်ဖျက်ရေး ဗဟိုအဖွဲ့၏ အမိန့်ကြော်ငြာ စာအမှတ်(၂/၂၀၂၁)ဖြင့် အကြမ်းဖက် အုပ်စုများအဖြစ် သတ်မှတ်ကြေငြာထားသည့် အဖွဲ့အစည်းများနှင့် ဆက်သွယ်ခြင်း၊ မြောက်ဥက္ကလာပမြို့နယ်၊ (င)ရပ်ကွက်၊ သန္တာ(၁၅)လမ်းနေ ပြည်သူတစ်ဦး၏ နေအိမ်အတွင်းသို့ လက်လုပ်ဗုံးဖြင့် ပစ်ခတ်ခဲ့ခြင်းတို့ကြောင့်လည်းကောင်း၊ ဆူပူဆန္ဒပြမှုဖြစ်စဉ်များတွင် တတ်ကြွစွာပါဝင်လှုပ်ရှားခြင်း၊ တိုင်းရင်းသားလက်နက် ကိုင်အဖွဲ့နယ်မြေအတွင်း၌ သင်တန်း တက်ရောက်ခြင်း၊ လှိုင်သာယာမြို့နယ်၊ ရာအိမ်မှူးတစ်ဦးအား လုပ်ကြံသတ်ဖြတ်ရာတွင် ပါဝင်ခြင်းနှင့် ဘုရားလမ်းမီးပွိုင့် အနီးရှိ ယာဉ်ထိန်းရုံးတွင် လုံခြုံရေးဆောင်ရွက်နေသည့် တပ်ဖွဲ့ဝင်များအား သေနတ်ဖြင့် ပစ်ခတ်လုပ်ကြံ သတ်ဖြတ်ရာတွင် ပူးပေါင်းပါဝင်ခဲ့ခြင်း တို့ကြောင့်လည်းကောင်း၊ စိုးသူထွန်း(ဘ) ဦးသန်းထွန်းသည် ဖောက်ခွဲဖျက်ဆီးရေးလုပ်ငန်းများ လုပ်ဆောင်ခြင်းကြောင့်လည်းကောင်း စစ်အုပ်ချုပ်ရေး (Martial Law) စစ်ခုံရုံးဖွဲ့၍ စစ်ဆေးမှု များ ဆောင်ရွက်ခဲ့ရာ အကြမ်းဖက်မှု တိုက်ဖျက်ရေး ဉပဒေပုဒ်မ ၅၀(ဈ)၊ ၅၀ (က)အရ ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီ ၁၂ ရက်တွင် ၎င်းတို့အား“ထောင်ဒဏ်တစ်သက်” ပြစ်ဒဏ်အား အမိန့်ချမှတ် လိုက်ကြောင်း သိရှိရသည်။
Jan 14, 2022
၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလ ၁၇ ရက်နေ့ ညနေပိုင်းတွင် မန္တလေးတိုင်းဒေသကြီး၊ ချမ်းမြသာစည် မြို့နယ်၊ မြို့သစ်(၁)ရပ်ကွက်၊ ၇၃ လမ်းနှင့် Blue Diamond လမ်းကြား၊ မင်္လာမန္တလေး အိမ်ရာဝင်း၊ တိုက်(၃)၊ အခန်း(၃)မြေညီထပ်ရှိ ရွှေလွယ်အင်း (ငွေအပ်နှံ/ထုတ်ပေး) ကုမ္ပဏီ သို့ Mask တပ်ဆင်လျှက် လက်နက်ကိုင်ဆောင်ထားသည့် လူလေးဦးမှ ဝင်ရောက်လာကာ ဝန်ထမ်း များအား ခြိမ်းခြောက်၍ ကုမ္ပဏီရှိ ငွေကျပ် သိန်း ၃၀၀၀ ခန့်အား လုယူကာ MDY/xxxx နံပါတ်ပါ ESTIMA အမျိုးအစား အဖြူရောင်ယာဉ်ဖြင့် ထွက်ပြေးသွားခဲ့သည့် ဖြစ်စဉ်ဖြစ်းပွားခဲ့သည်။
Jan 14, 2022
စစ်ကိုင်းတိုင်းဒေသကြီး ထီးချိုင့်မြို့နယ်အတွင်း အဖျက်အမှောက်လုပ်ငန်းများ လုပ်ဆောင်ရန် အတွက် PDF အမည်ခံ အကြမ်းဖက်သမားများက မရသိမ် ကျေးရွာ အခြေခံပညာ မူလတန်းကျောင်းအတွင်း စခန်းချအခြေပြုလျက်ရှိကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက ယနေ့တွင် သွားရောက်ချေမှုန်း ဖမ်းဆီးခဲ့သည်။
Jan 14, 2022
မြန်မာနိုင်ငံတွင် မှီတင်းနေထိုင်ကြသောပြည်သူများ လျှပ်စစ်မီးအသုံးပြုရန် လျှပ်စစ်ဓာတ်အား အပြည့်အဝရရှိရေးကို မျှော်မှန်းဆောင်ရွက်လျက်ရှိသည်။ နိုင်ငံအတွင်းရှိ အိမ်ထောင်စုဦးရေ စုစုပေါင်း ၁၀ ဒသမ ၉ သန်းရှိသည့်အနက် လက်ရှိတွင် အိမ်ထောင်စု ၆ ဒသမ ၆ သန်းခန့်မှာ နိုင်ငံတော်ဓာတ်အားစနစ်မှ လျှပ်စစ်ဓာတ်အားများ ရယူသုံးစွဲလျက်ရှိသည်။ ပြည်သူများ လျှပ်စစ်ဓာတ်အားရရှိရန် အဓိကအားဖြင့် ရေအားလျှပ်စစ်မှထုတ်လုပ်ပြီး ထပ်မံလိုအပ်သည် များကို သဘာဝဓာတ်ငွေ့သုံးနှင့် အခြားဓာတ်အားပေးစနစ်များဖြင့် ထုတ်လုပ်ပေးလျက်ရှိသည်။
Jan 14, 2022
လူတိုင်းစာဖတ်ကြဖို့လိုသည်။ စာဖတ်သူက စာမဖတ်သူထက် ပို၍အသိပညာဗဟုသုတ နယ်ပယ် ကျယ်ပြန့်သည်။ ခေါင်းတစ်လုံးပို၍ မြင့်သည်။ စဉ်းစားဉာဏ် နှင့် ဆင်ခြင်တုံတရားတို့ ပိုသည်။ စာဖတ်သည့် အလေ့အကျင့်ကို ငယ်စဉ်ကပင် ပျိုးထောင်ပေးခြင်းဖြင့် ကလေးဘဝ၊ လူငယ်ဘဝ ကတည်းက စာဖတ်သည့် အကျင့် စွဲလာသည်။ စာပေမှရရှိသည့် အသိသုတတို့က ဘဝ လမ်းကြောင်းကို မတိမ်းမစောင်းအောင်၊ ဖြောင့်ဖြောင့်တန်းတန်း လျှောက်လှမ်းနိုင်အောင် ထိန်းကျောင်းပေးနိုင်သည်။