Skip to main content

Jan 15, 2022

နှစ် (၇၀) ပြည့် ကယားပြည်နယ်နေ့ အခမ်အနားကို ယနေ့နံနက်ပိုင်းတွင် လွိုင်ကော်မြို့ရှိ ပြည်နယ်ခန်းမ၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Jan 15, 2022

တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင် ကုန်သွယ်မှုများကို ဥပဒေနှင့်အညီ ထိရောက်စွာ တားဆီးအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိရာ ဇန်နဝါရီ ၁၃ ရက်တွင် ရေပူအမြဲတမ်း စစ်ဆေးရေးစခန်းမှ အကောက်ခွန်အဖွဲ့နှင့် ပူးပေါင်းစစ်ဆေးရေးအဖွဲ့သည် လားရှိုးမူဆယ်လမ်းမပေါ်ရှိ ရေပူကျေးရွာအနီး၌ ရပ်တန့်ထားသည့် မသင်္ကာဖွယ်ရာ ယာဉ်ပေါ်မှ တရားဝင် စာရွက်စာတမ်း အထောက်အထား တင်ပြနိုင်ခြင်းမရှိသော ကျွန်းခွဲသားဆိုက်စုံ ၀ ဒသမ ၇၆၇၈ တန် (ခန့်မှန်း တန်ဖိုးငွေကျပ် ၂၃၀၃၄၀၀)ခန့်နှင့် အဆိုပါ ကျွန်းသစ်ခွဲသားများ သယ်ဆောင်လာသည့် (အဖြူရောင်) Toyota Hiace ယာဉ်တစ်စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၇၀၀၀၀၀၀)ခန့်တို့ကို ဖမ်းဆီးခဲ့ပြီး ဖမ်းဆီးရမိမှု နှစ်မှု၊ စုစုပေါင်း (ခန့်မှန်းတန်ဖိုး ငွေကျပ် ၁၉၃၀၃၄၀၀)ခန့်ကို သစ်တောဦးစီးဌာန၏ လုပ်ထုံးလုပ်နည်းများနှင့်အညီ အရေးယူ ဆောင်ရွက်လျက်ရှိသည်။

ဆက်လက်ဖတ်ရှုရန်

Jan 15, 2022

ပုသိမ်ကြီးမြို့နယ်၌ ငွေကျပ် ၂၄ ဒသမ ၅ ဘီလီယံတန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။

ဆက်လက်ဖတ်ရှုရန်

Jan 15, 2022

မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင်မှ ကော်မရှင်အဖွဲ့ဝင် ဦးကျော်စိုးနှင့် ဦးပေါ်လွင်စိန်တို့ ဦးဆောင်သော ကြည့်ရှုစစ်ဆေး ရေးအဖွဲ့သည် ဇန်နဝါရီ ၁၂ ရက်မှ ၁၄ ရက်အထိ တနင်္သာရီတိုင်းဒေသကြီးရှိ မြိတ်အကျဉ်းထောင်၊ ကျောက်ဖြူတောင် ကုန်ထုတ်စခန်း၊ ဆင်ဖြူရှင် စိုက်ပျိုးမွေးမြူရေးနှင့် အသက်မွေးမှု အတတ်သင်စခန်း၊ မြိတ်မြို့ပေါ်ရှိ မြို့မရဲစခန်း အချုပ်ခန်းနှင့် တရားရုံးအချုပ်ခန်းတို့ကို ကြည့်ရှုစစ်ဆေးသည်။

ဆက်လက်ဖတ်ရှုရန်

Jan 15, 2022

(၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့အခမ်းအနား ပြင်ဆင်ရေးဆပ်ကော်မတီ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့ မွန်းလွဲ ၁ နာရီတွင် ဗိုလ်ရှုခံမဏ္ဍပ်ရှင်းလင်းဆောင် အစည်းအဝေးခန်းမ၌ ကိုဗစ်-၁၉ ညွှန်ကြားချက်များနှင့်အညီ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Jan 15, 2022

ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးရွှေလေးသည် ဇန်နဝါရီ ၁၃ ရက်တွင် တနင်္သာရီတိုင်းဒေသကြီး ထားဝယ်မြို့ရှောင်လမ်း အပိုင်း (၂)၊ ၄ ဒသမ ၃ ကီလိုမီတာမှ ၆ ကီလိုမီတာအထိ ဖောက်လုပ်ထားရှိမှု အခြေအနေများ ကိုလည်းကောင်း၊ ပေါက်တိုင်းတံတား တည်ဆောက်ပြီးစီးမှု အခြေအနေများကိုလည်းကောင်း လိုက်လံကြည့်ရှုစစ်ဆေးသည်။

ဆက်လက်ဖတ်ရှုရန်

Jan 15, 2022

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် သည် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင် ဗိုလ်ချုပ်ကြီး တင်အောင်စန်း၊ မန်းငြိမ်းမောင်၊ ကောင်စီတွဲဖက်အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ပြည်ထောင်စုဝန်ကြီးများ ဖြစ်ကြသည့် ဦးတင်ထွဋ်ဦး၊ ဦးလှမိုး၊ ဦးခင်မောင်ရီ၊ ဦးအောင်သန်းဦး၊ တနင်္သာရီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကို၊ ကာကွယ်ရေး ဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများ၊ ကမ်းရိုးတန်းဒေသတိုင်းစစ် ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်စောသန်းလှိုင်နှင့် တာဝန်ရှိသူများလိုက်ပါ၍ ယနေ့ညနေပိုင်းတွင် ဘုတ်ပြင်း မြို့ရှိ၊ တောင်ဒဂုံဆီအုန်းစိုက်ပျိုးရေး စီမံကိန်းသို့ သွားရောက် ကြည်ရှုလေ့လာသည်။

ဆက်လက်ဖတ်ရှုရန်

Jan 15, 2022

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ကာကွယ်ရေးဦးစီးချုပ်(ရေ) ဗိုလ်ချုပ်ကြီး မိုးအောင်၊ ကာကွယ်ရေး ဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများ၊ ကမ်းရိုးတန်း ဒေသတိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ် စောသန်းလှိုင် နှင့် တာဝန်ရှိသူတို့ လိုက်ပါ၍ ယနေ့ ညနေပိုင်းတွင် ဘုတ်ပြင်းတပ်နယ်မှ အရာရှိ၊ စစ်သည် မိသားစုဝင်များအား သွားရောက် တွေ့ဆုံအမှာစကားပြောကြားသည်။

ဆက်လက်ဖတ်ရှုရန်

Jan 15, 2022

နေပြည်တော် ဇန်နဝါရီ ၁၄ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံရေးအစီအစဉ်နှင့် ထပ်ဆောင်းကာကွယ်ဆေး (Booster dose) ထိုးနှံရေးအစီအစဉ်တွင် စေတနာ့ဝန်ထမ်းများ၊ ပရဟိတအဖွဲ့အစည်းများ ပူးပေါင်းပါဝင်ရေး ညှိနှိုင်းအစည်းအဝေးကို Virtual ဖြင့် ယနေ့နံနက်ပိုင်းတွင် ကျင်းပရာ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင်၊ အမြဲတမ်းအတွင်းဝန်နှင့် ညွှန်ကြားရေးမှူးချုပ်များ၊ နေပြည်တော်ကောင်စီ၊ တိုင်းဒေသကြီး/ ပြည်နယ်များအတွင်း ကိုဗစ်- ၁၉ ရောဂါ ကာကွယ်ထိန်းချုပ် ကုသရေး အစီအစဉ်များတွင် ပူးပေါင်းပါဝင် ဆောင်ရွက်လျက်ရှိသော စေတနာ့ဝန်ထမ်း၊ ပရဟိတအဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ တက်ရောက်ကြသည်။

ဆက်လက်ဖတ်ရှုရန်

Jan 15, 2022

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော် ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် သည် ကောင်စီဝင်များဖြစ်ကြသည့် ဗိုလ်ချုပ်ကြီး တင်အောင်စန်း၊ မန်းငြိမ်းမောင်၊ ကောင်စီတွဲဖက် အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ပြည်ထောင်စုဝန်ကြီးများဖြစ်ကြသည့် ဦးတင်ထွဋ်ဦး၊ ဦးခင်မောင်ရီ၊ ဦးအောင်သန်းဦး၊ ဦးခင်ရီ၊ ဒေါက်တာ ညွန့်ဖေ၊ ဦးရွှေလေး၊ တနင်္သာရီတိုင်းဒေသကြီး ဝန်ကြီး ချုပ် ဦးမြတ်ကို ကာကွယ်ရေးဦးစီးချုပ်ရုံးမှတပ်မတော် အရာရှိကြီးများ၊ ကမ်းရိုးတန်းဒေသ တိုင်းစစ်ဌာန ချုပ်တိုင်းမှူး ဗိုလ်ချုပ် စောသန်းလှိုင်တို့ လိုက်ပါ၍ ယနေ့နံနက်ပိုင်းတွင် ထားဝယ်တက္ကသိုလ်သို့ သွား ရောက်ကြည့်ရှုစစ်ဆေးသည်။

ဆက်လက်ဖတ်ရှုရန်

Jan 15, 2022

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင် ဗိုလ်ချုပ်ကြီး တင်အောင်စန်း၊ မန်းငြိမ်းမောင်၊ ကောင်စီတွဲဖက်အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ပြည်ထောင်စုဝန်ကြီးများ ဖြစ်ကြသည့် ဦးတင်ထွဋ်ဦး၊ ဦးခင်မောင်ရီ၊ ဦးအောင်သန်းဦး၊ ဦးခင်ရီ၊ ဒေါက်တာညွန့်ဖေ၊ ဦးရွှေလေး၊ တနင်္သာရီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကို၊ ကာကွယ်ရေး ဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများ၊ ကမ်းရိုးတန်းဒေသတိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်စောသန်းလှိုင်နှင့် တာဝန်ရှိ သူများလိုက်ပါ၍ ယနေ့နံနက်ပိုင်းတွင် ကမြောကင်းတံတား တည်ဆောက်ရေးစီမံကိန်း သို့ သွားရောက် ကြည်ရှုစစ်ဆေးသည်။

ဆက်လက်ဖတ်ရှုရန်

Jan 15, 2022

ပညာရေးသည် နိုင်ငံတစ်နိုင်ငံဖွံ့ဖြိုးတိုးတက်ရန်အတွက် အခြေခံ အုတ်မြစ်ဖြစ်သည်။ ကမ္ဘာတွင် အောင်မြင်တိုးတက်နေသည့် နိုင်ငံများကို လေ့လာပါက ယင်းနိုင်ငံ၏ ပညာရေးစနစ်နှင့် ၎င်းပညာ ရေးစနစ်မှ ထွက်ပေါ်လာသည့် လူ့စွမ်းအားအရင်းအမြစ်များ၏ ပညာရည်အဆင့်မြင့်မားမှုတို့ကို တွေ့ရမည်ဖြစ်သည်။ ပညာရေးကဏ္ဍကို အလေးပေးဆောင်ရွက်ခြင်းသည် နိုင်ငံ၏အနာဂတ်အတွက် ရင်းနှီးမြှုပ်နှံခြင်းဖြစ်သည်။ နိုင်ငံ၏ အနာဂတ်ဟုဆိုရာတွင် ဝေးလံ လှသည့် အနာဂတ်မဟုတ်ဘဲ ဆယ်စုနှစ်တစ်ခု၊ နှစ်ခုခန့်ကာလအတွင်း ပညာရေးကဏ္ဍ အလေးပေးမြှင့်တင်ခြင်း၏ရလဒ်များက ထွက်ပေါ် လာမည်ဖြစ်သည်။

ဆက်လက်ဖတ်ရှုရန်

Jan 15, 2022

မြန်မာနိုင်ငံ၏ သမိုင်းကြောင်းကို ပြန်လည်ကြည့်မည်ဆိုလျှင် လွတ်လပ်ရေး ရပြီးချိန်မှစတင်၍ မငြိမ်းချမ်းမှုများဖြင့် စတင်ခဲ့သည်။ မြန်မာ့လူ့ဘောင်အဖွဲ့အစည်း အတွင်း အယူဝါဒကွဲပြားမှုကြောင့် ဖြစ်ပေါ်လာသော ပဋိပက္ခများဟု ဆိုနိုင်သည်။ ကြုံတွေ့ခဲ့သော နိုင်ငံရေးပဋိပက္ခများကို အခြေခံသည့်ဂယက်ရိုက်ခတ်မှုများကြောင့် တိုင်းရင်းသားညီအစ်ကို မောင်နှမအချင်းချင်းအကြား သဘောကွဲလွဲမှုများဖြစ်ခဲ့ရသည်။

ဆက်လက်ဖတ်ရှုရန်

Jan 14, 2022

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် သည် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဗိုလ်ချုပ်ကြီး တင်အောင်စန်း၊ မန်းငြိမ်းမောင်၊ ကောင်စီတွဲဖက်အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ပြည်ထောင်စုဝန်ကြီးများ ဖြစ်ကြသည့် ဦးတင်ထွဋ်ဦး၊ ဦးခင်မောင်ရီ၊ ဦးအောင်သန်းဦး၊ ဦးခင်ရီ၊ ဒေါက်တာညွန့်ဖေ၊ ဦးရွှေလေး၊ တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမြတ်ကို၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများ၊ ကမ်းရိုးတန်းဒေသတိုင်း စစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်စောသန်းလှိုင်နှင့် တာဝန်ရှိသူများလိုက်ပါ၍ ယနေ့နံနက်ပိုင်းတွင် ထားဝယ်မြို့ ကျက်သရေဆောင် လောကမာရဇိန် ရုပ်ပွားတော်မြတ်ကြီးနှင့် ရွှေတောင်စားစေတီတော်မြတ်ကြီးသို့ သွားရောက်ဖူးမြော် ကြည်ညို သည်။

ဆက်လက်ဖတ်ရှုရန်

Jan 14, 2022

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၊ သတင်းထုတ်ပြန်ရေးအဖွဲ့၏ (၁၁)ကြိမ် မြောက် သတင်းစာ ရှင်းလင်းပွဲကို ယနေ့မွန်းလွဲပိုင်းတွင် ပြန်ကြားရေးဝန်ကြီးဌာန၌ ကျင်းပရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ၊ သတင်းထုတ်ပြန်ရေး အဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ် ဇော်မင်းထွန်း၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင် ဦးခင်မောင်ဉီး၊ ဌာနဆိုင်ရာများမှ ပြောရေးဆိုခွင့်ရှိသူများနှင့် ဌာနဆိုင်ရာ သတင်းထုတ်ပြန်ရေးအဖွဲ့ ကိုယ်စားလှယ်များက သတင်းမီဒီယာများ၏ သိရှိလို သည့် မေးမြန်းမှုများကို ပြန်လည်ဖြေကြားသည်။

ဆက်လက်ဖတ်ရှုရန်

Jan 14, 2022

စစ်ကိုင်းတိုင်းဒေသးကြီး၊ ရေဦးမြို့နယ်အတွင်း အဖျက်အမှောင့်လုပ်ငန်းများ ဆောင်ရွက်ရန်အတွက် ယဉ်ကျင်းကျေးရွာဘုန်းတော်ကြီးကျောင်း၌ရောက်ရှိနေသည့် PDF အမည်ခံ အကြမ်းဖက်အဖွဲ့ များအား လုံခြုံရေးတပ်ဖွဲ့ဝင်များက ယနေ့မွန်းလွဲ ၁ နာရီခန့်တွင် သွားရောက်ချေမှုန်းဖမ်း ဆီးခဲ့သည်။

ဆက်လက်ဖတ်ရှုရန်

Jan 14, 2022

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံသည် ယနေ့ နံနက် ပိုင်းတွင် ပြည်ထောင်စုနယ်မြေနေပြည်တော်အတွင်းရှိ အားကစားကွင်း/ အားကစားရုံများကို လိုက်လံကြည့်ရှုစစ်ဆေးသည်။

ဆက်လက်ဖတ်ရှုရန်

Jan 14, 2022

မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်၏ (၁/၂၀၂၂) ကြိမ်မြောက် အစည်းအဝေးကို ယနေ့နံနက် ပိုင်းတွင် နေပြည်တော် ရုံးအမှတ် ၁၈၊ ပြည်ထောင်စုအစိုးရအဖွဲ့ရုံး၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Jan 14, 2022

ပညာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေသည် ယနေ့ မွန်းလွဲပိုင်းတွင် တနင်္သာရီတိုင်းဒေသကြီး ဘုတ်ပြင်းမြို့ အခြေခံပညာအထက်တန်း ကျောင်းသို့ သွားရောက်၍ မြို့နယ်ပညာရေး မှူးများ၊ ဆရာဆရာမများနှင့်တွေ့ဆုံကာ ဘုတ်ပြင်းမြို့နယ်ရှိ အခြေခံပညာ ကျောင်းများ၊ ဆရာဆရာမများ၏ သင်ကြားရေး၊ စီမံခန့်ခွဲရေးဆိုင်ရာ ပိုမိုကောင်းမွန်ရေးနှင့် လိုအပ်ချက်များဖြည့်ဆည်းပေးနိုင်ရေး ဆောင်ရွက်ပေးသည်။

ဆက်လက်ဖတ်ရှုရန်

Jan 14, 2022

နေပြည်တော် ဇန်နဝါရီ ၁၄ ငွေကြေးခဝါချမှုတိုက်ဖျက်ရေးဗဟိုအဖွဲ့ အစည်းအဝေး အမှတ်စဉ်(၁/၂၀၂၂)ကို ယနေ့ မွန်းလွဲ ၂ နာရီတွင် နေပြည်တော်ရှိ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဌာနချုပ်ရုံး အရိန္ဒမာခန်းမ၌ ကိုဗစ်-၁၉ ကျန်းမာရေးဆိုင်ရာ ညွှန်ကြားချက်များနှင့်အညီ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်