Skip to main content

Jan 11, 2022

မကွေးတိုင်းဒေသကြီး၊ စေတုတ္တရာမြို့နယ် အပေါကျေးရွာမှ ကျောင်းအုပ်ဆရာတစ်ဦးအား အကြမ်းဖက်သမားများက ဖမ်းဆီးကာ ငွေကျပ်သိန်း ၁၀၀ ဖြင့် ပြန်လည်ရွေးယူခိုင်းခဲ့ကြောင်း သိရသည်။

ဆက်လက်ဖတ်ရှုရန်

Jan 11, 2022

ကရင်ပြည်နယ်၊ မြဝတီမြို့မှ မန္တလေးမြို့သို့ ပို့ဆောင်ရန် Argon Gas အရည်များ တင်ဆောင်လာသည့် မော်တော်ယာဉ်အား ယနေ့ညနေပိုင်းတွင် PDF အမည်ခံအကြမ်းဖက်သမားများက လက်နက်ငယ်များဖြင့် အကြောင်းမဲ့ ပစ်ခတ်ခဲ့ကြောင်း သိရှိရသည်။

ဆက်လက်ဖတ်ရှုရန်

Jan 11, 2022

စစ်ကိုင်းတိုင်းဒေသကြီး၊ ဝက်လက်မြို့၊ ပြည်သူ့ဆေးရုံသို့ ဇန်နဝါရီ ၁၀ ရက်တွင် မိုင်းစထိမှန် ဒဏ်ရာများဖြင့် သေဆုံးနေသည့် အမျိုးသားအလောင်း တစ်လောင်း ရောက်ရှိနေကြောင်း သတင်းအရ နယ်မြေခံရဲတပ်ဖွဲ့မှ တာဝန်ရှိသူများက သွားရောက်စစ်ဆေးရာ အရာတော်မြို့နယ်၊ ငွေတွင်းကျေးရွာနေသူ ကွမ်းခြံ စိုက်ပျိုးရေးလုပ်ငန်း လုပ်ကိုင်သည့် စည်သူအောင် (ဘ)ဦးဆန်းညွန့်ဦး ဖြစ်ကြောင်း သိရှိရသည်။

ဆက်လက်ဖတ်ရှုရန်

Jan 11, 2022

၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလ ၂၄ ရက် နံနက်ပိုင်းတွင် ကယားပြည်နယ်၊ လွိုင်ကော်မြို့လေဆိပ်သို့ မြန်မာ့အမျိုးသားလေကြောင်းလိုင်းမှ ခရီးသည်တင်လေယာဉ်တစ်စီး ဆင်းသက်ရောက်ရှိစဉ် KNPP အဖွဲ့နှင့် PDF အမည်ခံအကြမ်းဖက်သမားများ ပါဝင်သော ပူးပေါင်းအဖွဲ့က လူနေရပ်ကွက်များအတွင်း မော်တော်ယာဉ်များဖြင့် ရုတ်တရတ် ရောက်ရှိလာပြီး ပြည်သူလူထုအား အကာအကွယ်ရယူကာ ၁၀၇ မမ ရှော့တိုက်ဒုံးများဖြင့် နှောင့်ယှက်ပစ်ခတ်၍ ထွက်ပြေးသွားသည့် ဖြစ်စဉ်ဖြစ်ပွားခဲ့သည်။

ဆက်လက်ဖတ်ရှုရန်

Jan 11, 2022

၁။ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနမှ ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလ၊ ၅ ရက်နေ့တွင် ပုံမှန် အခြေအနေထက် လျှပ်စစ်ဓာတ်အားထုတ်လုပ်ဖြန့်ဖြူးနိုင်မှု (၁၄၇၀) မဂ္ဂါဝပ်ခန့် လျော့နည်းနေသဖြင့် ဝန်အားထိန်းညှိမှုအရ အချို့သောနေရာများတွင် ဝန်အားလျှော့ချရခြင်းများအပေါ် ပြည်သူလူထု အနေဖြင့် အဆင်မပြေမှုများရှိပါက နားလည်ပေးနိုင်ပါရန်နှင့် လိုအပ်လျက်ရှိသော လျှပ်စစ်ဓာတ်အားကို အမြန်ဖြည့်ဆည်းပေးနိုင်ရေးအတွက် စီမံကိန်းသစ်များကိုလည်း ကြိုးပမ်းဆောင်ရွက်လျက်ရှိပါ ကြောင်းကို “နိုင်ငံတော်ဓာတ်အားစနစ်အတွင်း လျှပ်စစ်ဓာတ်အား ထုတ်လုပ်လျက်ရှိသော စက်ရုံကြီး များ၏ ဓာတ်အားထုတ်လုပ်နိုင်မှု လျော့နည်းလာသည့် အခြေအနေနှင့်စပ်လျဉ်း၍ အများပြည်သူ သို့ပန်ကြားချက်” ဖြင့် အသိပေးပန်ကြားခဲ့ပြီး ဖြစ်ပါသည်။

ဆက်လက်ဖတ်ရှုရန်

Jan 11, 2022

ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် နိုင်ငံအတွင်း ကူးစက်ဖြစ်ပွားနေသော COVID-19 ရောဂါ ကာကွယ်၊ ကုသ၊ ထိန်းချုပ်ရေးလုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိပါသည်။

ဆက်လက်ဖတ်ရှုရန်

Jan 11, 2022

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ထွဋ်ဦး သည် တာဝန်ရှိသူများနှင့်အတူ ယမန်နေ့နံနက်ပိုင်းက ပဲခူးတိုင်းဒေသကြီး သနပ်ပင်မြို့နယ်ရှိ ကျောင်းစု လျှပ်စစ်မြစ်ရေတင် စီမံကိန်းလုပ်ငန်းခွင်သို့ သွားရောက် ကြည့်ရှုစစ်ဆေးပြီး စိုက်ပျိုး ရေခြွေတာရေးနှင့် အကျိုးရှိထိရောက်စွာ အသုံးချနိုင်ရေးအတွက် ရေစီမံခန့်ခွဲမှုနည်းလမ်းများ၊ သီးနှံပုံစံများ ဖြန့်ဝေပေးရန်၊ တန်ဖိုးမြင့်သီးနှံများ ပြောင်းလဲစိုက်ပျိုး နိုင်ရန်လိုအပ်သည့် နည်းပညာနှင့် အကူအညီများပေးအပ်နိုင်ရေး အစီအမံများကို ထိရောက်စွာ ဆောင်ရွက်ရန် လိုအပ်ကြောင်း ဆွေးနွေးပြောကြားခဲ့သည်။

ဆက်လက်ဖတ်ရှုရန်

Jan 11, 2022

၁။ ကျန်းမာရေးဝန်ကြီးဌာနသည် “ကိုဗစ်-၁၉ ရောဂါ မျိုးရိုးဗီဇပြောင်း ရောဂါပိုးစောင့်ကြပ်ကြည့်ရှုခြင်း လုပ်ငန်း” များကို စဉ်ဆက်မပြတ်ဆောင်ရွက်လျက်ရှိရာ မြန်မာနိုင်ငံသို့ ပြည်ပနိုင်ငံများမှ ကယ်ဆယ်ရေး လေယာဉ် (Relief Flight) များဖြင့် ပြန်လည်ဝင်ရောက်လာသူများတွင် SARS CoV-2 Variant Omicron (အိုမီခရွန်) ရောဂါပိုးတွေ့ရှိမှုများနှင့် ပတ်သက်၍ ကျန်းမာရေးဝန်ကြီးဌာနမှ အချိန်နှင့်တစ်ပြေးညီ သတင်းထုတ်ပြန်ပေးလျက်ရှိပါသည်။

ဆက်လက်ဖတ်ရှုရန်

Jan 11, 2022

သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးလှမိုးသည် ယနေ့နံနက်ပိုင်းက မန္တလေးတိုင်းဒေသကြီးအတွင်း အသက်မွေးဝမ်းကျောင်း လုပ်ငန်းများနှင့် ကျေးလက် ဒေသဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများ ဆောင်ရွက်နေမှုကို ကြည့်ရှုစစ်ဆေးသည်။

ဆက်လက်ဖတ်ရှုရန်

Jan 11, 2022

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန အနေဖြင့် ကိုဗစ်-၁၉ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာ ပစ္စည်းများကို လေကြောင်း၊ ပင်လယ်ရေကြောင်းနှင့် နယ်စပ်ကုန်သွယ်ရေးစခန်းများမှ နှောင့်နှေးကြန့်ကြာမှုမရှိ တင်သွင်းနိုင်ရေးအတွက် အချိန်နှင့်တစ်ပြေးညီ စီစဉ်ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့တွင် ချင်းရွှေဟော် ကုန်သွယ်ရေးစခန်းမှ ကုမ္ပဏီ (၁)ခု၊ ယာဉ်စီးရေ (၁)စီးဖြင့် နှာခေါင်းစည်း (Mask)(၃)တန်ကို တင်သွင်းခဲ့ကြောင်း သိရသည်။

ဆက်လက်ဖတ်ရှုရန်

Jan 11, 2022

မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်း ရေရှည်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပြည်သူ့နီတိနှင့် ကျင့်ဝတ်များ “Civics vs Ethics : Sustainable Tourism Development For Myanmar” ခေါင်းစဉ်ဖြင့် အလုပ်ရုံဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်းတွင် ဟိုတယ်နှင့်ခရီးသွားလာရေး ဝန်ကြီးဌာန၊ ကျောက်စိမ်းခန်းမ၌ ဗီဒီယိုကွန်ဖရင့် စနစ်ဖြင့် ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Jan 11, 2022

အပြည်ပြည်ဆိုင်ရာ ဥပဒေနှင့် အာဆီယံဥပဒေရေးရာ အခြေခံသင်တန်း အမှတ်စဉ်၊ ၁/၂၀၂၂ သင်တန်းဖွင့်ပွဲ အခမ်းအနားကို ယနေ့မွန်းလွဲပိုင်းတွင် ဥပဒေရေးရာဝန်ကြီးဌာန မြေညီထပ် အစည်းအဝေးခန်းမ၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Jan 11, 2022

ဝါစိုက်တောင်သူများ၏ ဝင်ငွေ တွက်ခြေကိုက်မှုရှိစေရန် တစ်ဧက ပျမ်းမျှဝါ ပိဿာ (၅၀၀)နှင့်အထက် ထွက်ရှိရေးအတွက် ဒေသရာသီဥတုနှင့် ကိုက်ညီသော မျိုးကောင်းမျိုးသန့် ဝါမျိုးများ၊ သွင်းအားစုနှင့် နည်းပညာများ ကူညီပေးရန် လိုအပ်ကြောင်း ဇန်နဝါရီ (၉) ရက် နံနက်ပိုင်းက မကွေးတိုင်းဒေသကြီး၊ အောင်လံမြို့နယ် ဝါနှင့်လျှော်မျှင်ထွက် သီးနှံဌာနခွဲ ဝါသီးနှံမျိုးသန့်ခြံ၌ တာဝန်ရှိသူများနှင့်ဆွေ့ဆုံစဉ် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်း ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီးက ဆွေးနွေး ပြောကြားသည်။

ဆက်လက်ဖတ်ရှုရန်

Jan 11, 2022

ပဲခူးခရိုင် ပန်းခင်းစီမံချက် လျာထားချက် ရာနှုန်းပြည့် ပြီးမြောက်အောင်မြင်ပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းက ပဲခူးမြို့တော်ခန်းမ၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Jan 11, 2022

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံ စက်သုံးဆီတင်သွင်းဖြန့်ဖြူး ရောင်းချရေးအသင်းတို့ ပူးပေါင်းစီစဉ်မှုဖြင့် ပြည်သူများ သက်သာသောဈေးနှုန်းဖြင့် ဝယ်ယူရရှိနိုင်ရန်ရည်ရွယ်၍ ဗဟိုဘဏ်မှ ရည်ညွှန်းငွေလဲနှုန်းဖြင့် တိုက်ရိုက်ရောင်းချပေးသည့် နိုင်ငံခြားငွေ အမေရိကန်ဒေါ်လာ ၃၄ သန်းဖြင့် စက်သုံးဆီ မှာယူတင်သွင်းခဲ့သည့် ကုမ္ပဏီ ၂၆ ခုမှ ဒီဇယ်ဆီဂါလန် ၁၂ ဒသမ ၅၄ သန်းခန့်ကို အထူးဈေးနှုန်းဖြင့် ဖြန့်ဖြူးရောင်းချပေးသွားမည်ဖြစ်ပြီး ဇန်နဝါရီ ၁၁ ရက်မှစတင်၍ ကုမ္ပဏီ ၁၀ ခုမှတိုင်းဒေသကြီး/ ပြည်နယ်များရှိ စက်သုံးဆီအရောင်းဆိုင်စုစုပေါင်း ၉၉ ဆိုင်တွင် စတင်ဖြန့်ဖြူးရောင်းချပေးသွားမည်ဖြစ်ကြောင်းသိရသည်။

ဆက်လက်ဖတ်ရှုရန်

Jan 11, 2022

ရန်ကုန်တိုင်းဒေသကြီး စည်ပင်သာယာရေးဝန်ကြီး ရန်ကုန်မြို့တော်စည်ပင်သာယာရေး ကော်မတီဥက္ကဋ္ဌ (မြို့တော်ဝန်) ဦးဗိုလ်ဌေးသည် ဒုတိယမြို့တော်ဝန်၊ အတွင်းရေးမှူး၊ ကော်မတီဝင်များနှင့်အတူ ယနေ့နံနက် ၈ နာရီတွင် ယာဉ်ယန္တရား စီမံခန့်ခွဲရေးနှင့် ထိန်းသိမ်းရေးဌာန ယန္တရားမောင်း အထူးမွမ်းမံသင်တန်း အမှတ်စဉ်(၁/၂၀၂) သင်တန်း ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်သည်။

ဆက်လက်ဖတ်ရှုရန်

Jan 11, 2022

အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံသည် ယနေ့နံနက် ၉ နာရီတွင် နေပြည်တော်ဝဏ္ဏသိဒ္ဓိ အားကစားရုံ(B)၌ ဝန်ကြီးဌာနရှိ အရာထမ်း၊ အမှုထမ်းများနှင့် တွေ့ဆုံသည်။

ဆက်လက်ဖတ်ရှုရန်

Jan 11, 2022

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနအနေဖြင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာ ပစ္စည်းများကို လေကြောင်း၊ ပင်လယ်ရေကြောင်းနှင့် နယ်စပ် ကုန်သွယ်ရေးစခန်းများမှ နှောင့်နှေးကြန့်ကြာမှုမရှိ တင်သွင်းနိုင်ရေးအတွက် အချိန်နှင့် တစ်ပြေးညီ စီစဉ်ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့တွင် ချင်းရွှေဟော်ကုန်သွယ်ရေးစခန်းမှ ကုမ္ပဏီတစ်ခု၊ ယာဉ်စီးရေသုံးစီးဖြင့် နှာခေါင်း စည်း(Mask) ၂၃ တန်ကို တင်သွင်းခဲ့ကြောင်း သိရသည်။

ဆက်လက်ဖတ်ရှုရန်