Skip to main content

Jan 19, 2022

ပွင့်လင်းရာသီတွင် ဖြစ်ပေါ်လေ့ရှိသော တောမီးလောင်ခြင်းနှင့် တောင်ယာမီးရှို့ခြင်းတို့မှ ထွက်ရှိသော မီးခိုးမြူငွေ့နှင့် ပြာမှုန့်များကြောင့် လေထုညစ်ညမ်းမှု ဖြစ်ပေါ်လျက်ရှိသဖြင့် Fire Hotspots မီးလောင်ကျွမ်းမှု များပြားနေခြင်းကို လျှော့ချသွားရန်၊ မီးလောင်ကျွမ်းခြင်းများကြောင့် ဖြစ်ပေါ်လာသော မီးခိုးမြူငွေ့ ညစ်ညမ်းမှုကြောင့် ဂေဟစနစ်နှင့် လူသားတို့၏ ကျန်းမာရေးအတွက် ဖြစ်ပေါ်နိုင်သော နောက်ဆက်တွဲ ဆိုးကျိုးများကို ကြိုတင်ကာကွယ်နိုင်ရန် ရည်ရွယ်၍ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်း နယ်စပ်ဖြတ်ကျော် မီးခိုးမြူငွေ့ ညစ်ညမ်းမှု လျှော့ချရေးဆိုင်ရာ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့နံနက် (၁၁) နာရီတွင် နေပြည်တော်ကောင်စီရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Jan 19, 2022

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့၏ (၁၁)ကြိမ်မြောက် သတင်းစာ ရှင်းလင်းပွဲကို ဇန်နဝါရီ ၁၄ ရက် မွန်းလွဲပိုင်းက ပြန်ကြားရေးဝန်ကြီးဌာန၊ ဝန်ကြီးရုံး စုပေါင်းအစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည်။ အဆိုပါသတင်းစာရှင်းလင်းပွဲတွင် နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့၏ အဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်း၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးခင်မောင်ဦးနှင့် ဌာနဆိုင်ရာမှ တာဝန်ရှိသူများက သတင်းမီဒီယာများ၏ သိရှိလိုသည့်မေးမြန်းမှုများကို ပြန်လည်ဖြေကြားသည်။

ဆက်လက်ဖတ်ရှုရန်

Jan 19, 2022

ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌ မြို့တော်ဝန်ဦးဗိုလ်ဌေး၊ စီးပွားရေးရာဝန်ကြီး ဦးအောင်သန်းဦး၊ ဒုတိယမြို့တော်ဝန် ဦးညီညီနှင့် တာဝန်ရှိသူများသည် ယနေ့နံနက်ပိုင်းတွင် ကမာရွတ်မြို့နယ် တက္ကသိုလ်ရိပ်သာလမ်းရှိရန်ကုန် နိုင်ငံခြားဘာသာတက္ကသိုလ် ရေမြောင်းရေစီးရေလာကောင်းမွန်စေရန် အမှိုက်နှင့်နုန်းများ ဆယ်ယူရှင်းလင်းနေမှုနှင့် ကားပါကင်အောက် မြေအောက်မြောင်း ရှင်းလင်းနေမှု ကိုသွားရောက်ကြည့်ရှု စစ်ဆေးပြီး လိုအပ်သည် များမှာကြားသည်။

ဆက်လက်ဖတ်ရှုရန်

Jan 19, 2022

ကချင်ပြည်နယ်အတွင်း မြန်မာဘေးအန္တရာယ် တုံ့ပြန်ရေးအဖွဲ့သင်တန်းဖွင့်လှစ်နိုင်ရေး ညှိနှိုင်း အစည်းအဝေးကို ယမန်နေ့နံနက်ပိုင်းတွင် မြစ်ကြီးနားမြို့ရှိ မလိခခန်းမ၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးဆိုင်ရာ စည်းကမ်းချက်များနှင့်အညီ ကျင်းပရာ လူမှုဝန်ထမ်း၊ ကယ်ဆယ် ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင်၊ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်၊ ပြည်နယ်လူမှုရေးဝန်ကြီး၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ် များ၊ပြည်နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ပြည်နယ်ကြက်ခြေနီအသင်းနှင့် ပြည်နယ်အတွင်းရှိ အရပ်ဘက်လူမှုအဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ တက်ရောက်ကြသည်။

ဆက်လက်ဖတ်ရှုရန်

Jan 19, 2022

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ငါးလုပ်ငန်းဦးစီးဌာနနှင့် စိုက်ပျိုးရေးဦးစီးဌာနတို့ ပူးပေါင်းပြီး စိုက်ပျိုးရေးသိပ္ပံကျောင်း များတွင်မွေးမြူရေးဒီပလိုမာသင်တန်းများကို တိုးချဲ့ဖွင့်လှစ်ရာတွင် သင်ကြားမှုအထောက်အကူဖြစ်စေရန်အတွက် ပုသိမ်ကြီး စိုက်ပျိုးရေး သိပ္ပံကျောင်းရှိ ငါးကန်များအတွင်း ငါးမျိုးစိုက်ထည့်ခြင်း အခမ်းအနားကို ဇန်နဝါရီ ၁၇ ရက် နံနက်ပိုင်းက အဆိုပါကျောင်း ငါးမွေးကန်တွင် ပြုလုပ်သည်။

ဆက်လက်ဖတ်ရှုရန်

Jan 19, 2022

ငါးလုပ်ငန်းဦးစီးဌာနမှ ငါးသယံဇာတများ ရေရှည်ထိန်းသိမ်းနိုင်ရေး၊ ကျေးလက်နေပြည်သူများ ငါးရိက္ခာကို ပိုမိုရရှိစေရေးနှင့် အလုပ်အကိုင် အခွင့်အလမ်းများရရှိစေရေးတို့အတွက် သဘာဝ မြစ်ချောင်းအင်းအိုင် ဆည်တမံများအတွင်း ငါးမျိုးများ စိုက်ထည့်ပေးလျက်ရှိရာ နေပြည်တော် တိုင်း ငါးလုပ်ငန်းဦးစီးဌာနမှ လယ်ဝေးမြို့နယ် ချောင်းမငယ်ရေလှောင်တမံအတွင်း ရေဆင်းငါးလုပ်ငန်းစခန်းမှ ထုတ်လုပ်သော နှစ်လက် မအောက်ခံအရွယ် ငါးမြစ်ချင်းသား ပေါက်ကောင် ရေ ၁၀၀၀၀၀ မျိုးစိုက်ထည့်သည့် အခမ်းအနားကို ဇန်နဝါရီလ ဒုတိယပတ်က ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Jan 19, 2022

တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင် ကုန်သွယ်မှုများကို ဥပဒေနှင့်အညီ ထိရောက်စွာ တားဆီးအရေးယူနိုင်ရေး ဆောင်ရွက်လျက် ရှိရာ ဇန်နဝါရီ ၁၇ ရက်တွင် စုံစမ်းစစ်ဆေးရေးအရာရှိ (မန္တလေး)နှင့် စုံစမ်းစစ်ဆေးရေးနှင့် တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေးဌာနခွဲ၊ အကောက်ခွန်ဦးစီးဌာနမှ မန္တလေး- လားရှိုး- မူဆယ် ပြည်ထောင်စုလမ်းမကြီး (၂၁/၃)မိုင်ခန့်တွင် စစ်ဆေးမှုများပြုလုပ်ခဲ့ရာ ယာဉ်အမှတ်၊ 1F/8750 (YUTONG Bus) ပေါ်တွင် တရားဝင်စာရွက်စာတမ်း အထောက်အထား တစ်စုံတစ်ရာ တင်ပြနိုင်ခြင်းမရှိဘဲ တင်ဆောင်လာသည့် ဖုန်းမျိုးစုံ ၁၇၀၅ လုံး (ခန့်မှန်းတန်ဖိုးငွေကျပ် ၂၅၀,၆၄၄,၀၀၀)နှင့် အဆိုပါပစ္စည်းများ တင်ဆောင်လာသော YUTONG Bus တစ်စီး ခန့်မှန်းတန်ဖိုး ငွေကျပ် ၃၀,၀၀၀,၀၀၀ စုစုပေါင်း ခန့်မှန်းတန်ဖိုး ငွေကျပ် ၂၈၀,၆၄၄,၀၀၀ ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန်ဦးစီးဌာန၏ လုပ်ထုံးလုပ်နည်းများနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။

ဆက်လက်ဖတ်ရှုရန်

Jan 19, 2022

ပြည်ပနိုင်ငံများမှ ဝင်ရောက်လာသည့် မြန်မာနိုင်ငံသားများကို နယ်စပ်ဂိတ်အသီးသီးတွင် လက်ခံဆောင်ရွက်ပေးလျက်ရှိရာ ဇန်နဝါရီ ၁၇ ရက်တွင် ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ မူဆယ်မြို့သို့ ပြန်လည်ဝင်ရောက်လာသူ အမျိုးသား ၉၀ ဦး၊ အမျိုးသမီး ၈၆ ဦး၊ စုစုပေါင်း ၁၇၆ ဦးနှင့် လောက်ကိုင်မြို့သို့ ပြန်လည်ဝင်ရောက်လာသူ အမျိုးသမီး ၁ ဦးတို့ကို လက်ခံခဲ့ကြသည်။

ဆက်လက်ဖတ်ရှုရန်

Jan 19, 2022

တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးတို့၌ သံဃာတော်များ၊ သာသနာ့နွယ်ဝင်သီလရှင်များ၊ ဘာသာရေးခေါင်းဆောင်များအပါအဝင် လူမျိုးမရွေး ဘာသာမရွေး အသက် ၄၀ နှစ်အထက် ဒေသခံပြည်သူများ၊ အကျဉ်းသား၊ အကျဉ်းသူများ၊ မသန်စွမ်းသူများ၊ တိုင်းရင်းသားလက် နက်ကိုင်အဖွဲ့များ၊ နာတာရှည်ရောဂါအခံရှိသူများ၊ ကယ်ဆယ်ရေးစခန်းများ၊ ယာယီတိုက်ပွဲ ရှောင်စခန်းများအတွင်းရှိ ပြည်သူများ၊ အသက် (၁၂)နှစ်အထက် အခြေခံပညာအလယ်တန်းနှင့် အထက်တန်းအဆင့် ကျောင်းသား၊ ကျောင်းသူများစသည့် ဦးတည်အုပ်စုများ သတ်မှတ်၍ တပ်မတော်မှ ဆေးအဖွဲ့များ၊ ပြည်သူ့ဆေးရုံများမှ ဆရာဝန်များ၊ သူနာပြုများ၊ ကျန်းမာရေးဝန်ထမ်းများနှင့် စေတနာ့ဝန်ထမ်း များကကာကွယ်ဆေးထိုးခြင်းလုပ်ငန်းများကို ဆောင်ရွက်ပေးလျက်ရှိသည်။

ဆက်လက်ဖတ်ရှုရန်

Jan 19, 2022

ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ နိုင်ငံ့ဂုဏ်ဆောင်အားကစားသမားများအား ဂုဏ်ပြုထောက်ပံ့ခြင်းနှင့် ၂၀၂၂ ခုနှစ်၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အားကစား ပြိုင်ပွဲများသို့ ဝင်ရောက် ယှဉ်ပြိုင်မည့် ဧရာဝတီတိုင်းဒေသကြီး U-23 လှေလှော်အသင်း၊ U-18 ပြေး၊ ခုန်၊ ပစ်အသင်းနှင့် U-25 စက်ဘီးအသင်းအား အောင်နိုင်ရေးအလံပေးအပ်ပွဲကို ယနေ့နေ့လယ်ပိုင်းတွင် ပုသိမ်မြို့၊ ဧရာရွှေဝါခန်းမ၌ပြုလုပ်ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ အနောက်တောင် တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်အောင်အောင်နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ပြိုင်ပွဲဝင် အားကစားသမားများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။

ဆက်လက်ဖတ်ရှုရန်

Jan 19, 2022

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနအနေဖြင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာပစ္စည်းများကို လေကြောင်း၊ ပင်လယ်ရေကြောင်းနှင့် နယ်စပ်ကုန်သွယ်ရေးစခန်းများမှ နှောင့်နှေးကြန့်ကြာမှုမရှိ တင်သွင်းနိုင်ရေးအတွက် အချိန်နှင့် တစ်ပြေးညီစီစဉ်ဆောင် ရွက်ပေးလျက်ရှိရာ ယနေ့တွင် ချင်းရွှေဟော် ကုန်သွယ်ရေးစခန်းမှ ကုမ္ပဏီတစ်ခု၊ ယာဉ်စီးရေနှစ်စီးဖြင့် အောက်ဆီဂျင်အိုးခွံ ၁၁၀၀ ကို တင်သွင်းခဲ့ကြောင်းသိရသည်။

ဆက်လက်ဖတ်ရှုရန်

Jan 19, 2022

တပ်မတော်(ကြည်း၊ရေ၊လေ) အရာရှိ၊ စစ်သည်၊ အရာထမ်း၊ အမှုထမ်းများနှင့် စေတနာရှင် အလှူရှင်များက မြို့နယ်အသီးသီးရှိ ဘုန်းတော်ကြီး ကျောင်းများ၊ သာသနာနွယ်ဝင် သီလရှင်ကျောင်းများနှင့် ဘာသာရေးကျောင်းများသို့ ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ပဲ အမယ်(၄)မျိုးနှင့် လှူဖွယ် ပစ္စည်းများလှူဒါန်းခြင်း၊ နေ့ဆွမ်းများ ဆက်ကပ်လှူဒါန်းခြင်းများ ဆောင်ရွက်လျက်ရှိသည်။

ဆက်လက်ဖတ်ရှုရန်

Jan 19, 2022

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီးသည် ဇန်နဝါရီ ၁၆ ရက်က မြို့ကြီးရေလှောင်တမံသို့ ရောက်ရှိ ပြီးရေလှောင်တမံ ရေဝင်ရောက်မှု၊ ရေယူအဆောက်အအုံ၊ ရေအားလျှပ်စစ်စက်ရုံနှင့် ရေလွှဲဆည်တို့ကို ကြည့်ရှုစစ်ဆေးပြီး ရေလှောင်တမံ ဘေးကင်းလုံခြုံရေးအတွက် စဉ်ဆက်မပြတ် စူးစမ်းလေ့လာရန် လိုအပ်ချက်များ၊ ကြိုတင်ကာကွယ်ရေး အစီအမံများ ဆောင်ရွက်ရန်လိုအပ်ချက်များနှင့် ဒေသနေ တောင်သူများ၏ စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများ တိုးတက်လုပ်ကိုင်နိုင်ရေး ဖြည့်ဆည်းကူညီ ဆောင်ရွက် ပေးရန် လိုအပ်ချက်များကို ဆွေးနွေးမှာကြားသည်။

ဆက်လက်ဖတ်ရှုရန်

Jan 19, 2022

၂၀၂၂ ခုနှစ် တိုင်းဒေသကြီးနှင့် ပြည်နယ် အသက် ၂၅ နှစ်အောက် (အမျိုးသမီး) ဘောလုံးပြိုင်ပွဲကို ဇန်နဝါရီ ၇ ရက်မှ ၂၁ ရက်အထိ နေပြည်တော် ဝဏ္ဏသိဒ္ဓိဘောလုံးအားကစားကွင်း၌ ကျင်းပလျက်ရှိရာ ယနေ့မွန်းလွဲပိုင်းတွင် အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးလှိုင်နှင့် တာဝန်ရှိသူများ၊ဘောလုံးဝါသနာရှင်များ တက်ရောက်ကြည့်ရှု အားပေးကြသည်။

ဆက်လက်ဖတ်ရှုရန်

Jan 19, 2022

အကောက်ခွန်ဦးစီးဌာနအနေဖြင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးပစ္စည်းများကို ရေကြောင်း၊ ဆိပ်ကမ်း၊ နယ်စပ်ဂိတ် အသီးသီးမှ နေ့စဉ်လွယ်ကူချောမွေ့စွာ စစ်ဆေးထုတ်ပေးလျက်ရှိသည်။

ဆက်လက်ဖတ်ရှုရန်

Jan 19, 2022

“နိုင်ငံတစ်နိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပညာတတ်များ ပေါများရန်လိုအပ်သဖြင့် ပညာတတ်များ ပေါများစေရေး ပညာရေးကဏ္ဍမှ တာဝန်ရှိသူများက ကြိုးပမ်းဆောင်ရွက်ပေး ရန်လိုကြောင်း” ဇန်နဝါရီ ၁၇ ရက်ကပြုလုပ်သည့် အဆင့်မြင့်ပညာကဏ္ဍလုပ်ငန်းညှိနှိုင်း အစည်းအဝေးတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ် မှူးကြီးမင်းအောင်လှိုင်က ပြောကြားခဲ့သည်။

ဆက်လက်ဖတ်ရှုရန်

Jan 19, 2022

ပစ္စက္ခကာလ မြန်မာ့နိုင်ငံရေးအခြေအနေသည် မြန်မာနိုင်ငံသူ နိုင်ငံသားတို့ မတွေ့လို၊ မကြုံလိုကြသော နိုင်ငံရေးအခြေအနေဖြစ်သည်။ ပါတီစုံဒီမိုကရေစီစနစ်ကို ကျင့်သုံး၍ ခေတ်မီဖွံ့ ဖြိုးတိုးတက်သော၊ ငြိမ်းချမ်းသာယာဝပြောသော ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စုနိုင်ငံ တော်ကြီးသို့ ဦးတည်မျှော်မှန်း အကောင်အထည်ဖော်ခဲ့ကြရာတွင် ရွေးကောက်ပွဲများမှ တက်ရောက်လာသည့် အစိုးရများလည်း နှစ်ဆက်ရှိခဲ့သည်။ ဒီမိုကရေစီအစိုးရနှစ်ရပ်တို့၏ သက်တမ်းနှစ်ခုအတွင်း မူဝါဒချမှတ်ပုံ၊ လုပ်ကိုင်ဆောင်ရွက်ပုံများ ကွဲပြားခြားနားမှုကိုလည်း ပြည်သူတို့ မျက်ဝါးထင်ထင် မြင်တွေ့ခဲ့ကြရသည်။ ၂ဝ၂ဝ ပြည့်နှစ် ပါတီစုံအထွေထွေ ရွေးကောက်ပွဲတွင် မဲမသမာမှုများနှင့်စပ်လျဉ်း၍ ဖြစ်ပေါ်လာသော မြန်မာ့နိုင်ငံရေးအပြောင်း အလဲတွင် နိုင်ငံကို အလုံးစုံပျက်သုဉ်းရေးဆီသို့ တွန်းပို့နေသည့် အဖျက်အင်အားစုတို့သည် လတ်တလောပေါ်ပေါက်လာခြင်းမဟုတ်ဘဲ ရှေးမဆွကပင် ကြိုတင်စီမံခဲ့သည်ဟု ယူဆဖွယ်ရာ တို့ တွေ့ရသည်။ အထူးသဖြင့် ဆိုရှယ်မီဒီယာနှင့် ပြည်ဖျက်မီဒီယာများ၊ မီဒီယာသမားများကို အသုံးချကာ နိုင်ငံ၏အင်အားစုများကို ပြိုကွဲရန်၊ ပျက်စီးရန် ကြိုးပမ်းမှုများလွန်ခဲ့သည့် နှစ်အနည်းငယ်ခန့်မှ စတင်ပေါ်ပေါက် လာခဲ့ခြင်းဖြစ်ပြီး ၎င်းတို့လိုလားသည့် အစိုးရပေါ်ပေါက် လာသည့် ယနေ့ကာလတွင်လည်း ဆက်လက်၍ တိုင်းပြည်ဖျက်ရေး အားထုတ်နေကြဆဲဖြစ်သည်။

ဆက်လက်ဖတ်ရှုရန်

Jan 18, 2022

ဝိသမလောဘဒုစရိုက်သမားများအနေဖြင့် နိုင်ငံတော်အတွင်း နေရာဒေသအချို့၌ လတ်တလောဖြစ်ပေါ်နေသော အခြေအနေများနှင့် PDF အမည်ခံအကြမ်းဖက်အဖွဲ့များ၏ အကြမ်းဖက်ဖောက်ခွဲခြင်း၊ လုပ်ကြံသတ်ဖြတ်ခြင်းများကြောင့် အပြစ်မဲ့ပြည်သူများအကြားတွင် စိုးရိမ် ကြောက်ရွံ့မှုများဖြစ်ပေါ်ကာ အချင်းချင်းပူးပေါင်းဆောင်ရွက်မှု အားနည်းလာခြင်းအပေါ် အခွင့်အရေးတစ်ရပ်အနေဖြင့် အသုံးချကာ လက်နက်များ/လက်နက်(အတုများ)အသုံးပြု၍ ဘဏ်နှင့် ရွှေဆိုင်အချို့အား လုယက်မှုများ ကျူးလွန်လျက်ရှိသည်။

ဆက်လက်ဖတ်ရှုရန်

Jan 18, 2022

စက်မှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်းသည် ဒုတိယဝန်ကြီး ဦးကိုကိုလွင်၊ မွန်ပြည်နယ်အစိုးရအဖွဲ့ဝင် သယံဇာတရေး ရာဝန်ကြီးဦးအောင်ကြည်သိန်းတို့နှင့်အတူ ဇန်နဝါရီ(၁၆)ရက် နံနက်ပိုင်းတွင် သံဖြူဇရပ်မြို့နယ်ရှိ မင်းရွာရာဘာခြံ၌ ရာဘာပင်များ စိုက်ပျိုး ထားရှိမှုကိုလှည့်လည်ကြည့်ရှုစစ်ဆေးသည်။

ဆက်လက်ဖတ်ရှုရန်

Jan 18, 2022

ရင်းနှီးမြှုပ်နှံမှုနှင့်နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၏ စီမံအုပ်ချုပ်မှု ကောင်းမွန်ရေးနှင့် စွမ်းဆောင်ရည်မြင့်မားတိုးတက်စေရေးအတွက် ပြုပြင်ပြောင်းလဲရေးဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲ (Reform Workshop) ကို ယနေ့နံနက်ပိုင်းတွင် ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေး ဝန်ကြီးဌာန၊ ရုံးအမှတ် (၁) ၊ အစည်းအဝေးခန်းမ (၂) ၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်