Skip to main content

Feb 11, 2022

၂၀၂၂ ခုနှစ် (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ ဂုဏ်ပြုအခမ်းအနားတွင် တိုင်းဒေသကြီးနှင့် ပြည်နယ်များ၏ အမည်စာလုံးစာသား သရုပ်ဖော်နှင့် ဘင်ခရာအဖွဲ့တို့ဖြင့် ပါဝင်ဆင်နွှဲကြမည့် ကျောင်းသား ကျောင်းသူများ၊ ဆရာ ဆရာမများနှင့် ပညာရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများသည် ယနေ့ ဖေဖော်ဝါရီ ၁၀ ရက် နံနက်ပိုင်းနှင့် မွန်းလွဲပိုင်း နှစ်ဖွဲ့ခွဲ၍ နေပြည်တော်ကောင်စီနယ်မြေ တပ်ကုန်းမြို့ရှိ မြန်မာ့အသံနှင့် ရုပ်မြင်သံကြားသို့ လာရောက် လေ့လာမှုနှင့်အတူ မြန်မာ့ရုပ်မြင်သံကြား၏ ဖျော်ဖြေတင်ဆက်မှုများ၌ ပါဝင်သီဆိုကခုန်ပြီး အပန်းဖြေကြသည်။

ဆက်လက်ဖတ်ရှုရန်

Feb 11, 2022

(၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ ဂုဏ်ပြုအခမ်းအနားတွင် ပြည်ထောင်စုနယ်မြေနှင့် တိုင်းဒေသကြီး/ ပြည်နယ်အသီးသီးမှ ဂုဏ်ပြုယာဉ်များ ပါဝင် ပြသမည်ဖြစ်ပြီး အဆိုပါ ဂုဏ်ပြုယာဉ်များကို ပြည်သူများ လေ့လာကြည့်ရှုနိုင်ရန် ရည်ရွယ်လျက် နေပြည်တော် ဥပ္ပါတသန္တိစေတီတော်ရှေ့ တပေါင်းကွင်း၌ ဖေဖော်ဝါရီ ၁၃ ရက်မှ ၁၅ ရက်အထိ နံနက် ၈ နာရီမှ ညနေ ၆ နာရီအတွင်း ခင်းကျင်းပြသထားမည်ဖြစ်ကြောင်းနှင့် တိုင်းရင်းသားရိုးရာ အစားအစာများ ပြုလုပ်ရောင်းချမည့် အစီအစဉ်လည်း ပါဝင်မည်ဖြစ်ကြောင်း သိရှိရသည်။

ဆက်လက်ဖတ်ရှုရန်

Feb 11, 2022

မြန်မာနိုင်ငံသို့ အာဆီယံလူသားချင်း စာနာထောက်ထားမှု အကူအညီပေးအပ်ရေး ညှိနှိုင်းမှုဗဟိုဌာန (ASEAN Coordinating Centre for Humanitarian Assistance on Disaster Management-AHA Centre) မှတစ်ဆင့် ပေးအပ်သည့် အာဆီယံ၏ လူသားချင်းစာနာထောက်ထားမှု အကူအညီများ ဒုတိယအဆင့်အတွက် ရှေ့ဆက်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များနှင့် ကြိုတင်ပြင်ဆင်မှုများ ပေါင်းစပ်ညှိနှိုင်းနိုင်ရန်အတွက် လုပ်ငန်းအဖွဲ့ (Task Force)၏ စတုတ္ထအကြိမ် ညှိနှိုင်းအစည်းအဝေးကို ယနေ့ မွန်းလွဲပိုင်းတွင် နိုင်ငံခြားရေးဝန်ကြီးဌာန၊ သံလွင်ခန်းမ၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Feb 11, 2022

နေပြည်တော်၌ ကျင်းပမည့် (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ ဂုဏ်ပြုအခမ်းအနားတွင် ပါဝင်ဆင်နွှဲမည့် မွန်ပြည်နယ်မှ တိုင်းရင်းသား စာပေနှင့် ယဉ်ကျေးမှု အဖွဲ့ဝင်များသည် ယနေ့နံနက်ပိုင်းက နေပြည်တော်ရှိ လွှတ်တော်အဆောက်အအုံသို့ သွားရောက်လေ့လာ ကြည့်ရှုကြသည်။

ဆက်လက်ဖတ်ရှုရန်

Feb 11, 2022

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ၊ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းသည် ယနေ့ ညနေပိုင်းတွင် (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ ဂုဏ်ပြုညစာစားပွဲ ပြင်ဆင်ဆောင်ရွက်ထားရှိမှုများနှင့် စိန်ရတုပြည်ထောင်စုနေ့ ဂုဏ်ပြုအခမ်းအနားတွင် သီဆိုကပြဖျော်ဖြေကြ မည့် တိုင်းရင်းသား၊ တိုင်းရင်းသူများ၏ ဝတ်စုံပြည့် အစမ်းလေ့ကျင့်နေမှုများကို ကြည့်ရှုစစ်ဆေးသည်။

ဆက်လက်ဖတ်ရှုရန်

Feb 11, 2022

နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် အဖွဲ့ဝင်များလိုက်ပါ၍ ယနေ့မွန်းလွဲပိုင်းတွင် မင်းဘူးမြို့ ခုတင်(၂၀၀)ဆံ့ ခရိုင်အထွေထွေရောဂါကုဆေးရုံကြီးသို့ သွားရောက်ကြည့်ရှု စစ်ဆေးသည်။

ဆက်လက်ဖတ်ရှုရန်

Feb 11, 2022

နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများအား ယနေ့ မွန်းလွဲပိုင်းတွင် နယ်မြေခံတပ်ဌာနချုပ် ဧည့်ခန်းမဆောင်၌ တွေ့ဆုံ၍ ဒေသဖွံ့ဖြိုးတိုးတက်ရေး ဆိုင်ရာများအား ဆွေးနွေးပြောကြား သည်။

ဆက်လက်ဖတ်ရှုရန်

Feb 11, 2022

မကွေးတိုင်းဒေသကြီး ပွင့်ဖြူမြို့နယ် လယ်ကိုင်းကျေးရွာအုပ်စု သက်သာပန်းတောင်းကျေးရွာ ရွာဦးဘုန်းတော်ကြီးကျောင်းတိုက် ဝတ္ထုကံတော်အတွင်းရှိ စကြာပန်းတောင်း စေတီတော် မဟာဇေယျာဘုံရွှေထီးတော်၊ ဝဇီရကေတုစိန်ဖူးတော် တင်လှူပူဇော်ပွဲနှင့် ဗုဒ္ဓါဘိသေက အနေကဇာတင် မဟာမင်္ဂလာအခမ်းအနားကို ယနေ့ နံနက်ပိုင်းတွင် ကျင်းပပြုလုပ်ရာ နိုင်ငံတော်ဩဝါဒါစရိယ၊ စလင်းဆရာတော်ကြီး အဂ္ဂမဟာ ဂန္ထဝါစကပဏ္ဍိတ ဘဒ္ဒန္တ ကေတု အမှူးပြုသည့် ဆရာတော်၊ သံဃာတော် အရှင်သူမြတ်များ ကြွရောက်ချီးမြှင့်တော်မူကြသည်။

ဆက်လက်ဖတ်ရှုရန်

Feb 11, 2022

မြန်မာနိုင်ငံသည် ကျူးကျော်သူနယ်ချဲ့တို့ကို လက်နက်စွဲကိုင် တွန်းလှန်တိုက်ခိုက်၍ အနိုင်ယူခဲ့သော်လည်း တိုင်းပြည်လွတ်လပ်ရေးအတွက် တိုင်းရင်းသား ပြည်သူအပေါင်း တို့၏ စည်းလုံးညီညွတ်သော စိတ်ဓာတ်စွမ်းအားများကို အခိုင်အမာထုတ်ဖော်ပြသ၍ အရယူနိုင်ခဲ့ပါသည်။ နယ်ချဲ့ဗြိတိသျှအစိုးရသည် မြန်မာနိုင်ငံကို အကြိမ်ကြိမ်အခါခါ နည်းပရိယာယ်မျိုးစုံဖြင့် သိမ်းပိုက်အုပ်ချုပ်ခဲ့သော်လည်း တိုင်းရင်းသား ပြည်သူအပေါင်းတို့၏ စည်းလုံးညီညွတ်မှုအားမာန်ကို မခံနိုင်ဘဲ လွတ်လပ်ရေးပေးခဲ့ရပါသည်။

ဆက်လက်ဖတ်ရှုရန်

Feb 11, 2022

မြန်မာ့လွတ်လပ်ရေးအတွက် ကြိုးပမ်းရာတွင် ဦးစွာပထမ စည်းလုံးညီညွတ်ရေးကို တည်ဆောက်ခဲ့ရသည်။ ၁၉၄၆ ခုနှစ်၊ ဇန်နဝါရီလ၂၃ ရက်နေ့ ပရိသတ်နှစ်သိန်းကျော် တက်ရောက်သည့် ဖ.ဆ.ပ.လ လူထုညီလာခံကြီးတွင် ဗိုလ်ချုပ်အောင်ဆန်းက ညီညွတ်ရေးအဆိုတစ်ရပ်ကို အကျယ်တဝင့် တင်သွင်းခဲ့ရာတွင် “လွတ်လပ်ရေးလုပ်တဲ့ကိစ္စမှာ တစ်တိုင်းတစ်ပြည်လုံး သွေးစည်းပြီး စည်းစည်းလုံးလုံးအလုပ်လုပ်မှ ဖြစ်နိုင်မှာမို့ပဲ၊ ဒီလိုမလုပ်ရင် ညီညွတ်ရေးမရဘူးဆိုလို့ရှိရင် တိုင်းပြည်နှင့်လူမျိုးလွတ်လပ်ရေးဟာ ကျကျနန မဖြစ်နိုင်ဘူး”ဟု ပြောကြားခဲ့သလို “မြန်မာပြည်သည် အာဏာပိုင် တိုင်းပြုပြည်ပြု လွှတ်တော်ကြီးခေါ်၍ ကိုယ်ပိုင်ပြဋ္ဌာန်းနိုင်ခွင့်ရှိသော အခြေအနေသို့ ဆိုက်ရောက်အောင် (ဝါ) လွတ်လပ်ရေးရအောင် အလိုဆုံးသောအရာမှာ ညီညွတ်ရေးပင်ဖြစ်ကြောင်း၊ ညီညွတ်ရေးသည် တူညီသောအကျိုး၊ တူညီသောအလုပ်နှင့် တူညီသောရည်ရွယ်ချက်တို့တွင် အခြေပြုရမည်ဖြစ်ကြောင်း” ဟူ၍လည်း ထည့်သွင်းရှင်းလင်း ပြောကြားခဲ့သည်။

ဆက်လက်ဖတ်ရှုရန်

Feb 10, 2022

ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် နိုင်ငံအတွင်း ကူးစက်ဖြစ်ပွားနေသော COVID-19 ရောဂါ ကာကွယ်၊ ကုသ၊ ထိန်းချုပ်ရေးလုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိပါသည်။

ဆက်လက်ဖတ်ရှုရန်

Feb 10, 2022

နယ်စပ်ရေးရာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးဗိုလ်ချုပ် ဖြိုးသန့်သည် တာဝန်ရှိသူများနှင့်အတူ ဖေဖော်ဝါရီ ၄ ရက်မှ ၈ ရက်အထိ ရှမ်းပြည်နယ်(အရှေ့ပိုင်း) အတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများနှင့် လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးရေးလုပ်ငန်းများကို ကြည့်ရှုစစ်ဆေးသည်။

ဆက်လက်ဖတ်ရှုရန်

Feb 10, 2022

ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ လုပ်ငန်းများ ညှိနှိုင်း ပေါင်းစပ်ရေးကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေး (၁/၂၀၂၂) ကို ယနေ့မွန်းလွဲပိုင်း တွင် နေပြည်တော်ရှိ နယ်စပ်ရေးရာဝန်ကြီးဌာန စုပေါင်းအစည်းအဝေးခန်းမ၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Feb 10, 2022

ပြည်ထောင်စုရာထူးဝန်အဖွဲ့ ကြီးကြပ်ကွပ်ကဲမှုအောက်ရှိ ဗဟိုဝန်ထမ်း တက္ကသိုလ် (အထက်မြန်မာပြည်)တွင် အရာထမ်းငယ်အခြေခံသင်တန်း၊ အမှတ်စဉ် (၈၉) နှင့် စာရေး ဝန်ထမ်းအခြေခံသင်တန်းအမှတ်စဉ် (၉၉ )တို့၏ သင်တန်းဆင်းစစ်ရေးပြ​ အခမ်းအနား ကို ယနေ့ မွန်းလွဲ ၃ နာရီတွင် တက္ကသိုလ် စစ်ရေးပြကွင်း၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Feb 10, 2022

(၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ရှေးဟောင်းမီးသတ်ယာဉ်များပြတိုက် ဖွင့်ပွဲအခမ်းအနားကို ယနေ့ နံနက်ပိုင်း တွင် ရန်ကုန်မြို့၊ မရမ်းကုန်းမြို့နယ် အမှတ်(၅)ရပ်ကွက်၊ အုတ်ပုံဆိပ်လမ်းရှိ မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့ ဌာနချုပ်၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Feb 10, 2022

မြန်မာတို့၏ရိုးရာအမွေအနှစ် ကိုယ်ခံပညာရပ်ဖြစ်သည့် မြန်မာ့သိုင်းအားကစားနည်း ဖွံ့ဖြိုး တိုးတက်စေရန်နှင့် မြန်မာ့ရိုးရာသိုင်းပညာရပ်ကို လူငယ်/ လူရွယ်တိုင်း စိတ်ပါဝင်စားလာစေရန် ရည်ရွယ်၍ " ၂၀၂၂ခုနှစ်၊ တိုင်းဒေသကြီးနှင့်ပြည်နယ် မြန်မာ့သိုင်းပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနား" ကို ယနေ့နံနက် (၉)နာရီတွင် နေပြည်တော်ရှိ ဝဏ္ဏသိဒ္ဓိအားကစားရုံ(B)၌ ကိုဗစ်- ၁၉ ရောဂါ စည်းမျဉ်း/စည်းကမ်းများနှင့်အညီ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Feb 10, 2022

ထိုင်းနိုင်ငံသို့ MOU စနစ်ဖြင့် အလုပ်သမားစေလွှတ်ရေး လုပ်ငန်းစဉ်များနှင့်ပတ်သက်၍ မြန်မာပြည်ပအလုပ်အကိုင် ဝန်ဆောင်မှု လုပ်ငန်းရှင်များ အဖွဲ့ချုပ်နှင့် အလုပ်သမားဝန်ကြီးဌာနတို့၏ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့ မွန်းလွဲ ၂ နာရီတွင် အလုပ်သမားဝန်ကြီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Feb 10, 2022

ဝန်ကြီးဌာနအတွင်းရှိ ဝန်ထမ်းများအချင်းချင်း စည်းလုံးညီညွတ်စွာ အသင်းအဖွဲ့စိတ်ဓာတ်ဖြင့် ပူးပေါင်းဆောင်ရွက်တတ်စေရန်၊ တိုင်းရင်းသားရိုးရာ ယဉ်ကျေးမှုဓလေ့ထုံးစံများ၊ ရိုးရာဝတ်စုံများ၊ ရိုးရာအစားအစာနှင့် စာပေတို့ကို သိရှိနားလည်ပြီး တစ်ဦးနှင့် တစ်ဦး ပိုမိုရင်းနှီးလာစေရန်နှင့် ပြည်ထောင်စုစိတ်ဓါတ် မြင့်မားလာစေရန် ရည်ရွယ်၍ စိန်ရတုပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွား ဆက်သွယ်ရေးဝန်ကြီးဌာန၏ စိန်ရတုပြည်ထောင်စုနေ့အကြို တိုင်းရင်းသားရိုးရာ အစားအစာပွဲတော်ကို ယနေ့ နံနက်ပိုင်းတွင် နေပြည်တော်၊ ရုံးအမှတ်(၁)၌ စည်ကားသိုက်မြိုက်စွာ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်