Skip to main content

ပြည်ထောင်စုရာထူးဝန်အဖွဲ့၊ ဗဟိုဝန်ထမ်းတက္ကသိုလ် (အထက်မြန်မာပြည်) အရာထမ်းငယ် အခြေခံသင်တန်း အမှတ်စဉ် (၈၉) နှင့် စာရေးဝန်ထမ်း အခြေခံသင်တန်း အမှတ်စဉ် (၉၉)တို့၏ သင်တန်းဆင်းပွဲကျင်းပ

နေပြည်တော် ဖေဖော်ဝါရီ ၁၀

ပြည်ထောင်စုရာထူးဝန်အဖွဲ့ ကြီးကြပ်ကွပ်ကဲမှုအောက်ရှိ ဗဟိုဝန်ထမ်း တက္ကသိုလ် (အထက်မြန်မာပြည်)တွင် အရာထမ်းငယ်အခြေခံသင်တန်း၊ အမှတ်စဉ် (၈၉) နှင့် စာရေး ဝန်ထမ်းအခြေခံသင်တန်းအမှတ်စဉ် (၉၉ )တို့၏ သင်တန်းဆင်းစစ်ရေးပြ​ အခမ်းအနား ကို ယနေ့ မွန်းလွဲ ၃ နာရီတွင် တက္ကသိုလ် စစ်ရေးပြကွင်း၌ ကျင်းပသည်။

သင်တန်းဆင်းပွဲသို့ ဗဟိုဝန်ထမ်းတက္ကသိုလ် (အထက် မြန်မာပြည်) ပါမောက္ခချုပ် ဦးကျော်စိုး၊ ဒုတိယ ပါမောက္ခချုပ်(စီမံခန့်ခွဲရေး) ဒေါ်ခင်စမ်းယု၊  ဒုတိယပါမောက္ခချုပ် (သင်ကြားရေး) ဒေါက်တာခင်မာမျိုး၊  ဌာနကြီးမှူးများ၊ ပါမောက္ခဌာနမှူးများ၊ တက္ကသိုလ် သင်ကြားစီမံဌာန များမှ တာဝန်ရှိပုဂ္ဂိုလ်များနှင့် သင်တန်းသား၊ သင်တန်းသူများ တက်ရောက် ခဲ့ကြသည်။

သင်တန်းဆင်းပွဲတွင် ပါမောက္ခချုပ် ဦးကျော်စိုးက နိုင်ငံ့၀န်ထမ်းများသည် နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ၏ ရှေ့လုပ်ငန်းစဉ်များကို ကောင်းမွန်စွာ အကောင်အထည်ဖော် ကြရမည့် အဓိကအစိတ်အပိုင်းဖြစ်ပြီး အစိုးရကို တာဝန်ခံကာ ပြည်သူကို ဗဟိုပြုလျက် ပြည်သူ့အကျိုးစီးပွားကို ဦးတည် ဆောင်ရွက်ကြရမည့်သူများဖြစ်ပါကြောင်း။  ပြည်သူ့ဝန်ထမ်းများ၊ အစိုးရဌာနများအနေဖြင့် နိုင်ငံတော်၏အုပ်ချုပ်ရေးယန္တရားကို အသွင် ကူးပြောင်းရေး ကာလနှင့် လိုက်လျောညီထွေရှိပြီး ဒီမိုကရေစီ သဘောတရားများနှင့် ကိုက်ညီသည့် ကောင်းမွန်သော အုပ်ချုပ်ရေးယန္တရားအဖြစ် ပြုပြင်ပြောင်းလဲ လုပ်ဆောင် ရာတွင် လုပ်ရည်၊ ကိုင်ရည်နှင့် စွမ်းရည်တို့ကို မြှင့်တင်ကာ ပြည်သူများ၏ လက်ငင်း အကျိုးစီးပွားကို ကိုယ်စွမ်း၊ ဉာဏ်စွမ်းရှိသရွေ့ အစွမ်းကုန် ဆောင်ရွက်ပေးခြင်းဖြင့် ပြည်သူ့တို့၏ ယုံကြည်ကိုးစားမှု ခံယူထိုက်သူများဖြစ်အောင် ဆောင်ရွက် သွားကြရန်ဖြစ်ကြောင်း ပြောကြားသည်။

ထိုနောက် သင်တန်းများတွင် ထူးချွန်ဆုရရှိသူများကို သင်တန်းထူးချွန်ဆုများ ချီးမြှင့်ပြီး သင်တန်းဆင်းအောင်လက်မှတ်များ ပေးအပ်သည်။

အဆိုပါ အရာထမ်းငယ်အခြေခံသင်တန်း အမှတ်စဉ် (၈၉)တွင် သင်တန်းသား(၉၂)ဦး၊ သင်တန်းသူ(၁၂၁)ဦး၊ စုစုပေါင်း(၂၁၃)ဦးနှင့် စာရေးဝန်ထမ်း အခြေခံ သင်တန်း အမှတ်စဉ် (၉၉)မှ သင်တန်းသား(၁၃၈)ဦး၊ သင်တန်းသူ (၁၇၉)ဦး၊ စုစုပေါင်း(၃၁၇)ဦး တက်ရောက်ခဲ့ပြီး သင်တန်းကာလမှာရက်သတ္တပတ် (၁၀)ပတ်စီ ကြာမြင့်ခဲ့ကြောင်း သိရသည်။  

သတင်းစဉ်