Skip to main content

Jul 11, 2022

ဆောက်လုပ်ရေးဝန်ကြီး ပြည်ထောင်စုဝန်ကြီး ဦးရွှေလေးနှင့် ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ရဲမှူးချုပ် တင်ကိုကိုတို့သည် တောင်ကြီးမြို့၊ လမ်းဦးစီးဌာန ပြည်နယ်ညွှန်ကြားရေးမှူးရုံးတွင် ရှမ်းပြည်နယ်(တောင်ပိုင်း)ရှိ ပြည်နယ်၊ ခရိုင်၊ မြို့နယ်နှင့် အဆောက်အဦ၊ လမ်း၊ တံတားအထူးအဖွဲ့များမှ ဝန်ထမ်းများနှင့် တွေ့ဆုံသည်။

ဆက်လက်ဖတ်ရှုရန်

Jul 11, 2022

ဘွိုင်လာကိုင်တွယ် ထိန်းသိမ်းသူများ သင်တန်းအမှတ်စဉ်(၁/၂၀၂၂) ဆင်းပွဲ အခမ်းအနားကို ဇူလိုင် ၉ နေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး၊ ဗဟန်းမြို့နယ်ရှိ စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာန၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Jul 11, 2022

ရဲဘော်စိတ်ဟူသည် ရဲဘော်အချင်းချင်းအပေါ် ထားရှိသော မေတ္တာတရား၊ သံယောဇဉ်တရား၊ သစ္စာ စောင့်သိမှု တရားပင်ဖြစ်သည်နှင့်အညီ တပ်မတော်တွင် တာဝန်ထမ်းဆောင်လျက်ရှိသည့် အရာရှိ၊ စစ်သည် အဆင့်အတန်းအားလုံး ရဲဘော်စိတ် အပြည့်ထားရှိပြီး အထက်အောက် ညီညွတ်မျှတ သည့် အုပ်ချုပ်မှုစနစ်ရှိရန် လိုအပ်ကြောင်း တပ်မတော်အကြီးအကဲက လမ်းညွှန်မှာကြားထား သည်ဖြစ်ရာ အုပ်ချုပ်မှု ညီညွတ်မျှတစေရန်အတွက် ကွပ်ကဲအုပ်ချုပ်ရာ၌ တပ်မှူးကောင်း စိတ်ဓာတ် (Commander Spirit) ၊ ဖခင်သဖွယ်စိတ်ဓာတ် (Fatherly Spirit) တို့ဖြင့် ကွပ်ကဲအုပ်ချုပ် ဆောင် ရွက်လျက်ရှိသည်။

ဆက်လက်ဖတ်ရှုရန်

Jul 11, 2022

၁။      ၂၀၂၂ ခုနှစ်၊ ဇူလိုင်လ(၁၉)ရက်နေ့တွင် ကျင်းပပြုလုပ်မည့် (၇၅)နှစ်မြောက် အာဇာနည်နေ့ အခမ်းအနားကို ဗဟန်းမြို့နယ်ရှိ အာဇာနည် ဗိမာန်တွင် ကျင်းပပြုလုပ်မည်ဖြစ်ရာ အခမ်းအနားကျင်းပမည့် နံနက် ၀၄၀၀ နာရီအချိန်မှ အခမ်းအနားပြီးဆုံးသည်အထိ အနောက်ရွှေဂုံတိုင် လမ်းအား ရေတာရှည်လမ်းဟောင်းမှလည်းကောင်း၊

ဆက်လက်ဖတ်ရှုရန်

Jul 11, 2022

မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်း အဖွဲ့သည် ဇူလိုင် ၉ ရက် နံနက်ပိုင်းက မောင်တောမြို့ မြို့ဝင်/ထွက်စစ်ဆေးရေးဂိတ်တွင် ဇော်သန်းမောင်းနှင်လာသည့် မော်တော်ဆိုင်ကယ်အား ရပ်တန့်စစ်ဆေးရှာဖွေရာ ၎င်း၏ခါးပတ်အိတ်နှင့် ဆိုင်ကယ်တူးဘောက်အတွင်းတို့မှ စိတ်ကြွရူးသွပ်ဆေးပြား ၈၅၈၂၄ ပြား သိမ်းဆည်းရမိခဲ့ပြီး ကွင်းဆက်အရ နံနက် ၇ နာရီခွဲက မောင်တောမြို့နယ် ရွှေဇားကပ္ပ ကောင်းကျေးရွာအုပ်စု ရွှေဇား(အလယ်)ကျေးရွာနေ အေနာအူလ္လာအား ထပ်မံဖမ်းဆီးရမိခဲ့သဖြင့် ဇော်သန်းနှင့် အေနာအူလ္လာတို့အား မူးယစ်ဆေးဝါးနှင့်စိတ်ကို ပြောင်းလဲစေသောဆေးဝါးများဆိုင်ရာ ဥပဒေ အရ အရေးယူထားကြောင်း သိရသည်။

ဆက်လက်ဖတ်ရှုရန်

Jul 11, 2022

ဖြစ်ပေါ်ပြောင်းလဲနေသော ရာသီဥတုနှင့် လိုက်လျောညီထွေစွာ စိုက်ပျိုးထုတ်လုပ်နိုင်ရေး အတွက် မျိုး၊ စိုက်စနစ်၊ သီးနှံပုံစံများ ပြောင်းလဲချမှတ် နိုင်ရေး စဉ်ဆက်မပြတ် ဆောင်ရွက်ကြရန်လိုကြောင်း ဇူလိုင် ၉ ရက်က ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့သစ် (အရှေ့ပိုင်း) မြို့နယ် စိုက်ပျိုးရေးဦးစီးဌာန ဘက်စုံ စိုက်ပျိုးမွေးမြူရေးစခန်း (လေးထောင့်ကန်)အား ကြည့်ရှုစစ်ဆေးစဉ် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာ အောင်ကြီးက ပြောကြားသည်။

ဆက်လက်ဖတ်ရှုရန်

Jul 11, 2022

၂၀၂၁-၂၀၂၂ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် ထူးချွန်စွာအောင်မြင်ခဲ့ကြသည့် ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာနမှ ဝန်ထမ်းများ၏ သားငယ်သမီးငယ်၊ ကျောင်းသား ကျောင်းသူများ အား ဂုဏ်ပြုချီးမြှင့်သည့်အခမ်းအနားကို ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီး ဌာန ရုံးအမှတ်(၂)၌ ယနေ့ နံနက် ၈ နာရီ တွင် ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Jul 11, 2022

စားအုန်းဆီ အခြေခံလက်ကားရည်ညွှန်းဈေးနှုန်းတစ်ပိဿာ ငွေကျပ် ၄၆၅၀ ဖြစ်ကြောင်း ထုတ်ပြန်ကြေညာ

ဆက်လက်ဖတ်ရှုရန်

Jul 11, 2022

တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင် ကုန်သွယ်မှုများကို ဥပဒေနှင့်အညီ ထိရောက်စွာ တားဆီးအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိရာ ဇူလိုင် ၉ ရက်တွင် ကရင်ပြည်နယ် တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေး အထူးအဖွဲ့၏ စီမံခန့်ခွဲ မှုဖြင့် ကော့ကရိတ် (တံတားကျိုး) စုပေါင်းစစ်ဆေးရေးစခန်း၌ စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ မြဝတီမြို့မှ ရန်ကုန်မြို့သို့ သွားရောက်မည့် ကုန်တင် ယာဉ်နှစ်စီးပေါ်မှ သွင်းကုန်ကြေညာလွှာ IDတွင် ကြေညာထားခြင်းမရှိသော ကြမ်းခင်းဖယောင်း ပုဆိုးလိပ်(ခန့်မှန်းတန်ဖိုး ငွေကျပ် ၃၀၂၅၀၀၀)နှင့် WESTLAKE အမျိုးအစား မော်တော်ကားတာယာများ (ခန့်မှန်းတန်ဖိုးငွေကျပ် ၃၀၄၀၀၀၀)၊ စုစုပေါင်း (ခန့်မှန်း တန်ဖိုးငွေကျပ် ၆၀၆၅၀၀၀)ကို ဖမ်းဆီးရမိ ခဲ့ပြီး အကောက်ခွန် လုပ်ထုံးလုပ်နည်းနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။

ဆက်လက်ဖတ်ရှုရန်

Jul 11, 2022

ရန်ကုန်မြို့နှင့် မန္တလေးမြို့အတွက် ရည်ညွှန်းလက်ကားဈေးနှုန်းများနှင့် ပြည်ထောင်စုနယ်မြေ နေပြည်တော်၊ တိုင်းဒေသကြီး/ ပြည်နယ် မြို့တော်များအတွက် ရည်ညွှန်းလက်လီဈေးနှုန်းများ

ဆက်လက်ဖတ်ရှုရန်

Jul 11, 2022

မြန်မာ့မီးရထားအနေဖြင့် ပြည်သူများခရီးသွားလာမှု လွယ်ကူအဆင်ပြေစေရေးနှင့် ကုန်စည်စီးဆင်းမှု မြန်ဆန်စေရေးအတွက် စီစဉ်ဆောင်ရွက်ပေးလျက်ရှိရာ ရထားလမ်းပိုင်းအသီးသီးတွင် လူစီးရထားများ ပြေးဆွဲပေးခြင်းအား ကျန်းမာရေးဝန်ကြီးဌာန၏ လမ်းညွှန်ချက်နှင့်အညီ ပြေးဆွဲဆောင်ရွက်ပေးလျက်ရှိသည်။

ဆက်လက်ဖတ်ရှုရန်

Jul 11, 2022

ရှမ်းပြည်နယ်မြောက်ပိုင်း ကိုးကန့်ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ လောက်ကိုင်မြို့ရှိ ပြည်သူ့စစ် (ဌာနေ)အဖွဲ့ဝင်များကို ဇူလိုင် ၉ ရက် နံနက်ပိုင်းတွင် အရှေ့မြောက် တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် နိုင်နိုင်ဦးနှင့်အဖွဲ့ဝင်များက နယ်မြေခံတပ်ခန်းမ၌ သွားရောက်တွေ့ဆုံသည်။

ဆက်လက်ဖတ်ရှုရန်

Jul 11, 2022

ဆောက်လုပ်ရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းဖေသည် တာဝန်ရှိသူများနှင့်အတူ ယမန်နေ့နံနက်ပိုင်းက မန္တလေးတိုင်းဒေသကြီး လမ်းဦးစီးဌာန ညွှန်ကြားရေးမှူး(မြို့ပြ)ရုံး ဧည့်ရိပ်သာ၌ B.O.T စနစ်ဖြင့် ဆောင်ရွက်လျက်ရှိသော လမ်း၊ တံတား လုပ်ငန်းများဆောင်ရွက် နေမှုတို့ကို တာဝန်ရှိသူများက လမ်းအလိုက် ရှင်းလင်းတင်ပြရာ ဒုတိယဝန်ကြီးက B.O.T ကုမ္ပဏီ များ၏ တင်ပြချက်များအပေါ် လမ်းဦးစီးဌာနမှ တာဝန်ရှိသူများ အနေဖြင့် မြေပြင်အခြေအနေ ကွင်းဆင်း စစ်ဆေးကြည့်ရှုပြီး လုပ်ငန်းပြီးစီးမှုများနှင့် အမှန်တကယ် ကိုက်ညီမှုရှိ/မရှိ

ဆက်လက်ဖတ်ရှုရန်

Jul 11, 2022

ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်းသည် ဇူလိုင် ၈ ရက်တွင် ရန်ကုန်ပြည်သူ့ဆေးရုံကြီး နှလုံးနှင့်သွေးကြော ခွဲစိတ်ကုသဌာနသို့ သွားရောက်၍ ဆေးကုသရေး လုပ်ငန်းဆောင်ရွက်မှုများကို ကြည့်ရှုကာနှလုံးအဆို့ရှင် အစားထိုးခွဲစိတ်ကုသမှုနှင့် နှလုံးသွေးကြော ခွဲစိတ်ကုသမှု ခံယူထားသော လူနာများနှင့်တွေ့ဆုံကာ အားပေးစကားပြောကြားပြီး လိုအပ်သည်များ မှာကြားသည်။

ဆက်လက်ဖတ်ရှုရန်

Jul 11, 2022

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနနှင့် ကာကွယ်ရေးဝန်ကြီးဌာနတို့၏ ညှိနှိုင်းစီစဉ်မှုဖြင့် ယနေ့နံနက်ပိုင်းတွင် ပြည်ထောင်စုနယ်မြေ နေပြည်တော်နှင့် ရှမ်းပြည်နယ်တို့အတွင်း သစ်တောပြုန်းတီးနေရာ ငါးနေရာတို့တွင် ရဟတ်ယာဉ်ဖြင့် သစ်စေ့မြေလုံးများ ကြဲချခြင်းကို ပြုလုပ်သည်။

ဆက်လက်ဖတ်ရှုရန်

Jul 11, 2022

ကမ္ဘောဒီးယားနိုင်ငံ ဖနောင်ပင်မြို့တွင် ဇူလိုင် ၁၁ ရက်မှ ၁၃ ရက်အထိ ကျင်းပမည့် အရှေ့တောင် အာရှအားကစားပြိုင်ပွဲ အဖွဲ့ချုပ်ကောင်စီ အစည်း အဝေး (South East Asian Games Federation Council Meeting) သို့ တက်ရောက်ရန်အတွက် မြန်မာနိုင်ငံအိုလံပစ်ကော်မတီဥက္ကဋ္ဌ အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံနှင့် အဖွဲ့ဝင်ငါးဦးတို့သည် ယနေ့ နံနက် ၁၁ နာရီခွဲတွင် ရန်ကုန်မြို့မှ ကမ္ဘောဒီးယားနိုင်ငံသို့ ထွက်ခွာသွားသည်။

ဆက်လက်ဖတ်ရှုရန်

Jul 11, 2022

 

၁။      ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ သာသနာရေး ဦးစီးဌာနက ၂၀၂၂ ခုနှစ်၊ (၂၉)ကြိမ်မြောက် နိကာယ်စာမေးပွဲကြီးကို တစ်ပြည်လုံးရှိ ခွင့်ပြုစာဖြေဌာန ၇၆ ဌာနတို့၌ ၇-၆-၂၀၂၂(အင်္ဂါ)နေ့မှ ၁၁-၆-၂၀၂၂(စနေ)နေ့အထိ ၅ ရက်တိုင်တိုင် ကျင်းပခဲ့ပါသည်။

ဆက်လက်ဖတ်ရှုရန်

Jul 11, 2022

အမျိုးသားခေါင်းဆောင်ကြီး၊ လွတ်လပ်ရေးဗိသုကာကြီး၊ နိုင်ငံပြုသုခမိန်ကြီးဟု မြန်မာနိုင်ငံတွင် ဂုဏ်တင်အပ်သည့်ပုဂ္ဂိုလ်မှာ ဗိုလ်ချုပ်အောင်ဆန်း ဖြစ်ပါသည်။ ဗိုလ်ချုပ်အောင်ဆန်းသည် တိုင်းပြည်အတွက် အသက်ပေး၍ တိုက်ပွဲဝင်ခဲ့ပြီး တိုင်းရင်းသားပြည်သူလူထုတစ်ရပ်လုံး ပေါင်းရုံးညီညာစွာ ပါဝင်လှုပ်ရှားခဲ့သော ကြောင့် ၁၈၂၄ ခုနှစ်မှ ၁၉၄၈ ခုနှစ်အထိ ၁၂၄ နှစ်တိတိ ဆုံးရှုံးခဲ့သော မြန်မာ့ လွတ်လပ်ရေးကို ပြန်လည်ရယူနိုင်ခဲ့ပါသည်။

ဆက်လက်ဖတ်ရှုရန်

Jul 11, 2022

​​​​​​​လူဖြစ်လာသည့်အခါ လူ့ကိစ္စတို့က များလှစွာသည်။ ဃရာဝါသ ကိစ္စမြားမြောင် လူတို့ဘောင်ဟု မြန်မာတွင် ဆိုရိုးရှိသည်။ ကမ္ဘာနှင့်ချီ၍ တိုးလာသည့် လူဦးရေနှင့်အတူ ပေါ်ထွက်လာသည့် လူရေးလူရာ ပြဿနာများကို လူအများဂရုစိုက်အာရုံပြုလာစေရန်အတွက် ကုလသမဂ္ဂက နှစ်စဉ်ဇူလိုင်လ ၁၁ ရက်နေ့ကို “ကမ္ဘာ့လူဦးရေနေ့” အဖြစ် သတ်မှတ်ကာ ကမ္ဘာ့နိုင်ငံအသီးသီးတို့တွင် အခမ်းအနားများ ကျင်းပလျက်ရှိသည်။

ဆက်လက်ဖတ်ရှုရန်

Jul 10, 2022

NUG အမည်ခံအကြမ်းဖက်အဖွဲ့နှင့် ၎င်း၏လက်အောက်ခံ PDF အမည်ခံ အကြမ်းဖက်သမားများသည် အနာဂတ်ရင်သွေးငယ်များ၏ ပညာသင်ကြား သင်ယူခွင့် အခွင့်အလမ်း များ ပျက်ပြား၍ ပညာမဲ့လူတန်းစားများ ဖြစ်ပေါ်လာစေရန် နည်းလမ်းမျိုးစုံ အသုံးပြုကာ ပညာရေးကဏ္ဍမြင့်မားရေးကို နှောင့်ယှက်ဖျက်ဆီးလျက်ရှိသည်။

ဆက်လက်ဖတ်ရှုရန်