နေပြည်တော် ၊ ဒီဇင်ဘာ ၁၀
ဂျပန်နိုင်ငံ Toshokan Ryutsu Centre (TRC) ကပြုလုပ်သည့် စာကြည့်တိုက်ဝန်ဆောင်မှုဆိုင်ရာ ရှင်းလင်းဆွေးနွေးပွဲကို ယနေ့မွန်းလွဲ ၁ နာရီအချိန်က Virtual စနစ်ဖြင့် ကျင်းပပြုသည်။
ဆွေးနွေးပွဲတွင် TRC ၏ MARC (Machine Readable Cataloguing) စနစ်ဖြင့် ဆောင်ရွက်သည့် စာကြည့်တိုက်ဝန်ဆောင်မှု လုပ်ငန်းများအကြောင်း၊ ဒစ်ဂျစ်စနစ်သုံး စာကြည့်တိုက်များ အကြောင်းနှင့် ကတ်တလောက်စနစ်များအကြောင်း တို့ကို ရှင်းလင်းဆွေးနွေးပြီး တက်ရောက်လာသူများက သိလိုသည်များ မေးမြန်းဆွေးနွေးခဲ့ကြသည်။
အဆိုပါ ဆွေးနွေးပွဲသို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ခေတ္တညွှန်ကြားရေးမှူးချုပ် အပါအဝင် တိုင်းဒေသကြီး / ပြည်နယ်များမှ အရာထမ်း၊ အမှုထမ်း စုစုပေါင်း (၈၃)ဦး တက်ရောက်ခဲ့ကြောင်း သတင်းရရှိသည်။
MOI