နယ်ရုံးများ၏သတင်းများ

Jul 30,2022
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဘူးသီးတောင်မြို့နယ်ရုံး လူထုအခြေပြု ဗဟိုဌာန (CommunityCentre)ခန်းမ၌ အသိပညာပေးဟောပြောပွဲနှင့် နံကပ်စာစောင်၊ ဓါတ်ပုံပြပွဲဆောင်ရွက်ခြင်းကို ယနေ့မွန်းလွဲ(၂)နာရီအချိန်က ကျင်းပခဲ့သည်။
Jul 30,2022
သံတွဲခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများသည် ပြည်သူများ စာအုပ်စာပေများကိုလေ့လာဖတ်ရှုသည့် အလေ့အထကောင်းများ ဖြစ်ပေါ်လာစေပြီး အသိပညာဗဟုသုတများ တိုးပွားလာစေရေးအတွက် ယနေ့နံနက်၁၁နာရီ Mobile Library မော်တော်ယာဉ်ဖြင့် သရက်ပင်ကွင်းကျေးရွာအုပ်စု ကုန်းလေး၊ ကုန်းကြီးကျေးရွာများသို့ သွားရောက်ပြီး  ကိုဗစ်-၁၉ လမ်းညွှန်ချက်များနှင့် အညီ သုတ/ရသ စာအုပ်များကို ငှါးရမ်းပေးခဲ့သည်။
Jul 29,2022
မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် “မီဒီယာနှင့်သတင်းအချက်အလက် သိနားလည်မှု” (Media and Information Literacy) စာအုပ်ဖြင့် စာဖတ်ဝိုင်းဆွေးနွေးပွဲကို ယနေ့နံနက် ၁၀ နာရီက ကျင်းပပြုလုပ်ခဲ့သည်။
Jul 29,2022
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အရှေ့ပိုင်းခရိုင်၊ တာမွေမြို့နယ်အတွင်းရှိ ကျောင်းသား လူငယ်လူရွယ်လေးများ၏ ကာယ၊ ဉာဏ၊ စာရိတ္တများ ဘက်စုံဖွံ့ဖြိုးတိုးတက်စေရန်၊ မြန်မာ့ရိုးရာ စကားပုံများအကြောင်းကို ကျယ်ကျယ်ပြန့်ပြန့်သိရှိပြီး မြန်မာ့စာပေနှင့် မြန်မာ့ယဉ်ကျေးမှုတို့ကို ချစ်မြတ်နိုး၍ ထာဝစဉ်ထိန်းသိမ်းကာကွယ် စောင့်ရှောက် တတ်စေရန်နှင့် ပြိုင်ပွဲများတွင် ဝင်ရောက်ယှဉ်ပြိုင်လိုစိတ်များ ဖြစ်ပေါ်လာစေရန်ရည်ရွယ်၍
Jul 28,2022
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်အတွင်းရှိ စာကြည့်တိုက်များ ရှင်သန်ဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်၍ ရန်ကုန်မြောက်ပိုင်းခရိုင်အတွင်းရှိ စာကြည့် တိုက်များ ကြီးကြပ်ရေးကော်မတီများ တွေ့ဆုံပွဲနှင့် အခြေခံစာကြည့်တိုက်ပညာသင်တန်းတွင် ဆုရရှိခဲ့ကြသူများအား ထပ်ဆင့်ဆုချီးမြှင့်ပွဲကို ယနေ့ မွန်းလွဲ (၁)နာရီအချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရန်ကုန်မြောက်ပိုင်းခရိုင် (အင်းစိန်)၊လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမတွင် ကျင်းပခဲ့သည်။
Jul 28,2022
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ပွင့်ဖြူမြို့နယ်တွင် လူငယ်များ၏ အနာဂတ်ဘဝ ဖွံ့ဖြိုးတိုးတက်စေရန်အတွက် ရည်ရွယ်ကျင်းပသည့် လူငယ်ရေးရာ အသိပညာပေး ဆွေးနွေးဟောပြောပွဲကို ယနေ့ မွန်းလွဲ ၁ နာရီက ပွင့်ဖြူမြို့ အခြေခံပညာအထက်တန်းကျောင်း အစည်းအဝေးခန်းမ၌ ကျင်းပသည်။
Jul 28,2022
ပြည်ထောင်စုနယ် မြေစာကြည့်တိုက်များဖောင်ဒေးရှင်း အမှုဆောင်သစ်များ ပြန်လည်ရွေးချယ်ခြင်းဆိုင်ရာ အစည်းအဝေးကို ယနေ့မွန်းလွဲ(၁)နာရီတွင် ပျဉ်းမနားမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန၌ ကျင်းပသည်။