သံတွဲ ဇူလိုင် ၃၀
သံတွဲခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများသည် ပြည်သူများ စာအုပ်စာပေများကိုလေ့လာဖတ်ရှုသည့် အလေ့အထကောင်းများ ဖြစ်ပေါ်လာစေပြီး အသိပညာဗဟုသုတများ တိုးပွားလာစေရေးအတွက် ယနေ့နံနက်၁၁နာရီ Mobile Library မော်တော်ယာဉ်ဖြင့် သရက်ပင်ကွင်းကျေးရွာအုပ်စု ကုန်းလေး၊ ကုန်းကြီးကျေးရွာများသို့ သွားရောက်ပြီး ကိုဗစ်-၁၉ လမ်းညွှန်ချက်များနှင့် အညီ သုတ/ရသ စာအုပ်များကို ငှါးရမ်းပေးခဲ့သည်။
ထိုသို့ငှါးရမ်းရာတွင် ကျေးရွာနေပြည်သူများ ဆရာ၊ ဆရာမများမှ အားရဝမ်းသာစွာဖြင့် Mobile Library မော်တော်ယာဉ်သို့ လာရောက်ပြီး သုတ/ရသစာအုပ်များကိုငှါးယူကြရာ တစ်ယောက်လျှင် နှစ်အုပ်နှုန်းဖြင့် တစ်ပတ်ကြာ ငှါးရမ်းပေးခဲ့ပြီး အသင်းဝင်စာငှားကတ်များကိုလည်း အခမဲ့ ဆောင်ရွက်ပေးခဲ့သည်။
ယခုကဲ့သို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများသည် ကျေးရွာများသို့ သွားရောက်၍ အိမ်တိုင်ရာရောက်ငှါးပေးခြင်းမှာ ကျေးရွာနေပြည်သူများနှင့် ကျောင်းသား၊ ကျောင်းသူများ စာအုပ်၊ စာစောင်များကို လွယ်ကူစွာ ဖတ်ရှုလေ့လာနိုင်ပြီး အသိပညာဗဟုသုတများ တိုးပွါးလာစေရေးတို့အတွက် ဝန်ဆောင်မှုပေးခြင်းဖြစ်သည်။
ခရိုင်ပြန်/ဆက်