နယ်ရုံးများ၏သတင်းများ

Jul 28,2022
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ပိုင်ကျုံမြို့တွင် ကိုဗစ်-၁၉ရောဂါ ကူးစက်ပြန့်ပွားမှု လျော့ကျစေရန်၊ ကိုဗစ်-၁၉ ဗီဇပြောင်း မျိုးကွဲသစ်အိုမီခရွန် (Omicron)ရောဂါ ကြိုတင်ကာကွယ်ရေးနှင့်ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံမှု အကြိမ်ပြည့်ထိုးနှံရေး အသိပညာပေးနှိုးဆော်ခြင်းများကို  ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများမှ ယမန်‌နေ့က နောင်ခလုံးကျေးရွာကျေးရွာ၌  လှည့်လည်ကြေညာခဲ့ကြသည်။
Jul 28,2022
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့တွင် ပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်နိုင်စေရေးအတွက် လမ်းသွားလာရာတွင် နှာခေါင်းစည်းများ တပ်ဆင်သွားလာကြရန် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ ဦးဆောင်၍ ယနေ့နံနက်ပိုင်းကလမ်းမကြီးများနှင့် လမ်းဆုံများတွင် အသိ ပညာပေး Mask Campaign ပြုလုပ်၍ နှာခေါင်းစည်းများ အခမဲ့ဝေငှပေးခဲ့ကြသည်။
Jul 28,2022
တနင်္သာရီတိုင်ဒေသကြီး၊ တနင်္သာရီမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမတွင် ကျောင်းသူ/သားများအနေဖြင့် ဝါတွင်းကာလ အဖိတ်၊ ဥပုသ်ကျောင်းပိတ်ရက်များတွင် အချိန်ကိုအကျိုးရှိရှိနှင့် စိတ်အပန်းဖြေ ပျော်ရွင်စွာ စာပေဗဟုသုတများကို လေ့လာနိုင်ရေးအတွက် ယမန်နေ့မွန်းလွဲပိုင်းက ပြိုင်ပွဲနှင့်ကစားပွဲများကို လေ့ကျင့်ပြုလုပ်ပေးကြသည်။
Jul 28,2022
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ "ဝ"ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ ဟိုပန်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ အများပြည်သူများ အသိပညာဗဟုသုတကြွယ်ဝစေ​ရေး နှင့် စာအုပ်စာပေနှင့်ပိုမိုပြီး ရင်းနှီးကျွမ်းဝင်မှုရှိစေရေးတို့အတွက် ယနေ့နံနက်ပိုင်းက ဟိုပန်​မြို့နယ်၊ ကောင်းကော်ကျေးရွာရှိ အခြေခံပညာအလယ်တန်ကျောင်းသို့ သွားရောက်၍ နယ်လှည့်စာကြည့်တိုက်ကွင်းဆင်း ဆောင်ရွက်ခဲ့သည်။
Jul 28,2022
ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်၊ ကမမောင်းမြို့တွင် ကိုဗစ်-၁၉ မျိုးရိုးဗီဇပြောင်းအိုမီခရွန် ရောဂါကူးစက်ပြန့်ပွားမှုကို ကြိုတင်ကာကွယ်တားဆီးနိုင်ရေးအတွက် အသိပညာ​ပေးနှိုးဆော်ခြင်းများကို ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့်သိရှိစေရန် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဝန်ထမ်းများက နေ့စဉ်အရှိန်အဟုန်မပျက်နှိုးဆော်ပေးခြင်းကို ယနေ့နံနက်(၉)နာရီအချိန်က ရပ်ကွက်များအတွင်းလှည့်လည်အသိပေးနှိုးဆော်ခဲ့သည်။
Jul 28,2022
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ကျန်းမာရေးဦးစီးဌာနတို့ ပူးပေါင်းပြီး သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေး အသိပညာပေး Talk Show အစီအစဉ်ကို ယမန်နေ့ နံနက်ပိုင်းက လူထုအခြေပြုဗဟိုဌာန ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
Jul 27,2022
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ပြည်ခရိုင်ရုံး လူထုအခြေပြုဗဟိုဌာန Community Centreခန်းမ၌ ယနေ့နံနက် ၁၀ နာရီက E-library Management System Software အသုံးပြုနည်း ဆင့်ပွားသင်တန်းဖွင့်လှစ်ခဲ့သည်။