နယ်ရုံးများ၏သတင်းများ

Jul 26,2022
ရှမ်းပြည်နယ်(မြောက်ပိုင်း) ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများသည် ဌာနအသီးသီးရှိဝန်ထမ်းများအား စာအုပ်စာစောင်များ အလွယ်တကူငှားရမ်းဖတ်ရှုနိုင်စေရန်နှင့် အသိပညာဗဟုသုတများ တိုးပွားစေရန်ရည်ရွယ်၍ ယနေ့နံနက်ပိုင်းက Mobile Library ကွင်းဆင်း ငှားရမ်းပေးလျက်ရှိကြောင်း သိရသည်။
Jul 26,2022
ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ နမ့်ဆန်မြို့၊ အထက(၂) အခြေခံပညာအထက်တန်းကျောင်းတွင် မြန်မာနိုင်ငံကြက်ခြေနီအသင်း၊ မြို့နယ်ကြက်ခြေနီအသင်းခွဲ သူနာပြုတပ်ဖွဲ့တို့သည် မိုင်းအန္တရာယ်အသိပညာပေးဟောပြောပွဲကို ယမန်နေ့ မွန်းလွဲပိုင်း (၁)နာရီအချိန်က ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Jul 26,2022
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ယနေ့နံနက် ၉ နာရီခွဲ အချိန်က စာပေချစ်မြတ်နိုးသူများအသင်း (Book Club)၊ အမျိုးသမီးအသင်း (Women Club)နှင့် လူငယ်အသင်း (Youth Club)တို့ ပူးပေါင်း၍ ကျန်းမာရေး အသိပညာပေးဆွေးနွေးပွဲ ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Jul 26,2022
ရန်ကုန်တောင်ပိုင်းခရိုင်၊ ဆိပ်ကြီးခနောင်တိုမြို့နယ်၌ စာပေချစ်မြတ်နိုးသူ စာပေဝါသနာရှင်များ၏ Book Club စာဖတ်ဝိုင်းကို ယမန်နေ့နေ့လည် ၁  နာရီက မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ လူထုအခြေပြုဗဟိုဌာနခန်းမတွင် ပြုလုပ်ခဲ့သည်။
Jul 26,2022
မကွေးတိုင်းဒေသကြီး သရက်မြို့၌ ခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှှင့် Book Club အဖွဲ့တို့ ပူးပေါင်း ကျင်းပသည့် လူငယ်နဲ့စာပေ ခေါင်းစဉ်ဖြင့် Talk Show ဆောင်ရွက်ခြင်းကို ယနေ့ နံနက်(၉)နာရီက ခရိုင်ပြည်သူ့စာကြည့်တိုက် Community Centre ခန်းမ၌ ကျင်ပခဲ့သည်။
Jul 26,2022
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အခြေခံပညာဦးစီးဌာနနှင့်အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာနတို့ ပူးပေါင်း၍ အမှတ်(၆) အခြေခံပညာအလယ်တန်းကျောင်းခွဲတွင် ယမန်နေ့မွန်းလွှဲ(၂)နာရီက “လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲ” ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Jul 25,2022
လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနနှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာတို့ ပူးပေါင်း၍ အခြေခံပညာကျောင်းများတွင် အသိပညာပေး ဟောပြောပွဲများကို ပြုလုပ်လျက်ရှိရာ ယနေ့ နံနက် ၉နာရီအချိန်က အ.ထ.က.ပိန်းနဲကုန်း  ကျောင်းရှိ ​(မြင့်မြတ်ဂုဏ်ဆောင်) ခန်းမ၌ ပြုလုပ်ခဲ့သည်။
Jul 25,2022
ပျဉ်းမနားမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ရွေ့လျားစာကြည့်တိုက်ယာဉ်ဖြင့် စာဖတ်သူများလက်ဝယ်အရောက် လိုက်လံငှားရမ်းပေးမှုကို ရပ်ကွက်‌/ကျေးရွာများနှင့် စာသင်ကျောင်းများအရောက် လိုက်လံငှားရမ်း‌ပေးနေလျက်ရှိရာ ယနေ့နံနက်ပိုင်းတွင် မြို့နယ်ရုံးဝန်ထမ်းများက ပုရွက်ဆိတ်ကုန်းကျေးရွာ၊ အခြေခံပညာအထက်တန်းကျောင်း (သစ်လေးလုံး)နှင့် ကျီးအင်းကျေးရွာတို့သို့ သွားရောက်ငှားရမ်းပေးကြသည်။