မင်းဘူး ဇူလိုင် ၂၉
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူးမြို့တွင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီဌာန၊ အခြေခံပညာဦးစီးဌာနနှင့် အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာနတို့ ပူးပေါင်း၍ အခြေခံပညာ အထက်တန်းကျောင်း (ခွဲ) မြို့မကျောင်းတွင် ယနေ့ မွန်းလွဲ ၂ နာရီအချိန်က “လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲ ‘’ ပြုလုပ် ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
ရှေးဦးစွာ အားကစားနှင့် ကာယပညာဦးစီးဌာနမှ မြို့နယ် ဦးစီးမှူး ဒေါ်နှင်းက လူငယ်နှင့် အားကစားဆိုင်ရာ သိကောင်းစရာများကိုလည်းကောင်း၊ ခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်မေသန္တာအောင်က လူငယ်နှင့် ရည်မှန်းချက် ခေါင်းစဉ်ဖြင့်လည်းကောင်း အသီးသီး အသိပညာပေး ဆွေးနွေး ဟောပြောခဲ့ကြကြောင်း သိရသည်။
ထို့နောက် မင်းဘူးမြို့ အားကစားနှင့် ကာယပညာဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်နှင်းက အားကစားပစ္စည်းများကို ထောက်ပံ့ ပေးအပ်ရာ ကျောင်းအုပ်ဆရာမကြီး ဒေါ်တူးက လက်ခံရယူခဲ့ကြောင်း သိရသည်။
ဇေယျာထက်(မင်းဘူး)